← Chapters

အခန်း ၁၅၅၅

Vol. 104 Ch. 1555

အခန်း ၁၅၅၅

Vol. 104 Ch. 1555

အပိုင်း ( 1555 ) သူတော်စင်တစ်ပိုင်း အကျော်အမော် လှုပ်ရှားခြင်း။

"သတ်"

လက်သီးချက်က လေဟာနယ်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ တစ်ဖက်လူ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏သူတော်စင်ရတနာ ဓားဖြင့် ပိတ်ဆို့လိုက်၏။

"ဝုန်း"

ထိုလူ လွင့်စဉ်သွားပြီး တောင်ထိပ်တစ်ခုကို ဝင်ဆောင့်လိုက်မိ၏။ သူ၏ ပါးစပ်အတွင်းမှ သွေးများစွာ အန်ထွက်လာတော့သည်။

လုမင်က ထိုလူကို အဓိကထားသတ်ရန် ပြေးလိုက်သွားသည်။

"သေ"

ရုတ်တရက်၊ ကောင်းကင်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး မမြင်နိုင်သော စွမ်းအားတစ်ခုက လုမင်၏ နတ်ဘုရားဝိညာဉ်ကို တိုက်ခိုက်လိုက်၏။ နတ်ဘုရားဝိညာဥ်ရှိ ကာကွယ်ရေး ချပ်ဝတ်တန်ဆာက တောက်ပလာပြီး တိုက်ခိုက်မှုကို တားဆီးလိုက်သော်လည်း တုန်လှုပ်သွားရသေးသည်။

'ဝိညာဉ်တိုက်ခိုက်မှု'

လုမင်၏ နှလုံးသားက တုန်လှုပ်သွားသည်။

ထိုအချိန်တွင်...

"ဝမ်..."

အနည်းဆုံး လူတစ်ဒါဇင်ခန့်က ဝိညာဉ်တိုက်ခိုက်မှု နည်းလမ်းများကို အသုံးပြု၍ လုမင်၏ နတ်ဘုရားဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။ ယင်းကြောင့် လုမင်၏ နတ်ဘုရားဝိညာဉ်မှာ ပို၍ တုန်လှုပ်သွားတော့သည်။

ဤလူများ အားလုံးက အဆင့်မြင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။ ဝိညာဉ်တိုက်ခိုက်မှုများထဲမှ တစ်ခုက အမိန့်ပေးသူထံမှ ဖြစ်သည်။ ထိုသူ၏ တိုက်ခိုက်မှုက ကြောက်စရာကောင်းလောက်အောင် အားကောင်းပေသည်။

လုမင်၏ နတ်ဘုရားဝိညာဉ်က သန်မာသည့်အပြင်၊ နတ်ဘုရားဝိညာဉ်ကိုကာကွယ်နိုင်သော ရတနာ မရှိပါက သူ၏ဝိညာဉ် ပျက်သုဥ်းသွားသွားပေလိမ့်မည်။

"ဒါက နတ်ဘုရားဓားကျင့်စဉ်... မင်းတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းကပဲ"

လုမင် ဟိန်းဟောက်လိုက်သည်။ နောက်ဆုံးမှာတော့ တစ်ဖက်လူများက မည်သူမည်ဝါဖြစ်မှန်း သူသိသွားပြီ။

မိစ္ဆာဝိညာဉ်ဂိုဏ်း၊ သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းမှဖြစ်တာ သေချာသည်။

၎င်းတို့သည် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်း သို့မဟုတ် ကောင်းကင်အဆိပ်ဂိုဏ်းတို့မှမဟုတ်ဘဲ မိစ္ဆာဝိညာဉ်ဂိုဏ်းမှ ဖြစ်၏။

မိစ္ဆာဝိညာဉ်ဂိုဏ်းက သူ့ကို ပစ်မှတ်ထားနေပြီ။

ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်က လုမင်၏ နတ်ဘုရားဝိညာဉ်ကို တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်တွင် မျှော်စင်၊ တောင်ငယ်နှင့် ဧရာမသံတုတ်တို့လည်း ကျရောက်လာပြန်သည်။

