← Chapters

အခန်း ၁၅၅၂

Vol. 104 Ch. 1552

အခန်း ၁၅၅၂

Vol. 104 Ch. 1552

အပိုင်း ( 1552 ) ကြောက်စရာကောင်းသော ချောင်းမြောင်းတိုက်ခိုက်ခြင်း။

"ဪ၊ ဒီလိုဆိုရင် ငါ့ရဲ့ ကောင်းကင်ခွင်းလွန်းပျံကို ငှားလိုက်ပါ့မယ်"

ထျန်းချွေး ပြောလိုက်သည်။

"မလိုတော့ပါဘူး။ ငါ့မှာ ကောင်းကင်ခွင်းလွန်းပျံရှိနေပြီ။ မော့ဟဲနဲ့ အခြားသူတွေဆီမှာ ကောင်းမွန်တဲ့ အရာတွေ အများကြီးရှိတယ်လေ"

လုမင် အနည်းငယ်ပြုံးပြီး သူတော်စင်ရတနာနှစ်ခုကို ထုတ်ယူကာ ထျန်းချွေးကို ပေးလိုက်သည်။

"ဆရာတူအစ်မကိုလည်း နှုတ်ဆက်တယ်လို့ ပြောလိုက်ပါ"

လုမင်က လက်ယှက်ပြပြီး ပြောလိုက်သည်။ ထို့နောက် စန်းတောင်မှ လေထဲသို့ ပျံတက်သွား၏။

စန်းတောင်တန်းမှ ထွက်ခွာပြီးနောက် လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ခွင်းလွန်းပျံ ပေါ်လာသည်။ ထို့နောက် အရှည် မီတာတစ်ရာအထိ လျင်မြန်စွာ ကျယ်ပြန့်လာ၏။ တံခါးများပွင့်လာပြီးနောက် လုမင်လည်း ကောင်းကင်ခွင်းလွန်းပျံအတွင်းသို့ ဝင်သွားတော့သည်။

ဤကောင်းကင်ခွင်းလွန်းပျံသည် ထျန်းချွေး၏ လွန်းပျံယဉ်နှင့် အလွန်ဆင်တူပြီး ၎င်း၏အဆင့်သည်လည်း တူညီသည်။ အဆင့်နိမ့်‌ ကောင်းကင်ခွင်းလွန်းပျံယဉ်များ ဖြစ်ချေသည်။

အဆင့်မြင့် ကောင်းကင်ခွင်းလွန်းပျံများက ပိုမိုမြန်ဆန်သော်လည်း အလွန်တရာ စျေးကြီးသည်။ သာမာန်လူများ လုံးဝ မတတ်နိုင်ပေ။

လုမင်လည်း ကျောက်ကြမ်းများ ဖြည့်သွင်းပြီး နဂါးနတ်ဘုရားတောင်ကြား၏ ဦးတည်ရာသို့ ကောင်းကင်ခွင်းလွန်းပျံကို ထိန်းချုပ်ကာ ပျံသန်းသွားစေလိုက်သည်။

"ဝှစ်"

ကောင်းကင်ခွင်းလွန်းပျံယာဉ်လည်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နဂါးနတ်ဘုရားတောင်ကြားဆီသို့ လျှင်မြန်စွာ ပျံသန်းပျောက်ကွယ်သွားတော့သည်။

ယဉ်ပျံထဲတွင်၊ လုမင်က တင်ပျဉ်ခွေထိုင်ပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်လိုက်သည်။

ကျောက်စိမ်းပုလင်းထဲတွင် တင်းပေါင်ညီလာခံမှ အနိုင်ရလာသော အုပ်ချုပ်သူတာအိုနယ်မြေဆေးလုံး လေးလုံး ရှိ၏။

ကောင်းကင်ခွင်းပျံလွန်းပျံယာဉ်ဖြင့်ပင်၊ နဂါးနတ်ဘုရားတောင်ကြားသို့ပြန်ရန် လဝက်ခန့်ကြာမည် ဖြစ်သည်။ ဤအတောအတွင်း၌ အုပ်ချုပ်သူတာအိုနယ်‌မြေ ဆေးလုံး လေးလုံးဖြင့် လေ့ကျင့်နိုင်ပေသည်။

လုမင်လည်း ဆေးတစ်လုံးကို မျိုချလိုက်သည်။

"ဝုန်း"

ဆေးလုံးက သူ့ဗိုက်ထဲသို့ စီးဝင်လာပြီးနောက် ချက်ချင်းပင် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား၏။

'အားကောင်းလိုက်တဲ့ စွမ်းအင်၊ ဒါက အုပ်ချုပ်သူ တာအိုနယ်မြေသစ်သီးထက် ဆယ်ဆ ပိုအားကောင်းတယ်'

