အခန်း ၁၅၆၂
Vol. 105 Ch. 1562
အပိုင်း ( 1562 ) လုမင်၏ ပထမဆုံး တိုက်ရိုက်တပည့်။
"ကျွန်မ မကြောက်ပါဘူး"
ရှန်းရှန်းက ခေါင်းကိုခါယမ်းလိုက်လေသည်။
"အစ်ကိုကြီးက တမင်တကာ မလုပ်ခဲ့ဘူးဆိုတာ သိပါတယ်။ အစ်ကိုကြီးမှာ ရွေးချယ်စရာမရှိခဲ့လို့သာ... အဲဒါကြောင့် ရှန်းရှန်းက အခု အစ်ကိုကြီးကို မကြောက်တော့သလို မုန်းလည်း မမုန်းပါဘူး"
ရှန်းရှန်း ပြောလိုက်သည်။ သူမ၏ အသံက ကလေးအသံ ခပ်သေးသေးလေးဖြစ်သော်လည်း စကားများက ကျိုးကြောင်းဆီလျော်ပေသည်။
"အင်း၊ အစ်ကို ရှန်းရှန်းကို ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ဒါက အစ်ကိုတို့ နှစ်ယောက်ကြားက လျှို့ဝှက်ချက် ဖြစ်သွားပြီနော်။ ဘယ်သူ့ကိုမှ ပြန်မပြောပြရဘူး... မင်းရဲ့ အမေကိုတောင်မှ မပြောရဘူး၊ ဟုတ်ပြီလား"
လုမင်က တိုးတိုးလေးပြောလိုက်သည်။
"ဟုတ်၊ ရှန်းရှန်း မပြောပြပါဘူး။ ရှန်းရှန်းပြောလိုက်ရင် အမေနဲ့ တခြားသူတွေက အစ်ကိုကြီးကို ကြောက်ကြလိမ့်မယ်"
ရှန်းရှန်းက ခေါင်းခါယမ်းပြီး ပြောလိုက်၏။ သူမ၏ ကျစ်ဆံမြီးလေးက တလှုပ်လှုပ်ဖြစ်သွားရာ လွန်စွာမှ ချစ်စရာကောင်းလေသည်။
"တော်တယ်"
လုမင် ပြုံးပြီး ပြောလိုက်သည်။
"ရှန်းရှန်း၊ အစ်ကိုကြီး မင်းကို တပည့်အဖြစ် ခေါ်သွားပြီး သိုင်းပညာ သင်ပေးမယ်ဆိုရင် ဘယ်လိုလဲ"
အမှန်အတိုင်းပြောရလျှင်၊ လုမင်ဟာ သူမကို တပည့်အဖြစ် အမှန်တကယ် ခေါ်ယူချင်မိသည်။
နောက်ဆုံးတွင်၊ အသက်ခန္ဓာမှာ အံ့ဖွယ်ကောင်းလွန်း၏။ အခြားသူများသာ သိသွားပါက ရှန်းရှန်းကို တပည့်အဖြစ်ခေါ်ယူရန် အကျော်အမော်မည်မျှ လှုပ်ရှားကြမလဲဆိုတာ မည်သူသိမည်နည်း။ ရှန်းရှန်းကို တပည့်အဖြစ်ခံယူရန် ဧကရာဇ်ကြီးအချို့ပင် တိုက်ခိုက်ကြပေမည်။
လုမင်မှာ ဤမျှကောင်းသော ကျောက်စိမ်းတုံးကြီးကို တွေ့နေရပြီဖြစ်သောကြောင့် သဘာဝအတိုင်း လက်လွတ်မခံချင်ခဲ့ပေ။
"ကောင်းလိုက်တာ၊ ရှန်းရှန်းလည်း သိုင်းပညာကို လေ့ကျင့်ချင်နေတာ ကြာပြီ"
ရှန်းရှန်းက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
လုမင်လည်း ဝမ်းသာအားရ ဖြစ်သွားလေသည်။ သူက အဝေးမှ မိန်းကလေးကို ခေါင်းညိတ်ပြလိုက်ရာ နှစ်ယောက်သား အပြေးလေး လျှောက်လာခဲ့ကြသည်။
"လုမင်က ရှန်းရှန်းကို တပည့်အဖြစ် ခေါ်ယူချင်တယ်၊ ရှန်းရှန်းကလည်း သဘောတူပါတယ်"
လုမင် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး။ ရှန်းရှန်း၊ ဆရာ့ကို မြန်မြန်ဒူးထောက်ပြီး အရိုအသေပေးလိုက်လေ"
