← Chapters

အခန်း ၁၅၆၃

Vol. 105 Ch. 1563

အခန်း ၁၅၆၃

Vol. 105 Ch. 1563

အပိုင်း ( 1563 ) သွေးသစ္စာကျိန်ဆိုပြီး ထွက်သွားကြ။

ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ကျွမ်းကျင်သူက ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများကိုထုတ်ဖော်ရင်း တိုက်ခိုက်ခဲ့သည်။ လေထဲတွင် ဧရာမ လက်ဝါးကြီးတစ်ဖက် ဖြစ်ပေါ်လာပြီး လုမိသားစု နန်းတော်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။

"ဝုန်း"

ဧရာမ လက်ဝါးကြီးက လုမိသားစု၏ နန်းတော်အထက်သို့ ဆက်လက် ဆင်းသက်လာ၏။ အကာကွယ် အစီရင်က ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် ခဏအကြာတွင် ပြန်လည် တည်ငြိမ်သွားတော့သည်။

"တားဆီးထားတယ်၊ တားဆီးထားလိုက်တယ်"

လုမိသားစုမှ လူများစွာလည်း ဝမ်းသာသွားကြသည်။

သူတို့၏ အကာကွယ် အစီရင်က ရန်သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ပြီ။

"ဟမ့်၊ မပြည့်စုံတဲ့ အစီရင်တစ်ခုက ငါ့ကို ဘယ်လိုတားဆီးနိုင်မှာလဲ"

ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူက အေးစက်စက် ပြောလိုက်သည်။ သူ့လက်ချောင်းမှ အရောင်တစ်ချက် လက်သွားပြီးနောက် လှံရှည်တစ်ချောင်း ပေါ်လာ၏။ လှံရှည်မှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုလည်း ထုတ်လွှတ်လာတော့သည်။

"အုပ်ချုပ်သူရတနာ၊ မင်းမှာ အုပ်ချုပ်သူရတနာရှိတာလား"

ရှန်းရှန်း၏ အဘိုးက တုန်လှုပ်စွာ အော်လိုက်သည်။

"ဟားဟားဟား၊ ငါ့ရဲ့ အုပ်ချုပ်သူရတနာနဲ့ ဖျက်ဆီးခံရတာ မင်းတို့တွေ ဂုဏ်ယူသင့်တယ်"

ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲက လှောင်ပြောင်ရယ်မောလိုက်သည်။ သူက ယွမ်ချီစွမ်းအင်များကို ဖောက်ခွဲထုတ်ရင်း လှံရှည်ဖြင့် လုမိသားစုနန်းတော်ကို ထိုးလိုက်သည်။

"ဝုန်း"

အုပ်ချုပ်သူရတနာလှံက အလွန်လျင်မြန်သောအရှိန်ဖြင့် ကြီးမားလာ၏။ လှံရှည်က အစီရင်ကို ပြင်းထန်စွာ ထိုးဖောက်သွားတော့သည်။

"ဝုန်း"

လုမိသားစု၏ အကာကွယ်အစီရင်က ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။

"ခလွမ်"

အဆုံးတွင်၊ လုမိသားစု၏ အစီရင်ပေါ်မှာ အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အက်ကွဲကြောင်းမှာ ပို၍ ကြီးမားလာ၏။

လုမိသားစု၏ အကာကွယ်အစီရင် ပျက်စီးသွားပြီ။

လုမိသားစုရှိ လူတိုင်း၏ မျက်နှာများက သွေးဆုတ်ဖြူရော်သွားကြသည်။

ယခုအခါ၊ လုမိသားစုတွင် သူတို့၏ကျွမ်းကျင်သူများ မရှိတော့ပေ။ သို့ဖြစ်ပေရာ၊ အကာကွယ်အစီရင် ပျက်စီးသွားသော လုမိသားစုမှာ ကျောက်မျိုးနွယ်ကို မည်သို့ ခုခံနိုင်မည်နည်း။ လုမိသားစု ပျက်သုဉ်းကြတော့မည်ဟု ထင်ရသည်။

"သခင်လေးလုမင်၊ ကျေးဇူးပြုပြီး ရှန်းရှန်းကို ခေါ်သွားလိုက်ပါ။ ရှင်က နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်ဖြစ်တာကြောင့် ကျောက်မျိုးနွယ်က ရှင့်ကိုထိဝံ့မှာ မဟုတ်ဘူး"

