← Chapters

အခန်း ၁၅၆၁

Vol. 105 Ch. 1561

အခန်း ၁၅၆၁

Vol. 105 Ch. 1561

အပိုင်း ( 1561 ) အသက်ခန္ဓာ။

ထိုအချိန်က လုမင်ဟာ သတ်ဖြတ်ချင်စိတ်၏ လွှမ်းမိုးမှုအောက်ကို လုံးဝ ကျရောက်ခဲ့ရသည်။ ထို့ကြောင့် ဆင်ခြင်တုံတရား ပျောက်ဆုံးပြီး ရူးသွပ်စွာ သတ်ဖြတ်ခဲ့မိ၏။

နောက်ပိုင်းတွင် ကလေးမလေးတစ်ဦးကြောင့် အသိစိတ် အရိပ်အယောင်လေး ပြန်ဝင်ခဲ့ရသည်။ သို့သော်၊ ထိုအချိန်က များစွာ နောက်ကျသွားခဲ့ပြီ။ နန်းတော်ရှိ လူများစွာတို့ သူ့လက်တွင် သေဆုံးကုန်ကြပြီ ဖြစ်သည်။

ယခုတော့ ထိုနန်းတော်ကို စွဲလန်းမှုအချို့ရှိသဖြင့် ပြန်ရောက်လာမိခြင်း ဖြစ်လိမ့်မည်။

"ငါ ရောက်လာမှတော့ ဝင်ပြီး ဂါရဝပြုလိုက်ရအောင်"

လုမင် သက်ပြင်းချလိုက်သည်။

ဤနန်းတော်မှ လူများက သူနှင့် ရန်ငြိုးမရှိကြသော်လည်း လူအများစုကို သတ်ခဲ့မိသည်။ လုမင်လည်း အပြစ်ရှိသလို ခံစားခဲ့ရပေသည်။

လုမင် ကြင်နာမှုနှင့် မုန်းတီးမှုကို ခွဲခြားသိမြင်တတ်သူ ဖြစ်သည်။ ကျေးဇူးရှင်သူကို ကျေးဇူးဆပ်သည်၊ အပြစ်မဲ့သူများကို ဘယ်တော့မှ သတ်မည် မဟုတ်ပေ။

သူ သတ်ခဲ့သူအားလုံးက သူနှင့် ရန်ငြိုးဖွဲ့ထားသူ သို့မဟုတ် သူ သတ်ပစ်ချင်သူများ ဖြစ်သည်။

အဆုံးမရှိသော သတ်ဖြတ်ရန် ရည်ရွယ်ချက်ကြောင့် မဟုတ်ပါက လုမင်သည် ထိုသို့ပြုမည်မဟုတ်ပေ။

ထိုသို့တွေးမိတော့ လုမင်လည်း ရှေ့ကို တိုးသွားခဲ့သည်။

"ဘယ်သူလဲ၊ ဒါက လုမိသားစုရဲ့ နန်းတော်ပါ။ ရပ်လိုက်ပါ"

နန်းတော်အနီးသို့ ချဉ်းကပ်လာသောအခါ လူထွားကြီးတချို့ ပြေးထွက်လာပြီး လုမင်၏လမ်းကို ပိတ်ထားလိုက်သည်။ သူတို့က လုမင်ကို သတိထားပြီး ကြည့်လိုက်ကြ၏။

'လုမိသားစုရဲ့ နန်းတော်လား၊ သူတို့က ငါနဲ့ မျိုးရိုးတူတာပဲ'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်မိသည်။ ထို့နောက် လက်ယှက်ပြီး ပြောလိုက်လေသည်။

"နဂါးနတ်ဘုရားတောင်ကြားက တပည့် လုမင်ပါ။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က လုမင်မိသားစုရဲ့ နန်းတော်ကို တိုက်ခိုက်ခံရပြီး လူအများအပြား သေဆုံးခဲ့တယ်လို့ ကြားတယ်။ အဲဒါကြောင့် အရိုအသေပြုဖို့ ဒီကို ရောက်လာခဲ့တာပါ"

