← Chapters

အခန်း ၁၅၇၆

Vol. 106 Ch. 1576

အခန်း ၁၅၇၆

Vol. 106 Ch. 1576

အပိုင်း ( 1576 ) ရီတျန်နှင့် ပြန်ဆုံခြင်း။

လေပွေများက နေရာလွတ်၏ ဘေးပတ်ပတ်လည်အပြည့် ဝိုင်းရံထားသဖြင့် ထွက်ခွာရန်လမ်းမရှိပေ။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်လာခဲ့ကြသည်။

"ညီလေး၊ ငါတို့ အခုဘယ်မှာလဲ"

ထျန်းချွေးက ပေါ်လာသည်နှင့် တပြိုင်နက် တူကြီးတစ်လက်ကိုဆုပ်ကိုင်ပြီး ပတ်ဝန်းကျင်ကို သတိထား ကြည့်လိုက်၏။

"ကျွန်တော်တို့ လေပွေတွေ ဝန်းရံထားတဲ့ ထျန်းဖုန်းလွင်ပြင်ရဲ့ နက်နဲရာမှာ ရှိသင့်တယ်"

လုမင်က ပြောလိုက်သည်။

"အင်း"

ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး အန္တရာယ်မရှိကြောင်း တွေ့လိုက်ရမှ သက်ပြင်းချလိုက်ကြလေသည်။

"ချီးတဲ့မှပဲ၊ နောက်တစ်ခါကျရင် ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းကကောင်တွေကို သေချာပေါက် သတ်မယ်။ နောက်ပြီး အရင်က ငါတို့ကို သူတို့ ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ။ အဲဒီမှာ ငါတို့ကိုတောင် ခြုံခိုတိုက်ခိုက်ခဲ့သေးတယ်"

ထျန်းချွေးက ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။

"ဒါက မော့ယန်ပဲ ဖြစ်ရမယ်။ သူက ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်အဆိပ်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့တာ၊ အဲဒါကြောင့်ပဲ ငါတို့ ခြုံခိုတိုက်ခိုက်ခံခဲ့ရတာ"

‌ရွယ်နင်ရှင်းက ပြောလိုက်သည်။

"ဆရာတူအစ်မပြောတာ မှန်တယ်။ မော့ယန်က ကျွန်တော်တို့ကို ရှာတွေ့တာ တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။ သူက ကျွန်တော်တို့ကို တမင်ရှာပြီး ခြုံခိုတိုက်ခိုက်ခဲ့တာ"

လုမင် ပြောလိုက်၏။

ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းအဆိပ်ဂိုဏ်းတို့၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရကတည်းက လုမင်ဟာ ဤအချက်ကို တွေးခဲ့မိသည်။ ထို့ကြောင့် မော့ယန်သာ ရှဲ့နျန်ချင်းကို နောက်ဆုတ်စေနိုင်လျှင် သူမ အန္တရာယ်မဖြစ်နိုင်မှန်း သူသိသည်။ ထို့ကြောင့် မော့ယန်အား ရှဲ့နျန်ချင်းကို ခေါ်သွားခွင့်ပြုခဲ့ခြင်း ဖြစ်ချေသည်။

"မော့ယန်၊ ဒါက သူ့လက်ချက်ကိုး။ ငါ သူ့ကို အနှေးနဲ့အမြန် သတ်ရမယ်"

ထျန်းချွေးက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ သူလည်း မော့ယန်ကို အနှေးနဲ့အမြန်ဆိုသလို သတ်ရမည်။

"ဒီနေရာက လေပွေတွေ ဝိုင်းနေတာကြောင့် ထူးထူးခြားခြား တစ်ခုခုတော့ ရှိရမယ်။ အနီးနားကို လှည့်ကြည့်ရအောင်"

လုမင် ပြောလိုက်သည်။

ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက်တော့ သုံးယောက်သား ဧရိယာကို စစ်ဆေးရန် ရှေ့သို့ ထွက်လာကြတော့သည်။

