← Chapters

အခန်း ၁၅၇၃

Vol. 105 Ch. 1573

အခန်း ၁၅၇၃

Vol. 105 Ch. 1573

အပိုင်း ( 1573 ) မော့ယန်နှင့် ထပ်မံတွေ့ဆုံခြင်း။

လုမင်၏ စကားကိုသာ အင်အားစုငယ်များမှ လူများ ကြားသိရပါက ဒေါသထွက်လွန်းသဖြင့် သွေးအန်သွားလိမ့်မည်။

သူတော်စင်ရတနာမှာ သူတော်စင်နယ်ပယ် အကျော်အမော်များ၏ သီးသန့်လက်နက်များ ဖြစ်သည်။ ၎င်းတို့က အလွန်တန်ဖိုးကြီးပြီး သူတော်စင်နယ်ပယ်အောက်ရှိ လူအနည်းငယ်သာ ပိုင်ဆိုင်နိုင်ကြပေသည်။

ယခင်က လုမင် တွေ့ခဲ့ရသူများမှာ သက်ဆိုင်ရာ ဂိုဏ်းကြီးများမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့က သူတော်စင်ရတနာများကို ပိုင်ဆိုင်ထား‌ခဲ့ခြင်း ဖြစ်၏။ အင်အားစုငယ်များအတွက် သူတော်စင်ရတနာမှာ သူတို့၏အခြေခံအုတ်မြစ် ဖြစ်နိုင်သည်။ တချို့ အင်အားစုများဆိုလျှင် သူတော်စင်ရတနာ တစ်ခုမျှပင် မရှိပေ။

စန်းပြည်နယ်ရှိ ထိပ်တန်း အင်အားစုကြီးဆယ့်သုံးခုရှိ အဋ္ဌမအဆင့်နှင့် နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများသည်ပင် အုပ်ချုပ်သူရတနာများကို အသုံးပြုခဲ့သည်။ သူတော်စင်တစ်ပိုင်း အများစုမှာလည်း အုပ်ချုပ်သူဝိညာဉ်ရတနာများကိုသာ အသုံးပြုခဲ့ရပေသည်။

"အလုံးစုံနတ်ဆိုးနယ်မြေ"

တစ်ဖက်တွင်၊ ရှဲ့နျန်ချင်းက သူမ၏ တာအိုနယ်မြေကို ဖြန့်ကြက်ကာ အော်လိုက်သည်။ ရှဲ့နျန်ချင်း၏ နယ်မြေအတွင်း၌ လှပသော နတ်ဆိုးအရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်ကာ အရပ်ရပ်ကို ဖိနှိပ်ထားပေသည်။

နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ အဘိုးအိုတစ်ဦးကို အလုံးစုံနတ်ဆိုးနယ်မြေက လွှမ်းခြုံသွားခဲ့သည်။ ထိုအခါ ရူးသွပ်သွားသူတစ်ယောက်ပမာ အော်ဟစ်လိုက်၏။ နောက်တော့ ရှဲ့နျန်ချင်း၏ လက်ဝါးရိုက်ချက်အောက်တွင် သေဆုံးသွားတော့သည်။

'အလုံးစုံနတ်ဆိုးနယ်မြေလား။ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်ပြီးနောက် ရှောင်ချင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုပြီးတော့ သန်မာလာပုံရတယ်'

လုမင် တွေးလိုက်သည်။ ရှဲ့နျန်ချင်း၏ တိုးတက်မှုအတွက် သူ ပျော်ရွှင်မိလေသည်။

သူ့ကို ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က တပည့်အဖြစ် လက်ခံပြီး၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သူတော်စင်ငယ် ဖြစ်လာခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ရှဲ့နျန်ချင်း၏ ဝိညာဉ်ခန္ဓာက အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ကိုယ်ခန္ဓာဖြစ်သည်မှာ သေချာသည်။ လုမင်ဟာ ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်စွမ်းအားကို ဖုံးကွယ်ထားသည်ဟုပင် ခံစားမိခဲ့ပေသည်။

လုမင် တွေးနေစဉ်တွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းကလည်း လူတစ်ဦးစီကို သတ်ဖြတ်ခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်း လူသုံးယောက်သာ ကျန်တော့သည်။

"သွား... သွားကြစို့"

ကျန်သုံးယောက်လည်း လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားပြီး ထွက်ပြေးသွားကြသည်။

လုမင်တို့ကလည်း သူတို့ကို လိုက်မဖမ်းကြတော့ပေ။ ဤလူများကို အင်အားစုငယ်များမှဖြစ်မည်ဟု ခန့်မှန်းမိသောကြောင့် ဂရုမစိုက်တော့ပါ။

"ဒီဖီးနစ်နံ့သာသစ်သားကို မျှဝေကြရအောင်"