"ခင်ဗျားက နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တစ်ယောက်လား"

လူထွားကြီးများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

"မှန်ပါတယ်၊ ဒါက ကျူပ်ရဲ့ အထောက်အထား တံဆိပ်ပြား"

လုမင်က နဂါးနတ်ဘုရားတောင်ကြား၏ အထောက်အထား တံဆိပ်ပြားကို ထုတ်ယူပြီး ထိုလူအား ပေးလိုက်သည်။

ထိုလူလည်း တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာအမူအရာက ပျော့ပြောင်းသွားလေသည်။

"တကယ်ကို မိတ်ဆွေက နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်ပဲ။ ရိုင်းစိုင်းမိသွားရင် ခွင့်လွှတ်ပါ"

ဤနေရာက နဂါးနတ်ဘုရားတောင်ကြားနှင့် မဝေးပေ။ သူတို့ကဲ့သို့ အင်အားစုလေးများက ဂိုဏ်းကြီးများကို အလွန်လေးစားကြဆဲ ဖြစ်သည်။

"ကျုပ်ရဲ့ ဘိုးဘေးဟာ တချိန်က လုမိသားစုနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့တယ်။ အခု လုမိသားစုက တိုက်ခိုက်ခံရတယ်လို့ ကြားရတဲ့အတွက် အရိုအသေပေးဖို့ ရောက်လာခဲ့တာပါ"

လုမင်က ထပ်မံပြောလိုက်သည်။

"ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က လုမိသားစုကို နတ်ဆိုးတစ်ကောင်က ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး အသေအပျောက် ပြင်းထန်ခဲ့တယ်။ အဲဒီနတ်ဆိုးကို ကျုပ်တို့ လုမိသားစုရဲ့ရန်သူတွေ စေလွှတ်ခဲ့တာလား မသိပါဘူး။ ဟင်း... သခင်လေး၊ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ"

ထွားကြိုင်းသော အမျိုးသားတစ်ဦးက သက်ပြင်းချပြီး ရှေ့သို့မလှမ်းမီ လက်ယှက်ကာ ပြောလိုက်သည်။

လုမင်လည်း သူ့နှလုံးသားထဲမှ အကူအညီမဲ့သလို ခံစားလိုက်ရသည်။ တစ်ဖက်လူ ပြောပြနေသော နတ်ဆိုးက သဘာဝအတိုင်း သူကိုယ်တိုင်ပင်။

လုမင်လည်း လူထွားကြီး၏ နောက်မှလိုက်ကာ နန်းတော်အနောက်ဘက် ခပ်လှမ်းလှမ်းသို့ ပျံသန်းသွားခဲ့သည်။

ဤနေရာတွင် မြေပုံမှတ်တိုင်များ အများအပြား စိုက်ထူထား၏။

"လွန်ခဲ့တဲ့ နှစ်ဝက်လောက်က လူတစ်ရာကျော် သေဆုံးခဲ့ပြီး အားလုံးကို ဒီမှာပဲ မြှုပ်နှံထားပါတယ်"

လူထွားကြီးက ပြောလိုက်သည်။

လုမင်လည်း သင်္ချိုင်းဂူများကို ကြည့်လိုက်ပြီးနောက် လက်ယှက်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။

'အဲဒီအချိန်တုန်းက ရွေးချယ်စရာမရှိဘဲ လုပ်ခဲ့မိတာဆိုပေမဲ့ အမှားဟာ အမှားယွင်းပါပဲ။ အခုကစပြီး လုမိသားစုနန်းတော်ရဲ့ အရေးကိစ္စက လုမင်ရဲ့ကိစ္စ ဖြစ်သွားပါပြီ'

