← Chapters

အခန်း ၁၅၄၉

Vol. 104 Ch. 1549

အခန်း ၁၅၄၉

Vol. 104 Ch. 1549

အပိုင်း ( 1549 ) သုံးနှစ်ကြာပြီးနောက် တိုက်ခိုက်ရန်။

"တော်စမ်း"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကြီးအကဲက အော်ငေါက်ပြီး ချိုးရင်ရင်ကို အေးစက်စက် ကြည့်လိုက်သည်။

သို့ရာတွင်၊ ချိုးရင်ရင်က ခေါင်းမော့ပြီး သူ့ကို ပြန်ကြည့်ဆဲပင်။

"ဟုတ်တယ်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ရှုံးမဲ မဲတာပဲ။ အဲဒီလိုမှန်းသာသိရင် ငါတို့ ယှဉ်ပြိုင်ခဲ့မှာ မဟုတ်ဘူး။ အစောကြီးကတည်းက မင်းတို့ကို ပထမနေရာ ပေးလိုက်တယ်"

"အမှန်ပဲ။ တခြားဂိုဏ်းတွေ မပါဝင်နဲ့၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ကမ္ဘာပေါ်မှာ ပထမလို့ပဲ တစ်ခါတည်း ကြေညာလိုက်တော့"

နဂါးနတ်ဘုရားတောင်ကြား၏ အခြားတပည့်များလည်း အော်ဟစ်ပြီး ရှန်းကျစ်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကြီးအကဲကို စိုက်ကြည့်လိုက်ကြသည်။

သူတို့ဟာ လုမင်က ပထမနေရာကို ရရှိခြင်းကြောင့်၊ ရှန်းကျစ်မှ လုမင်ကို သတ်လိုခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်နတ်ဘုရားဂိုဏ်းက လုမင်ကို သတ်ချင်ခဲ့ခြင်းပင်။

"ပါးစပ်ပိတ်ထားစမ်း"

ရှန်းကျစ်က အေးစက်စက်ဖြင့် အော်လိုက်သည်။ သူ့အသံက မိုးကြိုးထစ်ချုန်းသကဲ့သို့ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များအပေါ်သို့ ကျရောက်သွား၏။ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များလည်း တောင်ကြီးတစ်လုံးဖြင့် ဖိခံရသကဲ့သို့ဖြစ်ကာ အသက်ရှူရန်ပင် ခက်လာကြတော့သည်။

"ငါ နတ်ဘုရားသားတော်က တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် အကြောင်းပြချက် မလိုဘူး။ ဒါပေမဲ့ ဒီနေ့ မင်းတို့ကို တစ်ခုပေးမယ်"

ရှန်းကျစ်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"လုမင်က မလုပ်သင့်တဲ့အရာကို လုပ်မိလို့ သေရမှာ။ ဒီနေ့ တင်းပေါင်ညီလာခံ မဖြစ်ခဲ့ရင်တောင် သူ သေရမှာပဲ"

"ဟားဟားဟား၊ မလုပ်သင့်တဲ့အရာဆိုတာ ဘာကိုပြောချင်တာလဲ။ မင်းရဲ့ ရတနာတွေကို မင်းထက် ကျင့်ကြံခြင်းအခြေခံ နိမ့်ကျသူတွေက ရယူသွားနိုင်ခဲ့လို့လား။ ရှန်းကျစ်၊ မင်းက လူတွေကိုသတ်ဖို့ တကယ် အကြောင်းရှာတတ်တယ်"

လှောင်ပြောင်ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။ ခရမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ကောင်းကင်ယံ၌ လူရိပ်တစ်ခု ပေါ်လာ၏။

ကျစ်ဖုန်း။

နဂါးနတ်ဘုရားတောင်ကြား၏ ဘီလူးကြီး ကျစ်ဖုန်း။

"မင်းငါ့ကိုတားဆီးချင်တာလား"