မိန်းကလေး အလွန်ဝမ်းသာသွားသည်။
"ရှန်းရှန်းက ဆရာ့ကို နှုတ်ခွန်းဆက်ပါတယ်"
ရှန်းရှန်းလည်း လိမ်လိမ်မာမာဖြင့် ဒူးထောက်ပြီး လုမင်ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်တော့သည်။
"ကောင်းပါပြီ၊ မြန်မြန်ထပါ"
လုမင်လည်း ပျော်ရွှင်စွာဖြင့် ရှန်းရှန်းကို ပြန်ထရန် ဖေးမပေးလိုက်သည်။ သူက ရှန်းရှန်း၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးတစ်ချက်ညွှန်လိုက်ရာ အလင်းတန်းတစ်ခု လင်းလက်လာသည်။
"ရှန်းရှန်း၊ ငါ မင်းကို ကျင့်စဉ်တစ်ခု ပေးထားလိုက်ပြီ။ မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ဒီကျင့်စဉ်က လိုက်ဖက်တယ်။ နောင်မှာ ဒီကျင့်စဉ်အတိုင်း လေ့ကျင့်ပါ"
လုမင် ပြောလိုက်၏။
ထိုကျင့်စဉ်ကို 'စကြာဝဠာကျင့်စဉ်'ဟု ခေါ်သည်။ ယင်းက နဝမနဂါး၏ မှတ်ညာဏ်များထဲမှ ကျင့်စဉ်တစ်ခုလည်း ဖြစ်ချေသည်။ ယင်းမှာ အလွန်နက်နဲပြီး လျှို့ဝှက်ဆန်းကျယ်သည်။ သို့ရာတွင်၊ လုမင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြင့် မလိုက်ဖက်သောကြောင့် မလေ့ကျင့်နိုင်ပေ။ ထို့ကြောင့် ယင်းကို ရှန်းရှန်းအတွက် အခြေခံအုတ်မြစ်အဖြစ် ပေးအပ်ခြင်းက အကောင်းဆုံးဖြစ်သည်။
လုမင်က ရှန်းရှန်းကို တပည့်အဖြစ်လက်ခံပြီး ကျင့်စဉ်တစ်ခု ပေးအပ်လိုက်ရာ မိန်းကလေးမှာ အတိုင်းမသိ ပျော်ရွှင်သွားခဲ့သည်။ သူသည် လုမင်နှင့် ပို၍ ရင်းနှင်းလာသလိုလည်း ခံစားလာမိ၏။ စကားစမြည်များပင် ပြောလာတော့သည်။
စကားပြောရင်း လုမင်သည် ထိုမိန်းကလေး၏ အမည်မှာ လျိုဝမ်ကျွင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူမက ရှန်းရှန်း၏ မိခင်ဖြစ်ပြီး လုမိသားစုနန်းတော်၏ ချွေးမတစ်ဦးလည်း ဖြစ်ချေသည်။ ရှန်းရှန်း၏ ဖခင်ကား လုမိသားစုနန်းတော်၏ သခင်လေးတစ်ဦး ဖြစ်သည်။ သို့သော်လည်း သူဟာ လွန်ခဲ့သည့် နှစ်အနည်းငယ်က စွန့်စားခန်းထွက်ရင်း သေဆုံးသွားခဲ့သည်။
ရှန်းရှန်း၏ အဘိုးကတော့ လုမိသားစုနန်းတော်၏ ခေါင်းဆောင်တစ်ဦးပင်။ လုမင် အသိစိတ်ပျောက်ကာ သတ်ဖြတ်ခဲ့စဉ်က ရှန်းရှန်း၏အဘိုးမှာ တံခါးပိတ်လေ့ကျင့်နေသောကြောင့် လွတ်မြောက်ခဲ့ရသည်။
လုမင်လည်း ရှန်းရှန်းနှင့် အရင်းနှီးဆုံးလူများကို မသတ်မိသောကြောင့် ကြိတ်ဝမ်းသာမိခဲ့လေသည်။ မဟုတ်ပါက၊ ရှန်းရှန်းဟာ သူ့အပေါ်မှာ အမြင်ကောင်းရှိတော့ရန် မလွယ်ပေ။
"ဒုံ၊ ဒုံ၊ ဒုံ"
ထိုအချိန်တွင်၊ လုမိသားစုနန်းတော်မှ ကျယ်လောင်သော ဗုံသံများ ထွက်ပေါ်လာသည်။
