← Chapters

အခန်း ၁၅၆၈

Vol. 105 Ch. 1568

အခန်း ၁၅၆၈

Vol. 105 Ch. 1568

အပိုင်း ( 1568 ) တစ်ယောက်လာရင် တစ်ယောက်ကို သတ်မယ်။

"ဒီတစ်ခါ မင်းတို့အသက်ကို ချမ်းသာပေးလိုက်မယ်။ နောက်တစ်ခါဆိုရင် မင်းတို့ကိုသတ်မယ်"

လုမင်က သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြောလိုက်သည်။ ထို့နောက် သူက ကန်ထုတ်လိုက်၏။ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများလည်း ရော်ဘာဘောလုံးများကဲ့သို့ လွင့်စဉ်သွားပြီး ကောင်းကင်တွင် ပျောက်ကွယ်သွားတော့သည်။

ဤရွာလေးမှ လူများကြောင့်သာ မဟုတ်ပါက၊ လုမင်ဟာ သူတို့အားလုံးကို သတ်လိုက်ပြီ ဖြစ်သည်။

ဘေးနားတွင် ရွာလူကြီးနှင့် ဖုန့်လင်တို့ တုန်လှုပ်သွားကြသည်။ သူတို့နှင့်အတူ သုံးလကြာနေထိုင်ခဲ့သော လုမင်မှာ စွမ်းအားကြီး အကျော်အမော်တစ်ဦးဖြစ်ကြောင်း ယခုအချိန်မှပင် သိရှိလာရတော့သည်။

"ရွာလူကြီး အဆင်ပြေရဲ့လား"

လုမင် မေးလိုက်သည်။

"အဆင်ပြေပါတယ်။ ဟင်း၊ အဲဒီလူတွေ ပြန်လာမှာကိုတော့ ကြောက်ရတယ်"

ရွာလူကြီးက သက်ပြင်းချကာ ပြောသည်။

"သူတို့ပြန်​လာရင်​ ကျုပ် သူတို့တစ်​​ယောက်​ချင်းစီကို သတ်​မယ်​"

လုမင်၏ မျက်လုံးများက အေးစက်စက် အလင်းများ လင်းလက်သွားသည်။

ထို့နောက်၊ လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ ရရှိသော သိုလှောင်လက်စွပ်များအား ရွာသူကြီးကို ပေးခဲ့သည်။ သို့သော်လည်း အခြား အကျော်အမော်များမြင်ပြီး ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် ရွာသူကြီးမှာ မယူဝံ့ခဲ့ပေ။

ရွာလူကြီးက ဘိုးဘွားခန်းမသို့သွားကာ အထိမ်းအမှတ်ကျောက်တိုင်များကို သိမ်းလိုက်သည်။

လုမင်လည်း ရွာလူကြီးခြံဝင်းရှိ ထိုင်ခုံပေါ်တွင်ထိုင်ရင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့လေသည်။

............

ထျန်းဖုန်းလွင်ပြင် အပြင်ဘက်မှ တောင်ထွတ်တစ်ခုတွင်...

အဖြူရောင်ဝတ်ရုံဝတ် လူငယ်အချို့က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက် အဝေးကို လှမ်းကြည့်နေကြသည်။

"ဒီကောင်တွေ ရဲတင်းလာပြီ။ အခြေအနေစုံစမ်းဖို့ပဲ ရွာလေးကို သွားခိုင်းလိုက်ပေမဲ့ အခုထိ ပြန်မလာသေးဘူး"

လူငယ်တစ်ယောက်က အေးစက်စက် ပြောလိုက်သည်။

"ခဏလောက်စောင့်ကြတာပေါ့၊ အဲဒါမှ သူတို့ပြန်မလာရင် သွားကြည့်လိုက်ချေ"

အလယ်မှ လူငယ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ဟန်တူသူက ပြောလိုက်သည်။

ဤသို့ဖြင့်၊ နာရီအနည်းငယ် ကြာသွားပြီ။ ထိုအချိန်တွင် သက်လတ်ပိုင်း အမျိုးသားအချို့က တောင်ထိပ်သို့ အလျင်အမြန် ပြေးလာကြသည်။