ဤနယ်မြေမှာ အလွန်ကျယ်ဝန်းပြီး မိုင်ပေါင်းများစွာ ကျယ်ဝန်းသည်။

"ဟင်၊ ဟိုမှာ ဘာလဲ။ အဲဒါက အမွေးအတောင်တွေနဲ့တူတယ်"

ရွယ်နင်ရှင်းက ရုတ်တရက် ရှေ့ကို ညွှန်ပြလိုက်သည်။

သူတို့သုံးယောက် ပြေးသွားသောအခါ မြေပြင်တွင် တွင်းပေါက်ကြီးများပြည့်နေပြီး အမွေးအချို့ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရတော့သည်။

"ဒါတွေက ဖီးနစ်အမွေးတွေပဲ"

လုမင် အံ့သြသွားသည်။

ယခင်က သူဟာ ဖီးနစ်ငှက်မွှေးအနည်းငယ်ကို ရဖူးသည့်အတွက် အမှားအယွင်း မရှိနိုင်ပေ။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အမွေးများ အားလုံးက ဖီးနစ်ငှက်မွေးများ ဖြစ်သည်။

အနည်းဆုံး တစ်ဒါဇင်ကျော် ရှိ၏။

"ဒါတွေက တကယ်ကို ဖီးနစ်ငှက်မွှေးတွေပဲ။ ထျန်းဖုန်းလွင်ပြင်မှာ နတ်ဖီးနစ်တစ်ကောင် ရှိနေပုံရတယ်"

ထျန်းချွေး ပြောလိုက်သည်။

"ဆရာတူအစ်ကိုနဲ့ ဆရာတူညီအမ၊ ဖီးနစ်ငှက်မွေးက ကျွန်တော်အတွက် အရမ်းအသုံးဝင်တယ်။ ဒါတွေ ကျွန်တော်ကိုပေးနိုင်မလားမသိဘူး၊ အခြား ရတနာတွေနဲ့ လဲလှယ်ပေးပါမယ်"

လုမင် လက်ယှက်ပြီး ပြောလိုက်၏။

ဒုတိယခန္ဓာလုမင်ဖြင့် ဖီးနစ်ငှက်မွှေးဓားပျံများအဖြစ် ပြုလုပ်သန့်စင်နိုင်သည်။

ယခင်က လုမင်တွင် ဖီးနစ်ငှက်မွှေးဓားပျံငါးခုသာ ရှိခဲ့သည်။ ထိုဓားပျံများကို ပြုလုပ်ခဲ့သည့် ဖီးနစ်ငှက်မွှေးများ၏ အဆင့်ကလည်း မြင့်မားခြင်း မရှိပေ။ သို့သော်လည်း သူ့ရှေ့ရှိ ဖီးနစ်ငှက်မွှေးများက သူတော်စင် အငွေ့အသက်များ ထွက်ပေါ်နေသည်။ ယင်းက သူတော်စင်အဆင့် ဖီးနစ်တစ်ကောင်မှ ကျန်ခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ အကယ်၍ ၎င်းတို့ကို ဖီးနစ်ငှက်မွှေးဓားပျံများအဖြစ် ပြန်လည် သန့်စင်လိုက်ပါက ပို၍ပင် အားကောင်းလာမည်ဖြစ်သည်။

ထို့အပြင် ဖီးနစ်ငှက်မွှေးဓားပျံများ များများရှိလေလေ၊ ဓားဝင်္ကပါက ပို၍ အားကောင်းလေပင်။

"ဆရာတူမောင်လေး၊ ဘာတွေပြောနေတာလဲ။ နင် အသုံးလိုတယ်ဆိုရင် ယူလိုက်ပါ၊ လဲလှယ်ပေးစရာမလိုဘူး"

