အခန်း ၁၅၅၆
Vol. 104 Ch. 1556
အပိုင်း ( 1556 ) တတိယသွေးမျိုးဆက်အတွင်းသို့ ဝင်ရောက်ခြင်း။
ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်က ပူဖောင်းလေးကို ဓားဖြင့် ခုတ်ချလိုက်သည်။ ပူဖောင်းလေး၏ ခန္ဓာကိုယ်က ဖန်သားကဲ့သို့ ကွဲအက်သွား၏။
ယင်းက နောက်ကျန်ပုံရိပ်တစ်ခုသာ ဖြစ်ချေသည်။ ပူဖောင်းလေး၏ ခန္ဓာအစစ်က ဝတ်ရုံနက်တတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်၏ တစ်ဖက်တွင် ပေါ်လာခဲ့သည်။ သူ့လက်သည်းများကို လှုပ်ရှားကာ အချိန်ဟင်းလင်းပြင်တာအိုနယ်ဖြင့် ပြိုင်ဘက်ကို ဖုံးအုပ်လိုက်၏။
တစ်ဖက်တွင်၊ လုမင်၏ အနက်ရောင်တောင်ပံများက လွင့်ပျံလာပြီး ဓါးနှစ်ချောင်းကဲ့သို့ ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်ကို ဖြတ်သွားတော့သည်။ တစ်ချိန်တည်းမှာပင်၊ သူက လျိုယွမ်လက်အိတ်အတွင်းသို့ စီယွမ်ချီစွမ်းအင်ပို့လွှတ်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။
"ရွှစ်၊ ဝှစ်"
လုမင်နှင့် ပူဖောင်းလေးတို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်၏ အမူအရာက မပြောင်းလဲပါ။ သူက ဓားနှစ်ချက် ထုတ်ဖော်လိုက်သည်။
ပထမဓားအလင်းက ပူဖောင်းလေး၏ အချိန်ဟင်းလင်းပြင်တာအိုနယ်မြေကို ချိုးဖျက်ခဲ့သည်။ ဒုတိယ ဓားချက်က အနက်ရောင်တောင်ပံများ၏ တိုက်ခိုက်မှုကို ချေဖျက်ပြီး လုမင်၏လက်သီးကို ခုတ်ချလိုက်၏။
"ဒုန်း"
လုမင်၏လက်သီးက ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုကို ထိမိသွားပုံရသည်။ လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး လွင့်စဉ်သွား၏။ တစ်ချိန်တည်းမှာပင် အားပြင်းသော စွမ်းအားတစ်ခုက လျိုယွမ်လက်အိတ်ကိုဖြတ်ကျော်ပြီး လုမင်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်လာရာ သွေးများ အန်ထွက်လာတော့သည်။
နိယာမစွမ်းအား။
လုမင် အံ့သြသွားခဲ့သည်။ နိယာမစွမ်းအားက သန်မာလွန်းပေသည်။
နိယာမမှာ ကောင်းကင်နှင့်မြေပြင်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ လောကကြီးကို မတူညီသော နိယာမများဖြင့် ဖွဲ့စည်းထား၏။ ၎င်း၏စွမ်းအားက တာအိုနယ်မြေထက် အဆပေါင်းများစွာ အားကောင်းသည်။
လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေက မည်မျှပင် လျှို့ဝှက်ဆန်းကြယ်နေပါစေ၊ တာအိုနယ်မြေတစ်ခု ဖြစ်နေဆဲပင်။ နိယာမစွမ်းအား၏ တိုက်စားမှုကို မခံနိုင်ပါ။
နောင်တွင်၊ လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေက ကစဉ့်ကလျားနိယာမအဖြစ်သို့ ပြောင်းလဲမည် ဖြစ်သည်။ ထိုမှသာ အခြား နိယာမများကို ဖိနှိပ်နိုင်လိမ့်မည်
"တွိ"
ပူဖောင်းလေးက အော်ဟစ်ပြီး အချိန်ဟင်းလင်းပြင် တာအိုနယ်မြေကို အသက်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်၏ အနီးတဝိုက်တွင် လှုပ်ရှားနေ၏။ ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်လည်း သူ့ကို မထိခိုက်စေနိုင်ခဲ့ပေ။
"ထွက်သွားစမ်း"
ထိုအချိန်တွင်၊ ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်မှာ ပူဖောင်းလေးကို အမှန်တကယ် ဒေါသထွက်လာပုံရသည်။ အေးစက်စက် အော်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာ၏။