လုမင်လည်း သူ့နှလုံးသားထဲမှ ရေရွတ်လိုက်သည်။

"အကိုကြီး၊ ရှင်ပဲလား"

ရုတ်တရက် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

လုမင် လှည့်ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့ဩသွား၏။

မိန်းကလေးတစ်ဦးနှင့် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကောင်မလေးတစ်ယောက်က မနီးမဝေးတွင် ရပ်နေသည်။

ဤအခိုက်တွင် ကောင်မလေးက မျက်လုံးဝိုင်းဝိုင်းလေးနှင့် လုမင်ကို စိုက်ကြည့်နေသည်။

ထိုကလေးမလေးမှာ သတ်ဖြတ်ခြင်းများကြားတွင် လုမင်ကို အသိစိတ် အရိပ်အယောင် ပြန်လည်ရရှိစေခဲ့သော ကောင်မလေး ဖြစ်သည်။ မိန်းကလေးကတော့ ကလေးမလေး၏ မိခင် ဖြစ်ပေသည်။

"အကိုကြီး"

ကောင်မလေးက ထပ်ခေါ်လိုက်သည်။ သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အမြွက် ရှိနေသော်လည်း ထို့ထက်ပို၍ စူးစမ်းလိုစိတ်က ရှိနေလေ၏။

'ဒီကောင်မလေးက ငါ့ကို မှတ်မိတယ်'

လုမင် အံ့သြသွားသည်။ အနည်းငယ် မယုံနိုင်သလို သူခံစားလိုက်မိ၏။

လွန်ခဲ့သည့် နှစ်ဝက်ခန့်က တတိယသွေးမျိုးဆက်၏ လွှမ်းမိုးမှုအောက်တွင် သူ၏ရုပ်ခန္ဓာမှာ လက်ရှိပုံစံနှင့် လားလားမျှမဆိုင်ပေ။ ထိုအချိန်က သူဟာ အနီရောင် ဆံပင်ရှည်၊ သွေး‌နီရောင် မျက်လုံးများရှိပြီး ခန္ဓာကိုယ်မှာလည်း နတ်ဆိုးတစ်ကောင်ကဲ့သို့ အရိုးဆူးများ ရှိနေခဲ့သည်။ သူ့အရှိန်အဝါကလည်း လုံးဝ မတူပေ။

ကျင့်ကြံသူများပင်လျှင် လုမင်ကို အသိအမှတ်မပြုနိုင်ပါ။ ဤကလေးမလေးကတော့ စတင်ပြီး ကျင့်ကြံရပုံပင် မရှိချေ။ သူ့ကို မည်သို့ မှတ်မိပါသနည်း။

"ရှန်းရှန်း၊ ဒီအစ်ကိုကြီးကို သိလား"

ကလေးမလေး၏ အမေက မေးလိုက်သည်။

"ဟုတ်"

ကောင်မလေးက ခေါင်းညိတ်ပြလိုက်သော်လည်း အခြား ဘာမျှမပြောပေ။

"သခင်မလေး၊ ဒါက နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်ပါ။ သူ့ဘိုးဘေးက လုမိသားစုနဲ့ ဆက်ဆံရေးကောင်း ရှိဖူးတယ်။ အခု လုမိသားစုရဲ့ သတင်းကိုကြားတော့ လာပြီး‌တော့ ဂါရဝပြုတာပါ"

လူထွားကြီးက ရှင်းပြလိုက်သည်။

"အိုး၊ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်ပဲ။ လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်"

မိန်းကလေးက လက်ယှက်ပြီး လုမင်ကို ဦးညွတ်လိုက်လေသည်။

"ယဉ်ကျေးလွန်းပါပြီ"

လုမင်လည်း လက်ယှက်ပြလိုက်သည်။ ထို့နောက် ကလေးမလေးအား ကြည့်ပြီး မေးလိုက်၏။

"ညီမလေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ"

