← Chapters

အခန်း ၁၅၇၀

Vol. 105 Ch. 1570

အခန်း ၁၅၇၀

Vol. 105 Ch. 1570

အပိုင်း ( 1570 ) သူက လုမင်ပဲ။

လုမင်၏ စကားများက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူတိုင်းကို မျက်နှာပျက်သွားစေခဲ့သည်။

"ဘာ၊ သူများတွေရဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို ဘယ်လိုတောင် လုယူဝံ့တာလဲ။ မင်းတို့က ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ဦးဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူး။ ရှက်စရာကောင်းလိုက်တာကွာ၊ ဒီလိုဂိုဏ်းမျိုးက ငါ့နဂါးနတ်ဘုရားတောင်ကြားလို တကယ်ကြီး ကျော်ကြားနိုင်သေးတာလား။ ထွီ"

အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်ပြောဆိုသံကို ကြားလိုက်ရသည်။ ယင်းက ထျန်းချွေးပင်။

တင်းပေါင်ညီလာခံအပြီးတွင် နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းကြားမှ ဆက်ဆံရေးက ပို၍ ဆိုးရွားလာခဲ့သည်။ သို့ဖြစ်ပေရာ၊ အခွင့်အရေးရသည်နှင့် ထျန်းချွေးက သဘာဝအတိုင်း ဝင်ရောက်စွတ်ဖက်တော့သည်။

"အဓိပ္ပါယ်မရှိတာ၊ ကောင်စုတ်လေး... ကောင်းကင်နတ်ဘုရားဂိုဏ်းကို ကျိန်ဆဲဝံ့တဲ့အတွက် ဒီနေ့ မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်"

သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ လူကြီးက ဒေါသတကြီး အော်ပြီး ရှေ့သို့တိုးလိုက်သည်။ သူက လက်ဝါးရိုက်ချက်ထုတ်ဖော်လိုက်ရာ ဧရာမလက်ကြီးတစ်ဖက် ပေါ်လာပြီး လုမင်အား ဖမ်းဆုပ်လိုက်၏။

လုမင်၏ လက်ထဲတွင် ဓားလေးတစ်ချောင်း ပေါ်လာသည်။ ယင်းက ရုပ်တုများကို ထွင်းထုရန် သူအသုံးပြုခဲ့သော ဓားငယ်လေးပင်။

"ဝှစ်"

လုမင်က ဓားဖြင့် ပစ်ပေါက်လိုက်သည်။

ဓားက လျှပ်စီးလက်သကဲ့သို့ အဝါရောင်လက်ဝါးကြီးကိုထိုးဖောက်၍ တစ်ဖက်လူထံ တိုးဝင်သွား၏။

ထိုလူကြီး မျက်နှာပျက်သွားပြီး ပုဆိန်ကြီးတစ်လက်ကို အားချင်းထုတ်ယူ၍ ဓားငယ်လေးကို ခုတ်ချလိုက်တော့သည်။

"ထန်"

ဧရာမပုဆိန်ကြီးက ဓားငယ်လေးကို ပြန်လွင့်သွားစေခဲ့သည်။ ဓားငယ်လေးက လုမင်၏လက်ထဲသို့‌ ပြန်ရောက်လာသည်။ တစ်ဖက်တွင်၊ ထိုလူကြီး၏ ခန္ဓာကိုယ်လည်း ပြင်းထန်စွာ တုန်ခါသွား၏။ အနောက်သို့ ခြေငါးလှမ်း၊ ခြောက်လှမ်း ဆုတ်သွားရပြီး ပါးစပ်ထဲမှလည်း သွေးများ အန်ထွက်လာတော့သည်။

"ဟင်"

ကြည့်ရှုသူအများ၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ လုမင်ကို တအံ့တဩ ကြည့်လိုက်ကြ၏။

လုမင် ပစ်လိုက်သော ဓားငယ်လေးက အလွန်သာမာန်ဆန်သော ဝိညာဉ်လက်နက်ဖြစ်ကြောင်း လူတိုင်း သိနိုင်သည်။ သို့တိုင်၊ ထိုဓားငယ်လေးဖြင့် ပေါ့ပေါ့ပါးပါးပစ်လွှတ်၍ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူတစ်ဦးကို သွေးအန်သွားစေခဲ့သေးသည်။

ထိုစွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

လုမင်၏ ဓားငယ်လေးကို ကစဉ့်ကလျားတာအိုနယ်မြေက ဖုံးလွှမ်းထားသည်ကိုတော့ သူတို့ မသိခဲ့ကြပေ။ ယင်းက တောင်တစ်လုံးကဲ့သို့ လေးလံပြီး သာမန် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးကို အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။

