← Chapters

အခန်း ၁၅၄၈

Vol. 104 Ch. 1548

အခန်း ၁၅၄၈

Vol. 104 Ch. 1548

အပိုင်း ( 1548 ) နတ်ဘုရားသားတော် လှုပ်ရှားခြင်း။

သို့သော်လည်း ထိုလူငယ်အားလုံးက ဟဲယွိကို အထင်အမြင်သေးစွာဖြင့် ကြည့်နေကြ၏။

လုမင်ဟာ သူ့အင်အားဖြင့်သူ ဆုလာဘ်ကို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ လုမင်၏ဆုလာဘ်ကို မျှဝေယူသည်အထိ သူတို့ မျက်နှာမရှိပေ။

"မင်း…မင်းတို့…"

လူတိုင်း၏ အထင်အမြင်သေးသော အကြည့်များကို မြင်လိုက်ရတော့ ဟဲယွိ အလွန်ဒေါသထွက်ပြီး သွေးအန်ချင်သွားသည်။ သူက သူတော်စင်နယ်ပယ် အကြီးအကဲကိုကြည့်ပြီး ထပ်မံ ပြောလိုက်၏။

"အကြီးအကဲ၊ တရားမျှတအောင် စီမံပေးပါ"

"တိတ်စမ်း၊ ဒီမှာဆက်နေပြီး ကိုယ့်အရှက်ကို မခွဲနေနဲ့"

သူတော်စင်နယ်ပယ် အကြီးအကဲ အေးစက်စက်ဖြင့် ကြိမ်းမောင်းပြီး ဟဲယွိကို ရွံရှာသလို ကြည့်လိုက်သည်။ ဟဲယွိလည်း ခေါင်းငုံ့သွားပြီး ဘာမျှ မပြောဝံ့တော့ပေ။

"မင်းတို့လည်း အရိုက်ခံချင်တာလား"

လုမင်က ရင်ချန်နှင့် အခြားသူများကို ကြည့်လိုက်သည်။

ရင်ချန်နှင့် အခြားသူများ မျက်နှာတစ်ချက်ပျက်သွား၏။ သူတို့ စကားတစ်ခွန်းမှ မပြောဝံ့ဘဲ တိုက်ပွဲစင်မြင့်မှ အမြန်ထွက်သွားတော့သည်။

"ကောင်းပြီ၊ ဒီစုဝေးပွဲ ပြီးပြီ။ သတ္တမအဆင့်နဲ့အထက် သိုင်းအုပ်ချုပ်သူနယ်ပယ်က တပည့်တွေ ပြန်သွားပြီး တင်းပေါင်ညီလာခံအတွက် ပြင်ဆင်ကြတော့"

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲက ပြောပြီး လေထဲသို့ ပျံတက်သွားသည်။

"ဝမ်"

ထိုအချိန်တွင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ မြင့်မြတ်သော အလင်းတစ်ခုက ကောင်းကင်မှ ကျလာပြီး လုမင်ကို ထိုးနှက်လိုက်၏။

ဤမြင့်မြတ်သောအလင်းက ကြောက်စရာကောင်းလွန်းသည်။ ၎င်းက နတ်ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး အရှိန်အဟုန်မှာလည်း မယုံနိုင်စရာပင်။

"အန္တရာယ်၊ အန္တရာယ်"

ထိုအချိန်တွင် လုမင်၏နှလုံးသားထဲမှ ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှ ကြွက်သားများ တင်းကျပ်လာပြီး ဆံပင်များပင် ထောင်ထသွား၏။

သူ့မသိစိတ်က သူ့ကို အလျင်အမြန်ရှောင်တိမ်းရန် အသည်းအသန် တိုက်တွန်းနေသော်လည်း၊ သူ့ခန္ဓာကိုယ်က အေးခဲနေပုံရကာ လုံးဝ မလှုပ်ရှားနိုင်တော့ပါ။

"ဘယ်သူလဲ"

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲက ဟိန်းဟောက်သော်လည်း ကူညီရန် အချိန်နှောင်းသွားပြီ ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော မြင့်မြတ်သောအလင်းက လုမင်၏ ဦးခေါင်းပေါ်သို့ ကျရောက်တော့မည်။

ဤအခိုက်အတန့်တွင် လုမင်၏ ပတ်ဝန်းကျင်မှာ ရေလှိုင်းများကဲ့သို့ လှိုင်းထလာခဲ့သည်။

"ဝုန်း"

အလင်းတန်းက လုမင်၏ ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။ သို့သော်၊ လုမင်၏ခန္ဓာကိုယ်က ဖန်သားကဲ့သို့ ကွဲကြေသွား၏။