ရှန်းကျစ်က ကျစ်ဖုန်းကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

"နဂါးနတ်ဘုရားတောင်ကြားရဲ့ လူတွေကို သတ်ချင်ရင် ငါတို့ တိုက်ခိုက်ရမယ်"

ကျစ်ဖုန်းက ပြောသည်။

"မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး"

ရှန်းကျစ်က အေးစက်စက် ပြော၏။

"ငါတို့ မတိုက်ခိုက်တာ သုံးနှစ်ရှိပြီပဲ"

ကျစ်ဖုန်း၏ မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ ဖြစ်ပေါ်လာခဲ့သည်။

"တကယ်လား၊ ဒါဆိုရင် မင်းကို အရင်သတ်မယ်"

ရှန်းကျစ်က အလွန်ကြီးစိုးသည်။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကမ္ဘာကြီး တုန်လှုပ်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော သန့်စင်သောအလင်းက ဓားတစ်လက်အဖြစ် သိပ်သည်းပြီး ကျစ်ဖုန်းဆီသို့ ဖြတ်သန်းသွားတော့သည်။

"ဂါး"

ကျစ်ဖုန်းထံမှ ကျယ်လောင်သော နဂါးဟိန်းသံ ထွက်ပေါ်လာ‌ခဲ့သည်။ ခရမ်းရောင်အလင်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်ပြီး ထူထပ်သော ခရမ်းရောင် နဂါးအကြေးခွံများ သူ့အရေပြားပေါ်တွင် ပေါ်လာ၏။ နဂါးချိုနှစ်ချောင်းသည် သူ့နဖူးမှ အမှန်တကယ် ပေါက်လာတော့သည်။

ထို့အပြင်၊ ကျစ်ဖုန်း၏ လက်များက နဂါးလက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျစ်ဖုန်းက ဟိန်းဟောက်ပြီး ရှန်းကျစ်ဆီသို့ ပြေးသွားသည်။ သူ့နဂါးလက်သည်းများဖြင့် ကုပ်ခြစ်လိုက်ရာ သန့်စင်သော ဓားအလင်းက ကွဲကြေသွား၏။

"သန့်စင်သောအလင်း ခုတ်ထွင်ခြင်း"

ရှန်းကျစ်၏ အမူအရာက မပြောင်းလဲပေ။ သူက လေထဲကိုဖမ်းဆုပ်ဟန်ပြုလိုက်ရာ သန့်စင်သောအလင်းရောင်များက သန့်စင်သောဓားတစ်ချောင်းအဖြစ် ပေါင်းစပ်သွားသည်။ ထို့နောက် ကျစ်ဖုန်းကို ခုတ်ချလိုက်၏။

"ဝုန်း၊ ဝုန်း"

ကြီးကျယ်ခမ်းနားသော ပါရမှရှင်နှစ်ဦးက အဆက်မပြတ် တိုက်ခိုက်ပြီး ဆယ်ကြိမ်ထက်မနည်း ဖလှယ်ခဲ့ကြသည်။

ကောင်းကင်သည် အဖြူနှင့် ခရမ်းရောင် နှစ်ပိုင်းကွဲသွားပုံရသည်။ ကြီးမားသော ဖိအားကြောင့် လူများမှာ အသက်ရှူရန်ပင် ခက်ခဲနေတော့သည်။

"ကြောက်စရာကောင်းလိုက်တာ၊ ဒါက ထိပ်တန်း ပါရမီရှင် ဆယ်ယောက်ရဲ့ စွမ်းအားလား"

"အံ့ဩစရာပဲ၊ သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတွေကိုလည်း အရင်က တွေ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့လောက် မသန်မာဘူး။ သူတို့ရဲ့အင်အားက သာမန် သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူတစ်ယောက်ကိုတောင် အလွယ်တကူ သတ်ပစ်နိုင်လောက်ပြီ မဟုတ်လား"

