← Chapters

အခန်း ၁၅၄၅

Vol. 103 Ch. 1545

အခန်း ၁၅၄၅

Vol. 103 Ch. 1545

အပိုင်း ( 1545 ) လုမင်၏ ယွမ်ချီစွမ်းအင် ကုန်သွားပြီ။

သို့ရာတွင်၊ ဤသည်က အဆုံးမဟုတ်သေးပါ။ နောက်ကွယ်တွင် လူသုံးယောက် ကျန်နေဆဲ ဖြစ်သည်။ လုမင်အနေဖြင့် အံ့ဖွယ်အမှုများကို ဆက်လက် ဖန်တီးနိုင်မည်လော။

သူတို့သည်လည်း အံ့ဖွယ်အမှုတစ်ခု မွေးဖွားခြင်းကို သက်သေခံနိုင်ပါမည်လော။

လင်လုံနန်းတော်မှ မိန်းမလှလေးပြီးနောက်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်၏အလှည့် ဖြစ်သည်။

သူသည် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး အေးစက်စက် မျက်နှာအမူအရာဖြင့် လူငယ်တစ်ဦး ဖြစ်၏။ ထိုနေရာတွင် ပေါ့ပေါ့ပါးပါး ရပ်ရုံမျှဖြင့် သူ့ထံမှ အားကောင်းသော ဓားအရှိန်အဝါများ ထွက်ပေါ်နေပုံရပေသည်။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လုမင်နှင့် မျက်နှာချင်းဆိုင်တွင် ဆင်းသက်လိုက်သည်။ အားကောင်းသော ဓားစွမ်းအင်များက တုန်ခါပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပြည့်သွား၏။

"မင်း တိုက်ခိုက်ပါ"

သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ သူက အခြားသူများကဲ့သို့ လုမင်နှင့် သေသည်အထိ မတိုက်ခိုက်ရန် ကြိုတင် သဘောတူညီမှုယူခြင်း မပြုပေ။

သေခြင်းရှင်ခြင်းဓားဂိုဏ်းတွင် ထိုသို့သော သဘောထားမျိုး မရှိပါ။

သူတို့၏ ဓားများက အန္တရာယ်များလွန်းသည်။ သူတို့ တိုက်ခိုက်သည်နှင့် သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်လောက်သော တိုက်ပွဲဖြစ်လိမ့်မည်။

သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်များကို ရင်ဆိုင်ရသောအခါ လုမင်သည်ပင် သတိမပေါ့ဝံ့ပေ။

"ဝုန်း"

ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က လုမင်၏လက်ထဲတွင်ပေါ်လာပြီး ပြိုင်ဘက်ထံသို့ ကျရောက်သွားသည်။

လူငယ်ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခု လင်းလက်သွားပြီး ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ထံ ပိုင်းဖြတ်ရန် တိုးဝင်သွား၏။

တောက်ပသော ဓားအလင်းက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ထိမှန်သောအခါ စူးရှရှအသံများ ထွက်ပေါ်လာတော့သည်။

အဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းနှင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က တစ်ပြိုင်နက်တည်း ပြိုကျပြီး လေထဲတွင် ပျံ့လွင့်သွားခဲ့သည်။

လုမင်နှင့် သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်တို့ နှစ်ဦးစလုံး အနည်းငယ်မျှ မလှုပ်ရှားခဲ့ပေ။

"သူ တားဆီးလိုက်ပြီ၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းရဲ့ ပါရမီရှင်က လုမင်ရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်ပြီ"

"ကြောက်စရာကောင်းလိုက်တာ၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းက သူတို့ရဲ့နာမည်နဲ့ တကယ်ကို ထိုက်တန်တယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းကြောက်စရာကောင်းပြီး လုမင်ရဲ့ တိုက်ခိုက်မှုကိုတောင် ထိပ်တိုက်ရင်ဆိုင်ပြီး တားဆီးနိုင်ခဲ့တယ်"

"ကြောက်စရာပဲ၊ တခြားသူတွေက သူတို့နဲ့ လုံးဝ မယှဉ်နိုင်ဘူး"

"ဒီလို ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကို လုမင် နောက်ထပ် ဘယ်နှစ်ချက်လောက် အသုံးပြုနိုင်မလဲ မသိဘူး၊ စိတ်ဝင်စားစရာကောင်းလာပြီ"

