← Chapters

အခန်း ၁၅၅၄

Vol. 104 Ch. 1554

အခန်း ၁၅၅၄

Vol. 104 Ch. 1554

အပိုင်း ( 1554 ) ရူးသွပ်စွာ တိုက်ခိုက်ခြင်း။

သူတော်စင်ရတနာကို ထိန်းချုပ်ထားသည့် နဝမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါး၏ စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။ လုမင်လည်း ထိပ်တိုက်ရင်မဆိုင်ဝံ့ပေ။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ဓားအလင်းကို ရှောင်ပေးလိုက်သည်။

"အတွေးတစ်ခုနဲ့ အလင်းရောင်ခွဲဖြာစေ"

ထိုလူက‌ အေးစက်စက်ဖြင့် ပြောလိုက်သည်။ ထိုဓားအလင်းက ရုတ်တရက် ကွဲထွက်သွားပြီး လုမင်ထံ တိုးဝင်လာ၏။ လုမင် မည်မျှပင် လျင်မြန်နေပါစေ၊ ထိုဆေဘာဓားအလင်းကို ရှောင်လွှဲ၍မရပေ။

"ဒါက တကယ်ကို ဆန္ဒမဲ့ဓားသိုင်းပဲ။ မင်းတို့က ဆန္ဒမဲ့ဓားဂိုဏ်းကပဲ"

လုမင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

တင်းပေါင်ညီလာခံတွင် ဆန္ဒမဲ့ဓားသိုင်းကို အသုံးပြုသော ဆန္ဒမဲ့ဓားဂိုဏ်း၏ ပါရမီရှင်များကို မြင်ဖူးခြင်းကြောင့် အမှားအယွင်းမရှိနိုင်ပေ။

ထိုလူ၏ မျက်လုံးများက အေးစက်နေခဲ့သည်။ ဓားအလင်းကလည်း မရပ်တန့်သွားဘဲ ပြင်းထန်သော သတ်ဖြတ်‌ချင်စိတ်တို့ပင် ထွက်ပေါ်နေ၏။

"ထန်၊ ထန်"

လုမင်က သူတော်စင်ရတနာဓားနှင့် အနက်ရောင်တောင်ပံများကိုသုံးပြီး တိုက်ခိုက်ခြင်းကို တားဆီးခဲ့သော်လည်း၊ ဓားအလင်းကြောင့် သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး အမြောက်ဆံကဲ့သို့ လွင့်စဉ်သွားတော့သည်။

"ဖူး"

လွင့်စဉ်သွားရင်းမှပင် လုမင်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။

သူတော်စင်ရတနာကို ထိန်းချုပ်ထားသည့် နဝမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါး၏ စွမ်းအားက ကြောက်စရာကောင်းသည်။ သူတော်စင်ရတနာဖြင့် ကာကွယ်ထားသော်လည်း လုမင်မှာ ဒဏ်ရာရရှိနေဆဲပင်။

"ဝုန်း"

ရုတ်တရက်၊ လေပြင်းများတိုက်ခတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက လုမင်အပေါ်သို့ ကျရောက်လာခဲ့သည်။

အနက်ရောင်တောင်ကြီးက လုမင်အပေါ်ကို ဖိနှိပ်လာ၏။

သူတော်စင်ရတနာတောင်ဖြင့် အခြား ကျင့်ကြံသူတစ်ဦးက တိုက်ခိုက်လာခဲ့ပြီ။

"ဝုန်း"

လုမင်လည်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို လှည့်ပတ်ပြီး လက်သီးချက် ထုတ်ဖော်လိုက်သည်။ သူက လျိုယွမ်လက်အိတ်အတွင်းကိုလည်း စွမ်းအင် ပို့လွှတ်လိုက်၏။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လုမင်၏လက်သီးက တောင်ငယ်ကို လွင့်သွားစေခဲ့သည်။ သို့ရာတွင် လုမင်၏ ခန္ဓာကိုယ်လည်း ဥက္ကာခဲကြွေသကဲ့သို့ မြေပြင်ပေါ်ကို ပြုတ်ကျသွားတော့သည်။

"ဖူး"

လုမင်၏လက်က အနည်းငယ် တုန်နေပြီး နောက်ထပ် သွေးတစ်ပွက်ကို ထပ်မံအန်ထုတ်လိုက်ရသည်။

"ဝုန်း"

ထိုအချိန်တွင်၊ မီတာထောင်ပေါင်းများစွာ ရှည်လျားသော သံတုတ်က ကောင်းကင်ကို ထိန်းထားနိုင်သော တိုင်တစ်ခုကဲ့သို့ လုမင်ထံ ကျရောက်လာပြန်သည်။

