← Chapters

အခန်း ၁၅၃၉

Vol. 103 Ch. 1539

အခန်း ၁၅၃၉

Vol. 103 Ch. 1539

အပိုင်း ( 1539 ) မော့ဟဲနှင့် တိုက်ခိုက်ခြင်း။

စိန်ခေါ်မှုများက ဆက်ဖြစ်နေပြီး ပို၍ ပြင်းထန်လာခဲ့သည်။ ယခုအခါ ပြိုင်ပွဲက နောက်ပိုင်းသို့ ရောက်ရှိလာခြင်းကြောင့် ပို၍ ပြင်းထန်လာခဲ့ပြီ။ ယခု ကျန်ရှိသူတိုင်းက အလွန်သန်မာပြီး တိုက်ပွဲများမှာလည်း အလွန် ပြင်းထန်တော့သည်။

တိုက်ပွဲများ တစ်ခုပြီးတစ်ခု ပြီးဆုံးသွားပြီး နောက်ဆုံးတွင် နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ဖြစ်သည်။

လုမင် ထွက်လာပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းလိုက်၏။

"မော့ဟဲ၊ ဆင်းလာပြီး အသေခံစမ်း"

လုမင်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

"မျှော်လင့်ထားတဲ့အတိုင်း လုမင်က မော့ဟဲကို စိန်ခေါ်တော့မယ်"

မော့ဟဲမှ စည်းမျဉ်းချိုးဖောက်ပြီး ‌ရွယ်နင်ရှင်းကိုသတ်ရန် ကြိုးစားခဲ့ကတည်းက၊ လူအများဟာ လုမင်က မော့ဟဲကို စိန်ခေါ်မည်ဟု ခန့်မှန်းခဲ့ကြသည်။

မော့ဟဲလည်း နတ်ဆိုးဓားကို ကျောထက်တွင်လွယ်ပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့၏

"အရင်နှစ်ခါက မင်း လွတ်မြောက်နိုင်ခဲ့တယ်။ ဒီနေ့တော့ မင်းကို ဇာတ်သိမ်းပေးလိုက်တော့မယ်"

မော့ဟဲက ပြောလိုက်သည်။ လုမင်သည် ထိပ်တန်းပါရမီရှင်နှစ်ဦးကို သတ်ခဲ့ပြီးပြီဖြစ်သော်လည်း၊ သူက အလွန် ကြီးစိုးနေဆဲပင်။

"မင်းမှာ အခွင့်အရေးမရှိပါဘူး။ ဒီနေ့ မင်း သေရလိမ့်မယ်"

လုမင် ပြတ်သားသော လေသံဖြင့် ပြောလိုက်၏။

"ဝုန်း၊ ဝုန်း"

နှစ်ယောက်သား မျက်နှာချင်းဆိုင် မတ်တပ်ရပ်လိုက်ကြပြီးနောက် တာအိုနယ်မြေများကို တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ကာ ရင်ဆိုင်လိုက်တော့သည်။

သူတို့၏ တာအိုနယ်မြေများ အချင်းချင်း တိုက်မိပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

မော့ဟဲ၏ နတ်ဆိုးတာအိုနယ်မြေက အဆင့်ခုနစ် အထွတ်အထိပ်သို့ ရောက်နေပြီ။ လုမင်၏ တာအိုနယ်မြေသည်ကား စတုတ္ထအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသည်။ သို့ရာတွင်၊ လုမင်၏ တာအိုနယ်မြေက အားနည်းချက် လုံးဝ မရှိပေ။

သူတို့၏ တာအိုနယ်မြေများက အချင်းချင်း ထိပ်တိုက်တွေ့ဆုံပြီးနောက် ရောယှက်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

"သတ်၊ ခွဲခြမ်းခြင်း နတ်ဆိုးဓား"

မော့ဟဲက ဟိန်းဟောက်ပြီး နတ်ဆိုးဓားကို ထုတ်ယူလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက လုမင်ဆီသို့ ဖြတ်သန်းသွားသည်။