‌

သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်က လုမင်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်မှာ စိတ်ဝင်တစား ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် လူအများက စိတ်လှုပ်ရှားစွာဖြင့် ဘယ်သူအနိုင်ရမလဲ ဆိုတာကို မှန်းဆခဲ့ပေသည်။

သူတို့၏အမြင်မှာတော့ လုမင်က အားနည်းချက်ရှိနေသည်။ သူ့ရှေ့တွင် လူအနည်းငယ်နှင့် တိုက်ခိုက်ခဲ့ပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ခုနစ်ကြိမ်တိုင်တိုင် ပစ်လွှတ်ခဲ့ပြီးပြီ။

လုမင်၏ ယွမ်ချီစွမ်းအင်က ထိုစားသုံးမှုနှုန်းကို ခံနိုင်ပါမည်လော။

စင်မြင့်ပေါ်တွင်၊ နတ်ဆိုးရဲတိုက်မှ ပါရမီရှင်နှင့် ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင်နှစ်ဦးစလုံး၏ အမူအရာများကတော့ လေးနက်နေကြသည်။

သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်နှင့် လုမင်တို့သည် အားကောင်းလွန်း၏။ သူတို့နှစ်‌ယောက် ရှိနေပါက ပ‌ထ‌မနေရာကိုရရှိရန် မသေချာတော့ပေ။

'နှစ်ယောက်လုံး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကြမယ်လို့ မျှော်လင့်ပါတယ်'

ကောင်းကင်ဘုရင်နန်းတော်၏ ပါရမီရှင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

သူတင်မကဘဲ နတ်ဆိုးရဲတိုက်မှ လူငယ်သည်လည်း ထိုသို့တွေး၏။

လုမင်နှင့် သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်တို့ နှစ်ဦးစလုံး ဒဏ်ရာရခဲ့လျှင် သူတို့ အခွင့်အရေး ရှိလိမ့်မည်။

တိုက်ပွဲစင်မြင့်တွင် လုမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

တစ်ဖက်လူက သူ၏ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ဒဏ်ရာမရဘဲ တားဆီးနိုင်သလို သူ ခံစားရ၏။ တစ်ဖက်လူ၏ တိုက်ခိုက်ရေးစွမ်းရည်က တကယ်ကို ကြောက်စရာကောင်းသည်။

"ထပ်လာမယ်"

သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်၏ မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ ပြည့်နေသည်။ သူ့လက်ထဲမှ ဓားဖြင့် လွှဲခုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက လုမင်ဆီသို့ ဖြတ်သန်းသွား၏။

"ဝုန်း"

လုမင်လည်း ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် ထပ်မံ ပစ်လွှတ်လိုက်တော့သည်။

ဤတစ်ကြိမ်တွင်လည်း ညီမျှနေဆဲ ဖြစ်သည်။

'အစွမ်းထက်လိုက်တဲ့ ဓားသိုင်း၊ ငါ့ရဲ့ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော် စွမ်းအားကို တိုးမှရလိမ့်မယ်'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။

သူ့လက်များက လျင်မြန်စွာလှုပ်ရှားသွားပြီး နောက်ထပ် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ပေါ်လာခဲ့၏။

သို့သော်လည်း ဤကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တွင် စွမ်းအားခုနစ်ဆယ်ရာခိုင်နှုန်း ပါဝင်နေပြီ။

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက လေထုကို လွှမ်းခြုံသွားပြီး လူတိုင်း ထိတ်လန့်သွားကြသည်။

"ဒါက ဘယ်လိုဖြစ်တာလဲ။ လုမင်ရဲ့ တိုက်ခိုက်မှုက ပိုပြီးတော့ ပြင်းထန်လာပုံရတယ်"

"ဒါက တကယ်ကို မယုံနိုင်စရာပဲ။ အရင်က သူ့ရဲ့ စွမ်းအားကို အပြည့်အ၀ မသုံးခဲ့ဘူးလား"

မြင်ကွင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

လုမင်သည် ဤမျှထိတ်လန့်စရာကောင်းသော တိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့သော်လည်း သူ၏စွမ်းအား အပြည့်အ ဟုတ်ပုံမရပေ။ ယခုအခါ သူ၏ အင်အားက ပို၍ မြင့်မားလာခဲ့ပြီ ဖြစ်သည်။

