← Chapters

အခန်း ၁၅၄၀

Vol. 103 Ch. 1540

အခန်း ၁၅၄၀

Vol. 103 Ch. 1540

အပိုင်း ( 1540 ) စည်းမျဉ်းချိုးဖောက်ခြင်း။

မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်နှင့် မော့ဟဲက တိုက်ခိုက်မှုအကြိမ်ရေ ဒါဇင်ချီပြီး ရင်ဆိုင်ခဲ့ကြသည်။

ထိုအချိန်တွင်၊ မော့ဟဲ ဖန်တီးထားသော နတ်ဆိုးနတ်ဘုရားက တုန်လှုပ်လာ၏။

ဤနတ်ဆိုးနတ်ဘုရားကို ထိန်းသိမ်းထားရန် မော့ဟဲ၏ စွမ်းအင်များစွာကို စားသုံးနေရကြောင်း ထင်ရှားသည်။

ထို့အပြင်၊ လုမင်ကလည်း ဝါးမျိုခြင်းစွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်နေသေးသည်။ မော့ဟဲကိုယ်တိုင် သူ၏ နတ်ဆိုးစွမ်းအင်များ ဝါးမျိုခံနေရခြင်းကို ခံစားရသည်။ ယင်းကြောင့် သူ၏ နတ်ဆိုးစွမ်းအင်ကို ထိန်းသိမ်းထားရန် ပို၍ပင် ခက်ခဲစေတော့သည်။

"ပိတ်လှောင်စေ"

ထိုအချိန်တွင် လုမင်က တံဆိပ်တော်တံခါးများကို ထပ်မံထုတ်ဖော်လိုက်သည်။ တံာ ဆိပ်တော်တံခါးခြောက်ခုက အလင်းရောင်များ ဖြာထွက်လာပြီး နတ်ဆိုးနတ်ဘုရားကို ဖိနှိပ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ နတ်ဆိုးနတ်ဘုရားလည်း မချိုးဖောက်နိုင်တော့ဘဲ သူ၏လှုပ်ရှားမှုများ တောင့်တင်းလာတော့သည်။

"ဝုန်း"

လုမင်က ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး တိုက်ခိုက်လိုက်သည်။ သူ့လှံရှည်မှ ဧရာမလှံအလင်းကြီးတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးနတ်ဘုရား၏ဦးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။ အင်အား ဆယ့်သုံးဆကလည်း ချက်ချင်း လွှမ်းခြုံကာ ပေါက်ကွဲထွက်လာတော့သည်။

"ဝုန်း"

နတ်ဆိုးနတ်ဘုရား၏ ဦးခေါင်းက ပေါက်ကွဲသွားသည်။ ထို့နောက် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားပေသည်။

မော့ဟဲ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး ပါးစပ်ထဲမှ သွေးများစွာ အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်သွားလေသည်။

"နောက်ကိုဆုတ်"

မော့ဟဲလည်း အံကိုကြိတ်ပြီး နောက်ပြန်လှည့်ပြေးသွားသည်။ ယနေ့တွင် သူရှုံးနိမ့်သွားပြီမှန်း သူ သိ၏။ သူက လုမင်နှင့် မယှဉ်နိုင်တော့ပေ။ ယခုတော့ တိုက်ပွဲကွင်းပြင်မှ ထွက်ပြေးရန်သာ တတ်နိုင်သည်။

"မင်း မလွတ်နိုင်ဘူး။ တံဆိပ်တော်"

လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ တံဆိပ်တော်တံခါးခြောက်ခုက မော့ဟဲရှေ့တွင်ပေါ်လာပြီ သူ့သွားရာလမ်းကို ပိတ်ဆို့လိုက်၏။

မော့ဟဲက သူ၏ နတ်ဆိုးဓားနှင့် အဆက်မပြတ် ခုတ်ပိုင်းခဲ့သော်လည်း တံဆိပ်တော်တံခါးများကို မဖြတ်နိုင်ခဲ့ပေ။

ထိုအချိန်တွင် လုမင်က သူ၏လှံရှည်ကို ဖယ်ထားပြီး ဖြစ်သည်။ ထိုအစား လက်တစ်ဖက်တွင် တံဆိပ်တော်တစ်ခုကို ကိုင်ထား၏။

ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်။

ယခုဆိုလျှင် လုမင်က ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို တတိယအဆင့်၏ အထွတ်အထိပ်ထိ လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ စွမ်းအားက ပို၍ ကြီးမားလာသလို အသုံးပြုရာတွင်လည်း ပိုမို ကျွမ်းကျင်လာတော့သည်။

ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ယခင်ကကဲ့သို့ အင်အားအပြည့် ထုတ်ဖော်ရန် မလိုတော့ပေ။ ထိုသို့ပြုလုပ်ခြင်းက စွမ်းအင်စားသုံးမှုနှုန်း အလွန် ကြောက်စရာကောင်းသည်။

ယခုတော့ သူက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏ စွမ်းအားကို ထိန်းချုပ်နိုင်နေပြီ။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏ စွမ်းအားကို လျှော့ချခြင်းဖြင့် စွမ်းအင်အများစုကို ချွေတာနိုင်ပြီး ထိန်းချုပ်ရာမှာလည်း ပို၍ လွယ်ကူလာခဲ့မည် ဖြစ်သည်။

ဥပမာအားဖြင့်၊ လက်ရှိတွင် လုမင် ကိုင်ဆောင်ထားသော တံဆိပ်တော်က ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏ စွမ်းအား ငါးဆယ်ရာခိုင်နှုန်းသာ ပါဝင်သည်။ မဟုတ်ပါက သူ့လက်ထဲတွင် ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားသည်အထိ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ယခုတော့ စွမ်းအားငါးဆယ်ရာခိုင်နှုန်းဖြင့် လုမင် ထိန်းချုပ်ရန် ပို၍ လွယ်ကူခဲ့ရသည်။

"ဝုန်း"

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က မော့ဟဲဆီသို့ ကျရောက်သွား၏။

ယင်းက ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်၏ စွမ်းအား ငါးဆယ်ရာခိုင်နှုန်းသာဖြစ်သော်လည်း၊ အင်အားကတော့ လုမင်၏ အစွန်းရောက်လှံ ဆယ့်သုံးချက်ထက် ကြောက်စရာကောင်းလောက်အောင် အားကောင်းနေသေးသည်။

ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ရှေးဟောင်း ‌နတ်တောင်ကြီးတစ်လုံးကဲ့သို့ မော့ဟဲအပေါ် ကျရောက်သွားခဲ့သည်။ ကြီးမားသောအင်အားနှင့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက မော့ဟဲ၏ မျက်နှာအမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့ပေသည်။

မော့ဟဲက အော်ဟစ်ပြီး လှည့်ကြည့်လိုက်သည်။ သူက တိုက်ခိုက်မှုကို တားဆီးရန် မျှော်လင့်လျက် ဓားချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်၏။

"ဝုန်း"

ခွဲခြမ်းခြင်း ကောင်းကင်ဓားက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ခုတ်ချလိုက်သည်။ သို့ရာတွင်... ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်က ဘာမျှမဖြစ်ဘဲ ခွဲခြမ်းခြင်းနတ်ဆိုးဓားသာ ကွဲအက်သွားတော့သည်။

ထို့အပြင် ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်က ဆက်လက် ကျရောက်လာခဲ့သည်။

အဆုံးတွင်၊ မော့ဟဲလည်း နတ်ဆိုးဓားဖြင့် သူ့ရှေ့တွင် ကန့်လန့်ဖြတ်ထားကာ ခုခံလိုက်ရသည်။ အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာ ချပ်ဝတ်တန်ဆာကလည်း သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာ၏။ သူ၏ တာအိုနယ်မြေနှင့် ပေါင်းစပ်ပြီးနောက် အစွမ်းကုန် ခုခံလိုက်တော့သည်။

"ဝုန်း"

ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်က ပြင်းထန်စွာ ကျရောက်လာခဲ့သည်။

မော့ဟဲ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်သွား၏။ သူ့လက်ကောက်ဝတ်အရိုးများ ကျိုးသွားပြီး ဓားကိုင်လက်မှာလည်း အဆက်မပြတ် တုန်နေတော့သည်။

ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်ကို တားဆီးရန်အတွက် ကြီးမားသော တန်ကြေးတစ်ခု သူ ပေးဆပ်ခဲ့ရသည်။

သို့သော်လည်း ထိုအချိန်တွင် နောက်ထပ် ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ကျရောက်လာပြန်သည်။

"ယား"

မော့ဟဲလည်း ဒေါသတကြီး အော်ဟစ်ရင်း သူ့ကိုယ်သူ ကာကွယ်ရန် အစွမ်းကုန်ကြိုးစားလိုက်၏။

"ဒုန်း"