"ကြောက်စရာကောင်းလွန်းတယ်၊ သူတော်စင်နယ်ပယ်အောက်က ကျင့်ကြံသူတွေက ဒီလိုအဆင့်ကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ"

လူအများမှာ တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

သူတော်စင်နယ်ပယ်မှ အကြီးအကဲများပင်လျှင် လေးနက်သောအမူအရာများ ရှိနေတော့သည်။

ဤတိုက်ခိုက်နိုင်စွမ်းက သူတော်စင်နယ်ပယ်မှ အကြီးအကဲများကိုပင် အလေးအနက်ထားစေနိုင်ကြောင်း ထင်ရှားသည်။

ကောင်းကင်ကို အဖြူနှင့် ခရမ်းရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းထားသည်။ ပုံရိပ်နှစ်ခုက တစ်ခုနှင့်တစ်ခု ရင်ဆိုင်နေပြီး ရံဖန်ရံခါတွင် နဂါးဟိန်းဟောက်သံများကို ကြားရ၏။

"ဝုန်း"

ရုတ်တရက် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာတော့ ပုံရိပ်တစ်ခုဟာ ရပ်တန့်မသွားမီ လေထဲတွင် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားရတော့သည်။

ကျစ်ဖုန်း ဖြစ်သည်။

ထိုအချိန်တွင် ကျစ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်မှာ အရိုးများထထနက်ရှိုင်းသော ပြတ်ရှဒဏ်ရာတစ်ခု ရှိနေသည်။ ထို့အပြင်၊ ဒဏ်ရာအတွင်းမှာ အဆက်မပြတ် တိုက်စားနေသော သန့်စင်သောအလင်းရောင်၏ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုလည်း ရှိနေသေးသည်။

ကျစ်ဖုန်း၏ နှုတ်ခမ်းထောင့်မှ သွေးစတချို့ပင် မြင်ရသည်။ သူ၏ အရှိန်အဝါများကလည်း အနည်းငယ် အားနည်းသွား၏။

ကျစ်ဖုန်း ရှုံးနိမ့်သွားခြင်း ဖြစ်မည်လော။

ကောင်းကင်တွင်၊ ရှန်းကျစ်က တည်ငြိမ်စွာ လျှောက်လှမ်းလာခဲ့သည်။ သူ့အဝတ်အစားများက သပ်သပ်ရပ်ရပ်ရှိပြီး သူ့အသွင်အပြင်ကလည်း တည်ငြိမ်မှုရှိ၏။ သူ့ကိုကြည့်ရသည်မှာ တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရသည်နှင့်ပင် မတူပေ။

လူတိုင်း တုန်လှုပ်သွားကြသည်။ ရှန်းကျစ်က အနိုင်ရရှိခဲ့သည့်အပြင် လွယ်ကူသော အောင်ပွဲတစ်ခု ဖြစ်ပုံ‌ရပေသည်။

ရှန်းကျစ်က အမှန်တကယ်ပင် စန်းပြည်နယ်မှ ထိပ်တန်း ပါရမီရှင်ဆယ်ဦး၏ ခေါင်းဆောင် ဖြစ်ထိုက်သည်။ သူတို့နှစ်ဦးစလုံးက ထိပ်တန်းပါရမီရှင် ဆယ်ဦးမှ ဖြစ်ကြသော်လည်း၊ ကျစ်ဖုန်းဟာ ရှန်းကျစ်၏ ပြိုင်ဘက်ဖြစ်ပုံ မရပေ။

"ငါ ပြောပြီးပြီ။ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး။ ဒီနေ့ ငါသူတို့သုံးယောက်ကို သတ်ချင်တယ်၊ ဘယ်သူမှ သူတို့ကို မကယ်နိုင်ဘူး"