လုမင်၏လက်ထဲတွင် လှံရှည်တစ်ချောင်းပေါ်လာပြီး အစွန်းရောက်လှံဆယ့်သုံးချက်ကို အသုံးပြုလိုက်၏။ လှံအလင်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးဓားအလင်းနှင့် တိုက်မိသွားတော့သည်။

လှံအလင်းက အင်အား ဆယ့်သုံးဆရှိပြီး ကြောက်မက်ဖွယ် ထိုးဖောက်နိုင်စွမ်းဖြင့် ပေါက်ကွဲသွားသည်။

သို့သော်လည်း ခွဲခြမ်းခြင်းနတ်ဆိုးဓားမှ ကြောက်မက်ဖွယ်ကောင်းသော ခွဲဖြာခြင်းစွမ်းအားက လှံအလင်း၏ စွမ်းအားကို လျင်မြန်စွာခွဲထုတ်သွား၏။ နောက်ဆုံးတွင် နှစ်ဖက်စလုံး ပြိုင်တူ ပျောက်ကွယ်သွားတော့သည်။

လုမင်၏ မျက်လုံးများက မသိမသာ အရောင်လက်သွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ခွဲခြမ်းခြင်း နတ်ဆိုးဓားက အမှန်တကယ်ပင် သူ၏ ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။

"ဝှစ်၊ ဝှစ်"

ထို့နောက် နှစ်ယောက်စလုံးက လျှပ်စီးကဲ့သို့ ပြေးတက်လာပြီး ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။

နတ်ဆိုးဓားသွားနှင့် လှံရှည်တို့ တိုက်မိကြပြီး ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

သူတို့ နှစ်ယောက် ထိပ်‌တိုက်တွေ့ဆုံမိတိုင်း ကြောက်စရာကောင်းသော အင်အားလှိုင်းများ ထွက်လာတတ်သည်။ လှိုင်းလုံးကြီးများက တဟုန်းဟုန်းတောက်ပြီး အရပ်ရပ်သို့ လိမ့်သွားကြ၏။

တိုက်ပွဲကွင်းပြင်တိုက်ဝိုင်တွင် တိုက်ခိုက်မှုအားလှိုင်းများကို တားဆီးထားသော ဖောက်ထွင်းမြင်ရအောင် ကြည်လင်နေသည့် အလင်းမျက်နှာပြင်တစ်ခု ရှိသည်။ မဟုတ်ပါက၊ ပွဲကြည့်စင်ပေါ်မှ အားနည်းသူတချို့ ဒဏ်ရာရသွားကြလိမ့်မည်။

"သတ်"

တိုက်ကွက်များစွာ ရင်ဆိုင်ပြီးနောက် လုမင် ဟိန်းဟောက်လိုက်သည်။ နတ်ဓားနှစ်စင်းက သူ့မျက်လုံးများမှ ထွက်လာပြီး မော့ဟဲဆီသို့ ပစ်ခတ်လိုက်၏။

လုမင်၏ နတ်ဓားကျင့်စဉ်မှ နတ်ဓားနှစ်စင်းက မော့ဟဲ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ၏ နတ်ဘုရားဝိညာဉ်ကို ထိုးခုတ်လိုက်တော့သည်။

သို့သော်လည်း မော့ဟဲ၏ ခန္ဓာကိုယ်က အနည်းငယ်သာ တုန်ယင်ခဲ့သည်။

'နတ်ဘုရားဝိညာဉ်ကို ကာကွယ်နိုင်တဲ့ ရတနာတစ်ခုပဲ'

လုမင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"မင်းရဲ့ ဝိညာဉ်တိုက်ခိုက်မှုက ငါ့အတွက် အသုံးမဝင်ဘူး"

မော့ဟဲက လှောင်ပြောင်လိုက်၏။ သူက ဤအခွင့်အရေးကိုဆုပ်ကိုင်ပြီး နတ်ဆိုးဓားဖြင့် လုမင်ကို ခုတ်ပိုင်းလိုက်တော့သည်။

"ဝမ်"