လျိုဝမ်ကျွင်း၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။ သူမက လုမင်ကို တောင်းပန်ဟန်ဖြင့် သနားစဖွယ် ကြည့်လိုက်၏။

သူမက ရှန်းရှန်း၏အသက်ကို ကယ်တင်ရန်သာ မျှော်လင့်ခဲ့လေသည်။

လုမင် ခေါင်းခါယမ်းလိုက်သည်။

"မလုပ်ချင်ဘူးလား"

လျိုဝမ်ကျွင်း မျက်နှာပျက်သွားပြီး စိတ်ဓာတ်ကျသွားသည်။

"ကျောက်မျိုးနွယ်ကို ထွက်သွားခိုင်းလိုက်မယ်"

လုမင် ပြောလိုက်၏။ လျိုဝမ်ကျွင်း၏ မျက်လုံးများက အရောင်တောက်ပသွားတော့သည်။

"လုမိသားစုက တကယ် ခေါင်းမာတယ်၊ သူတို့အားလုံးကို သတ်ပစ်"

ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲက ကြီးစိုးသော ဟန်အမူအရာဖြင့် လုမိသားစု၏ အကာအကွယ် အစီရင်ကို ဖျက်ဆီးပစ်လိုက်သည်။

သူက နတ်ဘုရားတစ်ပါးကဲ့သို့ လှံရှည်ကို လက်ထဲတွင် ကိုင်ထား၏။ သူက လုမိသားစုကို ထပ်မံတိုက်ခိုက်တော့မည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူဖြစ်သော ရှန်းရှန်း၏အဘိုးကိုပင် စိတ်ပျက်အားငယ်သွားစေခဲ့သည်။

"ဝှစ်"

ထိုအချိန်တွင်၊ လုမိသားစုမှ ကျောက်တုံးကြီးတစ်တုံးက ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲထံသို့ ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် လွင့်လာသည်။

အရှိန်က မြန်လွန်းသဖြင့် လေကိုပွတ်တိုက်ပြီး ဥက္ကာခဲကြွေသကဲ့သို့ ကျောက်တုံးက ပြေးဝင်သွား၏။

ကျောက်မျိုးနွယ်မှ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက အုပ်ချုပ်သူရတနာလှံဖြင့် လမ်းကြောင်းပြောင်းပြီး ကျောက်တုံးကြီးကို ပစ်ထိုးလိုက်တော့သည်။

"ဝုန်း"

ကျောက်တုံးကြီး ပေါက်ကွဲသွားသော်လည်း ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲမှာ ခြေလှမ်းသုံးလှမ်း နောက်ပြန်ဆုတ်သွားခဲ့ရသည်။

"ဘယ်သူလဲ"

ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲက မျက်နှာအမူအရာ ပြောင်းလဲသွားကာ အော်လိုက်သည်။

ကျောက်တုံးတစ်တုံးဖြင့် သူ့ကို ခြေသုံးလှမ်း ပြန်ဆုတ်စေခဲ့ပေသည်။

"ငါပဲ"

ကြည်လင်သော အသံတစ်ခု ထွက်လာသည်။ လုမင်က လေထဲသို့လှမ်းဝင်ပြီး ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲရှေ့တွင် ရပ်လိုက်၏။

ယခုလေးတင် လုမင်က ဘေးမှ ကျောက်တုံးတစ်တုံးကို ကောက်ကိုင်ပြီး လွှင့်ပစ်လိုက်သည်။ ယင်းက သာမန်ကျောက်တုံးတစ်တုံးမျှသာဖြစ်သော်လည်း လုမင်၏ ယွမ်ချီစွမ်းအင်နှင့် ကစဉ့်ကလျားတာအိုနယ်မြေတို့ ပါဝင်သည်။ သို့ဖြစ်ပေရာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံပြီး တစ်ဖက်လူအား နောက်သို့ ခြေသုံးလှမ်း ဆုတ်စေခဲ့ပေသည်။

"သခင်လေးလုမင်"

လျိုဝမ်ကျွင်း၏ မျက်နှာက ဖြူဖျော့သွားသော်လည်း လုမင်ဟာ နဂါးနတ်ဘုရားတောင်ကြားမှ တပည့်တစ်ဦး ဖြစ်သည်။ ကျောက်မျိုးနွယ်က လုမင်ကို ဒုက္ခပေးဝံ့မည် မဟုတ်ပေ။