ယင်းက နောက်ကျန်ပုံရိပ်တစ်ခု ဖြစ်သည်။

ထို့နောက် ဟင်းလင်းပြင်က တုန်ခါသွားပြီး လုမင်၏ပုံရိပ်က မီတာအနည်းငယ်အကွာမှ ပြန်ပေါ်လာတော့သည်။

လုမင်၏ ပခုံးပေါ်မှာတော့ ပူဖောင်းလေး ရှိနေခဲ့သည်။

ယခုလေးတင်၊ လုမင်ဟာ သူ သေတော့မည်ဟု ခံစားခဲ့ရသည်။ ယင်းက သူ မခုခံနိုင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်၏။ ပူဖောင်းလေးက အချိန်မီ လှုပ်ရှားခဲ့ခြင်းကြောင့် ကံကောင်းခဲ့ရသည်။

ထိုအခိုက်တွင်၊ လေထုထဲမှ ဖိအားများက ပို၍ ပြင်းထန်လာသည်။

လုမင် မော့ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ကျဉ်းမြောင်းသွား၏။

အဖြူ​ရောင်​​ဝတ်စုံဖြင့် လူငယ်တစ်​​ယေယောက်က ကေကောင်းကင်မှ တစ်လှမ်းချင်း လျှောက်လာနေသည်။

နတ်ဘုရားသားတော်(ရှန်းကျစ်)။

သူဟာ ထိပ်တန်းပါရမီရှင်ဆယ်ဦး၏ ခေါင်းဆောင်အဖြစ် လူသိများသော ရှန်းကျစ် ဖြစ်သည်။

လူများစွာမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ရှန်းကျစ် ပေါ်လာပြီး လုမင်ကို တိုက်ခိုက်ခဲ့၏။ လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများစွာကို သတ်ခဲ့ပြီး သူတို့၏ ပထမနေရာကိုရယူရန် အစီအစဉ်ကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဖြစ်နိုင်ပါသလော။ ထို့ကြောင့်ပင်၊ ရှန်းကျစ်က အမျက်ထွက်၍ လုမင်အား သတ်ဖြတ်လိုခြင်း ဖြစ်မည်လော။

ရှန်းကျစ်ထံမှ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်လာပြီး လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ကို ဖိနှိပ်လိုက်သည်။ သူတို့အားလုံး သူတို့အပေါ်သို့ တောင်ကြီးတစ်လုံး ကျရောက်လာသလို ခံစားလိုက်ကြရတော့သည်။

"အချိန်နဲ့ဟင်းလင်းပြင် တာအိုနယ်‌မြေ၊ မင်းဟာ နဂါးနန်းတော်မှာ တိတ်တဆိတ် ဖျက်ဆီးခဲ့သူဖြစ်ပုံရတယ်"

ရှန်းကျစ်က အေးစက်စက်ဖြင့် လုမင်ကို ငုံ့ကြည့်ရင်း လျစ်လျူရှုစွာ ပြောလိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်များက ပူဖောင်းလေး‌အပေါ်သို့ ကျရောက်သွားပြီး အံ့အားသင့်မှု အရိပ်အယောင်များ ယှက်သန်းသွား၏။

လုမင်က ဘာမျှမပြောပေ။

ရှန်းကျစ်မှာ ​ဘယ်​အ​ကြောင်း​ကို ပြောနေသည်မှန်း သူ​ သိ​သည်။

ရှန်းကျစ်ဟာ နဂါးနန်းတော်တွင် သူ၏ နတ်ဘုရားတားမြစ် ရှေးအဆောင်ကို ဖျက်ဆီးခြင်းအကြောင်းအား ပြောဆိုနေခြင်း ဖြစ်ချေသည်။

ယခုတိုက်ခိုက်မှုက စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ ယခုတော့ လုမင်ဟာ အချိန်ဟင်းလင်းပြင် တာအိုနယ်မြေဖြင့် ထိုစဉ်ကလူမှာ သူဖြစ်ကြောင်း သက်သေပြခဲ့ပြီ။

ဟုတ်သည်၊ ထိုသူမှာ လုမင် မဟုတ်ခဲ့ပါက ယခုလေးတင် တိုက်ခိုက်မှုဟာ လုမင်ကို သေဆုံးစေလိမ့်မည်။ ရှန်းကျစ်၏ လှုပ်ရှားမှုက ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

ထို့နောက်တွင်၊ ရှန်းကျစ်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို တစ်ချက်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

"မင်းတို့က နဂါးနန်းတော်ရဲ့ ဘဏ္ဍာတိုက်ကို သိမ်းသွားတဲ့သူတွေပဲ"