"ယား"

လုမင်က သားရဲကြီးတစ်ကောင်ပမာ အော်ဟစ်လိုက်သည်။ တတိယသွေးမျိုးဆက်မှ စွမ်းအင်များက ပို၍စီးဝင်လာပြီး လုမင်၏နှလုံးသားကို အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များ ပြည့်စေခဲ့၏။ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များတွင် သူ့စိတ်ထဲက နစ်မွန်းလုနီးပါး ဖြစ်နေတော့သည်။

"ဒုန်း"

သူက ဧရာမသံတုတ်ကို လက်သီးဖြင့် ထိုးလွှတ်လိုက်သည်။ ထို့နောက် သူ၏ အနက်ရောင်အတောင်ပံများက တောင်ငယ်နှင့် မျှော်စင်တို့ကို ထိုးခုတ်ပြီး ပျံသန်းစေခဲ့၏။

ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူတော်စင်ရတနာဓား အသုံးပြုသည့် ကျွမ်းကျင်သူကို တိုက်ခိုက်လိုက်တော့သည်။

"နောက်ဆုတ်"

ထိုလူလည်း ထိတ်လန့်တုန်လှုပ်သွားပြီး လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ သို့ရာတွင်၊ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်က သူ့ကို ဖုံးလွှမ်းသွားပြီး သူ့ခန္ဓာကိုယ် တောင့်တင်းလာ၏။

"ဝှစ်"

လုမင်က သူ့ကို ဖြတ်သွားခဲ့သည်။ တချိန်တည်းမှာပင်၊ အနက်ရောင်အတောင်ပံများက ဓားသွားကဲ့သို့ ထိုသူ၏အသက်ကို နှုတ်ယူသွားတော့သည်။

လုမင်က သူတော်စင်ရတနာဓားကို ဖမ်းယူလိုက်သည်။ ထို့နောက် အနက်ရောင်တောင်ပံများကိုခတ်ပြီး တောင်ငယ်လေးကိုထိန်းချုပ်ထားသည့် ကျွမ်းကျင်သူအား တိုက်ခိုက်လိုက်၏။

အရပ်ရပ်မှ ဝိညာဉ်တိုက်ခိုက်မှုများကလည်း လုမင်ဆီသို့ အဆက်မပြတ် တိုးဝင်လာပြန်သည်။ သို့ရာတွင်၊ လုမင်က ဝိညာဉ်တိုက်ခိုက်မှုများကို တောင့်ခံရင်း ဆက်လက်တိုက်ခိုက်လိုက်ပေသည်။

"ထန်"

သူတော်စင်ရတနာဓားက ထိုလူကို ထိုးခုတ်ချလိုက်သည်။ ထိုလူမှာ တောင်ငယ်လေးကို ထိန်းချုပ်ပြီး ခုခံရန်ကြိုးစားသော်လည်း၊ တောင်ငယ်လေးက လွင့်စဉ်သွား၏။

ထိုသူ၏ မျက်နှာလည်း ဖြူဖျော့သွားပြီး ကသောမျောပါး ဆုတ်သွားတော့သည်။

တစ်ဖက်တွင်၊ မျှော်စင်ကိုထိန်းချုပ်ထားသူ တောင်ငယ်ကို ထိန်းချုပ်ထားသည့် ကျွမ်းကျင်သူအား ကယ်တင်ရန် ကြိုးစားလိုက်သည်။

"ဝုန်း"

လုမင်က မျှော်စင်ကို ပိတ်ဆို့ရန်အတွက် သူ့လက်ထဲမှ သူတော်စင်ရတနာဓားဖြင့် ပစ်ပေါက်လိုက်၏။ သူ့ပုံရိပ်က ရပ်တန့်မသွားဘဲ တောင်ငယ်ကိုထိန်းချုပ်ထားသည့် ကျွမ်းကျင်သူကို ဆက်လက် တိုက်ခိုက်လိုက်သည်။