"ကောင်လေး၊ မင်း ဘယ်သူလဲ"

ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲက အေးစက်စက် မေးသည်။

"ငါ ဘယ်သူဆိုတာ မင်းသိစရာ မလိုဘူး။ အခု ကျောက်မျိုးနွယ်ကို ငါ အခွင့်အရေးတစ်ခု ပေးမယ်။ လုမိသားစုကို ဘယ်တော့မှ မကျူးကျော်တော့ပါဘူးလို့ သွေးသစ္စာကျိန်ဆိုပါ၊ ပြီးရင် ထွက်သွားတော့"

လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟားဟားဟား"

ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲက ကျယ်လောင်စွာ ရယ်မောလိုက်၏။ ကျောက်ထျန်းပါ့နှင့် ကျောက်မျိုးနွယ်မှ အခြားသူများလည်း ရယ်မောကြတော့သည်။

"အဲဒီကောင်လေးက ဘယ်သူလဲ။ သူက ငါတို့ကို သွေးသစ္စာကျိန်ဆိုပြီး ထွက်သွားခိုင်းနေတယ်၊ မောက်မာလိုက်တာ"

"ဒီ‌ကောင်လေး ရူးနေပြီထင်တယ်"

"ရယ်စရာကောင်းလိုက်တာ၊ ဒီကောင်လေးကို ငါ့ဆီထားလိုက်။ ငါ သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မယ်"

ကျောက်မျိုးနွယ်မှ လူအုပ်ကြီးက လှောင်ပြောင်လိုက်ကြသည်။

"သူဘယ်သူလဲ"

လုမိသားစုမှ လူအများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။

"ခေါင်းဆောင်... သူ့နာမည်က လုမင်ပါ၊ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တစ်ဦးလေ။ ရှန်းရှန်းကိုတောင် တပည့်အဖြစ် လက်ခံထားပါတယ်"

လုမင်ကို လမ်းပြခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားက ရှန်းရှန်း၏ အဖိုးအနီးသို့ကပ်ကာ တိုးတိုး ပြောလိုက်သည်။

"နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်လား"

ရှန်းရှန်း အဘိုး၏ မျက်လုံးများက အရောင်လက်သွားသည်။ သို့သော်လည်း သက်ပြင်းချကာ ပြောလိုက်လေသည်။

"ကံမကောင်းချင်တော့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အားနည်းလွန်းတယ်။ သူက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးပဲလေ။ ဒါပေမဲ့လည်း သူက နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တစ်ယောက်ဖြစ်လို့ ကျောက်မျိုးနွယ်နဲ့ တိုက်ပွဲဆိုးခဲ့ရင်တောင် ရှောင်ရှန်းကိုခေါ်ပြီး သူ ထွက်သွားနိုင်ပါလိမ့်မယ်"

သူကလည်း လျိုဝမ်ကျွင်းနှင့် အတွေးတူပြီး ရှန်းရှန်းကို အဝေးသို့ ခေါ်ဆောင်သွားစေရန်သာ ဆန္ဒရှိခဲ့သည်။

ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါးက ဤနေရာတွင် တိုက်ပွဲဒီရေကို အလှည့်အပြောင်းလုပ်ရန် အားနည်းလွန်းပေသည်။

"ကြည့်ရတာ မင်းတို့ မထွက်သွားဘူး ထင်တယ်"

လုမင်က တည်ငြိမ်စွာ ပြောသည်။

"တော်လောက်ပြီ၊ ဒီနေ့ လုမိသားစုရဲ့ ဘယ်တစ်ဦးမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ မဟုတ်သေးဘူး... မိန်းမပျိုလေးတွေကိုတော့ အသက်ရှင်လျက် ချန်ထားရမယ်"

ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲက အေးစက်စက် ပြောလိုက်သည်။

"ဟင်း... ဒီကာလမှာ ငါ ဘယ်သူ့ကိုမှ မသတ်ချင်ပေမဲ့ မင်းတို့က ကိုယ့်သေတွင်းကို အတင်းတူးနေကြတာပဲ"

လုမင်က ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်သည်။

တစ်စုံတစ်ဦးကို သတ်ခြင်းသည် သတ်ဖြတ်ချင်စိတ် ဖော်ထုတ်ရန် လိုအပ်သောကြောင့် ဤကာလအတွင်း မည်သူကိုမျှ မသတ်ချင်သည်မှာ အမှန်ပင်။