လုမင်၏ အကန့်အသတ်က ဘယ်နေရာတွင် ရှိသနည်း။

"ဝုန်း"

၎င်း၏စွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်းရှိသည့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်ထံသို့ တိုးဝင်သွားသည်။

"သေခြင်းရှင်ခြင်းက အတွေးတစ်ခု"

သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက်တွင် သူက ဓားနှင့်လူ တစ်သားတည်းဖြစ်လာပုံရပြီး ဓားအလင်းတစ်ခု ထုတ်ဖော်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဆီသို့ ဖြတ်သန်းသွားတော့သည်။

"ဝုန်း"

ပြင်းထန်စွာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဓားအလင်းနှင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တို့ ပျောက်ကွယ်သွား၏။ ထို့နောက်မှာတော့ လူရိပ်တစ်ခုမှာ သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင် တိုက်ပွဲကွင်းပြင်အစွန်းနားအထိ ဆုတ်ခွာသွားရတော့သည်။ ယင်းက သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ပါရမီရှင် ဖြစ်သည်။

ထိုအခိုက်တွင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာခဲ့သည်။

"ငါရှုံးသွားပြီ"

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ပါရမီရှင်က ပြောလိုက်သည်။ သူက ခြေတစ်ချက်လှမ်းပြီး သေခြင်းရှင်ခြင်းဓားဂိုဏ်းဘက်မှ ပရိသတ်စင်မြင့်သို့ ဆင်းသက်လိုက်၏။

"ဝှူး"

လုမင်လည်း သက်ပြင်းကို လျှို့ဝှက်စွာချလိုက်မိသည်။ သူ ကံကောင်းသလိုလည်း ခံစားလိုက်ရလေသည်။

သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ပါရီရှင်က ဆက်လက်တိုက်ခိုက်ခြင်း မပြုပေ။ မဟုတ်ပါက သူ အခက်ကြုံရမည် ဖြစ်သည်။

အကြောင်းမူ၊ သူ၏ ယွမ်ချီစွမ်းအင်က ကုန်ဆုံးတော့မည် ဖြစ်သောကြောင့်ပင်။

သူဟာ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို အကြိမ်များစွာ အသုံးပြုခဲ့ရသည်။ ယင်း၏စွမ်းအားကို အပြည့်အ၀ အသုံးမပြုသော်လည်း ယွမ်ချီစွမ်းအင် သုံးစွဲမှုနှုန်းက ကြီးမားနေဆဲပင်။ ထို့ကြောင့်ပင် အကြိမ်များစွာ အသုံးပြုပြီးနောက် သူ၏ယွမ်ချီစွမ်းအင် အများအပြား ကုန်ဆုံးသွားခဲ့သည်။

သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ပါရမီရှင် ရှုံးနိမ့်သွားချိန်မှာတော့ လူနှစ်ဦးသာ ကျန်တော့သည်။

နတ်ဆိုးရဲတိုက်မှ လူငယ်လေး၏ စိန်ခေါ်ရန်အလှည့် ဖြစ်သည်။

"မင်း ငါ့ကို ဆက်ပြီး စိန်ခေါ်ချင်သေးလား"

လုမင်က နတ်ဆိုးရဲတိုက်မှ လူငယ်ကို ကြည့်လိုက်သည်။

နတ်ဆိုးရဲတိုက်မှ လူငယ်မှာ မျက်နှာတစ်ချက်ပျက်သွားသည်။ သို့သော်လည်း သူ့အတွက် တိုက်ခိုက်ရန်မှတပါး ရွေးချယ်စရာ မရှိပါ။

"ဝုန်း"

နတ်ဆိုးရဲတိုက်မှ လူငယ်က တိုက်ပွဲကွင်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ခုန်ချလိုက်သည်။

"လုမင်၊ မင်းရဲ့ ယွမ်ချီစွမ်းအင်က အဆုံးမရှိဖြစ်နေမယ်လို့ ငါမယုံဘူး"

နတ်ဆိုးရဲတိုက်မှ လူငယ်က အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ဖောင်းကြွလာပြီး မီတာဒါဇင်များစွာမြင့်မားသော မျောက်ဝံကြီးအဖြစ်သို့ ပြောင်းလဲသွား၏။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားသားရဲ ရှေးနတ်ဘုရားမျောက်ဝံ ဖြစ်တော့သည်။