"ဟုတ်တယ်၊ အဲဒါ ငါတို့ပဲ"

လုမင် ပြောလိုက်၏။

"စည်းစိမ်ဥစ္စာတွေက ကံတရားနဲ့ ဉာဏ်ပညာပေါ်မှာမူတည်တယ်။ ကံကောင်းတဲ့သူက ရတနာကို ရမှာပဲ"

"ဟာသပဲ၊ ဘာကို ကံကောင်းတာလဲ။ အရာအားလုံးက အကြွင်းမဲ့အာဏာရဲ့ရှေ့မှာ အချည်းနှီးပဲ"

ရှန်းကျစ်က အရှိန်အဝါကြီးစွာ ပြောလိုက်သည်။ သူသည် လေထဲတွင် ရပ်နေပြီး သူ့ခန္ဓာကိုယ်ကလည်း နတ်ဘုရားကဲ့သို့ သန့်စင်သော အလင်းရောင်များ ထုတ်လွှတ်နေသည်။ သူ့လေသံက ကြီးစိုးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပုံရ၏။

လုမင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

"ဒါဆိုရင် အဲဒီရတနာတွေက ငါတို့လက်ထဲကို ဘယ်လိုရောက်သွားတာလဲ"

"ဒီနေ့ မင်းကိုသတ်ပြီးရင် ရတနာက ငါ့ဆီပြန်ရောက်လာလိမ့်မယ်"

ရှန်းကျစ်ထံမှ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။

ရှန်းကျစ်သည် တင်းပေါင်ညီလာခံတွင် နှစ်နှစ်ဆက်တိုက် ပထမနေရာကို ရရှိခဲ့ပြီး စန်းပြည်နယ်ရှိ ထိပ်တန်းလူငယ်ဆယ်ယောက်၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ သူ့လမ်းခရီးသည် လွန်စွာ ချောမွေ့ခဲ့၏။ သူ တစ်ခုခုကို လိုချင်လျှင်လည်း မည်သူမျှ သူနှင့်မယှဉ်နိုင်ခဲ့ပေ။

သို့သော်လည်း နောက်ဆုံးအကြိမ်က နဂါးနန်းတော်ခရီးစဉ်မှာ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။

သူသည် ရှေးဟောင်းအဆောင်ကို အသုံးပြုခဲ့သော်လည်း လုမင်က လျှို့ဝှက်စွာ ဖျက်ဆီးခဲ့၏။ နောက်ပိုင်း၊ သူတို့ဟာ အနက်ရောင် အစစ်အမှန်နဂါး အလောင်းကို လိုက်ရှာခဲ့ကြသော်လည်း အနက်ရောင် အစစ်အမှန်နဂါးအလောင်းမှာ လွတ်မြောက်သွားခဲ့သည်။ နဂါးနန်းတော်၏ ရတနာတိုက်မှာလည်း လုမင်နှင့် အခြားနှစ်ယောက်၏ လက်ထဲသို့ ကျရောက်သွားခဲ့ရပေသည်။

မသိလိုက်ခင်မှာပဲ၊ သူဟာ လုမင်နှင့် အခြားနှစ်ယောက်ရှေ့တွင် ကြီးစွာသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

ထို့ကြောင့် သူဟာ လုမင်တို့သုံးဦးကို၊ အထူးသဖြင့် လုမင်ကို သတ်ချင်နေတော့သည်။

ပတ်ဝန်းကျင်မှ လူများလည်း အမူအရာအမျိုးမျိုး ပေါ်လာပြီးနောက် ယင်းမှာ လုမင်နှင့် ရှန်းကျစ်ကြားမှ အခွင့်အရေးတစ်ခုကြောင့် ပဋိပက္ခဖြစ်ရမည်မှန်း အားလုံးနားလည်ခဲ့ကြသည်။ အခြေအနေများအရ၊ ရှန်းကျစ်မှာ ထိုစဉ်က အရေးနိမ့်ခဲ့ပုံရ၏။ သူ၏ သတ်ဖြတ်ချင်စိတ်များက အလွန်ပြင်းထန်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

'ဟားဟားဟား၊ လုမင်က ရှန်းကျစ်ကို တကယ်ကြီး စော်ကားခဲ့တာပဲ။ သူခံသင့်တယ်'

မနီးမဝေးတွင် ဟဲယွိ၊ ရင်ချန်နှင့် အခြားသူများက စိတ်ထဲမှ အော်ဟစ်လိုက်ကြသည်။ သူတို့အားလုံး လုမင်ကို ရှန်းကျစ်မှ ချက်ချင်းသတ်ပစ်ရန်ပင် မျှော်လင့်ခဲ့ကြပေသည်။