ထိုလူလည်း တောင်ငယ်လေးကို ပြန်ဆွဲယူရန် အချိန်မမီတော့သဖြင့် သူ့ကိုယ်ပိုင်အင်အားဖြင့်သာ ခုခံနိုင်တော့သည်။

သို့ရာတွင်၊ လက်ရှိအခြေအနေမှာ လုမင်၏ ခွန်အားက အံ့ဖွယ်ဖြစ်နေပြီ ဖြစ်သည်။ လုမင်၏ လက်သီးချက်က ပြိုင်ဘက်၏ အုပ်ချုပ်သူဝိညာဉ်ရတနာကို တိုက်ရိုက်ကြေကွဲသွားစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက ထိုသူကို လေထဲမှာတင် ပေါက်ကွဲပြီး‌ သေဆုံးသွားစေတော့သည်။

"ဆုတ်၊ ဆုတ်"

ကျန်တဲ့နှစ်ယောက်လည်း တုန်လှုပ်သွားကြသည်။ လုမင်၏ အနားမကပ်ဝံ့တော့ဘဲ အသည်းအသန် နောက်ပြန်ဆုတ်သွား၏။

လုမင်၏ လက်ရှိအခြေအနေက အလွန်ကြောက်စရာကောင်းသည်။ သူက ဒဏ္ဍာရီလာ သွေးဆာနေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်ပြီး ကြောက်စရာကောင်းလွန်း၏။

"ငါလုပ်လိုက်မယ်"

ထိုအချိန်တွင် ကောင်းကင်မှ အမိန့်ပေးသူ ဝတ်ရုံနက်ဝတ်လူက လှုပ်ရှားလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဓားတစ်လက်ကို ထုတ်ယူလိုက်၏။ ဓားအလင်းတန်းတစ်ခုက လေဟာနယ်ကိုဖြတ်ပြီး လုမင်ဆီသို့ ချက်ခြင်း တိုးဝင်လာတော့သည်။

မြန်သည်၊ အလွန်တရာ မြန်၏။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် လုမင် တုန်လှုပ်သွားပြီး အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်ထဲတွင် နစ်မွန်းလုနီးပါး ဖြစ်သွားခဲ့ရသည်။

ဓားအလင်းက လုမင်၏ လည်မြိုသို့ တခဏချင်း ရောက်ရှိလာခဲ့သည်။

ထိုလူက သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော် ဖြစ်၏။

သူတော်စင်တစ်ပိုင်းနှင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်ကိုးကြားတွင် အဆင့်တစ်ဆင့်သာ ကွာခြားပုံရသော်လည်း တိုက်ခိုက်ရေးအင်အား ကွာခြားမှုက ကြီးမားလွန်းလှသည်။

သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်အတွက်

နဝမအဆင့် သိုင်းအုပ်ချုပ်သူကိုသတ်ရန် မခက်ခဲလှပေ။

"ယား"

ထိုအချိန်တွင် လုမင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ အရေးကြီးသောအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ကို ဘေးဘက်သို့ အနည်းရွှေ့လိုက်နိုင်၏။

သို့တိုင်၊ ဓားအလင်းက လုမင်၏ရင်ဘတ်ကို ဖြတ်သွားခဲ့သေးသည်။ ဓားအလင်းက ယွမ်ချီစွမ်းအင်၊ ကစဉ့်ကလျားတာအိုနယ်မြေနှင့် သူ့အရေပြားပေါ်ရှိ နဂါးအကြေးခွံများကို တိုက်ရိုက်ဖြတ်တောက်ခဲ့ပြီး နက်ရှိုင်းသောဓားဒဏ်ရာတစ်ခုကို ပေါ်လွင်စေခဲ့သည်။ သူ့အရိုးများလည်း ကျိုးသွားပြီး သွေးများ စီးကျလာတော့သည်။