သူ၏ သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို ထုတ်ဖော်ခြင်းမှာ သူ၏ လူသတ်ချင်စိတ်ကို အားကောင်းစေမည် ဖြစ်သည်။ ဤတစ်ကြိမ်တွင်၊ သူ၏ အဓိက ရည်ရွယ်ချက်က သူ၏ စိတ်ဝိညာဉ်အတွင်း နက်နဲရာမှ သတ်ဖြတ်ချင်စိတ်များကို ဖျောက်ဖျက်ရန် ဖြစ်ချေသည်။

သို့ရာတွင်၊ ယခုအချိန်မှာတော့ တစ်စုံတစ်ယောက်ကို သတ်ရန်မှတပါး ရွေးချယ်စရာမရှိဟု ထင်ရသည်။

"အရှက်မရှိ ပြောနေလိုက်တာ၊ ငါမင်းကို အရင်သတ်မယ်"

ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲက ကြိမ်းမောင်းပြီး အုပ်ချုပ်သူရတနာလှံဖြင့် လုမင်ကို ထိုးချလိုက်သည်။

"သတိထား"

ရှန်းရှန်း၏အဖိုး၊ လျိုဝမ်ကျွင်းနှင့် အခြားသူများ မျက်နှာအမူအရာ ပြောင်းသွားပြီး အော်ဟစ်လိုက်ကြသည်။

"ဝမ်"

ထိုအချိန်တွင် နဂါးနက်လှံက လုမင်၏လက်ထဲတွင် ပေါ်လာသည်။ နဂါးနက်လှံဖြင့် ပစ်လွှတ်လိုက်ချိန်တွင် နဂါးဟိန်းသံကိုပင် ကြားလိုက်ရ၏။

နဂါးနက်လှံက ပြိုင်ဘက်၏ လှံနှင့် တိုက်မိသွားသည်။

ထိုအချိန်တွင် လုမင်က အစွန်းရောက်လှံ ဆယ့်သုံးချက်ကို ထုတ်ဖော်လိုက်သည်။ တိုက်ခိုက်မှုအင်အား ဆယ့်သုံးဆက ပေါက်ကွဲထွက်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ပြိုင်ဘက်၏လှံမှ စိမ့်ဝင်သွားပြီး ထိုသူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွား၏။ နာကျင်စွာ အော်ဟစ်ရင်း သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။ သူ၏ လှံကိုင်လက်မှာလည်း ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် ပေါက်ကွဲသွားရသည်။

လုမင်၏ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် လက်ရှိကျင့်ကြံခြင်းဖြင့် သာမန် နဝမအလွှာ သိုင်းအုပ်ချုပ်တစ်ပါးနှင့် ဆက်ဆံရန်မှာ လွယ်ကူလွန်းပေသည်။

"သေ"

လုမင်က အေးစက်စက် ပြောလိုက်သည်။ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်က တစ်ဖက်လူကို လွှမ်းခြုံသွား၏။ တစ်ချိန်တည်းမှာပင်၊ သူက နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုကာ ပြိုင်ဘက်၏ဝိညာဉ်ကို တိုက်ခိုက်လိုက်တော့သည်။

ထိုလူလည်း နာကျင်စွာ အော်ဟစ်ရင်း သူ့ဝိညာဉ်ကို ခွဲထုတ်လိုက်သလို ခံစားလိုက်ရသည်။

"ဝှစ်"

ထိုအချိန်တွင်၊ နဂါးနက်လှံက ကျောက်မျိုးနွယ်မှ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲ၏ ဒန်တျန်ကို ထိုးဖောက်ကာ သူ၏နတ်ဘုရားဝိညာဉ်ကို ဖျက်ဆီးလိုက်တော့သည်။

ထိုလူလည်း နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ့အလောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

သေပြီ။

အုပ်ချုပ်သူ ဝိညာဉ်ရတနာရှိသည့် နဝမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါးမှာ လုမင်၏ တိုက်ခိုက်မှုနှစ်ခုတည်းဖြင့် သေဆုံးခဲ့ရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ကျောက်မျိုးနွယ်နှင့် လုမိသားစု နှစ်ဖက်စလုံး ကြက်သေသေသွားခဲ့ကြသည်။

All Chapters