ထိုလူများမှာ မကြာသေးမီက ရွာငယ်လေးသို့ သွားခဲ့ကြသူများ ဖြစ်သည်။

လုမင်ကြောင့် သူတို့၏အရိုးများ ကျိုးသွားသော်လည်း သိုင်းအုပ်ချုပ်သူများဖြစ်သဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားကြပေသည်။ ယခုအခါ အနည်းငယ် သက်သာလာသောကြောင့် အမြန်ပြန်ပြေးလာခဲ့ကြသည်။

"ဘာတွေဖြစ်နေတာလဲ"

ခေါင်းဆောင်လူငယ်က ထိုလူများကို လှည့်ကြည့်လိုက်သည်။ လူအားလုံး ဒဏ်ရာရရှိနေကြောင်း တွေ့လိုက်ရတော့ သူ့မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု တောက်ပလာ၏။

"လော့သခင်လေး၊ ခင်ဗျား၊ ကျုပ်တို့အတွက် တရားမျှတမှု ရှာဖွေပေးရမယ်။ အဲဒီရွာလေးမှာ ဖီးနစ်နံ့သာသစ်သားတွေကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကို လော့သခင်လေးဆီကို ယူလာပေးချင်ပေမဲ့ အဲဒီရွာမှာ ကျွမ်းကျင်သူတစ်ယောက် ရှိနေတယ်။ သူက မပေးဘဲ ကျုပ်တို့ကိုရိုက်နှက်ခဲ့တဲ့အပြင် ကောင်းကင်နတ်ဘုရားကိုတောင် ဂရုမစိုက်ဘူး"

"လော့သခင်လေး၊ ကျုပ်တို့အတွက် တရားမျှတမှုကို ရှာဖွေပေးပါ"

အေးစက်ပြီး မာနကြီးခဲ့သော သက်လတ်ပိုင်း အမျိုးသားက အော်လိုက်သည်။

"ဖီးနစ်နံ့သာ သစ်သား၊ အဲဒီရွာငယ်လေးမှာ ဖီးနစ်နံ့သာသစ်သားတွေ ရှိတာလား"

လော့သခင်လေးနှင့် အခြားလူငယ်များ၏ မျက်လုံးများက အရောင်လက်သွားသည်။

"မှန်ပါတယ်၊ တကယ်ကို ဖီးနစ်နံ့သာသစ်သား တော်တော်များများ ရှိတယ်"

သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

"ဟမ့်၊ ရွာငယ်လေးတစ်ရွာကများ ငါ့ရဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းက လူတွေကို ရိုက်နှက်ဝံ့တယ်။ ဘယ်သူက သေချင်နေတာလဲဆိုတာ ကြည့်ရသေးတာပေါ့"

လော့သခင်လေးက အေးစက်စက် ပြောလိုက်သည်။ ထို့နောက် အခြားလူငယ်များနှင့် လူလတ်ပိုင်းလူရွယ်များကို ဦးဆောင်ကာ အရှိန်အဝါကြီးစွာဖြင့် ရွာငယ်လေးဆီသို့ ထွက်သွားတော့သည်။

ပတ်ဝန်းကျင်မှ လူများလည်း ယင်းကိုမြင်တော့ စူးစမ်းလိုမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လူတွေက အင်မတန် ရက်စက်ကြမ်းကြုတ်တယ်။ အခုလည်း သူတို့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ မသိဘူး။ တစ်ယောက်ယောက်က ကောင်းကင်နတ်ဘုရားဂိုဏ်းကို စော်ကားခဲ့လို့လား"

"သူတို့ရဲ့ ဦးတည်ရာကိုကြည့်ရင် တောင်ပေါ်ရွာလေးဆီကို ဖြစ်ပုံရတယ်။ စိတ်ဝင်စားစရာပဲ၊ သွားကြည့်ရအောင်"

"သွားကြည့်ကြစို့"

အနီးတဝိုက်မှ လူများစွာလည်း လော့သခင်လေးနှင့် အခြားသူများနာက်ကို လိုက်သွားတော့သည်။

တောင်ပေါ်ရွာလေးတွင်...