ဤတစ်ကြိမ်တွင်၊ မော့ဟဲ ဒူးထောက်ကျသွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရသည်။ သူ၏လက်များ ပေါက်ကွဲသွားပြီး နတ်ဆိုးဓားမှာလည်း အဝေးသို့ လွင့်စဉ်သွားပေသည်။ ကြောက်စရာကောင်းသော စွမ်းအားများက မော့ဟဲ၏ အရိုးများကို ကွဲကြေစေခဲ့သည်။

သို့သော်၊ မော့ဟဲကို စိတ်ပျက်အားငယ်စေအောင် တတိယမြောက် ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်က သူ့အပေါ်သို့ ကျရောက်လာပြန်သည်။

"မဟုတ်ဘူး"

ဤတစ်ခါတော့ မော့ဟဲ စိတ်ပျက်အားငယ်စွာ အော်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ မတားဆီးနိုင်တော့ပေ။ သူ မတားဆီးနိုင်ပါက သေရတော့မည်မှာ သေချာသည်။

"ထွက်ခဲ့စမ်း"

မော့ဟဲ အော်ဟစ်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ အနက်ရောင် မျှော်စင်ငယ်တစ်ခု လွင့်ပျံလာ၏။ ကြီးကျယ်သော အငွေ့အသက်တစ်ခုလည်း ထွက်ပေါ်လာတော့သည်။

သူတော်စင်ရတနာ။

ဤမျှော်စင်ငယ်က သူတော်စင်ရတနာ ဖြစ်သည်။

"ဝမ်"

သူတော်စင်ရတနာက လျင်မြန်စွာ ကျယ်ပြန့်လာပြီး ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်နှင့် တိုက်မိသွား၏။

အနက်ရောင်မျှော်စင် လွင့်စဥ်သွားခဲ့သည်။ မော့ဟဲလည်း သွေးအန်ကာ တိုက်ပွဲကွင်းပြင်ပေါ်တွင် လျှောထွက်သွားရင်း သွေးစွပ်ကြောင်းကြီးတစ်ခု ပေါ်လာတော့သည်။

"သူ သူတော်စင်ရတနာကိုသုံးပြီး စည်းမျဥ်းတွေ ချိုးဖောက်လိုက်ပြီ"

"သူတော်စင်ရတနာကို အသုံးပြုတဲ့အတွက် သေသင့်တယ်"

နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များက ချက်ချင်း ထအော်လိုက်ကြသည်။

"ဝမ်"

လေထဲတွင်၊ နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်နယ်ပယ် အကြီးအကဲ ပေါ်လာ၏။ သူ့မျက်လုံးများက အေးစက်နေပြီး ပြောလိုက်သည်။

"တိုက်ပွဲအတွင်းမှာ ‌သူတော်စင်ရတနာကို အသုံးပြုရင် သေရမယ်"

သူတော်စင်နယ်ပယ် အကြီးအကဲက မော့ဟဲဆီသို့ လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်၏။

"အင်းဘာလုပ်နေတာလဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းဘက်မှ အကြီးအကဲတစ်ဦး ပြေးထွက်လာသည်။ သူက ဓားအလင်းတစ်ခုထုတ်ဖော်ပြီး လက်ဝါးပုံရိပ်ကြီးကို ချေဖျက်လိုက်၏။

နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်နယ်ပယ် အကြီးအကဲက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲအား အေးစက်စက်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

"တိုက်ပွဲမစတင်ခင်ကတည်းက သူတော်စင်ရတနာကို အသုံးပြုသူ ဘယ်သူမဆို အသတ်ခံရမယ်လို့ ကြေငြာထားပြီးသားကွ။ မင်းငါ့ကို တကယ် တားဆီးဖို့ ကြိုးစားနေတာလား"

"အကြီးအကဲ... အကြီးအကဲ ကျွန်တော်ကို ကယ်ပါဦး"

မော့ဟဲက ကြောက်လန့်တကြားဖြင့် အော်လိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကြီးအကဲလည်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်လေသည်။

"ဒီတစ်ခါလောက်တော့ ငါတို့တွေ သူ့ကို ဘာဖြစ်လို့ ခွင့်မလွှတ်လိုက်ရမှာလဲ"