"မင်းဘယ်သူလဲ"

ယွီရှန့်၏ မျက်နှာအမူအရာက လေးနက်သွားသည်။

နယ်စပ်မှ တောင်ပေါ်ရွာလေးတစ်ရွာတွင် ဤကဲ့သို့ ပညာရှင်တစ်ယောက်ရှိနေမည်ဟု သူမထင်ပေ။

"ငါက ရွာငယ်လေးက လက်သမားတစ်ဦးပါပဲ"

လုမင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

လူအများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ လက်သမားလား၊ လက်သမားတစ်ယောက်က အဘယ်ကဲ့သို့ ဤမျှ အစွမ်းထက်နိုင်ပါမည်နည်း။

"ဟမ့်၊ လျှို့ဝှက်ဆန်းကျယ်ချင်ဟန်ဆောင်နေတယ်။ မင်း ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မလဲ ကြည့်ရသေးတာပေါ့။ သတ်"

အဘိုးအိုတစ်ယောက်က ကြိမ်းမောင်းလိုက်သည်။ သူ့လက်ထဲတွင် နတ်ဘုရားအပြစ်ပေးလှံတစ်လက် ပေါ်လာပြီး လုမင်ကို လှမ်းထိုးလိုက်၏။

"ဝှစ်"

နောက်ထပ် ကျွမ်းကျင်သူတစ်ဦးကလည်း တိုက်ခိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုက လုမင်၏ ဦးခေါင်းဆီသို့ ဖြတ်သွားတော့သည်။

သူတို့နှစ်ဦးစလုံးက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ကျင့်ကြံခြင်းအခြေခံများ ပိုင်ဆိုင်ထားပြီး လုမင်ကို တစ်ချက်တည်းဖြင့်သတ်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

"သတ်"

လုမင် အော်လိုက်သည်။ သူက ခြေတစ်လှမ်းဖြင့် ကောင်းကင်သို့ ထိုးတက်သွား၏။ သူက ဓားအလင်းကို ရှောင်တိမ်းပြီး လက်သီးတစ်ချက် ထုတ်ဖော်လိုက်တော့သည်။

"ဝုန်း"

အဘိုးအို၏ နတ်ဘုရားအပြစ်ပေးလှံက ကြေမွသွားခဲ့သည်။ သို့တိုင်၊ လက်သီးအင်အားက မရပ်တန့်ဘဲ အဘိုးအိုအား ထိမှန်သွား၏။ နာကျင်စွာ အော်ဟစ်လိုက်သံဖြင့် အဘိုးအို၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားတော့သည်။

အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို လုမင်က လက်သီးတစ်ချက်ဖြင့် သတ်လိုက်သည်။

ထို့နောက်တွင် လုမင်က သူ့လက်ထဲမှ ဓားငယ်လေးဖြင့် ထပ်မံပစ်ပေါက်လိုက်သည်။ ထို့နောက် အခြား တိုက်ခိုက်ခဲ့သူတစ်ဦးထံ ပျံသန်းသွား၏။

ထိုလူလည်း ထိတ်လန့်သွားပြီး သူ့လက်ထဲမှဓားဖြင့် ထိုးခုတ်ဖယ်ရှားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဓားငယ်လေးမှ ပြင်းထန်သော စွမ်းအားက သူ့လက်ကို ထုံကျင်သွားစေခဲ့၏။ ထိုအချိန်တွင်၊ လုမင်က သူ့အနားသို့ ရောက်လာပြီ ဖြစ်သည်။

"ဝုန်း"

လုမင်က လက်သီးချက် ထုန်ဖော်လိုက်ရာ ကောင်းကင် တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်က မီတာထောင်ဂဏန်းအကွာထိ လွင့်စဉ်သွားပြီး ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ထို့နောက်မှာတော့ အသက်ဓာတ် မရှိတော့ပေ။

အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်ပညာရှင်နှစ်ဦး ခဏချင်း အသတ်ခံရသည်ကို တွေ့လိုက်ရတော့ လူအများ လွန်စွာ အံ့ဩသွားကြသည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်ပါလိမ့်။ သူ့ရဲ့ ကျင့်ကြံခြင်းက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲရှိပေမဲ့ အဋ္ဌအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်က ကျွမ်းကျင်သူ နှစ်ယောက်ကို တခဏချင်း သတ်ပစ်နိုင်တယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ထိပ်တန်း ပါရမီရှင်တစ်ယောက်နဲ့တောင် ယှဉ်နိုင်နေပြီ"