ယင်းက တိုက်ပွဲဝင်ဗုံသံပင်။
"ရန်သူတိုက်ခိုက်တယ်၊ ရန်သူတိုက်ခိုက်တယ်"
"ကျောက်မျိုးနွယ်၊ အဲဒါက ကျောက်မျိုးနွယ်စုပဲ"
စိုးရိမ်တကြီး အော်သံများနှင့် လုမိသားစုနန်းတော်မှ လူအများအပြား ပြေးထွက်သွားကြသည်။ တစ်ချိန်တည်းမှာပင်၊ အစီရင်ကြီးတစ်ခုကို စတင်လိုက်ရာ နန်းတော်တစ်ခုလုံးကို တောက်ပသော အလင်းလွှာတစ်ခုက လွှမ်းခြုံသွား၏။
လျိုဝမ်ကျွင်းနှင့် ထွားကျိုင်းသော လူလတ်အပိုင်း အမျိုးသားလည်း တုန်လှုပ်သွားတော့သည်။
"ကျောက်မျိုးနွယ်ကကောင်တွေ ထပ်ရောက်လာပြန်ပြီ"
လူလတ်ပိုင်း အမျိုးသားက ဒေါသတကြီး ဖြစ်သွားသည်။
"ဒီတစ်ခါ သူတို့ရောက်လာတာက ကောင်းမွန်တဲ့ရည်ရွယ်ချက်မရှိမှာကို ကြောက်ရတယ်"
လျိုဝမ်ကျွင်း၏ မျက်နှာအမူအရာမှာလည်း စိုးရိမ်မှု အရိပ်အယောင်တို့ ပေါ်လာလေ၏။
"သခင်မလေး၊ မင်းဒီမှာနေပါ။ ငါသွားကြည့်လိုက်မယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက နန်းတော်ရှေ့သို့ ပျံသန်းသွားပြီး အခြားသူများနှင့် ပူးပေါင်းလိုက်သည်။
"သွားကြည့်ရအောင်"
လုမင်က ရှန်းရှန်း၏ လက်ကိုဆွဲကာ ပျံသန်းသွားလိုက်သည်။ လျိုဝမ်ကျွင်းလည်း နောက်မှ အမြန်လိုက်သွားခဲ့လေသည်။
နန်းတော်ရှေ့ကို လုမင် ရောက်လာတော့ လူရိပ်များစွာတို့ ရောက်နေပြီ ဖြစ်သည်။ သူတို့အားလုံးက လုမိသားစုနန်းတော်မှ ကျွမ်းကျင်သူများ ဖြစ်၏။ သို့သော်လည်း လုမင်ဟာ သူတို့ထဲတွင် အကျော်အမော်များ အများအပြား မရှိကြောင်း တွေ့ရှိခဲ့ရသည်။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်မှ အဆင့်မြင့်သိုင်းအုပ်ချုပ်သူက အနည်းငယ်မျှသာ ရှိပေသည်။
ခေါင်းဆောင်က ဆံပင်နှင့် မုတ်ဆိတ်များပင် ဖြူနေပြီဖြစ်သော အဘိုးကြီးတစ်ဦး ဖြစ်သည်။ သူက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပုံရလေသည်။
"အဘိုး"
ရှန်းရှန်းက ထိုအဘိုးကိုကြည့်ရင်း ခပ်တိုးတိုး အော်လိုက်သည်။
လုမိသားစုနန်းတော်၏ အပြင်ဘက်မှာတော့ ကြီးမားသော စစ်သင်္ဘောတစ်စင်း ရပ်နားထားသည်။ စစ်သင်္ဘောသည် ကြီးကျယ်ခမ်းနားပြီး စစ်သင်္ဘောပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များလည်း ထွက်ပေါ်လာ၏။
"ဝုန်း"
တောင့်တင်းသန်မာသော ကြွက်သားများဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စစ်သင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ သူသည်လည်း အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