"ရှန်းရှန်း၊ လုရှန်းရှန်းပါ"

ကလေးမလေး၏ မျက်လုံးများမှ အကြောက်တရားများ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ သူမက လုမင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။

"ရှန်းရှန်း၊ နာမည်ကောင်းပဲ"

လုမင် ပြုံးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများက ကလေးမလေးထံမှ တစ်စုံတစ်ခုကို သတိပြုမိဟန်ဖြင့် ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤကလေးမလေးကို သူ လွန်စွာ သိချင်လာ၏။

သူ့ကို မည်သို့ အသိအမှတ်ပြုခဲ့သနည်း။

ထို့အပြင်၊ ထိုစဉ်က သူဟာ ဤကလေးမလေးကြောင့် သတ်ဖြတ်ခြင်း အခြေအနေမှ အသိစိတ် အရိပ်အမြွက်ကို ပြန်ယူနိုင်ခဲ့သည်။ ထိုသည်မှာ လုမင်က ကောင်မလေးကို သနားစိတ်ကြောင့် အသိပြန်ဝင်လာခြင်းတော့ မဟုတ်တန်ရာပေ။

ထိုအချိန်က သူ့အသိစိတ်များ လုံးဝ ပျောက်ဆုံးသွားကာ စာနာမှုလည်း မရှိပါ။ သူ့စိတ်ထဲတွင် သတ်ဖြတ်ချင်စိတ်တစ်ခုသာ ရှိသည်။

သို့ဖြစ်ပေရာ အခြားအကြောင်းပြချက် ရှိရမည်။

လုမင်လည်း လျှို့ဝှက်ကျင့်စဉ်တစ်ခုကို တိတ်တဆိတ် အသုံးပြုလိုက်သည်။

ဤလျှို့ဝှက်ကျင့်စဉ်ကို နဝမနဂါး၏ မှတ်ဉာဏ်အပိုင်းအစများမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဤလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုသောအခါ၊ လူတစ်ဦး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှ ထိုသူ၏အရည်အချင်းအား အကြမ်းဖျင်း ကြည့်ရှုစစ်ဆေးနိုင်သည်။

ဟုတ်ပေသည်၊ တစ်ဖက်လူက ယွမ်ချီစွမ်းအင်နှင့် လုံးဝ မခုခံမှသာ ဖြစ်သည်။

လုမင်၏ မျက်လုံးများတွင် ရှန်းရှန်း၏ ခန္ဓာကိုယ်က အပြောင်းအလဲများ ပေါ်လာခဲ့သည်။ သူ့ခန္ဓာမှာ အဆုံးမဲ့ အသက်ဓာတ်များ ပြည့်နှက်နေသော အလင်းဘောလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။

'ဘယ်လောက်တောင် ထူးဆန်းတဲ့ ဖွဲ့စည်းပုံလဲ၊ ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့ ဖွဲ့စည်းပုံလဲ'

ခဏအကြာတွင် လုမင်က လျှို့ဝှက်ကျင့်စဥ်ကို ရုပ်သိမ်းလိုက်သည်။ သူ့မျက်လုံးများမှာတော့ အံ့သြမှုတို့ ပြည့်နေလေ၏။

အတုမရှိသော ပါရမီရှင်။

ဤကလေးမလေးက တကယ်ကို ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သူမက လုမင် တွေ့ကြုံဖူးသော ပါရမီရှင်များထက်ပင် ပို၍ အရည်အချင်း မြင့်မားပေသည်။

သူမက အရောင်မတင်ရသေးသော ကျောက်ရိုင်းတစ်တုံး ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ် နက်နဲရာတွင် လျှို့ဝှက်နေသော အသက်ဓာတ်က လုမင်ကိုပင် တုန်လှုပ်သွားစေခဲ့ပေသည်။

'ဒါက ဒဏ္ဍာရီလာ အသက်ခန္ဓာ ဖြစ်နိုင်မလား'

ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို တွေးမိသောအခါ သူ့နှလုံးသားမှာ တုန်လှုပ်သွားမိသည်။

ကမ္ဘာပေါ်တွင် သဘာဝအတိုင်း ကြောက်စရာကောင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများ ရှိခဲ့သည်။ ၎င်းတို့ကို အထူးနည်းလမ်းမရှိဘဲ ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲသော်လည်း စွမ်းအားက တုန်လှုပ်စရာ ဖြစ်၏။ အသက်ခန္ဓာမှာ ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။

'တကယ်သာ အသက်ခန္ဓာဖြစ်ရင်၊ သူ ငါ့ကို အသိစိတ်ဝင်စေနိုင်တာနဲ့ ငါ့ကို ဘာကြောင့် မှတ်မိနေသလဲဆိုတာက ဖြေရှင်းပြီးသား ဖြစ်သွားပြီ'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။

အသက်ခန္ဓာတွင် သက်ရှိသတ္တဝါ အမျိုးမျိုးပေါ် အံ့သြဖွယ်ကောင်းအောင် ခံစားနိုင်စွမ်း ရှိသည်။ အသက်ဓာတ်၏ လက္ခဏာများဖြင့် လူတစ်ဦးကို အသိအမှတ်ပြုနိုင်ပေသည်။ ဤသည်မှာ အခြားသူများ မသင်ယူနိုင်သော အရည်အချင်းတစ်ခု ဖြစ်သည်။

"မင်းတို့နှစ်ယောက်၊ လုမင်က ရှန်းရှန်းနဲ့ ခဏလောက် စကားပြောချင်တယ်။ အဆင်ပြေရဲ့လား"

လုမင်က မိန်းကလေးနှင့် လူထွားကြီးကို ပြောလိုက်သည်။

"ဒါက..."

မိန်းကလေးက အနည်းငယ် ချီတုံချတုံ ဖြစ်သွား၏။

"စိတ်မပူပါနဲ့၊ ရှန်းရှန်းက အရမ်းထက်မြက်တာမို့ သူ့ကို ငါ့တပည့်အဖြစ် ခေါ်သွားဖို့ ရည်မှန်းထားတယ်။ အခု သူ့ကို နည်းနည်းပါးပါး မေးမြန်းချင်ရုံပါ"

လုမင် ရှင်းပြလိုက်သည်။

"ရှန်းရှန်းကို ရှင့်ရဲ့ တပည့်အဖြစ် လက်ခံမှာလား"

မိန်းကလေး၏ မျက်လုံးများက တောက်ပသွား၏။

လုမင်က နဂါးနတ်ဘုရားတောင်ကြားမှ တပည့်တစ်ဦး ဖြစ်သည်။ ရှန်းရှန်းကို သူ့တပည့်အဖြစ် လက်ခံနိုင်ပါက သူမ သဘာဝအတိုင်း ပျော်ရွှင်နေလိမ့်မည်။

"ကောင်းပါပြီ သခင်လေး၊ ကျေးဇူးပြုပြီး မေးပါ"

မိန်းကလေးလည်း ကမန်းကတန်းပြောပြီး လူထွားကြီးနှင့်အတူ ထွက်ခွာသွားတော့သည်။ ထို့နောက် အဝေးတွင်ရပ်ပြီး လှမ်းကြည့်လိုက်ကြသည်။

နေရာမှာတော့ လုမင်နှင့် ရှန်းရှန်းတို့သာ ကျန်တော့သည်။

"ရှန်းရှန်း၊ ငါဘယ်သူလဲဆိုတာ မင်းသိတယ်ဆိုရင် ငါ့ကိုမကြောက်ဘူးလား။ မင်းငါ့ကို မုန်းရော မမုန်းဘူးလား"

လုမင်က ရှန်းရှန်းကိုကြည့်ပြီး မေးလိုက်သည်။

All Chapters