← Chapters

အခန်း ၁၅၅၀

Vol. 104 Ch. 1550

အခန်း ၁၅၅၀

Vol. 104 Ch. 1550

အပိုင်း ( 1550 ) ရန်ထျန်းကျုံး။

ရှန်းကျစ်က ကောင်းကင်တွင်ရပ်ပြီး လုမင်ကို ငုံ့ကြည့်နေသည်။ လုမင်၏ စကားကြောင့် သူ စိတ်ပြောင်းမသွားပေ။ သူ၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေဆဲ ဖြစ်သည်။

"ဟားဟားဟား၊ ဒေါသထွက်တယ်ပေါ့။ ရယ်စရာပဲ၊ မင်းကြောက်နေတယ်ဆိုတာ အသိသာကြီးပဲ။ ဒါမှမဟုတ် ကောင်းကင်နတ်ဘုရားဂိုဏ်းက ငါ ပိုပြီးတော့ သန်မာလာမှာကို ကြောက်နေတယ်။ ဒါကြောင့်ပဲ ငါ့ကိုသတ်ဖို့ အကြောင်းပြချက်ရှာပြီး မင်းကိုလွှတ်လိုက်တာ၊ မဟုတ်ရင် ငါ့ရဲ့စိန်ခေါ်မှုကို ဘာဖြစ်လို့ မင်း လက်မခံဝံ့ရမှာလဲ"

လုမင် ဟားတိုက်ရယ်မောရင်း ပြောလိုက်သည်။

"မင်း ဘယ်လောက်ပဲ လျှာစောင်းထက်နေပါစေ၊ ဒီနေ့ မင်းသေရမှာပဲ"

ရှန်းကျစ်က အေးစက်စက် အော်လိုက်သည်။ မြင့်မြတ်သောအလင်းရောင်များ ပေါက်ကွဲထွက်လာပြီး သန့်စင်သောအလင်းဓားတစ်လက် ပေါ်လာခဲ့၏။

"ဂါး"

ကျစ်ဖုန်းလည်း နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ရင်း ရှန်းကျစ်ကို တိုက်ခိုက်လိုက်တော့သည်။

"ထွက်သွား"

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲက ဟိန်း‌ဟောက်လိုက်သည်။ သူသည် ကျစ်ဖုန်းကို ကူညီချင်သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အကြီးအကဲက ဟန့်တားထား၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ အကြီးအကဲများကလည်း သူ့ကို ကြည့်နေကြသေးသည်။

"သွားကြစို့"

လုမင်လည်း ထျန်းချွေးနှင့် ရွယ်နင်ရှင်းအား အသံပို့လွှတ်ကာပြောပြီး နောက်ဆုတ်ရန် ပြင်လိုက်သည်။

သို့သော်၊ ထိုအချိန်တွင် ကောင်းကင်ယံ၌ တိမ်တိုက်များ တလိပ်လိပ် တက်လာပြီး ခြေထောက်တစ်ဖက် ထွက်ပေါ်လာသည်။

တိမ်တိုက်များကြားတွင် ဧရာမ ခြေထောက်ကြီးတစ်ဖက် ကျဆင်းလာ၏။ ရှန်းကျစ်ကို နင်းချလိုက်တော့သည်။

"ဘယ်သူလဲ"

ရှန်းကျစ် ဟိန်းဟောက်လိုက်သည်။ သန့်စင်သောအလင်းများ ပေါက်ကွဲထွက်လာ၏။ သူက ဧရာမခြေဖဝါးကြီးဆီသို့ လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်ရာ အလင်းလက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာတော့သည်။

သို့သော်လည်း လက်ဝါးပုံရိပ်က ဧရာမခြေထောက်နှင့် ထိတွေ့သောအခါ ပြိုကျသွားခဲ့သည်။ ဧရာမ ခြေထောက်ကြီးက မရပ်ဘဲ ရှန်းကျစ်ကို ဆက်လက် နင်းချေလိုက်၏။