"အဲဒါ ကျောက်မျိုးနွယ်ရဲ့ ခေါင်းဆောင် ကျောက်ထျန်းပါ့ပဲ"
လျိုဝမ်ကျွင်းက လုမင်၏ အနားမှာရပ်လိုက်ပြီး ခပ်တိုးတိုး ပြောပြလိုက်သည်။
"အဘိုးကြီး လု၊ ငါ မင်းကို တစ်လ အချိန်ပေးထားပြီးပြီ။ မင်းစိတ်ပြောင်းသွားပြီလား။ အခုလက်နက်ချပြီး ကျောက်မျိုးနွယ်နဲ့ ပူးပေါင်းပါ"
ကျောက်ထျန်းပါ့၏ အသံက လုမိသားစု နန်းတော်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
"မစဉ်းစားနဲ့"
ရှန်းရှန်း၏ အဖိုးက အော်ပြောလိုက်၏။
ကျောက်ထျန်းပါ့၏ မျက်နှာက မှုန်ကုပ်သွားသည်။
"မင်း အညံ့မခံရင် လုမိသားစု နန်းတော်တစ်ခုလုံး အသတ်ခံရလိမ့်မယ်"
ကျောက်ထျန်းပါ့၏ အရှိန်အဝါက ပို၍ အားကောင်းဘာပြီး ရှန်းရှန်း၏အဘိုးကို ဖိနှိပ်လိုက်၏။
ရှန်းရှန်း၏ အဘိုးကလည်း နောက်မဆုတ်ဘဲ သူ့အရှိန်အဝါကို ပေါက်ကွဲထုတ်ကာ ခုခံခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
လုမင်က လျိုဝမ်ကျွင်းကို မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ဝက်လောက်က လုမိသားစုနန်းတော် ဒုက္ခရောက်ခဲ့တယ်။ နတ်ဆိုးတစ်ကောင်ရောက်လာပြီး ကျွန်မတို့ရဲ့ အဆင့်မြင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတော်တော်များများကို သတ်ပစ်လိုက်တယ်။ ကျောက်မျိုးနွယ်က အခြေအနေကို အခွင့်ကောင်းယူပြီး လုမိသားစုကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ။ လွန်ခဲ့တဲ့ တစ်လကပဲ သူတို့ရောက်လာပြီး လုမိသားစုကို စဉ်စားဖို့ အချိန်တစ်လပေးမယ်လို့ ပြောခဲ့တယ်။ အချိန်စေ့လို့မှ လက်မခံရင် လုမိသားစုကို ဖျက်ဆီးပစ်မယ်တဲ့"
လျိုဝမ်ကျွင်းက ရှင်းပြလိုက်သည်။
လုမင်လည်း နားလည်သဘောပေါက်သွားလေသည်။
သိုင်းကမ္ဘာတွင် သန်မာသူများက အားနည်းသူများကို လုယက်ကြသည်။ ဂိုဏ်းကြီးတစ်ခု သို့မဟုတ် အင်အားစုငယ်ပင် ဖြစ်စေ... လုံလောက်သော အင်အားမရှိပါက အခြား အင်အားစုများ၏ သိမ်းပိုက်ခြင်းကို ခံရလိမ့်မည်။
စန်းပြည်နယ်ရှိ ထိပ်တန်းအင်အားစု ဆယ့်သုံးခုအတွက်ပင် အလားတူ ဖြစ်သည်။
ဥပမာအားဖြင့် နဂါးနတ်ဘုရားတောင်ကြားရှိ သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများစွာ ကျဆုံးသွားပါက၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားအင်အားစုများက နဂါးနတ်ဘုရားတောင်ကြားကို သိမ်းပိုက်ရန် လူများကို ချက်ချင်းစေလွှတ်လိမ့်မည်။