"သူကလည်း ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်နိုင်မလား"

ကြည့်ရှုသူများက အမျိုးမျိုးသော မှန်းဆချက်များဖြင့် ဆွေးနွေးပြောဆိုလိုက်ကြသည်။

"မင်း သေချင်နေတာပဲ"

ယွီရှန့်၏ မျက်လုံးများက အေးစက်သွားသည်။ သူက ရှေ့သို့ လှမ်းထွက်လိုက်ရာ သန့်စင်သောအလင်းများ လေထဲတွင် ပြည့်နှက်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကလည်း ပေါက်ကွဲထွက်ကာ လုမင်အပေါ်သို့ ကျရောက်လာတော့သည်။

လူအတော်များများ တုန်လှုပ်သွားကြသည်။ ယွီရှန့် တိုက်ခိုက်ပေတော့မည်။

ယွီရှန့်မှာ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာဖြင့် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ့ခွန်အားက အလွန်ကြောက်စရာကောင်း၏။ သူသည်လည်း အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်တိုင်၊သူ၏ ခွန်အားက ယခင်အဘိုးအိုနှစ်ဦးထက် အဆများစွာ အားကောင်းသည်။

ယွီရှန့်က တစ်ချက်တည်းဖြင့် ထိုသူနှစ်ဦးကို အလွယ်တကူ သတ်နိုင်ပေသည်။

"သေစမ်း"

ယွီရှန့်က ဟိန်းဟောက်ပြီး နတ်ဘုရားအပြစ်ပေးလှံဖြင့် လုမင်ကို လှမ်းထိုးလိုက်သည်။

ဤနတ်ဘုရားအပြစ်ပေးလှံက အလွန်ထက်မြက်ပြီး အစွမ်းထက်၏။ ယင်းက ယခင်အချီများ လုံးဝ မယှဉ်နိုင်ပေ။

"ဝုန်း"

လုမင်၏ တိုက်ခိုက်မှုကတော့ အလွန်ရိုးရှင်းသည်။ သူက ရိုးရိုးရှင်းရှင်း လက်သီးတစ်ချက်ကိုသာ ထုတ်ဖော်လိုက်၏။

ယွီရှန့်၏လက်ထဲမှ နတ်ဘုရားအပြစ်ပေးလှံက ပေါက်ကွဲတော့မည်ကဲ့သို့ တုန်ခါသွားတော့သည်။

ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုကလည်း ယွီရှန့်ဆီသို့ တိုးဝင်လာရာ သူ့မျက်နှာကို ဖျော့တော့သွားစေခဲ့သည်။

"ဝုန်း"

ထို့နောက်၊ လုမင်က လက်သီးတစ်ချက် ထပ်မံ ထုတ်ဖော်လိုက်သည်။

ယွီရှန့် မျက်နှာပျက်သွားသည်။ သူက လက်ဝါးရိုက်ချက်ထုတ်ဖော်ပြီး လုမင်၏လက်သီးကို ရင်ဆိုင်လိုက်၏။ နောက်ထပ် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ယွီရှန့်၏မျက်နှာက ဖြူဖျော့ကာ နောက်သို့ဆုတ်သွားရတော့သည်။

ထိပ်တိုက်တွေ့ဆုံမှုတွင် လုမင်က သူ့ကို အပြတ်အသတ် ဖိနှိပ်ခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ခွဲက လုမင်၏ ကျင့်ကြံခြင်းမှာ ယွီရှန့်ထက် နှစ်ဆင့်နိမ့်သည်။ သို့တိုင်၊ ယွီရှန့်အဆင့်မှ ပါရမီရှင်များကို အနိုင်ယူနိုင်ခဲ့သေးသည်။ ယခုအခါ လုမင်၏ ကျင့်ကြံခြင်းက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ ယွီရှန့်၏ ကျင့်ကြံခြင်းမူကား အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိနေဆဲ ဖြစ်၏။ ကွာခြားမှုက နှစ်ဆင့်ပင် မရှိတော့ပေ။

"သေ"

လုမင် ဟိန်းဟောက်လိုက်သည်။ သူက ယွီရှန့်ထံသို့ လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်၏။

ယွီရှန့်၏ ခန္ဓာကိုယ်မှ မြင့်မြတ်သော အလင်းရောင်များ ထွက်ပေါ်လာပြီး အစွမ်းကုန် ကြိုးစားကာ လုမင်ကို တိုက်ခိုက်တော့သည်။