လုမင်၏လှံရှည်က တုန်ခါသွားပြီး နတ်ဆိုးဓား၏ တိုက်ခိုက်ခြင်းကို တားဆီးလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးက ထိပ်တိုက်တွေ့ပြီး အကြိမ်ပေါင်းများစွာ အပြန်အလှန် ထိုးနှက်တိုက်ခိုက်လိုက်ကြသည်။

မော့ဟဲက အမှန်တကယ် သန်မာသည်။ သူဟာ လုမင်သတ်ခဲ့သော ပုမော့နှင့် ဝူချမ်တုထက်ပင် ပိုသန်မာ၏။ သူ့ကို ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင်၊ ဟန်ရွှင်းတို့နှင့် နှိုင်းယှဉ်နိုင်လိမ့်မည်။

လုမင်၏ ဝိညာဉ်ခန္ဓာနှင့် ကစဉ့်ကလျားတာအိုနယ်မြေက သူ့အား အနည်းငယ် အားသာစေခဲ့သည်။ သို့သော်လည်း မော့ဟဲ၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် အဆင့်နှစ်ဆင့် မြင့်မား၏။ သူတို့ နှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော်လည်း အောင်နိုင်သူကို ဆုံးဖြတ်ရန် မလွယ်ကူသေးပေ။

"တတိယသွေးမျိုးဆက်"

အတွေးတစ်ခုဖြင့် လုမင်၏ တတိယမြောက်သွေးမျိုးဆက် ပေါ်လာသည်။ စွမ်းအင်ကြိုးမျှင်တစ်စက လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းကလည်း ပို၍ အားကောင်းလာတော့သည်။

"ထန်"

လုမင်၏ လှံရှည်က လှုပ်ရှားသွားပြီး မော့ဟဲ၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်က တိုက်ပွဲစင်မြင့်တစ်လျှောက် အဝေးကို လျှောထွက်သွား၏။

"နတ်ဘုရားတံခါး၊ တံဆိပ်ကိုးခု"

လုမင်၏ လက်များက လက်ဟန်သင်္ကေတများအဖြစ် လျင်မြန်စွာ လှုပ်ရှားသွားပြီး မော့ဟဲကိုပိတ်လှောင်ရန် တံ‌ဆိပ်တော်တံခါးခြောက်ခု ပေါ်လာတော့သည်။

"နတ်ဆိုး နတ်ဘုရား ဆင်းသက်ခြင်း"

မော့ဟဲက ဟိန်းဟောက်လိုက်ရာ အားကောင်းသော နတ်ဆိုးအငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော နတ်ဆိုးကြီးတစ်ကောင်က သူ့ဘေးတွင် ပေါ်လာခဲ့၏။

ယင်းက လျှို့ဝှက်နည်းလမ်းတစ်ခု သို့တည်းမဟုတ် မော့ဟဲ၏ ဝိညာဉ်ခန္ဓာမှ ယူဆောင်လာသော လျှို့ဝှက်နည်းလမ်းတစ်ခု ဖြစ်သည်။ ပုမော့၏ ဓားအစီရင်နှင့် အလွန်ဆင်တူပေသည်။ နှစ်မျိုးစလုံးက ဝိညာဉ်ခန္ဓာများမှ ယူဆောင်လာသော လျှို့ဝှက်နည်းလမ်းများ ဖြစ်ကြသည်။

"ဝုန်း"

ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိသော နတ်ဆိုးကြီးက လက်ခြောက်ဖက်စလုံးဖြင့် တံ‌ဆိပ်တော်တံခါးခြောက်ခုကို ထိုးနှက်လိုက်သည်။

"ဝုန်း၊ ဝုန်း"

တံဆိပ်တော်တံခါး ခြောက်ခုစလုံး တုန်လှုပ်သွားပြီး တိုက်ရိုက်ပေါက်ကွဲသွား၏။

ထိုအချိန်တွင် လုမင်၏ တိုက်ခိုက်မှုက ရောက်ရှိလာသည်။

လှံရှည်ရိုက်ချက်က တောင်ကြီးတစ်လုံးကဲ့သို့ မိုဟဲထံ ကျရောက်လာတော့သည်။

"ဒုန်း၊ ဒုန်"