လုမင်က ဖီးနစ်နံ့သာသစ်သားကို ထုတ်ယူလိုက်သည်။ ထို့နောက် ယွမ်ချီစွမ်းအင်ဓားတစ်လက်ဖြင့် လေးပိုင်းပိုင်းပြီး ခွဲယူလိုက်၏။

"ထျန်းဖုန်းလွင်ပြင်မှာ ဧရာမ ဖီးနစ်နံ့သာသစ်ပင်ကြီး ရှိနေမလား မသိဘူး"

ထျန်းချွေးက စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

သူတို့ရရှိခဲ့သော ဖီးနစ်နံ့သာသစ်သားမှာ အကိုင်းအခက်တစ်ခုသာဖြစ်ကြောင်း ထင်ရှားသည်။ အကိုင်းတစ်ခုပင်လျှင် ဤမျှကြီးနေပါက၊ ပင်မသစ်ပင်ကြီးမှာ မည်မျှကြီးမားပါမည်နည်း။

"နတ်သားရဲ ဖီးနစ်ငှက်က ထျန်ဖုန်းလွင်ပြင်မှာ နေထိုင်တာလေ။ သူက ဖီးနစ်နံ့သာသစ်ပင်မှာ နေတာဖြစ်ရမယ်"

လုမင်က ခန့်မှန်းလိုက်သည်။

ထို့နောက် လေးယောက်သား ရှေ့ကိုဆက်သွားခဲ့လေသည်။

"ဆရာတူ ညီမလေး"

မကြာမီ၊ အသံတစ်ခု ကြားလိုက်ရပြီး ဘေးမှပျံသန်းလာသော မော့ယန်ကို မြင်လိုက်ရသည်။

လုမင်တို့အားလုံး အနည်းငယ် မျက်ခုံးပင့်လိုက်မိ၏။ မော့ယန်ကို ဤနေရာတွင်တွေ့ရန် မမျှော်လင့်ထားပေ။

"ဆရာတူညီမလေး၊ နောက်ဆုံးတော့ မင်းကိုတွေ့ပြီ"

မော့ယန်က ပြုံးလျက် ပြောလိုက်သည်။ သူက စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ရှဲ့နျန်ချင်းကို ကြည့်လိုက်၏။

"တစ်​​ယောက်​​ယောက်​ကတော့ ရှက်ရွံ့ရကောင်းမှန်း တကယ်မသိတော့ဘူးပဲ။ ခယ်မလေးက ထွက်သွားဖို့ ပြောထားတာတောင် ရောက်လာသေးတယ်"

ထျန်းချွေးက ‌အထင်မြင်‌သေးစွာ ပြောလိုက်သည်။

မော့ယန်က ထျန်းချွေးကို စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများမှာလည်း စူးရှသော အလင်းတစ်ခု လင်းလက်သွားခဲ့သည်။ ရှဲ့နျန်ချင်းအတွက်သာ မဟုတ်ပါက လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ကို သတ်ပစ်ပြီးသား ဖြစ်လိမ့်မည်။

"ငါ့ရဲ့ ဆရာတူညီမလေးက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ သူတော်စင်ငယ်ပဲ။ ဒီတစ်ခေါက် အပြင်ထွက်တဲ့အခါ သူ့ကိုကာကွယ်ဖို့ အမိန့်ထုတ်ထားတာမို့ ငါ သူ့ဘေးမှာရှိနေရမယ်"

မော့ယန် ပြောလိုက်သည်။

ရှဲ့နျန်ချင်းက မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်၏။

"မော့ယန်၊ ကျွန်မ ရှင့်ရဲ့အကာအကွယ်ကို မလိုဘူး။ လုမင်က ကျွန်မကို ကာကွယ်ပေးလိမ့်မယ်"

"ညီမလေး၊ ဒါက ဆရာ့ရဲ့အမိန့်ဖြစ်လို့ ငါ မနာခံဘဲ မနေဝံ့ပါဘူး။ မဟုတ်ရင် ငါပြန်သွားတဲ့အခါ သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်။ ဒါကြောင့် မင်းငါ့ကို မောင်းထုတ်ရင်တောင် မင်းနောက်ကို လိုက်နေဦးမှာပဲ"

မော့ယန်က ပြောသည်။

"သောက်ကျိုးနည်း၊ တချို့လူတွေရဲ့ အရေပြားက ဆင်တစ်ကောင်ထက်တောင် ပိုထူတာပဲ"

ထျန်းချွေးက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဆင်ဘယ်ဟုတ်မလဲ... မြို့ရိုးထက်ကို ပိုထူတာ။ အရှက်မဲ့တဲ့လူတွေကို ငါတွေ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက် အရှက်မရှိတဲ့လူကိုတော့ တစ်ခါမှ မမြင်ဖူးဘူး"

