← Chapters

အခန်း ၁၅၄၇

Vol. 104 Ch. 1547

အခန်း ၁၅၄၇

Vol. 104 Ch. 1547

အပိုင်း ( 1547 ) လူတစ်ဦးတည်းအတွက် ခမ်းနားသော စုဝေးမှု။

အမှန်တော့ ဤတိုက်ပွဲမှာ အနိုင်ရရှိရန် မလွယ်ပေ။

အကယ်၍၊ သူ့တွင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကဲ့သို့ ကောင်းကင်ကို အံတုနိုင်သော တာအိုနယ်မြေ သိုင်းပညာမျိုး မရှိပါက ဤထိပ်သီးပါရမီရှင်များစွာကို အနိုင်ယူနိုင်မည် မဟုတ်ပါ။

"ငါတို့ အနိုင်ရပြီ၊ ငါတို့ အနိုင်ရရှိပြီ။ လုမင် နိုင်သွားပြီဟေ့"

"နဂါးနတ်ဘုရားတောင်ကြား ပထမနေရာကို ရရှိခဲ့ပြီ"

နဂါးနတ်ဘုရားတောင်ကြား၏ တပည့်‌များ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

တချို့ဆိုလျှင်၊ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးအိမ်မှ မျက်ရည်များပင် စီးကျလာတော့သည်။

နဂါးနတ်ဘုရားတောင်ကြားဟာ ဤတိုက်ပွဲတွင် ကြီးစွာအခက်တွေ့ခဲ့သည်။

တိုက်ပွဲစတင်သည်နှင့်၊ သူတို့ကို ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က ပစ်မှတ်ထားခဲ့ကြသည်။ နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များကို စိန်ခေါ်ပြီး သတ်ပစ်ကြ၏။

ထိုအချိန်က သူတို့မှာ လွန်စွာ ဒေါသထွက်သော်လည်း အကူအညီမဲ့နေခဲ့ရသည်။ သူတို့မှာ ပထမဆုံး ဖယ်ထုတ်ခံရပြီး ဤတင်းပေါင်ညီလာခံ၌ပင် မပါဝင်နိုင်တော့ပြီဟု ထင်ခဲ့ကြပေသည်။

သို့ရာတွင်၊ အခြေအနေက ပြောင်းပြန်လှန်လာမည်ဟု မမျှော်လင့်ထားပေ။ လူလေးယောက်သာ ကျန်သောအခါမှ နဂါးနတ်ဘုရားတောင်ကြားက အစပြုပြီး တန်ပြန်တိုက်ခိုက်လာခဲ့သည်။

အဆုံးတွင် လုမင်တစ်ယောက်တည်းသာ ကျန်ရှိပြီး၊ သူတစ်ဦးတည်းက အားကောင်းသော ပြိုင်ဘက်များကို ဆက်တိုက်အနိုင်ယူ၍ ပထမနေရာကို သိမ်းပိုက်ယူခဲ့တော့သည်။

ဤမျှကြီးမားသော အလှည့်အပြောင်းများကြောင့် နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များမှာ အလွန်တရာ စိတ်လှုပ်ရှားခဲ့ကြသည်။

ဟုတ်သည်၊ ဟဲယွိနှင့် ငွေနဂါးတောင်ကြား၏ တပည့်များကတော့ မျက်နှာအမူအရာများ ကြည့်မကောင်းလှပေ။

သို့သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ တပည့်များ၏ မျက်နှာများက ပို၍အကြည့်ရဆိုးလှသည်။

ဤတိုက်ပွဲတွင် သူတို့ ဂိုဏ်းကြီး သုံးခုစလုံး အရှုံးကြီး ရှုံးသွားပြီဟု ဆိုနိုင်သည်။ သူတို့မှာ နှစ်ဆ ဆုံးရှုံးခဲ့ရပြီး ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပေသည်။