ရှန်းကျစ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

သူသတ်ချင်လျှင် မည်သူမျှ ကယ်တင်၍မရပေ။

ဤသည်မှာ ရှန်းကျစ်၏ ကြီးစိုးမှု ဖြစ်သည်။

ပုံမှန်အားဖြင့် သူဟာ လုမင်နှင့် အခြားနှစ်ယောက်ကို ခုခံရန်ခက်ခဲသော အခြားနေရာတွင် သတ်သင့်သည်။

သို့ရာတွင်၊ သူက လွှမ်းမိုးချုပ်ကိုင်ထားသောကြောင့် ဤနေရာကို ရွေးချယ်ခဲ့၏။ သူ၏ ဂုဏ်သိက္ခာကို တည်ဆောက်ရန်အတွက် လူတိုင်းရှေ့တွင် လုမင်နှင့် အခြားနှစ်ယောက်ကို သတ်ပစ်ချင်ခဲ့သည်။

"ဟားဟားဟား"

ထိုအချိန်တွင် လုမင်က ရယ်မောလိုက်သည်။ သူ့ရယ်မောသံတွင် လှောင်ပြောင်သရော်ခြင်းများ ပြည့်နေ၏။

"မင်းဘာရယ်တာလဲ"

ရှန်းကျစ်က အေးစက်စက်ဖြင့် မေးသည်။

"ရှန်းကျစ်၊ ငါ မင်းကို ရယ်တာ။ မင်း ငါ့ကိုကြောက်လို့သာ သတ်ချင်နေတာ မဟုတ်လား။ အဲဒါဆိုရင်လည်း ဘာဖြစ်လို့ ဒီလောက် အကြောင်းပြချက်တွေ အများကြီး ရှာရတာလဲ"

လုမင် ရယ်မောလိုက်သည်။

"ကြောက်တယ်၊ ဟာသပဲ။ ငါက မင်းကို ဘာဖြစ်လို့ကြောက်ရမှာလဲ"

ရှန်းကျစ်က ပြောသည်။

"ငါ့ရဲ့ အလားအလာကြောင့်၊ ဒီနေ့ မင်း ငါ့ရဲ့ အလားအလာကို မြင်ပြီးပြီ။ အနာဂတ်မှာ မင်းကို လိုက်မီလာမှာကို မင်းကြောက်နေတယ်။ နောက်သုံးနှစ်ကြာရင် တင်းပေါင်ညီလာခံမှာ ငါ ပထမနေရာကို ရသွားမှာကို မင်းကြောက်နေတယ်။ မင်းက ငါ့ရဲ့ အလားအလာကို ကြောက်နေတာကြောင့် ဒီနေ့ ငါ့ကိုသတ်ချင်နေတာ မဟုတ်လား"

လုမင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

ထိုစကားလုံးများက လူအများ၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

ယခုတစ်ကြိမ်တွင် လုမင် ပြသခဲ့သော အလားအလာက အမှန်တကယ် ကြောက်စရာကောင်းအောင်ပင်။

သူဟာ စတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းဖြင့် ကျွမ်းကျင်သူဆယ်ဦးကို ဆက်တိုက်အနိုင်ယူပြီး တင်းပေါင်ညီလာခံငယ်တွင် ပထမနေရာကို ရယူခဲ့သည်။ စန်းပြည်နယ်၏ သမိုင်းတွင်၊ တင်းပေါင်ညီလာခံကို တည်ထောင်ပြီးကတည်းက ဤမျှထိတ်လန့်ဖွယ်ရာ အောင်မြင်မှုမျိုး တစ်ခါမျှ မကြုံဖူး‌သေးပါ။

လုမင်က ရှန်းကျစ်ကို ခြိမ်းခြောက်ရန် အမှန်တကယ် အလားအလာ ရှိသည်။

လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက အားနည်းနေသေးသော်လည်း နောက်ထပ် ခြောက်နှစ် သို့မဟုတ် ကိုးနှစ် အကြာတွင်၊ သူက ရှန်းကျစ်ကို အနိုင်ယူနိုင်မည်လော။