ရွာလူကြီး၏ခြံဝင်းမှာ လုမင်က မျက်လုံးကိုမှိတ်ပြီး ထိုင်ခုံပေါ်မှာ ထိုင်နေသည်။ တစ်ဖက်တွင်၊ ရွာလူကြီးနှင့် ဖုန့်လင်က အနည်းငယ် စိုးရိမ်ပူပန်သော အမူအရာများဖြင့် ရှိနေကြ၏။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ကလဲ့စားချေခြင်းကို သူတို့ ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။

ထိုစဥ်၊ လုမင်က ရုတ်​တရက်​ မျက်​လုံးဖွင့်​ပြီး ပြောလိုက်သည်။

"သူတို့​ရောက်​​လာပြီ"

ရွာလူကြီး၏ မျက်နှာက ဖြူဖျော့သွားသည်။

"ဝှစ်... ဝှစ်"

မြောက်ဘက်ပိုင်းမှ လော့သခင်လေးနှင့် အခြားသူများက လေထဲမှပျံသန်းကာ ရွာလူကြီး၏ ခြံဝင်းအထက်သို့ ရောက်ရှိလာကြသည်။ သူတို့က လုမင်တို့ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်၏။

"မင်းက ငါ့ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လူတွေကို ဒဏ်ရာရစေခဲ့တဲ့သူလား"

လော့သခင်လေးက လုမင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"ဟုတ်တော့ရော"

လုမင်က လျစ်လျူရှုစွာ ပြောသည်။

"မင်းဖြစ်နေတော့လည်း ကောင်းပါတယ်။ အခု မင်းကိုယ်မင်း သတ်သေလိုက်၊ ငါမလှုပ်ရှားချင်ဘူး"

လော့သခင်လေးက အေးစက်စက် ပြောလိုက်သည်။

"ဟားဟားဟား"

လုမင်က လော့သခင်လေး၏ စကားများကို လျစ်လျူရှုပြီး လှောင်ပြောင်ရယ်မောလိုက်သည်။ ထိုအစား သူက လော့သခင်လေး၏နောက်မှ သက်လတ်ပိုင်း အမျိုးသားများကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

"မင်းတို့ ထပ်လာဝံ့ရင် သေရမယ်လို့ ငါပြောခဲ့တယ်။ အခုတော့ မင်းတို့က ငါ့စကားတွေကို အလေးအနက်မထားဘူး ထင်တယ်"

"ဟမ့်၊ ကောင်လေး... မင်းကိုယ်မင်း ဒီလောက် အထင်မကြီးနေနဲ့။ ဒီနေ့ သေရမဲ့လူက မင်းပဲ"

သက်လတ်ပိုင်း အမျိုးသားက အော်ပြောလိုက်သည်။

"ဟုတ်လား"

လုမင်၏ မျက်လုံးများက အေးစက်စူးရှသောအလင်းများ တောက်ပလာသည်။

"အတင့်ရဲလိုက်တာ၊ သတ်"

လော့သခင်လေးက အေးစက်စက် အော်လိုက်သည်။ သူ့ထံမှ အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်လာ၏။ အားကောင်းသော အရှိန်အဝါများလည်း ပေါက်ကွဲထွက်လာပြီး တစ်ရွာလုံးကို လွှမ်းခြုံသွားတော့သည်။

လုမင်က သူ့ကို အမှန်တကယ် လျစ်လျူရှုထားသည်။ နိမ့်ကျသော ရွာငယ်လေး၏ ပုရွက်ဆိတ်က သူ့ကို လျစ်လျူရှုဝံ့၏။

သူဟာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်ဖြစ်ပြီး ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းအခြေခံ ရှိသည်။

ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်၏ အရှိန်အဝါက တစ်ရွာလုံးကို လွှမ်းခြုံသွားရာ ရွာသူရွာသားအချို့မှာ ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

"ငါပြောမယ်၊ ငါက ဒီရွာက မဟုတ်ဘူး။ မင်းမကျေနပ်ရင် ငါ့ဆီကို တိုက်ရိုက်လာလို့ ရတယ်။ ဒီက ရွာသားတွေနဲ့ဘာမှမဆိုင်ဘူး"

လုမင်က အေးစက်စက် ပြောလိုက်သည်။

"သူတို့နဲ့ ဘာမှမဆိုင်ဘူးလား။ မင်းသိထားဖို့က ဒီနေ့ မင်းသေရုံတင်မကဘူး၊ နိမ့်ကျတဲ့ ဒီပုရွက်ဆိတ်တွေလည်း အကုန်သေရလိမ့်မယ်"

လော့သခင်လေးက အေးစက်စက် ပြောလိုက်၏။

ဧရာမ လက်ဝါးကြီးတစ်ဖက် ပေါ်လာပြီး ကောင်းကင်မှ ဆင်းသက်လာတော့သည်။ ထိုလက်ဝါးက အလွန်ကြီးမားပြီး ကောင်းကင်တစ်ခွင်ပြည့်နှက်၍ တစ်ရွာလုံးကိုပင် လွှမ်းခြုံထားခဲ့သည်။