ရွယ်နင်ရှင်းက ပြောလိုက်သည်။

"ဟုတ်သားပဲ၊ မင်းက ငါတို့အသက်ကို အခုလေးတင်ပဲ ကယ်ခဲ့တာ။ မင်း ငါတို့ကို အပြင်လူတစ်ယောက်လို ဆက်ဆံနေတာပဲ၊ ငါမပျော်တော့ဘူး"

ထျန်းချွေးကလည်း ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကိုနဲ့ အစ်မ"

လုမင်လည်း မယဉ်ကျေးတော့ဘဲ လက်ယှက်ပြလိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ မြေပြင်ပေါ်ရှိ ဖီးနစ်ငှက်မွှေးအားလုံးက တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ပျံသန်းသွားပြီး ဒုတိယခန္ဓာလုမင်၏လက်ထဲကို ကျရောက်သွားတော့သည်။

"ဒီနေရာက တွင်းပေါက်ကြီးတွေနဲ့ ပြည့်နေတာပဲ၊ အရင်က တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တာ သိသာတယ်။ နောက်ပြီး အဲဒီတိုက်ပွဲမှာ နတ်ဖီးနစ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ပုံပဲ။ နတ်ဖီးနစ်ရဲ့ အော်ဟစ်သံက အဲဒီဒဏ်ရာတွေကြောင့် ဖြစ်နိုင်တယ်"

ရွယ်နင်ရှင်းက မှန်းဆလိုက်သည်။

"ဖြစ်နိုင်တယ်၊ လျှောက်ကြည့်ရအောင်"

လုမင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သုံးဦးသား ဆက်လက်၍ စူးစမ်းကြပြန်တော့သည်။

သို့သော်လည်း သူတို့သုံးဦးဟာ သတိကြီးကြီးထားခဲ့ကြသည်။ သူတော်စင်နယ်ပယ် ဖီးနစ်တစ်ကောင်ကိုပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရစေနိုင်ခြင်းက၊ သူတော်စင် ဖီးနစ်၏ ပြိုင်ဘက်ဟာ အလွန်အစွမ်းထက်ကြောင်း ထင်ရှားသည်။ ယင်းက လူသားဖြစ်ဖြစ်၊ နတ်သားရဲဖြစ်ဖြစ် သတိထားရမည်။

လမ်းတစ်လျှောက်တွင် ကြီးမားသော မြေတွင်းများကို တွေ့ခဲ့ရသည်။ ထိုမှ တိုက်ပွဲဟာ မည်မျှပြင်းထန်ခဲ့ကြောင်း မြင်နိုင်သည်။

လမ်းတွင်၊ လုမင်တို့ဟာ နတ်ဖီးနစ်၏ အမွှေးအတောင် အနည်းငယ်ကို ထပ်မံတွေ့ခဲ့ရသည်။ ၎င်းတို့ကိုလည်း လုမင်မှ သိမ်းထားခဲ့လေသည်။

မကြာမီ၊ နက်ရှိုင်းသော တွင်းတစ်ခုကို တွေ့လိုက်ရသည်။

တွင်းက မီတာငါးရာကျော် အကျယ်ရှိပြီး မီတာ တစ်ထောင်ကျော် နက်ရှိုင်း၏။

သူတို့သုံးယောက်လည်း ဤနေရာတွင် ယခင်က ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိခဲ့မည်ဟု မှန်းဆမိခဲ့သည်။ ယခုတော့ အမြစ်ပါမကျန်အောင် တူးဖော်ထားခဲ့ပြီ။

ဖီးနစ်နံ့သာသစ်ပင်။

သူတို့ သုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဖီးနစ်နံ့သာသစ်သား အကြောင်း တွေးလိုက်မိကြသည်။

နတ်ဖီးနစ်က ဖီးနစ်နံ့သာသစ်သားပေါ်တွင် နေထိုင်ခဲ့ပေမည်။ ယခုတော့ နတ်ဖီးနစ်က ပျောက်ဆုံးနေပြီး ဖီးနစ်နံ့သာသစ်ပင်ကိုလည်း တစ်စုံတစ်ယောက်မှ တူးယူသွားခဲ့ပြီ ဖြစ်သည်။