တစ်ချိန်တည်းမှာပင် ကြောက်စရာကောင်းသော ဓားချီက လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ပြီး သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

ဝတ်ရုံနက်ဝတ်လူ အသုံးပြုသော လက်နက်ကလည်း သူတော်စင်ရတနာဆိုသည်မှာ သံသယဖြစ်စရာမလိုပေ။မဟုတ်ပါက၊ ဤမျှကြောက်စရာကောင်းသော အင်အားကို ထုတ်လွှတ်နိုင်မည် မဟုတ်ပါ။

"ဝှစ်"

လုမင် မသေသေးကြောင်း မြင်ရသောအခါ၊ ဝတ်ရုံနက်ဝတ်လူက ထပ်မံ တိုက်ခိုက်လိုက်သည်။ ဓားအလင်းတစ်ခုက လုမင်၏ခါးဆီသို့ ဖြတ်သွား၏။

လုမင်လည်း အနက်ရောင်တောင်ပံများဖြင့် ကာကွယ်လိုက်သည်။

"ထန်"

ဓားအလင်းက အနက်ရောင်တောင်ပံများကို ထိုးခုတ်လိုက်၏။ အနက်ရောင်တောင်ပံများက ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်စရာကောင်းသော အင်အားတစ်ခုက လုမင်ထံ တိုးဝင်လာခဲ့သည်။ လုမင်လည်း အနောက်သို့ လွင့်စဉ်ကာ တောင်ထိပ်ပေါ်သို့ ထိုးကျသွားတော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နောက်အခိုက်အတန့်တွင် လုမင်၏ခန္ဓာကိုယ်က အပျက်အစီးများမှ ပျံထွက်သွား၏။

"ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးကို ဒီလောက် အသက်ပြင်းမယ်လို့ မထင်ထားဘူး။ အကြီးအကဲက ငါတို့ကို လူတွေအများကြီး စေလွှတ်ခိုင်းတာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒီကောင့်ကို အမြန်ဆုံး သတ်ပစ်ရမယ်"

လုမင်၏ ဇွဲလုံ့လက ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်ကို အနည်းငယ် လေးနက်သွားစေခဲ့သည်။

သူက ပြေးလိုက်သွားပြီး လုမင်ထံသို့ ဓားအလင်းတစ်ခု ထုတ်ဖော်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအင်အားကြောင့် အဝေးတွင်ရှိနေသေးသော်လည်း လုမင်၏ဆံပင်များ ထောင်ထကာ ကြွက်သားများပင် တင်းမာသွားတော့သည်။

"ဒါ နိယာမစွမ်းအားပဲ"

လုမင် ခပ်တိုးတိုး‌ အော်လိုက်သည်။

ဝတ်ရုံနက်ဝတ်လူက သဘာဝနိယာမကို ကျွမ်းကျင်ပိုင်နိုင်သော သူတော်စင်တစ်ပိုင်းဖြစ်ကြောင်း ထင်ရှားသည်။ သူက အလွန်အစွမ်းထက်ပေသည်။

သူတော်စင်တစ်ပိုင်းများထဲတွင်လည်း သန်မာသူနှင့် အားနည်းသူဟူဿ ရှိသည်။ နိယာမစွမ်းအားကို ကျွမ်းကျင်သူ သူတော်စင်တစ်ပိုင်းကတော့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပေသည်။

ဓားအလင်းက လုမင်ထံသို့ ချက်ချင်းရောက်လာခဲ့သည်။

"တွိ၊ တွိ..."