ရှန်းကျစ်၏ ဟိန်းဟောက်သံနှင့်အတူ သူ့ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်ကျောက်စိမ်းမျှော်စင်တစ်ခု ပေါ်လာခဲ့သည်။ အဖြူရောင်ကျောက်စိမ်းမျှော်စင်က ကြီးမားလာပြီး သူတော်စင်အရှိန်အဝါများလည်း ထွက်ပေါ်လာ၏။

"ဝုန်း"

ဧရာမ ခြေဖဝါးကြီးက ကျောက်စိမ်းမျှော်စင်ကို နင်းချလိုက်သည်။ မျှော်စင်က ပြင်းထန်စွာ တုန်ခါသွားပြီး မျှော်စင်ပေါ်ရှိ အလင်းများလည်း ပြိုကျသွားတော့သည်။

"ဒုန်း"

ရှန်းကျစ်၏ ခန္ဓာကိုယ်က ဥက္ကာခဲကြွေသကဲ့သို့ တိုက်ပွဲကွင်းပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွားသည်။

တိုက်ပွဲကွင်းပြင်ပေါ်တွင် ပေါက်ကွဲတစ်ခု ထွက်ပေါ်လာပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ ဤတိုက်ပွဲကွင်းပြင်ဟာ အလွန်မာကြောကြောင်း သိထားကြရမည် ဖြစ်သည်။ လုမင်နှင့် အခြားသူများ ပြင်းပြင်းထန်ထန် တိုက်ခိုက်သည့်တိုင်၊ တိုက်ပွဲကွင်းပြင်မှာ ခြစ်ရာတစ်ခု မထားခဲ့နိုင်ကြသော်လည်း ယခုတော့ တိုက်ပွဲကွင်းပြင် အက်ကွဲသွားခဲ့ပြီ။

ရှန်းကျစ်၏ မျက်နှာက ဖြူဖျော့နေပြီး ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာခဲ့သည်။ မတ်တပ်ထရန် ရုန်းကန်ရင်း သူ့ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေ၏။ ကောင်းကင်ကို မော့ကြည့်လိုက်သော သူ့မျက်လုံးအကြည့်မှာတော့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။

ထွားကျိုင်းသော အသွင်အပြင်က ကောင်းကင်မှာ ပေါ်လာပြီး ဆင်းသက်လာခဲ့သည်။

ထိုလူကိုကြည့်ရသည်မှာ အသက် သုံးဆယ်ခန့်သာ ရှိဦးမည်။ သူဟာ ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အကန့်အသတ်မဲ့ အားကောင်းသော အရှိန်အဝါများလည်း ထုတ်လွှတ်နေခဲ့သည်။

"တတိယ ဆရာတူအစ်ကို၊ တတိယ‌ ဆရာတူအစ်ကိုကြီး"

"တတိယ ဆရာတူအစ်ကိုကြီး လာပြီ။ ကောင်းလိုက်တာ"

ထျန်းချွေးနှင့် ရွယ်နင်ရှင်းက ထိုလူကိုတွေ့သောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

"တတိယ ဆရာတူအစ်ကိုကြီးလား"

လုမင်၏ နှလုံးသား လှုပ်ရှားသွားမိသည်။

သူ့ဆရာ တိမ်နဂါးတောင်ကြားသခင်တွင် တိုက်ရိုက်တပည့် စုစုပေါင်း ကိုးယောက် ရှိသည်။ သို့သော်လည်း လုမင်ဟာ ဒုတိယအစ်ကို လုံယွမ်ရှန်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ကိုသာ တွေ့ဖူးသေးသည်။ အခြား ဆရာတူအစ်ကိုအစ်မများကိုတော့ ယခုထိ မတွေ့ဖူးသေးပေ။

ဤတတိယမြောက် ဆရာတူအစ်ကိုကြီး ရန်ထျန်းကျုံးမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကပင် သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီဟု ဆိုသည်။ သူသည် လေ့ကျင့်ရန် အပြင်ကို လျှောက်သွားနေလေ့ ရှိ၏။ ယနေ့တွင် သူ ဤနေရာမှာ ပေါ်လာမည်ဟု မည်သူထင်ထားခဲ့မည်နည်း။

"သတ္တမြောက် ဆရာတူညီလေးနဲ့ အဋ္ဌမမြောက် ဆရာတူညီမလေး၊ မတွေ့တာကြာပြီ"