ရွယ်နင်ရှင်းကလည်း ပြောသည်။

"ပါးစပ်ပိတ်ထားစမ်း၊ ငါ့ကို ထပ်စော်ကားရဲရင် မင်းတို့အားလုံးကို ငါ ချက်ချင်း သတ်ပစ်မယ်"

မော့ယန် အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော နတ်ဆိုး အငွေ့အသက်များ ပေါက်ကွဲထွက်လာ၏။ သူ၏ နတ်ဆိုးအငွေ့အသက်က ကောင်းကင်သို့ ထိုးတက်သွားပြီး မီးတောက်ကဲ့သို့ လောင်ကျွမ်းသွား‌တော့သည်။

"ဒုန်း၊ ဒုန်း"

ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ဤရောင်ဝါကြောင့် ဖိနှိပ်ခံရပြီး ခြေလှမ်းများစွာ နောက်ဆုတ်သွားခဲ့ရသည်။

လုမင်က အနက်ရောင်တောင်ပံများကို ခတ်လိုက်သည်။ သူ့ပုံရိပ်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းရှေ့တွင် ပေါ်လာပြီး မော့ယန်၏အရှိန်အဝါကို တွန်းလှန်လိုက်၏။

မော့ယန်ဟာ စန်းပြည်နယ်ရှိ ထိပ်တန်းပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း သူတော်စင်တစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိခဲ့သည်မှာ ကြာလှပြီ။ ထို့ကြောင့် ယခုအချိန်တွင်၊ သူတို့ယှဉ်နိုင်သောအရာ မဟုတ်သည်မှာ သေချာသည်။

"မော့ယန်၊ သူတို့က ကျွန်မရဲ့ သူငယ်ချင်းတွေပဲ။ ရှင် သူတို့ကို ထိချင်ရင် ကျွန်မရဲ့အလောင်းကို ကျော်သွားရလိမ့်မယ်"

ရှဲ့နျန်ချင်းက လုမင်၏အနားတွင် ဖျတ်ခနဲပေါ်လာပြီး မော့ယန်ကို စိုက်ကြည့်လိုက်၏။

မော့ယန်၏ မျက်လုံးများက မနာလိုမီးတောက်များ ပြည့်နှက်သွားသည်။

ထို့နောက် ရက်စက်ကြမ်းကြုတ်မှု အလင်းတန်းတစ်ခုက ဖျတ်ခနဲ လက်သွား၏။ သူက ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။

"ညီမလေး၊ မင်း အထင်မှားနေပြီ။ သူတို့က မင်းရဲ့သူငယ်ချင်းတွေဆိုမှတော့ ငါက သူတို့ကို ဘာလို့ထိရမှာလဲ။ သွားပါ၊ ငါ မင်းနဲ့ ဒီအတိုင်းပဲ လိုက်ခဲ့မယ်။ ထျန်းဖုန်းလွင်ပြင်မှာ အဖိုးတန် ရတနာတွေ ရှိနိုင်တယ်"

ရှဲ့နျန်ချင်းလည်း မော့ယန်ကို အေးစက်စက်ကြည့်ရင်း အကူအညီမဲ့သလို ခံစားလိုက်ရသည်။ မော့ယန်သာ သူ့အနောက်ကို အတင်းလိုက်နေပါက၊ သူမ ဘာမျှမလုပ်နိုင်ပေ။

သူတို့အဖွဲ့လည်း ရှေ့သို့ ဆက်သွားခဲ့ကြသည်။

ထျန်းဖုန်းလွင်ပြင်မှာ အလွန်ကြီးမားသည်။ ယခုဆိုလျှင်၊ သူတို့လူစုက လေပွေများကိုဖြတ်ကျော်ရင်း ထျန်းဖုန်းလွင်ပြင်ထဲသို့ မိုင်ထောင်ချီကာ ဝင်ရောက်ခဲ့ပြီးပြီ။

လမ်းတစ်လျှောက်တွင် ဖီးနစ်အော်ဟစ်သံများကို ကြိမ်ဖန်များစွာ ကြားခဲ့ရသော်လည်း အသံများက ပို၍ အားနည်းလာသည်ဟု ခံစားခဲ့ရသည်။

"ဟေး၊ ဟိုမှာကြည့်စမ်း။ ဖီးနစ်နံ့သာသစ်သားတစ်ပိုင်း ရှိနေပုံရတယ်"

ရုတ်တရက်၊ မော့ယန်က တစ်နေရာကို ညွှန်ပြလိုက်သည်။

လူတိုင်းက လှမ်းကြည့်လိုက်တော့ ဘယ်ဘက်ခြမ်းမှာ ဖီးနစ်နံ့သာသစ်သားတစ်ပိုင်းကို တွေ့လိုက်ရ၏။