ရှန်းကျစ်က လုံးဝ မကြောက်ရွံ့ဘဲ ရှိမည်လော။

ထိုကဲ့သို့ အတွေးမျိုးက လူအများ၏ စိတ်ထဲမှာ ပေါ်လာခဲ့သည်။

ရှန်းကျစ်၏ အမူအရာက အေးစက်သွားသည်။

"မင်းက ငါ့ရဲ့ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ စန်းပြည်နယ်မှာလည်း ငါ့ရဲ့ပြိုင်ဘက် မရှိတော့ဘူး။ ငါ့ပြိုင်ဘက်တွေက စန်းပြည်နယ်ရဲ့ အပြင်ဘက်မှာပဲ ရှိတယ်"

ရှန်းကျစ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

စန်းပြည်နယ်ရှိ သူနှင့် မျိုးဆက်တူများထဲတွင်၊ သူ အာရုံစိုက်ရလောက်သူ မရှိပါ။ သူဟာ စန်းပြည်နယ်၏ အပြင်ဘက်ရှိ အစွမ်းထက် ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန်သာ စိတ်ကူးရှိသည်။ ဧကရာဇ်အဆင့် အင်အားစုများမှ ကြောက်စရာကောင်းသော ပါရမီရှင်များသာ သူနှင့် လိုက်ဖက်သည်။

"မင်းက ယုံကြည်မှုအရမ်းရှိနေမှတော့ အခု မင်းကို ငါစိန်ခေါ်မယ်။ သုံးနှစ်ကြာရင် တင်းပေါင်ညီလာခံမှာ ငါတို့သေတဲ့အထိ တိုက်ခိုက်မယ်။ မင်းလက်ခံရဲလား"

လုမင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူ့အသံက နေရာအနှံ့ ပဲ့တင်ထပ်သွား၏။

လုမင်၏ လေသံမှာလည်း ယုံကြည်မှုတို့ ပြည့်နေသည်။

သူဟာ ဤနေရာသို့ရောက်ရှိရန် မရေမတွက်နိုင်သော ပါရမီရှင်များကို ကျော်ဖြတ်လာခဲ့ရခြင်း ဖြစ်သည်။

ရှန်းကျစ်ဟာ သူ့ထက် ပို၍ ကောင်းမွန်သောနောက်ခံ ရှိခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက ယွမ်လုရှိ ကောင်းကင်နတ်ဘုရားဂိုဏ်းတွင် လေ့ကျင့်ခဲ့၏။ ထိုကျင့်ကြံခြင်းပတ်ဝန်းကျင်ဟာ လုမင်ထက် အများကြီး ပိုကောင်းသည်။ ထို့အပြင်၊ ရှန်းကျစ်က လုမင်ထက် အနည်းဆုံး ခုနစ်နှစ်၊ ရှစ်နှစ်ခန့် အသက်ပိုကြီးသည်။

ယခုအချိန်တွင်၊ ရှန်းကျစ်၏ ကျင့်ကြံခြင်းက သူ့ထက် များစွာ မြင့်မားသောကြောင့် ကောင်းကင်ယံမှ သူ့အား ငုံ့ကြည့်နိုင်သည်။

သို့ရာတွင်၊ နှစ်အနည်းငယ်အတွင်း ရှန်းကျစ်ကို အမီလိုက်ပြီး ရပ်တည်နိုင်မည်ဟု သူ ယုံကြည်မှုရှိ၏။ ထိုအချိန်တွင် ယခုကဲ့သို့ နှိမ့်ချခံရမည် မဟုတ်တော့ပေ။

"တစ်ဖက်လူရဲ့စိတ်ကို ဆွပေးတဲ့နည်းလမ်းတွေက ငါ့အတွက် အသုံးမဝင်ဘူး"

ရှန်းကျစ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

All Chapters