"ဝုန်း"

မြင့်မြတ်သော အလင်းများက ရှန်းကျစ်၏ ခန္ဓာကိုယ်မှ ထွန်းတောက်လာခဲ့သည်။ အဆုံးမဲ့ သန့်စင်သောအလင်းရောင်များက ကောင်းကင်နှင့်မြေပြင်ကြားတွင် ဓားရှည်တစ်လက်အဖြစ်သို့ ပေါင်းစပ်သွား၏။ ၎င်း၏ ကြီးမားသောစွမ်းအားက လူငယ်များစွာကို တုန်လှုပ်စေခဲ့သည်။

"ဝှစ်"

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက လုမင်ဆီသို့ ဖြတ်သန်းသွားသည်။

ထိုအချိန်တွင်၊ လုမင်၏ နောက်ကျောဘက်မှ အနက်ရောင်အတောင်ပံများ ပေါ်လာပြီး သူ့ရှေ့တွင်လည်း ဒိုင်းတစ်ခုပေါ်လာသည်။

ထျန်းချွေးနှင့် ရွယ်နင်ရှင်းသည်လည်း သူတို့၏ သူတော်စင်ရတနာများကို ထုတ်ယူလိုက်၏။

သေခြင်းတရားကို အဘယ်ကြောင့် ထိုင်စောင့်နေနိုင်ကြမည်နည်း။

"ရပ်စမ်း"

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲလည်း ဟိန်းဟောက်လိုက်သည်။ သူက အစစ်အမှန်နဂါးတစ်ကောင်ကဲ့သို့ လေထဲသို့လှမ်းပြီး နဂါးလက်သည်းဖြင့် ဓားအလင်းကို လှမ်းဆွဲလိုက်၏။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး နဂါးလက်သည်းနှင့် ဓားအလင်းတို့ ပျောက်ကွယ်သွားတော့သည်။

"အဘိုးကြီး၊ မင်း မျိုးဆက်သစ်တွေရဲ့ အရေးကို ဘာလို့ ဝင်စွက်နေတာလဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကြီးအကဲက ပြေးထွက်လာပြီး နဂါးနတ်ဘုရားတောင်ကြား၏ အကြီးအကဲဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

သူတို့ နှစ်ယောက် ထိပ်တိုက်တွေ့ပြီး ကောင်းကင်ကြီးပင် တုန်ခါသွား၏။

သူတို့၏ ခန္ဓာကိုယ်များလည်း တုန်ခါပြီး ဆန့်ကျင်ဘက်တွင် ရပ်တည်လိုက်ကြသည်။ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ရင်း အားကောင်းသော သူတော်စင်အရှိန်အဝါများကလည်း လေထဲတွင် ပြည့်နှက်သွားပေသည်။

"ဘေးဖယ်စမ်း"

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲ အော်လိုက်သည်။

"ငါပြောပြီးပြီ၊ မျိုးဆက်သစ်တွေရဲ့ ကိစ္စတွေမှာ မင်းဘာလို့ ဝင်စွက်နေတာလဲ။ သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကြီးအကဲက လှောင်ပြောင်လိုက်သည်။

"အမှန်ပဲ၊ တင်းပေါင်ညီလာခံက ပြီးသွားပြီ။ ငါတို့လို အကြီးအကဲတွေက မျိုးဆက်သစ်လူငယ်တွေရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်စရာ အကြောင်းမရှိဘူး"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲကလည်း ပျံသန်းထွက်လာပြီး အေးစက်စက်ဖြင့် ဝင်ပြောလိုက်သည်။

ထို့နောက် ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲလည်း ပေါ်လာ၏။ သူတို့က နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲ ဝင်ရောက်မစွတ်ဖက်နိုင်စေရန် ကာဆီးထားတော့သည်။

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲ မျက်နှာပျက်သွားသည်။

ဤလူများက လုမင်ကို ဤနေရာတွင် သတ်ပစ်ရန် ဆုံးဖြတ်ထားပုံပင်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းက ဒီလိုလူမျိုးတွေလား။ နဂါးနတ်ဘုရားတောင်ကြား ပထမရပြီး လုမင်က ပထမနေရာကို ရရှိသွားတော့ လုမင်ကိုသတ်ဖို့ လူလွှတ်လာကြတယ်။ ရှင်တို့က အနိုင်ရရှိချင်ပေမဲ့ အခြားသူတွေကိုတော့ ခွင့်မပြုဘူးလား"

ချိုးရင်ရင်က ကောင်းကင်ကို မော့ကြည့်ပြီး အော်လိုက်သည်။

All Chapters