လုမင် ဝမ်းသာသွားခဲ့သည်။

အုပ်ချုပ်သူတာအိုနယ်မြေဆေးလုံးက အလယ်အလတ်အဆင့် သိုင်းအုပ်ချုပ်သူ၏ ကျင့်ကြံခြင်းကို အလွှာတစ်ခု တိုးမြင့်စေနိုင်သည်။ ၎င်း၏ ဆေးအာနိသင်သည် အံ့မခန်း ဖြစ်၏။ ယင်းကို အုပ်ချုပ်သူတာအိုနယ်မြေသစ်သီး ကိုးမျိုးနှင့် အခြားသော အဖိုးတန် ဆေးပင်ဆေးဝါးများဖြင့် သန့်စင်ထားခြင်း ဖြစ်ပေသည်။

ထိုနောက် လုမင်လည်း အာရုံစူးစိုက်ပြီး ဆေးစွမ်းအင်ကို စတင်သန့်စင်လိုက်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက် ကုန်ဆုံးသွားပြီ။

ခုနစ်ရက်အတွင်း လုမင်ဟာ အုပ်ချုပ်သူ တာအိုနယ်မြေ ဆေးလုံး လေးလုံးကို သန့်စင်ခဲ့သည်။

"ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်"

လုမင် မျက်လုံးများကိုဖွင့်ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲမှ ကြီးမားပြီး အကန့်အသတ်မရှိသော စွမ်းအင်ကို ခံစားလိုက်ရသည်။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှု အပြုံးတစ်ခု ပေါ်လာ၏။

ဆေးလုံး လေးလုံးကို သန့်စင်ပြီးနောက် ခုနစ်ရက်အတွင်း လုမင်၏ ကျင့်ကြံခြင်းအခြေခံက တစ်ဆင့် တိုးတက်လာပြီး ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အခြားသူများမှာ အုပ်ချုပ်သူတာအိုနယ်မြေ ဆေးလုံး တစ်လုံးတည်းဖြင့် အဆင့်တက်နိုင်သော်လည်း လုမင်ကတော့ လေးလုံး အသုံးပြုခဲ့ရသည်။ သို့သော်လည်း လမင်ကတော့ ကျေနပ်နေဆဲပင်။

ကျင့်ကြံခြင်းအခြေခံ တစ်လွှာတိုးတက်ခြင်းက လုမင်အတွက် အချိန်ကုန်မည်မျှ သက်သာစေသည်ကို မသိနိုင်ပါ။

ယင်းက သူ၏ ယွမ်ချီစွမ်းအင်နှင့် တာအိုနယ်‌မြေ နှစ်ခုလုံးကို မြှင့်တင်ပေးနိုင်သည့်အရာ ဖြစ်သည်။

ယခုအခါ လုမင်၏ ကစဉ့်ကလျား တာအိုနယ်မြေက ပဥ္စမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။

လုမင်၏ လက်ရှိကျင့်ကြံခြင်းဖြင့် တင်းပေါင်ညီလာခံတွင် ပါဝင်ခဲ့မည်ဆိုလျှင် မော့ဟဲကဲ့သို့ ပါရမီရှင်တစ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို အသုံးပြုရန်ပင် မလိုပေ။

'အခုလောက်ဆိုရင် တင်းပေါင်ညီလာခံ စတင်နေလောက်ပြီ'

လုမင် တွေးလိုက်သည်။ ထို့နောက် ပြုံးပြီး ခေါင်းယမ်းကာ သူ၏ ကျင့်ကြံခြင်းအခြေခံကို တည်ငြိမ်စေရန် မျက်လုံးများကိုမှိတ်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်း နောက်တစ်ရက် ကုန်ဆုံးသွားခဲ့သည်။

ညအမှောင်ထဲတွင် တောင်တန်းအတွင်းမှ လုမင်၏ ကောင်းကင်ခွင်းလွန်းပျံက ပျံသန်းသွားခဲ့သည်။

"ဝုန်း"

လုမင် လေ့ကျင့်နေစဉ်တွင်၊ ကောင်းကင်ခွင်းလွန်းပျံက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။

"ကောင်းကင်ခွင်းလွန်းပျံယာဉ်ကို တစ်ယောက်ယောက် တိုက်ခိုက်နေပြီ"

လုမင်လည်း ရုတ်တရက် မျက်လုံးဖွင့်ပြီး လွန်းပျံယာဉ်၏ ကြည်လင်သောဖန်သားပြင်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။

အနက်ရောင်တိမ်တိုက်များထက်တွင် ဧရာမလက်အချို့ ကောင်းကင်မှဆင်းသက်လာပြီး ကောင်းကင်ခွင်းလွန်းပျံကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။

"ဝုန်း"