ယွမ်ချီစွမ်းအင်က ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်နတ်ဆိုးမီးလျှံကဲ့သို့ ပြင်းထန်စွာ တောက်လောင်နေပြီး အရပ်ရပ်သို့ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။
ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်က သူ၏ ယွမ်ချီစွမ်းအင်ကို အရပ်ရပ်သို့ ပေါက်ကွဲထုတ်ဖော်လိုက်သည်။
ထို့ကြောင့်၊ ပူဖောင်းလေးလည်း ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဘဲ လွင့်စဉ်သွားတော့သည်။
"သူ့ကို ဖိနှိပ်ထားလိုက်"
ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဝမ်"
ဝတ်ရုံနက်ဝတ် လူဆယ့်နှစ်ဦးက အစီရင်ချပ်ပြားများကို အသုံးပြုပြီး ဟင်းလင်းပြင်ကို ပိတ်ပစ်လိုက်၏။
ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်လည်း ယွမ်ချီစွမ်းအင်ကို ထပ်မံပေါက်ကွဲရင်း ပူဖောင်းလေးကို ထိုနေရာသို့ လွင့်စဉ်သွားစေတော့သည်။
ဝတ်ရုံနက်ဝတ် လူဆယ့်နှစ်ဦိးလည်း အစီရင်ချပ်ပြားများဖြင့် ပူဖောင်းလေးကို ပိတ်လှောင်ထားလိုက်ကြသည်။
"တွိ"
ပူဖောင်းလေးက အော်ဟစ်ပြီး အချိန်ဟင်းလင်းပြင် တာအိုနယ်မြေကို ဖြန့်ကျက်လိုက်သည်။ သို့သော်လည်း ဟင်းလင်းပြင်သည် သံမဏိနံရံအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ ဟင်းလင်းပြင်က အပြည့်အဝ ပိတ်လှောင်ထားပြီး ပူဖောင်းလေးလည်း မလွတ်မြောက်နိုင်တော့ပေ။
"သူ့ကိုလွှတ်"
လုမင်လည်း ဟိန်းဟောက်ပြီး အနက်ရောင်တောင်ပံများကိုခတ်ကာ ဝတ်ရုံနက်ဝတ် လူဆယ့်နှစ်ယောက်ဆီသို့ ပြေးသွားသည်။
"သတ်"
သို့ရာတွင်၊ ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်က ဓားချက် ထုတ်ဖော်သည်။ ဓားအလင်းက မီတာထောင်ပေါင်းများစွာ ရှည်လျား၏။ ဓားအလင်း ထိမှန်ပြီးနောက် လုမင် လွင့်စဉ်သွားတော့သည်။
"ဒီနေ့ မင်းတို့ ဘယ်သူမှ ထွက်မသွားနိုင်ဘူး။ ဒီနေရာက မင်းရဲ့သင်္ချိုင်းမြေ ဖြစ်ရမယ်"
ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်က အေးစက်စက် ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူတော်စင်ရတနာနှင့် တစ်သားတည်းဖြစ်လာပုံရ၏။ ထို့နောက် ထက်မြက်သော ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးစိုက်လာတော့သည်။
မြန်သည်၊ မြန်လွန်းသည်။ လုမင် အချိန်မီ မတုံ့ပြန်နိုင်လောက်အောင် မြန်ဆန်လွန်း၏။
ထို့အပြင် ကြောက်စရာကောင်းသော အင်အားတစ်ခုက လုမင်အပေါ်သို့ ကျရောက်နေပြီး သူ၏ကြွက်သားများကိုပင် အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။
"ဝှစ်"
တခဏချင်းမှာပင်၊ ဓားအလင်းက နီးလာသည်။ ကြောက်မက်ဖွယ်ကောင်းအောင် စူးရှသော အလင်းများကလည်း သူ့မျက်ခုံးနှစ်ခုကြားကို နီးစပ်လာ၍ နာကျင်လာခဲ့ပြီ။
"ယား"
အရေးကြီးသော အခိုက်အတန့်တွင် လုမင်က ဟိန်းဟောက်လိုက်သည်။ သူက ညာဘက်လက်ဖြင့် ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်၏ သူတော်စင်ရတနာဓားကို ဆုပ်ကိုင်လိုက်၏။
"ဂျစ်၊ ဂျစ်..."