သူတို့ဟာ နဂါးနတ်ဘုရားတောင်ကြားမှ လူများစွာကို သတ်ဖြတ်ခဲ့ကြသော်လည်း ၎င်းတို့က ကျင့်ကြံခြင်းအခြေခံနိမ့်ကျပြီး အရည်အချင်းသိပ်မရှိသူများသာ ဖြစ်သည်။ သို့ရာတွင်၊ လုမင်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော သူများနှင့် ကျန်သူများကတော့ ထိပ်သီး ပါရမီရှင်များ ဖြစ်၏။

သူတို့ထဲမှ အများစုမှာ မြေကမ္ဘာ အလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာနှင့် ထိပ်သီးပါရမီရှင်များ ဖြစ်သည်။

အထူးသဖြင့်၊ သတ်ဖြတ်ခံခဲ့ရသော လူသုံးဦးမှာ မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင်များ ဖြစ်ကြသည်။ သို့ဖြစ်ပေရာ၊ ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ကြရတော့သည်။

အခြားဂိုဏ်းများမှ လူများမှာလည်း စိတ်ရှုပ်ထွေးသောအမူအရာများ ‌ရှိနေခဲ့ကြသည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးများက တိုက်ပွဲကွင်းပြင်အလယ်မှ အရပ်မြင့်မြင့်နှင့် ချောမောသော လူငယ်ကို ကြည့်နေသည်။

တစ်နည်းအားဖြင့် ဤတင်းပေါင်ညီလာခံငယ်မှာ လူတစ်ဦးအတွက် ကြီးကျယ်ခမ်းနားသော ပွဲတစ်ခု ဖြစ်လာပုံရ၏။

ထိုလူက လုမင် ဖြစ်သည်။

လုမင် တစ်ယောက်တည်းက ဤပြိုင်ပွဲကို လွှမ်းမိုးထားခဲ့ပေသည်။

တင်းပေါင်ညီလာခံကို စတင်ကတည်းက ဤသည်မှာ တစ်ခါမျှ မဖြစ်ဖူးသောအရာ ဖြစ်သည်။

ဤတစ်ကြိမ်မှာတော့ တင်းပေါင်ညီလာခံငယ်ဟာ လုမင် တစ်ဦးတည်းအတွက် ကျင်းပခဲ့သလို ဖြစ်တော့သည်။

"ဟားဟားဟား၊ ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်"

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲက အဆောင်အတွင်းမှ ထွက်လာပြီး ရယ်မောလိုက်သည်။ "ကောင်းတယ်"ဟူသော စကားကို သုံးကြိမ်တိုင်တိုင် ပြောလိုက်ခြင်းက အကြီးအကဲမှာ မည်မျှ စိတ်လှုပ်ရှားနေကြောင်း ဖော်ပြနေခဲ့ပေသည်။

"အခု ဆုချီးမြှင့်ရမဲ့ အချိန်ကျပြီ"

နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်နယ်ပယ် အကြီးအကဲက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အဆောင်ဘက်ကို ကြည့်လိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကြီးအကဲလည်း မျက်နှာမသာမယာဖြင့် ထွက်ခဲ့လေသည်။

သူက ကျောက်စိမ်းပုလင်းတစ်လုံးကို တွန့်ဆုတ်စွာ ထုတ်ယူပြီးမှ ပြောလိုက်သည်။

"ဒီတင်းပေါင်ညီလာခံငယ်မှာ နောက်ဆုံး ကျန်ရှိတဲ့လူကို အုပ်ချုပ်သူ တာအိုနယ်မြေ ဆေးခုနစ်လုံး ချီးမြှင့်မယ်"

ထို့နောက် သူက ကျောက်စိမ်းပုလင်းကို လုမင်ထံသို့ ပစ်ပေးလိုက်သည်။

လုမင်လည်း ဖမ်းယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် တောက်ပသော အလင်းများဖြင့် ဆေးလုံးခုနစ်လုံး ရှိနေသည်။ ဆေးလုံးများက ပြိုးပြိုးပြက်ပြက် တောက်ပပြီး ကြွယ်ဝသော ဆေးမွှေးရနံ့တို့ ထုတ်လွှတ်နေ၏။