ဆယ်ကြိမ်ထက်မနည်း ဖလှယ်ပြီးနောက် ယွီရှန့် ထပ်မံ နောက်ဆုတ်သွားရသည်။

"အတူတူတိုက်ခိုက်ကြစို့"

"သူ့ကို အတူတူသတ်ကြစို့"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အခြားလူများက အော်ဟစ်ပြီး လုမင်ကို ဝိုင်းထားလိုက်ကြသည်။

"သေ"

လုမင် နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုပြီး ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင်းမှ နဂါးဟိန်းသံတစ်ချက်လည်း ကြားလိုက်ရ၏။

လုမင်ကိုတိုက်ခိုက်ရန် ကြိုးစားသူတိုင်း သူတို့၏ဝိညာဉ်များ ကွဲကြေသွားသလို ခံစားရကာ နာကျင်စွာ အော်ညည်းသံများ ထွက်ပေါ်လာတော့သည်။

တစ်ဖက်တွင်၊ နဂါးနက်လှံက လုမင်၏လက်ထဲမှာ ပေါ်လာခဲ့သည်။ လှံက တုန်ခါသွားပြီး လှံအလင်းများက လျှပ်စီးလက်သကဲ့သို့ ထွက်ပေါ်လာ၏။

"ဝုန်း... ဝုန်း... အား"

တခဏချင်းမှာပင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပညာရှင် ဆယ်ယောက်ကျော် သေဆုံးသွားတော့သည်။

"လုမင်... သူက လုမင်ပဲ"

ယွီရှန့်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။

"ဘာ၊ သူက လုမင်လား။ သူ့ကို သတ်"

"သူတော်စင်ရတနာတွေကို သုံးကြဟေ့"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျန်လူများလည်း အော်ဟစ်လိုက်၏။

"ဝုန်း၊ ဝုန်း"

သူတို့ထဲမှ အချို့က သူတော်စင်ရတနာများကို ထုတ်ယူကြကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်လာတော့သည်။

"လုမင်ဆိုပါလား၊ သူ့ကို သတ်ကြ"

အဝေးတွင်၊ ကောင်းကင်အဆိပ်ဂိုဏ်းမှ ကျွမ်းကျင်သူတချို့ ရှိသည်။ ဤအခိုက်တွင်၊ သူတို့ထဲမှ တချို့က သူတော်စင်ရတနာများကို ထုတ်ယူပြီး လုမင်ကို တိုက်ခိုက်လိုက်၏။

ဤအခြေအနေကြောင့် အနီးနားမှ ပရိတ်သတ်များ အနည်းငယ် အံသြသွားကြသည်။

လုမင်လား။

ဒီလုမင်က လုမင်၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က စန်းပြည်နယ်မှာ နာမည်ကြီးခဲ့တဲ့ လုမင်လား။ လုမင်ဆိုတာ နောက်တစ်ကြိမ် တင်းပေါင်ညီလာခံမှာ နတ်ဘုရားသားတော်ကို စိန်ခေါ်မဲ့သူလား။

သူ့ကို ယခုကဲ့သို့ နယ်စပ်မှ တောင်ပေါ်ရွာလေးတွင် လျှို့ဝှက်နေမည်ဟု မထင်ထားခဲ့ပေ။

"ဒါက ဆရာတူညီလေး လုမင်ပဲ။ တိုက်ခိုက်ကြ"

"သတ်"

ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့လည်း တခဏမျှ တုန်လှုပ်သွားပြီးနောက် ချက်ချင်း ပြေးလာခဲ့ကြသည်။ သူတော်စင်ရတနာများကလည်း သူတို့လက်ထဲတွင်ပေါ်လာပြီး တိုက်ခိုက်မှုများ ထုတ်ဖော်လိုက်၏။

"ဝုန်း"

ခဏချင်းမှာပင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပညာရှင်အများအပြား အသတ်ခံခဲ့ရတော့သည်။

ဤအတောအတွင်း၌ ထျန်းချွေးနှင့် ရွယ်နင်ရှင်း၏ ကျင့်ကြံမှုများကလည်း လျင်မြန်စွာ တိုးတက်ခဲ့သည်။ သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းက ယွီရှန့်ကဲ့သို့ အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေကြပြီ။

သူတို့၏ ကျင့်ကြံခြင်းအဆင့်၊ တိုက်ခိုက်နိုင်စွမ်းနှင့် သူတော်စင်ရတနာများကို ပေါင်းစပ်လိုက်သောအခါ စွမ်းအားက မှန်းဆရန်ပင် မလွယ်တော့ပေ။ 

All Chapters