"ဟိုမှာ သစ်ပင်အမြစ်တွေ ပြန့်ကျဲနေတယ်"

ရုတ်တရက်၊ ထျန်းချွေးဟာ တွင်းနက်ကြီးထဲတွင် သစ်ပင်အမြစ်များကို တွေ့လိုက်ရသည်။

သုံးယောက်သား ပြေးဆင်းလာပြီးနောက်၊ ပေါင်လုံးမျှကြီးမားပြီး မွှေးပျံ့သော ရနံ့များထုတ်လွှတ်နေသည့် သစ်များဖြစ်ကြောင်း သိလိုက်ရ၏။ အမှန်ပင်၊ ဖီးနစ်နံ့သာသစ်သားများ ဖြစ်တော့သည်။

"ရှာကြည့်ရအောင်၊ ပြန့်ကျဲနေတဲ့သစ်ပင်အမြစ်တွေ ရှိနိုင်လောက်သေးတယ်"

လုမင် ပြောလိုက်သည်။

သူတို့ သုံးယောက်လည်း တွင်းနက်ကြီးထဲတွင် မြေကြီးကိုတူးဖော်ကာ ရှာဖွေကြတော့သည်။ အမှန်ပင်၊ သူတို့ သုံးဦးဟာ သစ်ပင်အမြစ်များ အများအပြားကို တွေ့ရှိခဲ့ရသည်။

ဖီးနစ်နံ့သာသစ်ပင် အမြစ်များ၏ တန်ဖိုးက သစ်ကိုင်းများထက်ပင် ပို၍ တန်ဖိုးရှိပေသည်။

သုံးယောက်သား အညီအမျှ ခွဲဝေယူပြီး အမြတ်များခဲ့ရသည်။

"ဖီးနစ်နံ့သာပင်ကြီး တစ်ပင်လုံးကို တူးယူသွားတာ စိတ်မကောင်းစရာပဲ။ မဟုတ်လို့ ငါတို့ရလိုက်ရင် အရမ်းကောင်းမှာ"

ထျန်းချွေးက မချင့်မရဲဖြင့် ပြောလိုက်သည်။

ဖီးနစ်နံ့သာသစ်က ကျင့်ကြံသူတစ်ဦး၏ စိတ်ကို တည်ငြိမ်စေရန် ကူညီပေးနိုင်သည်။ ယင်းက မည်သူမဆို လိုအပ်သော ရတနာတစ်ပါး ဖြစ်ချေသည်။

၎င်းတို့ကို ရောင်းချလိုပါကလည်း ကျောက်ကြမ်းများစွာ တန်ဖိုးရှိသည်။

ထို့နောက်မှာတော့ သူတို့သုံးယောက် သေသေချာချာ ရှာဖွေသည့်တိုင် မတွေ့ရတော့ပေ။ သူတို့သုံးဦးလည်း ဆက်လက်ထွက်ခွာခဲ့ကြသည်။

မကြာမီ၊ လူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် သူတို့သုံးယောက် အံ့ဩသွား၏။

ရှင်းရှင်းပြောရလျှင်၊ ထိုနေရာတွင် သွေးအိုင်တစ်ခု ရှိသည်။ ထိုလူက သွေးအိုင်ထဲမှာ တင်ပျဉ်ခွေထိုင်နေခြင်း ဖြစ်ချေသည်။

"ရီတျန်"

လုမင် အံ့သြသွားသည်။

ထိုပုံက အမှန်တကယ် ရှန်းရွှီတိုက်အဖွဲ့အစည်းမှ လာရောက်ခဲ့သော ရီတျန်ပင်။

ရီတျန်ကိုတော့ လုမင် အသေအချာ မှတ်မိခဲ့သည်။ သူ့သွေးမျိုးဆက်က ဖီးနစ်ကုချင်း ဖြစ်၏။ သူက နတ်ဖီးနစ်သံစဉ်ကို တီးခတ်နိုင်ပြီး သူ၏တိုက်ခိုက်နိုင်စွမ်းက အလွန်သန်မာပေသည်။