ရန်ထျန်းကျုံးက ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လုမင်ကိုကြည့်ပြီး ပြောလိုက်၏။

"ဒါက ဆရာတူညီလေး ဖြစ်ရမယ်။ မင်းက တကယ်ကို လူတွေကြားထဲက နဂါးတစ်ကောင်ပဲ"

"လုမင်က တတိယ ဆရာတူအစ်ကိုကြီးကို နှုတ်ခွန်းဆက်ပါတယ်"

လုမင်က ရန်ထျန်းကျုံးကို လက်ယှက်ပြလိုက်သည်။

"ဟားဟားဟား၊ သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါတို့ နောက်မှ စကားပြောကြမယ်၊ အခုတော့ ဒီကိစ္စကို အရင်ရှင်းရအောင်"

ရန်ထျန်းကျုံးက ရယ်မောရင်း ရှန်းကျစ်ကို လှည့်ကြည့်လိုက်သည်။ သူက လှောင်ပြောင်လိုက်၏။

"မင်းက အရမ်းမာနကြီးတယ် မဟုတ်လား။ လာပါ၊ မင်းဘာလုပ်နိုင်တယ်ဆိုတာ ကြည့်ပါရစေ"

"ဝုန်း"

ရန်ထျန်းကျုံးက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်လာ၏။

ယင်းက သူတော်စင်တစ်ပါး၏ အရှိန်အဝါ ဖြစ်သည်။

သူတော်စင်တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်က ရှန်းကျစ်အပေါ် ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ရန်ထျန်းကျုံးက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ကြီးမားသော နဂါးလက်သည်းကြီး ပေါ်လာပြီး ရှန်းကျစ်ကို ဖမ်းဆုပ်လိုက်၏။

"ရွှစ်"

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဓားတစ်စင်းက ဘေးမှ ဖြတ်သန်းလာသည်။ အဆိပ်ဖြင့် ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးဓားတစ်လက်သည်လည်း လေထုကိုဖြတ်ပြီး နဂါးလက်သည်းကို ထိုးခုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် ရန်ထျန်းကျုံး၏ရှေ့တွင် အဘိုးအိုနှစ်ဦး ပေါ်လာတော့သည်။

ယင်းက ကောင်းကင်အဆိပ်ဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သူတော်စင်နယ်ပယ် အကြီးအကဲများ ဖြစ်သည်။

"ဒါက မျိုးဆက်သစ်လူငယ်တွေရဲ့ ကိစ္စပါ။ မင်းလို သူတော်စင်တစ်ပါးက ဘာကိစ္စ ဝင်ရောက်စွက်ဖက်ချင်ရတာလဲ။ သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ။ မင်းက တိုက်ခိုက်ချင်သပဆိုရင် ငါ အဖော်ပြုပေးမယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲ အေးစက်စက် ပြောလိုက်သည်။

ကောင်းကင်အဆိပ်ဂိုဏ်းမှ အကြီးအကဲကတော့ ဘာမျှမပြောပေ။ သို့ရာတွင်၊ သူ့ရပ်တည်မှုက သူ့သဘောထားကို ဖော်ပြနေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အဆိပ်ငွေ့များ ပြည့်နေခဲ့ပေသည်။

"အဘိုးကြီးနှစ်​​ယောက်​၊ ငါမင်းတို့ကို အရင်​ရှင်းမယ်​"

ရန်ထျန်းကျုံး၏ အေးစက်သွားသည်။ နဂါးဟိန်းသံနှင့်အတူ သူ့လက်ပေါ်တွင် နဂါးအကြေးခွံများ ပေါ်လာ၏။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ အကြီးအကဲနှစ်ဦးကို တိုက်ခိုက်လိုက်တော့သည်။

"သတ်"

"သတ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ အကြီးအကဲနှစ်ဦးလည်း သူတော်စင်အရှိန်အဝါများကို ထုတ်ဖော်ရင်း ရန်ထျန်းကျုံးကို တိုက်ခိုက်လိုက်ကြသည်။

"ဝုန်း... ဝုန်း... ဝုန်း"