သူတော်စင်ရတနာဓားနှင့် လျိုယွမ်လက်အိတ် ပွတ်တိုက်မိရာမှ စူးရှသော အသံများနှင့် မီးပွားများ ပေါ်လာတော့သည်။
လုမင်က သူတော်စင်ရတနာဓားကို ဖမ်းဆီးဆုပ်ကိုင်ထားသော်လည်း ရှေ့သို့ တဖြည်းဖြည်းတိုးလာနေဆဲ ဖြစ်သည်။
"မင်းရဲ့ အင်အားလောက်နဲ့ ငါ့ဓားကိုဖမ်းဖို့ စဥ်းတောင် မစဉ်းစားလိုက်နဲ့။ သတ်"
ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်က ဟိန်းဟောက်လိုက်သည်။ ယွမ်ချီစွမ်းအင် ပေါက်ကွဲလိုက်ပြီးနောက် သူတော်စင်ရတနာဓားက ပိုအားကောင်းလာ၏။ လုမင်လည်း နောက်သို့ဆုတ်သွားရတော့သည်။
"ဝုန်း"
ခဏအကြာ ဆုတ်ခွာပြီးနောက် လုမင်လည်း တောင်ပေါ်သို့ ပြုတ်ကျသွားသည်။ တောင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါပြီး ပေါက်ကွဲလုမတ် ဖြစ်သွား၏။
"ဂျစ်... ဂျစ်..."
လက်အိတ်ကို ပွတ်တိုက်နေသော ဓားသံကလည်း ပို၍ ကျယ်လောင်လာသည်။ ဓားက လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပို၍ နီးကပ်လာခဲ့ပြီ။
"ဒုန်း"
လုမင်၏ ဘယ်ဘက်လက်ကို နဂါးအကြေးခွံများက ဖုံးအုပ်သွားသည်။ ထို့နောက် နဂါးလက်သည်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဓါးကိုဆွဲကိုင်ကာ ရှေ့မတိုးနိုင်စေရန် တားဆီးလိုက်၏။
အကယ်၍ ဤဓားသာ သူ၏ မျက်ခုံးနှစ်ခုကြားသို့ ဖြတ်သွားပါက၊ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကြောင့် ပေါက်ကွဲထွက်ပြီး သေရမည်မှာ သေချာသည်။
သို့သော်လည်း လုမင်၏ ဘယ်ဘက်လက်တွင် လျိုယွမ်လက်အိတ် မရှိပါ။ ထို့ပြင်၊ သူတော်စင်ရတနာဓားက အလွန်ထက်မြက်သောကြောင့် သူ့လက်ကိုဖုံးထားသော ကစဉ့်ကလျားတာအိုနယ်မြေနှင့် နဂါးအကြေးခွံများကို တိုက်ရိုက်ဖြတ်တောက်ပစ်လိုက်သည်။ လုမင်၏လက်မှ သွေးများ စီးကျလာ၏။ သူ၏ ဘယ်ဘက်လက်တစ်ခုလုံး ပြတ်လုနီးပါးဖြစ်နေပြီ။
"ယား"
လုမင်လည်း နာကျင်မှုကို လျစ်လျူရှုပြီး ဓားကိုရပ်တန့်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
"မင်း တားလို့မရဘူး"
ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်က ငေါက်ငမ်းပြီး ဆက်လက်ဖိအားပေးလိုက်သည်။ ဓားအင်အားက ပို၍ အားကောင်းလာ၏။
"ဝမ်... ဝမ်"
တစ်ဖက်တွင်လည်း၊ ဝတ်ရုံနက်ဝတ် လူဆယ့်နှစ်ယောက်၏ ဟင်းလင်းပြင်ကို ချိတ်ပိတ်ထားသည့် အကွာအဝေးက သေးငယ်သည်ထက် သေးငယ်လာသည်။ ပူဖောင်းလေးအတွက် ပြေးစရာနေရာမရှိတော့ဘဲ မကြာမီ ဖမ်းမိတော့မည်။
'စွမ်းအား၊ စွမ်းအားပိုပြီးလိုတယ်'
ထိုအချိန်တွင် လုမင်က သူ့နှလုံးသားထဲမှ ဟိန်းဟောက်လိုက်သည်။
သူ့စွမ်းအားက အားနည်းလွန်း၏။
ကြီးမားကျယ်ပြန့်သော ယွမ်လုတိုက်ကြီးတွင် သူ့စွမ်းအားသည် အားနည်းလွန်းလှသည်။ ဤတွင် သိုင်းအုပ်ချုပ်သူများက ပုရွက်ဆိတ်နှင့် မခြားပေ
သူ့အတွက် အလွန်ကြီးမားသော စွမ်းအားကို လိုအပ်သည်။
ထို့ကြောင့် အကျိုးဆက်များကို လျစ်လျူရှုပြီး တတိယသွေးမျိုး၏ စွမ်းအားကို အရူးအမူး ဆွဲယူလိုက်တော့သည်။
"မင်းစွမ်းအားလိုချင်ရင် ငါပေးလိုက်မယ်"