ဆေးရနံ့ကို ရှူရှိုက်ရုံဖြင့် လူတကိုယ်လုံး သက်တောင့်သက်သာဖြစ်သလို ခံစားရလေသည်။

ဤအခိုက်တွင် မနာလိုသော အကြည့်များစွာက လုမင်အပေါ် ကျရောက်လာခဲ့သည်။

လုမင်လည်း ပြုံးပြီး ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် ဟန်ရွှင်းတို့ကို ကြည့်ကာ ခေါ်လိုက်သည်။

"ဂိုဏ်းတူအစ်ကို ဟန်ရွှင်း၊ ဆရာတူအစ်ကို ထျန်းချွေးနဲ့ ဆရာတူအစ်မတို့ တိုက်ပွဲစင်မြင့်ကို လာခဲ့ကြပါဦး"

"အဲ"

သုံးယောက်သား အနည်းငယ် အံ့ဩသွားသော်လည်း တိုက်ပွဲကွင်းပြင်ပေါ်ကို တစ်ဦးပြီးတစ်ဦး လှမ်းတက်ခဲ့၏။

"ဂိုဏ်းတူအစ်ကို ဟန်ရွှင်း၊ ဒီဆေးလုံးက အစ်ကို့အတွက်ပဲ"

လုမင်က အုပ်ချုပ်သူ တာအိုနယ်မြေ ဆေးတစ်လုံးကို ထုတ်ယူပြီး ဟန်ရွှင်းအား ကမ်းပေးလိုက်သည်။

ဟန်ရွှင်း အံ့အားသင့်သွားပြီး ချက်ချင်း ပြောလိုက်၏။

"ဒါကို ငါ လက်မခံနိုင်ပါဘူး။ တင်းပေါင်ညီလာခံငယ်ရဲ့ စည်းမျဉ်းတွေအရ နောက်ဆုံးကျန်တဲ့သူပဲ ဆုလာဘ်ကို ရရှိနိုင်မှာ။ ပြီးတော့ မင်းက နောက်ဆုံးလူပဲလေ၊ ဒီဆေးလုံးတွေက သဘာဝအတိုင်း မင်းအတွက်ပါပဲ"

ဟန်ရွှင်းက ခေါင်းခါယမ်းလိုက်သည်။

"ဂိုဏ်းတူအစ်ကို ဟန်ရွှင်း၊ မင်း ယဉ်ကျေးနေစရာ မလိုပါဘူး။ ယွီရှန့်နဲ့ တိုက်ပွဲမှာ မင်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ် မဟုတ်လား။ ဒီဆေးလုံးက မင်းနဲ့ ထိုက်တန်ပါတယ်"

လုမင်က ပြောရင်းဆိုရင်း ဆေးလုံးကို လွှဲပေးလိုက်လေသည်။

လုမင်၏ ရိုးသားသော သဘောထားကိုမြင်တော့ ဟန်ရွှင်းလည်း ခဏတုံ့ဆိုင်းသွားကာ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ဂိုဏ်းတူညီလေးလုမင်ကို ကျေးဇူးတင်ပါတယ်"

အုပ်ချုပ်သူ တာအိုနယ်မြေ ဆေးလုံးကို လက်ခံပြီးနောက် ဝမ်းသာမှုတို့က သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့လေသည်။

အုပ်ချုပ်သူတာအိုနယ်မြေ ဆေးလုံးက သူ့အတွက် အလွန်အသုံးဝင်သည်။ ထိုဆေးလုံး၏ အကူအညီဖြင့်၊ အချိန်တိုအတွင်း သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ထိုးဖောက်နိုင်လိမ့်မည်။

"ဆရာတူအစ်ကိုနဲ့ အစ်မ၊ ဆေးလုံး ခြောက်လုံး ကျန်သေးတယ်။ တစ်ယောက်ကို နှစ်လုံးစီ ယူကြပါ"

လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို တစ်ချက်ကြည့်လိုက်သည်။

"မဖြစ်ပါဘူး... ဆရာတူမောင်လေး၊ ဒီတိုက်ပွဲမှာ အနိုင်ရခဲ့တာက မင်းရဲ့ အစွမ်းအစကြောင့်ပဲ။ ငါတို့က မင်းကို ဘာမှ မကူညီနိုင်ခဲ့ကြပါဘူး"

ရွယ်နင်ရှင်းက ခေါင်းခါယမ်းလိုက်သည်။

"ဟုတ်ပါတယ်၊ ငါတို့ လက်မခံနိုင်ဘူး"

ထျန်းချွေးကလည်း ငြင်းဆန်သည်။

"အဲဒါဆိုရင် ဒီလိုလုပ်၊ တစ်ယောက်ကို တစ်လုံးစီတော့ ယူကြပေါ့"

လုမင် ပြုံးပြီး ပြောလိုက်၏။

ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ခဏတုံ့ဆိုင်းသွားပြီးနောက် သဘောတူလိုက်ကြလေသည်။

လုမင်လည်း ထျန်းချွေးနှင့် ရွယ်နင်ရှင်းအား ဆေးတစ်လုံးစီ ပေးလိုက်ပြီးနောက် ကျန်ဆေးလုံး ခုနစ်လုံးကို သိမ်းဆည်းလိုက်သည်။

အုပ်ချုပ်သူတာအိုနယ်မြေ ဆေးလုံး လေးလုံးက သူ၏ ကျင့်ကြံခြင်းအား တိုးတက်စေလိမ့်မည်။

"ခဏနေဦး"

ထိုအချိန်တွင် လူအချို့က တိုက်ပွဲစင်မြင့်သို့ ရောက်ရှိလာသည်။

ထိုသူများမှာ ဟဲယွိ၊ ရင်ချန်နှင့် ငွေနဂါးတောင်ကြားမှ တပည့်တချို့ ဖြစ်၏။

ယခုလေးတင် ပြောခဲ့သူမှာ ဟဲယွိ ဖြစ်သည်။

"လုမင်၊ ကျန်တဲ့ ဆေးလုံးတွေကို မင်းတစ်ယောက်တည်းပဲ သိမ်းယူထားမှာလား။ ဒီပြိုင်ပွဲမှာ ငါတို့ ဂိုဏ်းတူညီနောင်အများကြီး ပါဝင်ခဲ့ကြတာ။ ဒါကို မင်းက ဆေးလုံးအားလုံး အပိုင်သိမ်းချင်တာလား"

ဟဲယွိက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဪ၊ ဒါဆို မင်းက ဘာလိုချင်လို့လဲ"

လုမင် တည်တည်ငြိမ်ငြိမ် ပြောသည်။

"ဒါပေါ့၊ ငါတို့လည်း အဲဒီဆေးလုံးကို မျှဝေခံစားရမယ်"

ဟဲယွိက နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

"မျှဝေရမှာလား၊ သောက်ရူး။ တင်းပေါင်ညီလာခံငယ်ရဲ့ စည်းမျဉ်းတွေအရ နောက်ဆုံးလူကိုပဲ ဆုချီးမြှင့်ရမယ်။ ဂိုဏ်းတူညီလေးလုမင်က ဆေးလုံးတွေကို ဘာဖြစ်လို့ မျှဝေရမှာလဲ"

ထျန်းချွေးက မနှစ်မြို့သောလေသံဖြင့် ဝင်ပြောလိုက်သည်။

"ဟမ့်၊ ငါတို့အားလုံးက လုမင်ကို နောက်ဆုံးနေရာ ရောက်နိုင်ဖို့ ပံ့ပိုးပေးခဲ့တာ။ အဲဒါတွေကို ငါတို့က ဘာဖြစ်လို့ မမျှဝေနိုင်ရမှာလဲ"

ဟဲယွိက နှုတ်ခမ်းမဲ့လိုက်၏။

"ပံ့ပိုးကူညီခဲ့တာလား"