"သူ့ကို လွှတ်ပေးရမှာလား။ ဒါဆိုရင် အခြားဂိုဏ်းက တာအိုရောင်းရင်းတွေ သဘောတူ မတူ အရင်မေးသင့်တယ်"

နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်နယ်ပယ် အကြီးအကဲက လှောင်ပြောင်လိုက်သည်။

"ဝှစ်၊ ဝှစ်"

ဂိုဏ်းအသီးသီး၏ နောက်ရှိ ခန်းမဆောင်များမှ လူရိပ်များ ထွက်လာကြ၏။ ၎င်းတို့က အင်အားစု ဆယ့်သုံးခုမှ သူတော်စင်နယ်ပယ် အကြီးအကဲများ ဖြစ်ကြသည်။

"စည်းမျဉ်းတွေက နှစ်ပေါင်းသောင်းနဲ့ချီ တည်တံ့လာခဲ့တာ၊ ဒါကို ဖောက်ဖျက်လို့မရဘူး။ စည်းမျဉ်း ဖောက်ဖျက်သူရှိရင် သေရမယ်"

သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ အကြီးအကဲက ပထမဆုံး ပြောလိုက်သည်။

"မှန်ပါတယ်။ သူ့ကိုခွင့်ပြုလိုက်လို့ လူတိုင်းက သူတော်စင်ရတနာတွေ လိုက်သုံးနေရင် ဘယ်လိုလုပ်မလဲ။ မျိုးဆက်သစ်လူငယ်တွေရဲ့ အင်အားကို ငါတို့ ဘယ်လိုလုပ်ပြီး ခွဲခြားရတော့မှာလဲ။ အဲဒီလိုဆိုရင် သူတို့ရဲ့ သူတော်စင်ရတနာ ပိုင်ဆိုင်မှုကို ယှဉ်ပြိုင်တာပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ငါတို့ သူ့ကိုသတ်ရမယ်"

သွေးနတ်ဆိုးမျှော်စင်မှ အကြီးအကဲကလည်း ပြော၏။

"ငါသဘောတူတယ်၊ သူ့ကိုသတ်ရမယ်။ မဟုတ်လို့ သူတော်စင်ရတနာကိုသာ မသုံးရင် သူက သေပြီးသားဖြစ်နေမှာပဲ"

"ငါလည်း သဘောတူတယ်"

အခြားဂိုဏ်းများ၏ အကြီးအကဲများကလည်း တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလိုက်ကြသည်။ မော့ဟဲ၏ မျက်နှာမှာလည်း စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်သွားတော့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲသာ တိတ်ဆိတ်နေခဲ့သည်။ သို့ရာတွင် သူတို့၏ မျက်နှာများက ကြည့်မကောင်းလှတော့ပေ။

"မဟုတ်ဘူး၊ ငါမသေချင်သေးဘူး"

မော့ဟဲက ကြောက်လန့်တကြား အော်ဟစ်ပြီး နတ်ဆိုးအလင်းကဲ့သို့ အဝေးကို ပြေးထွက်သွားသည်။

"သေ"

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲက ငေါက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းက မော့ဟဲဆီသို့ ပြေးဝင်သွား၏။ သူတော်စင်ရတနာက အနည်းငယ်မျှ မတားဆီးနိုင်ဘဲ

မော့ဟဲ၏ ခန္ဓာကိုယ်မှာ လေထဲတွင် ပေါက်ကွဲသွားတော့သည်။

လုမင်၏ နှလုံးသားမှာ တုန်လှုပ်သွားမိသည်။ ယင်းက သူတော်စင်နယ်ပယ် အကျော်အမော်တစ်ယောက်၏ စွမ်းအား ဖြစ်သလော။ သူက လက်တစ်ချောင်းကိုပင် မလှုပ်ရှားဘဲ ငေါက်သံတစ်ချက်ဖြင့် မော့ဟဲကို သတ်လိုက်သည်။

မော့ဟဲကို သတ်လိုက်ပြီးနောက် နဂါးနတ်ဘုရားတောင်ကြားမှ အကြီးအကဲက မော့ဟဲ၏ သူတော်စင်ရတနာ မျှော်စင်လေးကို ဆွဲယူလိုက်သည်။ ထို့နောက်၊ သူ့လက်ကိုဝှေ့ယမ်းပြီး သူတော်စင်ရတနာ မျှော်စင်လေးအား လုမင်ဆီသို့ ပျံသန်းသွားစေခဲ့လေသည်။

All Chapters