ကောင်းကင်ခွင်းလွန်းပျံက ပေါက်ကွဲတော့မည်ကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။

ထို့နောက် ဧရာမလက်တစ်စုံက မီတာတစ်ရာ ရှည်လျားသော ကောင်းကင်ခွင်းလွန်းပျံယာဉ်ကို ကိုင်ဆောင်ကာ အနီးနားရှိတောင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။

"ဝုန်း"

တောင်ကြီးက ကွဲအက်သွားပြီး အပျက်အစီးများ နေရာအနှံ့သို့ လွင့်စဉ်သွား၏။

"ချီးပဲ"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး လွန်းပျံယာဉ်မှ ပြေးထွက်လာ၏။ ကောင်းကင်ခွင်းလွန်းပျံယာဉ်က လျင်မြန်စွာ ကျုံ့သွားပြီး လုမင် သိမ်းဆည်းလိုက်တော့သည်။

ထိုအချိန်တွင် ညကောင်းကင်ယံမှ အနက်ရောင်ဝတ် လူရိပ်တစ်ဒါဇင်ပေါ်လာပြီး လုမင်ကို ဝိုင်းထားလိုက်ကြသည်။

"သတ်"

တစ်ယောက်က ထွေထွေထူးထူးမပြောဘဲ အေးစက်စက် ပြောသည်။

"ဝှစ်၊ ဝှစ်၊ ဝှစ်"

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ဒါဇင်ကျော်က လုမင်ဆီသို့ အံ့အားသင့်ဖွယ်အရှိန်ဖြင့် ဖြတ်သန်းလာ၏။

'သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၊ သူတို့အားလုံးက သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထက်က ကျွမ်းကျင်သူတွေပဲ။ အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်က ကျွမ်းကျင်သူတွေတောင် ရှိသေးတယ်'

လုမင် မျက်လုံးပြူးသွားသည်။

ထိုလူအားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့အထဲတွင် သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်မှ တစ်ဦးမျှ မရှိပေ။ သူတို့အားလုံးက အဆင့်မြင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။

သူ့နောက်ကျောတွင် အနက်ရောင် အတောင်ပံများ ချက်ချင်း ပေါ်လာသည်။ တောင်ပံခတ်သံနှင့်အတူ လုမင်က ကောင်းကင်သို့ ပျံတက်သွား၏။

"ဝှစ်"

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတချို့က သူ့ခေါင်းထက်တွင် ရုတ်တရက် ပေါ်လာပြန်သည်။

အဋ္ဌမအလွှာ သိုင်းအုပ်ချုအ်သူနယ်ပယ်။

သူ့ခေါင်းထက်မှာ ပေါ်လာသော လူအားလုံးက အဋ္ဌမလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

'ဘယ်သူလဲ'

လုမင် စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။

မည်သူက သူ့ကို သတ်ချင်နေသနည်း။

သူထွက်လာတုန်းက ထျန်းချွေးကို ပြောခဲ့သော်လည်း ထျန်းချွေးကတော့ သစ္စာဖောက်မည် မဟုတ်ပါ။ တစ်ယောက်ယောက်က လုမင်ကို စောင့်ကြည့်နေခဲ့တာ ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် စန်းတောင်မှ ထွက်လာသည်နှင့် တပြိုင်နက် ပစ်မှတ်ထားခံခဲ့ရခြင်းပင်။

ယခုမှ သူ့ကိုတိုက်ခိုက်ရခြင်းမှာ လုမင် သတိပေါ့လျော့မည့်အချိန်ကို စောင့်နေခြင်း ဖြစ်သည်။ ထို့အပြင် လုမင်၏အနောက်ကို လိုက်လာသော ကျွမ်းကျင်သူများ မရှိကြောင်းနှင့် လုမင်တစ်ယောက်တည်း ဖြစ်ကြောင်းကိုလည်း အတည်ပြုခဲ့ကြလိမ့်မည်။

"သတ်"

လုမင် ဟိန်းဟောက်လိုက်သည်။ နတ်ဘုရားဓားကျင့်စဉ်က ပေါက်ကွဲထွက်လာပြီး သူ့ဦးခေါင်းထက်မှ လူများဆီသို့ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်တိုက်ခိုက်မှုအဖြစ် တိုးဝင်သွား၏။

သို့သော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါရုံမျှသာဖြစ်ပြီး အဆင်ပြေသည်။ ဓားအလင်းက မရပ်တန့်ဘဲ လုမင်ကို ဆက်လက် တိုက်ခိုက်လာတော့သည်။

'နတ်ဘုရားဓားကျင့်စဉ်က အသုံးမဝင်ဘူး'

လုမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တစ်ချိန်တည်းမှာပင် နဂါးနက်လှံက သူ့လက်ထဲမှာ ပေါ်လာပြီး ရှေ့ကို တွန်းထုတ်လိုက်၏။