ရီတျန်က ဤနေရာကို အမှန်တကယ် ဝင်ရောက်နိုင်ခဲ့သည်။

ယခုအချိန်တွင်၊ ရီတျန်က သွေးအိုင်အတွင်း၌ တင်ပျဉ်ခွေထိုင်နေသည်။ သွေးအိုင်အတွင်းရှိ သွေးများက ဖီးနစ်သဏ္ဍာန်သို့ ပြောင်းလဲပြီး ရီတျန်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။

ထိုသွေးများက နတ်ဖီးနစ်၏ သွေးများဖြစ်ကြောင်း ထင်ရှားသည်။

"လုမင်၊ မင်း ဒီလူကို သိလား"

ထျန်းချွေးက မေးလိုက်သည်။

"သိပါတယ်၊ သူက ကျွန်တော်နဲ့ တူညီတဲ့ တိုက်အဖွဲ့အစည်းကနေ လာခဲ့တာ။ သူက ကျွန်တော်တို့ တိုက်ကြီးအဖွဲ့အစည်းရဲ့ ပါရမီရှင်တစ်ယောက်ပဲလေ။ နောက်ပိုင်းမှာတော့ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဝင်ရောက်ခဲ့တယ်"

လုမင် ပြောလိုက်သည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းက လူတစ်ယောက်"

ထျန်းချွေး၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။

ရီတျန်ကတော့ ဤအခြေအနေများကို လုံးဝမသိပါ။ သူက နတ်ဖီးနစ်၏သွေးကို စုပ်ယူရန် အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။

"ဝုန်း"

ခဏအကြာတွင် ရီတျန်၏ ခန္ဓာကိုယ်မှ ဖီးနစ်သဏ္ဍာန်တစ်ခု ပျံထွက်လာသည်။ ဖီးနစ်အော်သံ ပေါ်လာပြီးနောက် ရီတျန်၏အရှိန်အဝါက တဟုန်ထိုး တက်လာခဲ့၏။

ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်။

ရီတျန်၏ ကျင့်ကြံခြင်းအခြေခံက ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်သွားခဲ့ပြီ။

ထိုအချိန်တွင် ရီတျန်က သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ ရုတ်တရက်၊ လုမင်တို့ကို မြင်လိုက်ရတော့ တုန်လှုပ်သွားပြီး အမြန်နောက်ဆုတ်သွား၏။

"လုမင်၊ မင်းလား"

ထို့နောက်၊ လုမင်မှန်းသိသွားကာ အံ့အားသင့်စွာ အော်ပြောမေးလိုက်လေသည်။

"ဟုတ်ပါတယ်၊ ငါပဲ။ ဘာလဲ... ငါ့ကို မမှတ်မိဘူးလား"

လုမင် ပြုံးလိုက်သည်။

"လုမင်၊ ငါ ကောင်းကင်နတ်ဘုရားဂိုဏ်းက ထွက်ခဲ့ပြီ"

ရီတျန်က ခပ်တိုးတိုး ပြောလိုက်သည်။

"ဟမ်"

လုမင် မျက်ခုံးပင့်လိုက်၏။

ဤအခြေအနေက လုမင်၏ မျှော်လင့်ချက်ထက် ကျော်လွန်သည်။ ရီတျန်၏ ကျင့်ကြံခြင်းအခြေခံက များစွာမြင့်မားခြင်း မရှိသေးပါ။ ယခုအချိန်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ နှုတ်ထွက်ခြင်းက သူ၏ အကာအကွယ်ကို ဆုံးရှုံးလိုက်ခြင်းနှင့် ညီမျှသည်။

All Chapters