လုမင်လည်း သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် အနက်ရောင်တောင်ပံများကို အသုံးပြုလိုက်ရသည်။ သို့တိုင်၊ သူ့ခန္ဓာက အရှိန်ပြင်းပြင်းဖြင့် လွင့်စဉ်ပြီး ကြီးမားသော တောင်တစ်လုံးပေါ်သို့ ပြိုတ်ကျကာ ပြိုကျသွားစေခဲ့သေးသည်။

နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သည် သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်ဖြစ်သည်။ သူတို့၏ အင်အားများမှာ လွန်စွာ ကြောက်စရာကောင်း၏။ ယခင်က လုမင်သည် နဝမအလွှာ သိုင်းအုပ်ချုပ်သူနှစ်ဦးကို တဟုန်ထိုးသတ်ခဲ့သော်လည်း၊ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများက အားနည်းသည်ဟု မဆိုလိုပေ။

ထို့အပြင်၊ ယခုအချိန်မှာ သူတော်စင်ရတနာများကို ထိန်းချုပ်သည့် နဝမအလွှာ သိုင်းအုပ်ချုပ်သူ လေးဦးရှိသည်။ သူတို့၏ ပေါင်းစပ်အင်အားက ပို၍ ကြောက်စရာကောင်း၏။ လုမင်က သူတို့ကို လုံးဝ မယှဉ်နိုင်ပေ။

"ပူဖောင်းလေး၊ သွားစို့"

လုမင်က ပူဖောင်းလေးကို ပြောလိုက်သည်။

ဤအခြေအနေမျိုးတွင် လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းက ဆုတ်ခွာခြင်း ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်ခြင်းက ပညာမဲ့ရာကျပေသည်။

ကမ္ပည်းတာအို ဒုတိယခန္ဓာအတွက်တော့ လုမင်က သူ့ကို ခေါ်ထုတ်ရန် ရည်ရွယ်ချက်မရှိပါ။

ကမ္ပည်းတာအိုဒုတိယခန္ဓာက လေ့ကျင့်နေဆဲ ဖြစ်သည်။ ထို့ပြင်၊ သူ့ကာကွယ်ရန် သူတော်စင်ရတနာမရှိသောကြောင့် ချက်ချင်း သတ်ခံလိုက်ရလိမ့်မည်။

"တွိ"

ပူဖောင်းလေးက အော်ဟစ်ပြီး အချိန်ဟင်းလင်းပြင်လျှောက်လမ်းတစ်ခုကို ဖွင့်လိုက်သည်။ လုမင် လျှောက်လမ်းအတွင်းကို ပြေးဝင်လိုက်၏။

သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ နံရံတစ်ခုကို ဝင်ဆောင့်မိဟန်ဖြင့် သူ့ခန္ဓာကိုယ်ကို ပိတ်ဆို့ထားတော့သည်။

အချိန်ဟင်းလင်းပြင်လျှောက်လမ်းက ဆက်မသွားတော့ပေ။

"ဝမ်"

ကမ္ပည်းစာများက နေရာတိုင်းတွင် ပေါ်လာသည်။ ဝတ်ရုံနက်ဝတ် ကျင့်ကြံသူ ဆယ်ဦးကျော်ကလည်း လမ်းကြောင်းအမျိုးမျိုးတွင် ရပ်နေကြ၏။ သူတို့တစ်ဦးစီ၏ ဦးခေါင်းထက်မှာတော့ ဟင်းလင်းပြင်ကို ပိတ်လှောင်ရန် အစီရင်ချပ်ပြားတစ်ခုစီ လွင့်မျောနေတော့သည်။

'ဒီလောက်တောင် စေ့စပ်သေချာတဲ့ အစီအစဥ်'

လုမင်၏ နှလုံးသားက အေးခဲသွားသည်။

လုမင်၏ ဝှက်ဖဲများအားလုံးကို ထည့်သွင်းစဉ်းစားထားသောကြောင့် ရန်သူက သူ့ကိုသတ်ရန် အလေးအနက်ထားနေသည်မှာ ထင်ရှားသည်။ လုမင်က ပူဖောင်းလေး၏ အကူအညီဖြင့် အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို အသုံးပြုကာ ပြေးနိုင်ကြောင်းကိုလည်း ကြိုတင် သိရှိနေပေသည်။

ထို့ကြောင့်ပင် ရန်သူက ဟင်းလင်းပြင်ကိုပင် ပိတ်လှောင်ရန်ရန်အတွက် အစီရင် ဖွဲ့စည်းထားပြီး ဖြစ်သည်။ ပူဖောင်းလေးပင်လျှင် မလွတ်မြောက်နိုင်တော့ပေ။

ဟင်းမှာ ပူဖောင်းလေး၏ အချိန်ဟင်းလင်းပြင်က အားနည်းခြင်းကြောင့် မဟုတ်ပါ။ ပူဖောင်းလေး၏ ကျင့်ကြံခြင်းက နိမ့်ကျပြီး ရန်သူများ၏ ကျင့်ကြံခြင်းကတော့ မြင့်မားလွန်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပူဖောင်းလေးမှာပင် လွတ်မြောက်ရန် အခွင့်အလမ်းမရှိတော့ပါ။

"အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကို ဖယ်ရှားလိုက်"

ကောင်းကင်ယံမှ ဝတ်ရုံနက်ဝတ်လူက ထပ်မံ ပြောလိုက်သည်။

"ဝမ်"

ဝတ်ရုံနက်ဝတ် ကျင့်ကြံသူ ဆယ့်နှစ်ဦးက သူတို့၏ အစီရင်ချပ်ပြားများကို ထိန်းချုပ်ပြီး ရှေ့သို့ တိုးလာသည်။ သူတို့က ဟင်းလင်းပြင်ကို ပိတ်ဆို့ပြီး ပူဖောင်းလေးကို ဝိုင်းထားလိုက်၏။

"ဝုန်း"

ထိုအချိန်တွင် ဧရာမ မျှော်စင်ကြီးက လုမင်ပေါ်သို့ ကျလာတော့သည်။

ပညာရှင်လေးဦး၏ တိုက်ခိုက်မှုများက ထပ်မံရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လုမင်လည်း အနက်ရောင်တောင်ပံများကိုခတ်ပြီး မျှော်စင်ကိုရှောင်တိမ်း၍ လျှပ်စီးကဲ့သို့ ပျံသန်းသွားသည်။

သို့ရာတွင်၊ သူ့ကို နှုတ်ဆက်လိုက်သည်က ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုပင်။

ကျွမ်းကျင်သူလေးဦးက သူတော်စင်ရတနာများကို ထိန်းချုပ်ပြီး လုမင်အား အသက်ရှူရန်ပင် အခွင့်အရေးမပေးဘဲ အတူတကွ တိုက်ခိုက်နေတော့သည်။

ရှောင်တိမ်းရန် နည်းလမ်းမရှိတော့ပါ။

လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်ရာ ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်က ဝိုးတဝါး ပေါ်လာခဲ့သည်။

လက်သီးက ဓားအလင်းနှင့် တိုက်မိသွား၏။ လုမင်က ဓားအလင်းကို ဖျက်ဆီးပစ်ခဲ့သော်လည်း သူကိုယ်တိုင် လွင့်ပျံသွားတော့သည်။

အနက်ရောင်ဝတ်ရုံဝတ် ကျင့်ကြံသူဆယ့်နှစ်ဦးကလည်း နယ်မြေကို တဖြည်းဖြည်း ချုံ့လာခဲ့ကြသည်။

"အား"

လုမင်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာခဲ့သည်။ တတိယသွေးမှ စွမ်းအင်များကလည်း လုမင် ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းလာ၏။

"မလုံလောက်ဘူး... မလုံလောက်သေးဘူး။ ပိုလိုတယ်၊ ပိုပြီး လိုအပ်တယ်"

လုမင်၏ နှလုံးသားတွင်းမှ ဟိန်းဟောက်ရင်း တတိယသွေးမျိုးဆက်၏ စွမ်းအားကို အရူးအမူးဆွဲယူလိုက်သည်။ တတိယသွေးမျိုးဆက်မှ စွမ်းအားများကလည်း အဆုံးရှိပုံမရပေ။ စွမ်းအင်များ အရူးအမူး စီးဝင်လာသကဲ့သို့ လုမင်၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။

ယခုအခါ လုမင်၏ မျက်လုံးများက သွေးနီရောင်ပြောင်းသွားပြီး သူ့ဆံပင်များကလည်း နီရဲနေလေပြီ။ ယင်းမှာ သွေးများ စီးကျနေသကဲ့သို့ ဖြစ်သည်။

ထိုအချိန်တွင် မျှော်စင်ကြီးက ထပ်မံကျရောက်လာသည်။

"ထွက်သွား"

လုမင် ဟိန်းဟောက်လိုက်သည်။

"ဒေါင်"

ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခုကြားရပြီး ကောင်းကင်ကြီး တုန်လှုပ်သွား၏။ မျှော်စင်ကြီး လွင့်စဉ်သွားသကဲ့သို့ လုမင်၏ခန္ဓာကိုယ်လည်း တုန်လှုပ်ကာ လေထဲတွင် ခြေဆယ်လှမ်းကျော် ဆုတ်သွား‌ရတော့သည်။ သို့သော်လည်း ယခင်ကကဲ့သို့ သွေးအန်ခြင်းမရှိတော့ဘဲ တားဆီးနိုင်ခဲ့သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တစ်ဖက်မှ သံတုတ်ကြီးတစ်ချောင်းက လုမင်အား လွှဲရိုက်လာခဲ့သည်။ သံတုတ်ရိုက်ချက်က အလွန်ကြောက်စရာကောင်းပြီး သူ့လမ်းကြောင်းမှ အရာအားလုံးကို အမှုန့်ချေပစ်တော့မည်ကဲ့သို့ပင်။