"အဘိုးကြီး လု၊ လုမိသားစုက သေချင်နေမှတော့ ငါတို့ကို အပြစ်မတင်တော့နဲ့။ မင်းတို့ရဲ့ အစီရင်လောက်နဲ့ ငါတို့ ကျောက်မျိုးနွယ်ကို တားဆီးနိုင်မယ်လို့လည်း မထင်နဲ့"
ကျောက်ထျန်းပါ့က အေးစက်စက် ပြောလိုက်သည်။
"ဝှစ်၊ ဝှစ်၊ ဝှစ်"
စစ်သင်္ဘောပေါ်မှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။
ဤရုပ်သွင်များက စစ်သင်္ဘောပေါ်မှ ပျံထွက်လာပြီး လုမိသားစုရှေ့တွင် ရပ်လိုက်၏။ သူတို့ထံမှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ဖြစ်လာတော့သည်။
သူတို့ထဲတွင် အများစုက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့်အထက်မှ အဆင့်မြင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။
ကြောက်စရာကောင်းသော အရှိန်အဝါများက လုမိသားစုမှ လူများကို မျက်စိမျက်နှာ ပျက်သွားစေခဲ့ပေသည်။
"ကျွမ်းကျင်သူတွေ အများကြီးပဲ။ ကျောက်မျိုးနွယ်ပ အကုန်ထွက်လာကြပြီလား"
"သူတို့က လုမိသားစုကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားပုံရတယ်"
လုမိသားစုအတွင်းမှ လူအများက တုန်လှုပ်စွာ ပြောဆိုလိုက်ကြသည်။
လုမိသားစုဟာ ယခင်က ကျွမ်းကျင်သူများစွာကို ဆုံးရှုံးခဲ့ရသည်။ သူတို့က ကျောက်မျိုးနွယ်ကို မည်သို့ အနိုင်ယူနိုင်မည်နည်း။
"ဝုန်း"
ထိုအချိန်တွင် ကျောက်မျိုးနွယ်ဘက်မှ အဘိုးအိုတစ်ယောက် ထွက်လာပြန်သည်။ ကြောက်စရာကောင်းသော ရောင်ဝါက ပေါက်ကွဲထွက်လာ၏။ လုမိသားစုမှ လူများမှာ ပို၍ပင် မျက်နှာပျက်လာကြတော့သည်။
နဝမမြောက် သိုင်းအုပ်ချုပ်သူနယ်ပယ်။
ကျောက်မျိုးနွယ်မှ အဘိုးကြီးက နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်မြေ ကျွမ်းကျင်သူဖြစ်သည်။
လုမိသားစုနှင့် ကျောက်မျိုးနွယ်တွင် နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူက အသန်မာဆုံး တည်ရှိမှုများ ဖြစ်ကြသည်။
ယခင်က လုမိသားစုတွင် နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အကျော်အမော်တစ်ဦး ရှိခဲ့သော်လည်း၊ လွန်ခဲ့သော နှစ်ဝက်က နတ်ဆိုးတစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။
"လုမိသားစု၊ မင်းတို့ အညံ့မခံရင် မင်းတို့အားလုံးကို ငါသတ်မယ်။ ခွေးတွေ ကြောင်တွေတောင် မလွတ်စေရဘူး"
ကျောက်မျိုးနွယ်၏ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အဘိုးကြီးက အေးစက်စက်ပြောပြီး လုမိသားစုနန်းတော်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။