သူက လက်ဝါးတစ်ချက်ဖြင့် ရွာတစ်ခုလုံးကို ဖြိုချရန် ကြိုးစားလိုက်ခြင်းပင်။

"ဝုန်း"

လုမင် ဒေါသထွက်သွားသည်။ အေးစက်စက် ဖြတ်ချင်စိတ်များက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာ၏။

သူဟာ ရွာသူရွာသားများ၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် ယခင်က သက်လတ်ပိုင်းအရွယ် အမျိုးသားများကို မသတ်ခဲ့ပေ။

သို့ရာတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းကဲ့သို့ ဂိုဏ်းတစ်ခုအတွက် အလျှော့ပေးခြင်းမှာ အသုံးမဝင်ပုံရသည်။ တစ်ခုတည်းသောနည်းလမ်းက သူတို့ကို ကြောက်ရွံ့ပြီး ဆုတ်ခွာသွားသည်အထိ သတ်ပစ်ရန်သာ ဖြစ်တော့သည်။

"ဝုန်း"

လုမင်က လက်သီးတစ်ချက်ဖြင့် ကောင်းကင်မှ လက်ဝါးကြီးကို ချေဖျက်ပစ်လိုက်သည်။

ထို့နောက် ကောင်းကင်သို့ ပျံတက်သွားပြီး အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။

"ငါ မင်းတို့ကို အခွင့်​အ​ရေး​ပေးခဲ့တယ်​၊ ဒါပေမဲ့ မင်းတို့က အတင်း တောင်းဆိုနေကြတာပဲ"

လုမင် အေးစက်စက် ပြောသည်။

"ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်... ဟမ့်၊ မင်းက အရမ်းမောက်မာနေတာ မအံ့ဩတော့ပါဘူး။ ဒါပေမဲ့ ငါမင်းကို ပြောလိုက်မယ်၊ ငါတို့က တူညီတဲ့အဆင့်မှာ ရှိနေရင်တောင် ငါတို့ရဲ့တိုက်ခိုက်ရေးအင်အားက လုံးဝ မတူညီတဲ့ကမ္ဘာမှာရှိတယ်"

လော့သခင်လေးက ပြောလိုက်သည်။ သူ့လက်ထဲတွင် နတ်ဘုရားပြစ်ဒဏ်ပေးလှံတစ်ချောင်း ပေါ်လာခဲ့၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး နတ်ဘုရားပြစ်ဒဏ်ပေးလှံဖြင့် လုမင်ကို ထိုးလိုက်တော့သည်။

သို့ရာတွင်၊ လုမင်၏လက်သီးက သူ့ကို ဆီးကြိုနေခဲ့သည်။

လက်သီးက နတ်ဘုရားအပြစ်ပေးလှံကို တိုက်မိသောအခါ၊ လှံမှာ ချက်ချင်း ပြိုကျသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက လော့သခင်လေး၏ အကာကွယ်ကိုဖြတ်ကျော်ပြီး သူ့ဒန်တျန်အား ထိုးဖောက်သွား၏။

"မင်း..."

လော့သခင်လေး၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူ့မျက်လုံးမှာလည်း မယုံကြည်နိုင်မှုများ ပြည့်နေသေးသည်။

တောင်ပေါ်ရွာလေးတစ်ရွာတွင် ကျပန်းတွေ့ရသည့် လူငယ်လေးက အဘယ်ကြောင့် ဤမျှကြောက်စရာကောင်းနေမှန်း သူနားမလည်နိုင်ပေ။ သူသည် လုမင်နှင့် အဆင့်တူဖြစ်သော်လည်း လက်သီးတစ်ချက်ဖြင့် သတ်ခံခဲ့ရသည်။

ထို့အပြင်၊ သူက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်သည်။

"မင်း... မင်း အတင့်ရဲလှချေလား"

အခြားလူငယ်များနှင့် သက်လတ်ပိုင်းအမျိုးသားများ အလွန်ကြောက်လန့်ပြီး မျက်နှာများ သွေးဆုတ်ဖြူရော်သွားကြသည်။

အသားညိုညိုနှင့် ဤလူငယ်လေးက လော့သခင်လေးကို လက်သီးတစ်ချက်ဖြင့် သတ်လိုက်ပြီ။

All Chapters