"ဝှစ်"

လှံအလင်းက ဓားအလင်းတစ်ခုကို ဖျက်ဆီးပြီး အနက်ရောင်ဝတ် လူတစ်ဦးကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။ ထို့နောက် လှံအလင်းမှ အဖျက်စွမ်းအားက ထိုလူ၏ အသက်စွမ်းအား အားလုံးကို ပျောက်ကွယ်သွားစေခဲ့၏။

အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး သေသွားပြီ။

သို့သော်လည်း အခြားသော ဓားအလင်းများက လုမင်နှင့် နီးကပ်နေပြီဖြစ်သည်။

အနက်ရောင်တောင်ပံများက လိပ်သွားပြီး လုမင်၏ ခန္ဓာကိုယ်ကို ပိတ်ဆို့ကာကွယ်လိုက်သည်။

"ထန်၊ ထန်"

ဓားအလင်းများက ဆက်တိုက် ထိမှန်သွား၏။ လုမင်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး လွင့်စဉ်သွားတော့သည်။

"ဝှစ်"

ဤအင်အား၏ အကူအညီဖြင့် လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို ထုတ်ဖော်လိုက်သည်။ အနက်ရောင်တောင်ပံများက ထပ်မံပေါက်ကွဲထွက်ပြီး ရှေ့သို့ အမြန်ပြေးသွား၏။

"ဝုန်း"

နဂါးနက်လှံဖြင့် လှံချက်ထုတ်ဖော်ခဲ့ရာ မီတာတစ်ထောင်ရှိသော လှံအလင်းတစ်ခု ထွက်ပေါ်လာတော့သည်။

တိုက်ခိုက်မှုက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို ထိမှန်ခဲ့သည်။ စွမ်းအင် ဆယ့်သုံးဆက ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ် ပေါက်ကွဲသွား၏။ ကြောက်စရာကောင်းသော စွမ်းအားက ဒုတိယမြောက် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူဆီသို့ ဦးတည်သွားခဲ့သည်။ ထိုသူလည်း နာကျင်စွာ အော်ဟစ်ရင်း အသတ်ခံခဲ့ရတော့သည်။

နဂါးနက်လှံကို ဆွဲကိုင်ပြီးနောက် လုမင်၏ တိုက်ခိုက်မှုက ပို၍ပင် အားကောင်းလာခဲ့သည်။

လုမင်၏ ကျင့်ကြံခြင်းက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် သူတော်စင်ရတနာ မရှိလျှင်ပင် သာမန် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကိုသတ်ရန် များစွာမခက်ပေ။

သူတော်စင်ရတနာဖြင့် သာမန် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကို သတ်ရန် ပို၍လွယ်ကူခဲ့သည်။

လုမင်သည် လူနှစ်ယောက်ကို ဆက်တိုက်သတ်ခဲ့သော်လည်း အခြားသော ဓားအလင်းများက လုမင်အပေါ်သို့ ကျရောက်လာသည်။

လုမင်က အနက်ရောင်တောင်ပံများဖြင့် ပိတ်ဆို့ထားသော်လည်း သူ့ခန္ဓာကိုယ်ကို လွင့်ပျံသွားစေခဲ့သေးသည်။

နောက်ဆုံးတွင်၊ သူ၏ပြိုင်ဘက်များက သတ္တမအဆင့်နှင့် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ လုမင်က သူ့အဆင့်ထက် သာလွန်သူများကို သတ်နိုင်သော်လည်း သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကိုမူ အကုန်တားဆီး၍ မရပေ။ သူတို့အားလုံးက အဆင့်မြင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက အလွန် ကြောက်စရာကောင်းသည်။

ဓားအလင်းသာ တိုက်ရိုက်ထိမှန်ပါက လုမင် အသက်မသေလျှင်ပင် ဒဏ်ရာရသွားလိမ့်မည်။

"အပြည့်အဝ တိုက်ခိုက်"

အသံတစ်ခုကို ကြားလိုက်ရသည်။

"သတ်၊ သတ်"

ဓားအလင်းများက လုမင်အပေါ် ဆက်လက် ကျရောက်လာသည်။ သို့သော်လည်း အချို့က ၎င်းတို့၏ဓားများကို ဆေဘာဓားများအဖြစ် ပြောင်းလဲလိုက်ကြ၏။ ကြောက်မက်ဖွယ်ကောင်းသော ဆေဘာဓားအလင်းများက ညကောင်းကင်ကို တောက်ပစေပြီး လုမင်ထံ ဖြတ်သန်းလာတော့သည်။

'ဒါက... ဆန္ဒမဲ့ဓားသိုင်းလား'

လုမင် အံ့အားသင့်သွားသည်။

All Chapters