ထိုနေရာတွင် ကြီးမားသော ကျောက်တုံးကြီးများ ရှိနေသည်။ ကျောက်တုံးများက လေပြင်း၏ တိုက်စားခံရဟန်ဖြင့် အလွန်ချောမွေ့နေပေသည်။

ဖီးနစ်နံ့သာသစ်သားက ကျောက်တုံးများကြားတွင် ရှိနေခြင်း ဖြစ်သည်။

သူတို့လည်း ထိုနေရာသို့ အမြန်ပြေးသွားကြသည်။ သို့ရာတွင်၊ မော့ယန်၏ မျက်လုံးများမှ လှောင်ပြောင်မှု နှင့် အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာသည်ကိုတော့ မည်သူမျှ သတိမထားမိတော့ပေ။

"မကောင်းတော့ဘူး၊ ချောင်းမြောင်းတိုက်ခိုက်မှုရှိတယ်။ နောက်ဆုတ်ကြ"

ဖီးနစ်နံ့သာသစ်သားအနီးသို့ ချဉ်းကပ်လာစဉ်တွင်၊ လုမင်က အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ သူက အော်ပြောပြီး ရှဲ့နျန်ချင်းနှင့် တခြားသူများကို ပြန်ဆွဲထုတ်ရန် ကြိုးစားလိုက်၏။

သို့သော်၊ များစွာ နောက်ကျသွားခဲ့ပြီ။

ကျောက်တုံးကြီးများ၏ နောက်ဘက်မှ အနည်းဆုံး လူတစ်ဒါဇင်ခန့် ပြေးထွက်လာခဲ့ကြသည်။

"ယွီရှန့်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်း"

လုမင်ကြည့်လိုက်တော့ တစ်ယောက်က ယွီရှန့် ဖြစ်ချေသည်။

အခြားလူများကတော့ ငယ်ရွယ်သူမဟုတ်ကြပေ။ သူတို့၏ အဝတ်အစားများအရ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများဖြစ်ကြကြောင်း သိလိုက်ရသည်။

"လုမင်၊ ဒီတစ်ခါတော့ မင်း ဘယ်လိုသေသွားမလဲ ကြည့်ရသေးတာပေါ့"

ယွီရှန့်၏ မျက်လုံးများက အေးစက်သွားသည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လူတော်တော်များများကို သတ်ပစ်လိုက်တာ ဒီကောင်ပေါ့။ သူက တကယ်ကို ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူ အဘိုးအိုတစ်ဦးက အေးစက်စက် ပြောလိုက်သည်။ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုလည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။

သူတော်စင်တစ်ပိုင်း။

လုမင်၊ ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် ရှဲ့နျန်ချင်းတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

တစ်ဖက်လူက သူတော်စင်တစ်ပိုင်းကို စေလွှတ်ခဲ့၏။

"ဝုန်း၊ ဝုန်း"

ထို့နောက်၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတချို့ ထပ်မံ ပေါက်ကွဲထွက်လာပြီး ကြီးမားသောဖိအားများက လုမင်တို့အပေါ် ကျရောက်လာတော့သည်။

သူတော်စင်တစ်ပိုင်း၊ သူတော်စင်တစ်ပိုင်းများ ဖြစ်ပြန်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း နှစ်ခုစလုံးတွင် သူတော်စင်တစ်ပိုင်းများ ရှိနေသည်။

စုစုပေါင်း သူတော်စင်တစ်ပိုင်း သုံးယောက် ရှိ၏။

သူတော်စင်တစ်ပိုင်းနှင့် နဝမအဆင့် သိုင်းအုပ်ချုပ်သူမှာ အဆင့်တစ်ခုသာ ကွာခြားသော်လည်း ကွာဟချက်က ကြီးမားလွန်းသည်။

ထျန်းချွေးနှင့် ရွယ်နင်ရှင်းမှာ အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် သာမန် နဝမအဆင့် သိုင်းအုပ်ချုပ်သူအား သတ်နိုင်သည်။ သို့ရာတွင်၊ သူတို့က သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူ‌ကိုတော့ မယှဉ်နိုင်သေးပေ။

ထို့အပြင်၊ ရန်သူများမှာ သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ သုံးဦး ရှိခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ခွဲခန့်က၊ စန်းတောင်မှ နဂါးနတ်ဘုရားတောင်ကြားသို့ အပြန်တွင် လုမင်ဟာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ သူတော်စင်တစ်ပိုင်းကို ရင်ဆိုင်ခဲ့ရသည်။ ထိုစဉ်က လုမင်မှာ သေလုမျောပါး ဖြစ်ခဲ့ရပေသည်။

All Chapters