ကောင်းကင်ယံတွင် ပေါက်ကွဲမှု ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ‌နောက်ဆုတ်သွားရသော လူတချို့ကို မြင်လိုက်ရ၏။ သူတို့၏ ခန္ဓာကိုယ်များက တဆတ်ဆတ်တုန်နေပြီး လက်သည်းရာ ဒဏ်ရာတစ်ခုစီလည်း ရှိနေသေးသည်။ ထိုဒဏ်ရာများက နက်ရှိုင်းလွန်းပြီး သူတို့၏ခန္ဓာကိုယ်များကို ဖောက်ထွက်လုနီးဖြစ်ကာ သွေးများ ရွှဲရွှဲစိုနေတော့သည်။

ရှုံးနိမ့်ခဲ့ကြသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ အကြီးအကဲနှစ်ဦးက ပူးပေါင်းကာ တိုက်ခိုက်ခဲ့သော်လည်း တိုက်ခိုက်မှု ငါးကြိမ်၊ ခြောက်ကြိမ်မျှဖြင့် ရှုံးနိမ့်ခဲ့ကြပြီ။

သူတို့၏ တိုက်ခိုက်ရေးစွမ်းရည် ကွာခြားချက်က ကြီးမားလွန်းလှသည်။

"ဒီတစ်​ခါ မင်းတို့အသက်​ကို ချမ်းသာပေးလိုက်မယ်။ နောက်​တစ်​ခါဆိုရင် ‌မင်းတို့ သေမရယ်"

ရန်ထျန်းကျုံးက အေးစက်စက် ပြောလိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ အကြီးအကဲနှစ်ဦး၏ မျက်နှာများမှာ မည်းမှောင်နေ၏။ သို့သော်လည်း သူတို့နှစ်ဦး၏ မျက်လုံးများမှာတော့ ကြောက်ရွံ့မှုများ ရှိနေတော့သည်။

"နောက်ပြီးတော့ ငါမင်းတို့ကို ပြောလိုက်မယ်။ ငါက အသက်ငါးဆယ်တောင် ပြည့်သေးတာ မဟုတ်ဘူး။ ဒါကြောင့် ငါက လူငယ်မျိုးဆက်မှာ ဖြစ်နေတုန်းပဲ။ ဒီကောင်က ငါ့ဆရာတူညီလေးထက် အသက် ခုနစ်နှစ်၊ ရှစ်နှစ် ပိုကြီးတဲ့အပြင် သူတော်စင်တစ်ပိုင်း ကျင့်ကြံခြင်းအခြေခံ ရှိတယ်။ သူတောင် ငါ့ညီကို တိုက်ခိုက်နိုင်ရင် ငါက သူ့ကို တိုက်ခိုက်လို့မရဘူးလား"

ထိုသို့ပြောဆိုပြီးနောက် ရန်ထျန်းကျုံးက ရှန်းကျစ်ကို ပြန်ကြည့်လိုက်သည်။

"ဝုန်း"

ရန်ထျန်းကျုံးက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ဧရာမ ခြေဖဝါးကြီးက ကောင်းကင်တွင် ပေါ်လာပြီး ရှန်းကျစ်ကို ထပ်မံ နင်းချလိုက်၏။

ရှန်းကျစ်လည်း ဟိန်းဟောက်ပြီး သူတော်စင်ရတနာဖြင့် ခုခံရန် ကြိုးစားလိုက်သည်။ သို့ရာတွင်၊ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး သွေးများအန်ထွက်လာပြန်တော့သည်။

"မင်းကိုယ်မင်း သန်မာတယ်လို့ မထင်ဘူးလား။ အခု မင်းက ငါ့ရှေ့မှာ အမှိုက်တစ်စထက် မပိုဘူး"

ရန်ထျန်းကျုံးက ရှုတ်ချလိုက်သည်။

"မင်းက ငါ့ထက် ဆယ်နှစ်စောပြီး လေ့ကျင့်နိုင်ခဲ့ရုံပဲ။ မင်း ငါ့ကို နောက်ထပ် အချိန်ဆယ်နှစ်ပေးရင် မဟုတ်ဘူး နောက်ငါးနှစ်ကြာရင် မင်းကို ငါ့ခြေထောက်အောက်မှာ နင်းနိုင်လိမ့်မယ်"