ခေါင်းသုံးလုံး လက်ခြောက်ဖက် နတ်ဆိုးကြီး၏ လက်ခြောက်ဖက်စလုံးက လုမင်ကို ပြိုင်တူ တိုက်ခိုက်လိုက်သည်။ လက်နှစ်ဖက်က လုမင်၏လှံရှည်ကို ပိတ်ဆို့ထားပြီး ကျန်လက်လေးဖက်က လုမင်အား ထိုးနှက်လိုက်၏။

လုမင်၏ လှံရှည်က လှုပ်ရှားသွားပြီး လှံအရိပ်အလွှာများအဖြစ်သို့ ပြောင်းလဲကာ ပေါက်ကွဲထွက်လာတော့သည်။

လှံရှည်က နတ်ဆိုးလက်ဝါးနှင့် တိုက်မိသွား၏။ ပြင်းထန်သော ပေါက်ကွဲမှုအပြီးတွင် လုမင်နှင့် မော့ဟဲတို့ နှစ်ဦးစလုံး နောက်ပြန်ဆုတ်သွားခဲ့ရသည်။

'ဘယ်လောက်တောင် ကြာသေးလို့လဲ၊ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက ဒီလောက်တောင် အားကောင်းလာပြီ။ သူ့ကို ဖယ်ရှားပစ်ရမယ်'

မော့ဟဲ တုန်လှုပ်သွားသည်။

သူ့လူများကို ဦးဆောင်ကာ လုမင်ကို လိုက်လံဖမ်းဆီးခဲ့စဉ်က၊ လုမင်ဟာ သူ့ရှေ့တွင် ခုခံရန်ပင် အင်အားသိပ်မရှိခဲ့ပေ။ သို့သော်လည်း ယခုအချိန်မှာတော့ သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်ပြီး အနိုင်အရှုံးကို ခွဲခြားရန်ပင် ခက်နေပြီ ဖြစ်သည်။

သို့ဖြစ်လျှင်၊‌ နောက်ထပ် အချိန်အနည်းငယ်အတွင်း လုမင်က မည်သည့်နယ်ပယ်သို့ ရောက်ရှိမည်နည်း။ ကဏ္ဍပေါင်းစုံမှာ သူ့ထက်သာလွန်နေတော့မည် မဟုတ်လော။

ထိုသို့တွေးရင်း သူ့ရင်ထဲမှာ အေးစက်သွားသလို ခံစားလိုက်ရသည်။

သူနှင့် လုမင်တို့က နောက်မလှည့်နိုင်တော့သည့် ရန်သူများ ဖြစ်နေပြီ။ အနာဂတ်မှာ ပြန်ဆုံကြပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမည်မှာ သေချာသည်။ ထိုအချိန်တွင် တစ်ဦးကတော့ သေချာပေါက် သေရလိမ့်မည်။

သို့သော်လည်း လုမင်ကို အချိန်ခဏထပ်ပေးပါက သေဆုံးရမည့်သူဟာ သူဖြစ်နေမှာကို ကြောက်ရသည်။ ထို့ကြောင့် လုမင်ကို ယခုပင် သူ သတ်ပစ်ရတော့မည်။

"သတ်၊ သတ်"

မော့ဟဲ ဟိန်းဟောက်လိုက်သည်။ သူ၏ နတ်ဆိုးစွမ်းအင်က မီးတောက်ကဲ့သို့ လောင်ကျွမ်းလာပြီး နတ်ဆိုးနတ်ဘုရားကြီးမှာ အစစ်အမှန် ဖြစ်လာပုံရ၏။ ပို၍ အံ့ဖွယ်ကောင်းသည်က နတ်ဆိုးနတ်ဘုရား၏ လက်ခြောက်ဖက်မှာ နတ်ဆိုးဓားကြီး ခြောက်လက် ပေါ်လာကြခြင်း ဖြစ်တော့သည်။