လုမင်က ဟဲယွိကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

"မင်းက သေမှာကြောက်လို့ စည်းကမ်းလိုက်နာတာတောင် မဟုတ်ဘူး။ ဒါကြောင့် အလောတကြီး အရှုံးပေးခဲ့တာ မဟုတ်ဘူးလား။ ဘယ်မှာလဲ၊ မင်းရဲ့ ပံ့ပိုးမှု"

"ငါက ငါ့အသက်ကို တမင်တကာ ချန်ထားခဲ့တာကွ။ မဟုတ်ရင် ငါသေမှာပေါ့။ နောက်ပြီး အစကတည်းက ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရပြီး ဂိုဏ်းတူ ညီအစ်ကို၊ မောင်နှမတွေ အတော်များများ သေခဲ့ကြရတယ်။ ဒါတွေအားလုံးက မင်း ဂိုဏ်းကြီးသုံးခုကို စော်ကားတဲ့‌အတွက်ကြောင့်ပဲ"

ဟဲယွိမှာ ဝန်မခံလိုသောကြောင့် မဟုတ်မမှန် စွပ်စွဲပြောဆိုလိုက်သည်။

"အိုး၊ အဲဒီလိုလား"

လုမင် လျစ်လျူရှုစွာ ပြောလိုက်သည်။ ထို့နောက်၊ ရုတ်တရက် လှုပ်ရှားပြီး ဟဲယွိကို ပါးရိုက်လိုက်၏။

ဟဲယွိ တုန်လှုပ်သွားသည်။ လုမင်မှ သူ့ကို တိုက်ခိုက်လာရန် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

"ဖြန်း"

ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ဟဲယွိ၏ ခန္ဓာကိုယ်က လွင့်စဉ်သွားပြီး တိုက်ပွဲကွင်းပြင်မှ မြေပြင်ပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူ့မျက်နှာတစ်ခြမ်းမှာ ရောင်ကိုင်းသွားတော့သည်။

ထိုသို့သောလူနှင့် လုမင်ဟာ ဘာမျှ စကားချင်းပြိုင်ပြီး မပြောလိုပေ။

ဟဲယွိ ခဏတာ သတိလက်လွတ်ဖြစ်သွားသည်။ သူဟာ မြေပြင်ပေါ်တွင် လဲကျနေသည့်အတိုင်းမှ အရိုက်ခံလိုက်ရသော မျက်နှာကို လက်ဖြင့်အုပ်ရင်း လုမင်အား ‌တအံ့တဩ ကြည့်နေမိ၏။

"အုပ်ချုပ်သူ တာအိုနယ်မြေဆေးလုံးကို မျှဝေရအောင် မင်းလိုအမှိုက်မှာ ဘာအခွင့်အရေး ရှိလို့လဲ"

လုမင်က အေးစက်စက် ပြောလိုက်သည်။

ဤတော့မှ ဟဲယွိ သတိပြန်ဝင်လာပြီး အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်သည်။

"လုမင်၊ ရိုင်းစိုင်းပြီး ထိန်းချုပ်မှုမရှိတော့ဘူးပဲ။ မင်းမှာ အင်အားရှိတာနဲ့ မင်းလုပ်ချင်တာကို လုပ်နိုင်မယ်လို့ ထင်နေတာလား။ ဂိုဏ်းတူ ညီအစ်ကို မောင်နှမတို့၊ ငါပြောတာ ဟုတ်တယ် မဟုတ်လား။ ငါတို့အားလုံး ပံ့ပိုးကူညီခဲ့ကြတာတွေကြောင့် ဆုလာဘ်တွေကို သူတစ်ဦးတည်း ဘာကြောင့် အပိုင်သိမ်းရမှာလဲ"

ဟဲယွိက တင်းပေါင်ညီလာခံငယ်တွင် ပါဝင်ခဲ့သော နဂါးနတ်ဘုရားတောင်ကြား၏ လူငယ်များကို ကြည့်လိုက်သည်။

All Chapters