လုမင်လည်း သံတုတ်ကို ထပ်မံထိုးနှက်လိုက်သည်။

"ဝမ်"

သံတုတ်က တုန်ခါနေပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားများ စီးဝင်လာသည်။ သို့ရာတွင်၊ ယခင်နည်းအတိုင်း လုမင်မှ လွင့်စဉ်သွားစေခဲ့ဆဲပင်။

သို့သော်လည်း ကောင်းကင်ယံမှ တောင်ငယ်တစ်ခုက လုမင်အပေါ်သို့ ထိုးကျလာခဲ့သည်။

သူတို့လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုက ကောင်းမွန်ပြီး အဆုံးမရှိသကဲ့သို့ပင်။

'မလုံလောက်ဘူး... မလုံလောက်သေးဘူး။ ပိုလိုတယ်... ပိုပြီး လိုတယ်'

လုမင် ဟိန်းဟောက်လိုက်သည်။ တတိယသွေးမျိုးဆက်မှ စွမ်းအားများက လုမင်၏ ခန္ဓာကိုယ်ထဲသို့ ပို၍ စီးဝင်သွား၏။ ကြောက်စရာကောင်းသော စွမ်းအားများကြောင့် လုမင်၏ ခန္ဓာကိုယ်က ဖောင်းကြွလာတော့သည်။ သူ့ဆံပင်များကလည်း သွေးနီရဲနေပြီး သူ့မျက်လုံးများမူကား ငရဲတွင်းထဲမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်သည်။

"သတ်"

လုမင် ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များဖြင့် နတ်ဘုရားဓားကျင့်စဉ်က ပေါက်ကွဲထွက်လာ၏။

ဤလူများက နတ်ဘုရားဓားကျင့်စဉ်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ပြင်ဆင်ထားပြီးဖြစ်သော်လည်း၊ အဆုံးမဲ့သတ်ဖြတ်ချင်စိတ်က ၎င်းတို့၏ နှလုံးသားများကို တုန်လှုပ်စေခဲ့သည်။

"ဝုန်း"

လုမင်က သူ့ဦးခေါင်းထက်မှ တောင်ငယ်လေးကို လက်သီးဖြင့် ထိုးလွှတ်လိုက်၏။ ယခုတစ်ကြိမ်မှာတော့ လုမင်၏ ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားတော့ပေ။

"သတ်"

လုမင်က ခြေတစ်ချက်ဆောင့်ပြီး သူတော်စင်ရတနာကို ထိန်းချုပ်ထားသော လူတစ်ဦးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်သွားသည်။

ထိုလူလည်း အရှိန်အဝါများ ပေါက်ကွဲထွက်ပြီး ကြောက်စရာကောင်းသော ဓားအလင်းများကို ထုတ်ဖော်လိုက်၏။

သို့ရာတွင်၊ လုမင်၏ လက်သီးချက်ကြောင့် ဆေဘာဓားအလင်းက တိုက်ရိုက်ကွဲကြေသွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်များကလည်း လွှမ်းခြုံသွားရာ ထိုသူ၏မျက်နှာ ဖြူဖျော့သွားခဲ့သည်။

"အတွေးတစ်ခုနဲ့ အလင်းခွဲဖြာစေ၊ ကောင်းကင်ချိုးဖျက်စေမဲ့ဓား"

ဆေဘာဓားက တုန်ခါသွားပြီး တခဏချင်းမှာပင် အကြိမ်ရာနှင့်ချီ ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း ရာနှင့်ချီသော ဓားအလင်းများက နောက်ဆုံးတွင် ဓားအလင်းကိုးခုအဖြစ် ပေါင်းစပ်သွား၏။ ဓားအလင်းကိုးခုက ရှေ့ဆင့်နောက်ဆင့် ချိတ်ဆက်ပြီး လုမင်ဆီသို့ အဆက်မပြတ် ခုတ်ပိုင်းလာတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဆေဘာဓားစိတ်ဆန္ဒဖြင့် လုမင်၏ခန္ဓာကိုယ်ကို အဆက်မပြတ် ဖြတ်တောက်ပစ်လိုက်သည်။

သို့သော်လည်း ၎င်းတို့အားလုံးကို လုမင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်စွမ်းအင်အလွှာတစ်ခုက ပိတ်ဆို့ထားခဲ့၏။

"ဝုန်း၊ ဝုန်း"

လုမင်က ထိုလူ၏ ဆေဘာဓားအလင်းများကို အဆက်မပြတ် ဖျက်ဆီးပြီး ထိုလူဆီသို့ ဆက်လက် ပြေးဝင်သွားတော့သည်။

All Chapters