"ဝုန်း၊ ဝုန်း‌"

မော့ဟဲက ရှေ့သို့ထိုးတက်လာပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။ နတ်ဆိုးနတ်ဘုရားကြီးကလည်း နတ်ဆိုးဓားများဖြင့် လုမင်အား ထိုးခုတ်လိုက်၏။

"သတ်"

လုမင် ဟိန်းဟောက်လိုက်သည်။ သူ၏ တတိယသွေးမျိုးဆက်မှ စွမ်းအားက လုမင်ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်လာ၏။ လုမင်၏ သတ်ပစ်လိုစိတ်ကလည်း ပို၍ အားကောင်းလာတော့သည်။

တစ်ချိန်တည်းမှာပင်၊ ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာပြီး မော့ဟဲကိုဖုံးလွှမ်းကာ သူ၏ နတ်ဆိုးစွမ်းအင်အား မတည်မငြိမ် ဖြစ်စေခဲ့သည်။ နတ်ဆိုးနတ်ဘုရား၏ အငွေ့အသက်လည်း အားနည်းသွားပေသည်။

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ သူ၏ လှံရှည်က မီတာတစ်ထောင် ရှည်လျားသော လှံအလင်းအဖြစ် မော့ဟဲဆီသို့ ဦးတည်သွား၏။

မော့ဟဲ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေပြီး ခွန်အားရှိသမျှ ထုတ်ဖော်ခဲ့သည်။ ဧရာမ နတ်ဆိုးနတ်ဘုရားကလည်း နတ်ဆိုးဓားခြောက်လက်ဖြင့် လုမင်ကို အဆက်မပြတ် ခုတ်ထစ်လိုက်၏။

နှစ်ယောက်သား အပြင်းအထန် တိုက်မိကြသည်။ လှံအလင်းနှင့် နတ်ဆိုးဓားအလင်းများက ပြည့်နေတော့သည်။

ပါဝင်သူ စင်မြင့်ပေါ်၌ဖြစ်စေ၊ ပရိသတ် ပွဲကြည့်စင်၌ဖြစ်စေ... လူတိုင်း အသက်ပြင်းပြင်းမရှူဝံ့တော့ဘဲ တိုက်ပွဲကွင်းပြင်ကို စိုက်ကြည့်နေခဲ့မိကြသည်။ စိတ်လှုပ်ရှားစရာကောင်းသော မြင်ကွင်းတစ်ခုတလေကိုပင် လွတ်သွားကြမှာ ကြောက်ကြလေသည်။

"ဘယ်လောက်တောင် ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်းလဲ။ သူတို့က သတ္တမအဆင့် သိုင်းမုက်ချုပ်သူနယ်ပယ်နဲ့တောင် ဒီလောက်ကြောက်စရာကောင်းတဲ့ အင်အားမျိုးကို ထုတ်ဖော်နိုင်ကြတယ်။ ဒီစွမ်းအားက တော်ရုံအဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ကိုတောင် သတ်နိုင်မှာကို ကြောက်ရတယ်"

သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထက်မှ ပါရမီရှင်တစ်ဦးက လေးနက်သောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"သူတို့အားလုံးက တကယ်ကို ပါရမီရှင်တွေပဲ။ အနာဂတ်မှာ၊ စန်းပြည်နယ်ရဲ့ ထိပ်တန်းပါရမီရှင်ဆယ်ယောက်ဖြစ်လာဖို့ အလားအလာ အများကြီးရှိတယ်"

"အမှန်ပဲ၊ ဒီတိုက်ပွဲမှာ ဘယ်သူက နိုင်မှာလဲဆိုတာ ငါသိချင်နေမိပြီ"

လူတချို့က လေသံတိုးတိုးဖြင့် ဆွေးနွေးပြောဆိုလိုက်ကြသည်။ သို့သော်လည်း သူတို့၏ မျက်လုံးများကတော့ တိုက်ပွဲကို မျက်ခြည်ပြတ်မခံဘဲ စောင့်ကြည့်နေခဲ့ကြပေသည်။

All Chapters