ဤအခိုက်အတန့်တွင် နက်ရှိုင်းပြီး အရှိန်အဝါကြီးသော အသံတစ်ခုက တတိယသွေးမျိုးဆက်မှ ထွက်ပေါ်လာခဲ့သည်။
"ဝုန်း"
စကားသံအဆုံးတွင်၊ လုမင်ဟာ သူ့ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏အသိစိတ်က တတိယသွေးမျိုးဆက်သို့ ဝင်ရောက်သွားပုံရ၏။
ထို့နောက် သူမြင်လိုက်ရသည်က အနှိုင်းမဲ့ကြီးမားပြီး အကန့်အသတ်မဲ့သော သွေးပင်လယ်ကြီး ဖြစ်တော့သည်။
ပင်လယ်ရေက အဆုံးမရှိသော သွေးများဖြင့် ပြည့်နေပုံရသည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် လှိုင်းလုံးများ လှုပ်ခတ်လာပြီး အဆုံးမရှိသော ပင်လယ်ထဲတွင် မျက်နှာကြီးတစ်ခု ပေါ်လာ၏။ ယင်းက အကန့်အသတ်မဲ့ ကြီးမားသော မျက်နှာတစ်ခု ဖြစ်တော့သည်။
အေးစက်သော မျက်လုံးတစ်စုံက လုမင်ကို ကြည့်လိုက်သည်။
"စွမ်းအား၊ ငါ မင်းကို ပေးလိုက်မယ်"
ဧရာမ မျက်နှာကြီးက သူ့ပါးစပ်ကိုဟပြီး ပြောလိုက်သည်။
"ဝုန်း"
ဤအခိုက်အတန့်တွင် အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်မှာ လုမင် နစ်မြုပ်သွားခဲ့သည်။ ထိုအချိန်တွင်၊ လုမင်က အဆုံးမဲ့ အမှောင်ထုထဲသို့ နစ်မြုပ်သွားပုံရ၏။ အဆုံးမရှိသော စွမ်းအားများကလည်း သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာတော့သည်။
"ဝမ်"
ထိုအချိန်တွင် လုမင်၏ ဆံပင်များက သိသိသာသာ ရှည်ထွက်လာခဲ့သည်။ သူ့ဆံပင်များက အနည်းဆုံး နှစ်မီတာရှည်လျားပြီး လေထဲတွင် လွင့်မျောနေ၏။
လုမင်၏ ခန္ဓာကိုယ်ကလည်း လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင်၊ သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အရိုးများ ငေါထွက်လာ၏။
လုမင်၏ မျက်လုံးများကလည်း လုံးဝ နီရဲနေတော့သည်။ ဤအခိုက်တွင်၊ သူ၏ မျက်လုံးများက ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဆင်ခြင်နိုင်စွမ်း အရိပ်အယောင်မျှ မရှိတော့ပါ။
"ဂါး"
လုမင်က သားရဲကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
"သတ်၊ သတ်၊ သတ်"
ဟိန်းဟောက်ရင်း လုမင်ထံမှ ကြောက်မက်ဖွယ် စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။
"ဝုန်း"
အားကောင်းသော စွမ်းအားများကလည်း သူတော်စင်ရတနာဓားသို့ စီးဝင်သွားသည်။ အဖျက်စွမ်းအားက သူတော်စင်ရတနာဓားမှတဆင့် ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်၏လက်သို့ ဆက်လက် စီးဝင်သွား၏။
ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး သူ့လက်မှာ ပေါက်ကွဲသွားတော့သည်။ သွေးသံတရဲရဲဖြင့် သူ နောက်ပြန်ဆုတ်သွားတယ်။ သူ့မျက်လုံးများမှာလည်း မယုံကြည်မှုတို့ ပြည့်နှက်သွားပေသည်။
"မင်း... မင်းက ဘယ်လိုနတ်ဆိုးမျိုးလဲ"
ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်လည်း ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။
လုမင်ကို ကြောက်စရာကောင်းသော ဒဏ္ဍာရီလာ နတ်ဆိုးတစ်ကောင်ကဲ့သို့ ရုတ်ချည်း ပြောင်းလဲသွားမည်ဟု သူ ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့မိပေ။