နတ်ဆိုးရဲတိုက်မှ လူငယ်လေး၏ မူလခန္ဓာမှာ ရှေးနတ်ဘုရားမျောက်ဝံတစ်ကောင်ဖြစ်သည်။ ထို့အပြင် သူက သွေးသန့်စင်သည့် စစ်မှန်သော နတ်ဘုရားသားရဲ ရှေးနတ်ဘုရားမျောက် ဖြစ်သည်။

"ဂါးပ

ရှေးနတ်ဘုရားမျောက်က ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင် ကြီးမားသော သံတုတ်ကြီး ပေါ်လာပြီး လုမင်ဆီသို့ ပြေးသွား၏။

လေဓာတ်စွမ်းအင်တာအိုသိုင်း။

ဤတစ်ကြိမ်တွင် လုမင်က ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို အသုံးမပြုခဲ့ပေ။ ထိုအစား၊ သူဟာ ရှေးနတ်ဘုရားမျောက်ဝံများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုခဲ့သည်။

"ဟင်"

လူအများ အံ့အားသင့်သွားကြသည်။ လုမင်က ဘာကြောင့် တိုက်ခိုက်မှုကို ရပ်လိုက်ရသနည်း။ ရှေးနတ်ဘုရားမျောက်ဝံက သန်မာသော်လည်း မော့ဟဲနှင့် အဆင့်တူသာ ဖြစ်သည်။ သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ပါရမီရှင်လောက်ပင် မသန်မာပေ။ လုမင်က အဘယ်ကြောင့် တိုက်ရိုက် အနိုင်မယူသနည်း။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့အားလုံး နားလည်သွားကြသည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်ကြမ်းအပုံလိုက်ကြီး ပေါ်လာသည်။ လုမင်၏ ဘယ်ဘက်လက်မှ ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကျောက်ကြမ်းများကို ဝါးမျိုလိုက်၏။

"သူက ကျောက်ကြမ်းတွေကို သန့်စင်နေပြီ"

"သူ့ရဲ့ ယွမ်ချီစွမ်းအင် မရှိတော့ဘူးဟေ့၊ သူ စွမ်းအားကုန်သွားပြီ"

လူတော်တော်များများက အော်ဟစ်လိုက်ကြသည်။

ကောင်းကင်ဘုရင်နန်းတော်နှင့် နတ်ဆိုးရဲတိုက်မှ လူငယ်၏ မျက်လုံးများ တောက်ပလာတော့သည်။

နောက်ဆုံးတွင်၊ လုမင်၏ ယွမ်ချီစွမ်းအင် ကုန်ခမ်းသွားပြီလော။

"ဂါး"

ရှေးနတ်ဘုရားမျောက်ဝံမှာ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။ သူ့လက်ထဲမှ သံတုတ်ဖြင့် မုန်တိုင်းတိုက်ခတ်သကဲ့သို့ လုမင်ကို လိုက်လံရိုက်နှက်လိုက်၏။

ဤအခွင့်အရေးကို အသုံးပြုပြီး လုမင်ကို အနိုင်မယူနိုင်ပါက သူ့တွင် နောက်ထပ်အခွင့်အရေးရှိမည် မဟုတ်ပေ။

လုမင်‌ကတော့ လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုပြီး တိုက်ခိုက်မှုများအား ရှောင်တိမ်းနေခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူက ကျောက်ကြမ်းများကို ဝါးမျိုပြီး ဝါးမြိုပြီး လျင်မြန်စွာ သန့်စင်လိုက်၏။

"ဝုန်း၊ ဝုန်း၊ ဝုန်း"

သံတုတ်ရိုက်ချက်များကြောင့်လည်း စင်ပေါ်တွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

သို့ရာတွင်၊ လုမင်၏ပုံရိပ်က လျင်မြန်သွက်လက်စွာဖြင့် တုတ်ရိုက်ချက်များကို ရှောင်တိမ်းသွားခဲ့သည်။

'ရှေးနတ်ဘုရားမျောက်ဝံရဲ့ အမြန်နှုန်းက နှေးလိုက်တာကွာ၊ ချီးတဲ့မှပဲ'

ကောင်းကင်ဘုရင်နန်းတော်၏ လူငယ်လေးလည်း အားမလိုအားမရ ဖြစ်နေတော့သည်။

All Chapters