ရှန်းကျစ်က ဒေါသတကြီးအော်လိုက်သည်။ ဒေါသကြောင့် သူ့ မျက်လုံးများပင် နီရဲလာ၏။

သူဟာ နတ်ဘုရား၏သားတော်ဖြစ်ပြီး အလွန်ထက်မြက်သူ ဖြစ်သည်။ သူ နိုးထစဉ်ကတည်းက လူတိုင်းအပေါ်တွင် ရပ်တည်ခဲ့၏။ ဤကဲ့သို့ အရှက်တကွဲအဖြစ်မျိုး တစ်ခါမျှ သူ မကြုံခဲ့ဖူးပေ။

ယခုတော့ သူဟာ လူတိုင်းရှေ့တွင် ဒူးထောက်နေရပြီ ဖြစ်သည်။

ဤအခိုက်တွင် သူ အလွန်ဒေါသထွက်နေသည်။ ရန်ထျန်းကျုံးနှင့် ဤဖြစ်ရပ်အား မြင်ရသူတိုင်းကို သတ်ချင်နေတော့သည်။

"မင်းက ငါ့ကိုစိန်ခေါ်ဖို့ အရည်အချင်းမပြည့်မီဘူး။ မင်းငါ့ကို စိန်ခေါ်ချင်ရင် ငါ့ရဲ့ဆရာတူညီလေးကို သုံးနှစ်အကြာမှာ အနိုင်ယူရလိမ့်မယ်။ ငါ့ရဲ့ ဆရာတူညီလေးကို အနိုင်ယူနိုင်ရင် မင်းငါ့ကို စိန်ခေါ်ဖို့ အခွင့်အရေးပေးမယ်"

ရန်ထျန်းကျုံးက လှောင်ပြောင်လိုက်သည်။

"ကောင်းပြီ"

ရှန်းကျစ်က လုမင်ကို လှည့်ကြည့်ရင်း အော်ဟစ်လိုက်သည်။

"လုမင်၊ မင်းရဲ့စိန်ခေါ်မှုကို ငါလက်ခံတယ်။ သုံးနှစ်ကြာတဲ့အခါ တင်းပေါင်ညီလာခံမှာ ငါတို့ တိုက်ခိုက်မယ်"

"သုံးနှစ်ကြာရင် မင်းအသက်ကို ငါယူမယ်"

လုမင် အေးစက်စက် ပြောလိုက်၏။

"ဟားဟားဟား၊ မင်းက အတော်မာနကြီးနေတာပဲ။ ဒါပေမဲ့ ငါမင်းကို ပြောလိုက်မယ်၊ သုံးနှစ်အတွင်း ငါက သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားလိမ့်မယ်။ မင်းငါ့ကိုစိန်ခေါ်ချင်ရင် ငါ့ရဲ့ ဂိုဏ်းတူညီတွေကို အနိုင်ယူပြီး တင်းပေါင်ညီလာခံကို အရင်ကျော်ဖြတ်ရလိမ့်မယ်။ ဒါမှ မင်း​ငါ့​ကို စိန်​ခေါ်​ဖို့ အရည်အချင်း​ရှိမယ်"

ရှန်းကျစ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးများတွင် ယုံကြည်မှုတို့ ပြန်လည်ပြည့်နှက်လာသည်။

သူ ရှုံးနိမ့်မည်မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်ထား၏။

ယနေ့တွင်၊ ရန်ထျန်းကျုံးက သူ့ကို ဖိနှိပ်နိုင်ခြင်းမှာ သူ့ထက်အသက်ကြီးပြီး ကျင့်ကြံခြင်းအခြေခံ မြင့်မားသောကြောင့် ဖြစ်သည်။ သူ့ကို အခွင့်အရေးပေးပါက နောက်ငါးနှစ်အကြာမှာ ရန်ထျန်းကျုံးကို သတ်နိုင်မည်ဟု ယုံကြည်မှုရှိပေသည်။

All Chapters