ပူဖောင်းလေးက အော်ဟစ်ပြီး သူ့လက်သေးသေးလေးများကို လှုပ်ရှားလိုက်သည်။ ကြည်လင်သော ပူဖောင်းတစ်ခုက ချက်ချင်းပေါ်လာပြီး ဝတ်ရုံနက်ဝတ်လူကို ဖုံးအုပ်လိုက်၏။

သို့သော်လည်း ဝတ်ရုံနက်ဝတ်လူအပေါ် သိပ်ပြီး မသက်ရောက်စေပေ။ ဓားအလင်းက ပေါက်ကွဲထွက်ပြီး ကြည်လင်သောပူဖောင်းကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။

"အချိန်နဲ့ဟင်းလင်းပြင် နိယာမကို ထိန်းချုပ်ထားတဲ့ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ပဲ။ သူတို့က အင်မတန် လျှို့ဝှက်ဆန်းကျယ်တယ်။ ကံမကောင်းချင်တော့ အားနည်းလွန်းသေးတယ်"

ဝတ်ရုံနက်ဝတ်လူက အက်ရှရှလေသံဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးမှ အနက်ရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး လုမင်ကို ထိုးဖောက်သွား၏။

"ဝှစ်"

လုမင်၏ မျက်လုံးများမှလည်း အနက်ရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာတော့သည်။

နှစ်ယောက်စလုံးက နတ်ဘုရားဓားကျင့်စဉ်ကို တပြိုင်နက်တည်း အသုံးပြုလိုက်ကြသည်။ ဝတ်ရုံနက်ဝတ်သူတော်စင်တစ်ပိုင်း အကျော်အမော်၏ အနက်ရောင်အလင်းတန်းက လုမင်၏ အနက်ရောင်အလင်းကို တိုက်ရိုက် ချေဖျက်သွား၏။ ဓားအလင်းကလည်း မရပ်တန့်ဘဲ လုမင်ကို ဆက်လက်ထိုးခုတ်လာတော့သည်။

ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်ကလည်း နတ်ဘုရားဓားကျင့်စဥ်ကို လေ့ကျင့်ထားသူ ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက သာမန်သူတော်စင်တစ်ပိုင်းထက် ပို၍ အားကောင်း၏။ လုမင်၏ ဝိညာဉ်စွမ်းအားက တူညီသောအဆင့် ကျင့်ကြံသူထက် များစွာ အားကောင်းသော်လည်း ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်ထက်တော့ အားနည်းနေသေးသည်။

"တွိ... တွိ"

ပူဖောင်းလေးက လုမင်၏ ပခုံးပေါ်မှ ထွက်လာခဲ့သည်။ ဟင်းလင်းပြင်က ရေလှိုင်းများကဲ့သို့ လှိုင်းထလာ၏။

သူ့လက်သည်းများဖြင့် ကုပ်ခြသ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်ဓားသွားများက ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်ထံသို့ တိုးဝင်သွားတော့သည်။

"ထန်"

ပြိုင်ဘက်၏ဓားက ဟင်းလင်းပြင်ဓားသွားကို ကွဲကြေစေခဲ့သည်။ ထို့နောက် ဓားအလင်းက ပူဖောင်းလေးဆီသို့ ဖြတ်သွား၏။

ပူဖောင်းလေး၏ ခန္ဓာကိုယ်က နို့ဖြူရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့လက်သည်းများကို ဝှေ့ယမ်းလိုက်ရာ ပြိုင်ဘက်၏ဓားအလင်းက အံ့အားသင့်စရာကောင်းလောက်အောင် နှေးကွေးသွား၏။

ယင်းမှာ ပြိုင်ဘက်က အားနည်းသွားခြင်း မဟုတ်ပေ။ ပူဖောင်လေးက အချိန်စွမ်းရည်ကို အသုံးပြုပြီး တစ်ဖက်လူ၏ဓားအလင်းကို တားဆီးခဲ့ခြင်းကြောင့် ဖြစ်သည်။

"ချိုးဖျက်လော့"

ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်က အော်လိုက်သည်။ ဓားအလင်းက အင်အားများ ရုတ်တရက် ပေါက်ကွဲထွက်ပြီး ကြည်လင်သောပူဖောင်းကို ချိုးဖျက်သွား၏။ ကြောက်စရာကောင်းသော ဓားအလင်းက ဟင်းလင်းပြင်ကိုဖြတ်ပြီး ပူဖောင်းလေးထံ တိုးဝင်လာတော့သည်။

All Chapters