အခန်း ၁၅၇၈
Vol. 106 Ch. 1578
အပိုင်း ( 1578 ) လေပွေများကို ထိန်းချုပ်ခြင်း။
"ဝှစ်"
လုမင်က လေပွေဆီသို့ ပြေးသွားသည်။
"ဟိုကောင်လေး ဘာလုပ်နေတာလဲ"
"ရတနာကိုမြင်တာနဲ့ မစဉ်းစားနိုင်တော့ဘဲ သေတွင်းထဲကိုပြေးဝင်နေတယ်"
လေပွေများဆီသို့ လုမင် ပြေးဝင်သွားကြောင်း မြင်ရသောအခါ အချို့က လှောင်ပြောင်လိုက်ကြသည်။
သို့သော်လည်း လေပွေအနီးသို့ ရောက်လာပြီးနောက် လုမင်က ရပ်လိုက်သောကြောင့် တချို့က တစ်ဖန် ရယ်မောကြ၏။ သူတို့ဟာ လုမင်က ရတနာကိုမြင်သောကြောင့် လောဘတက်သွားသော်လည်း နောက်ဆုံးအချိန်တွင် ကြောက်လန့်ကာ ရပ်လိုက်ခြင်းဖြစ်မည်ဟု ထင်မြင်ခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် လုမင်က အေးစက်စက် ပြုံးလိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ အေးခဲလေပုလဲက ထွက်ပေါ်လာ၏။
"ဝှစ်"
ထို့နောက်တွင်၊ လုမင်က လေပွေထဲသို့ ပြေးဝင်သွားတော့သည်။
လူတိုင်း အံ့ဩသွားကြသည်။
လုမင်ကို လေပွေထဲသို့ အမှန်တကယ် ပြေးဝင်သွားမည်ဟု သူတို့ မမျှော်လင့်ထားပေ။
"ဒီကောင်လေးမှာ ရှားပါးရတနာတစ်ခု ရှိတာပဲ။ အဲဒါကြောင့် သူက လေပွေတွေကို မကြောက်တာ"
တစ်ယောက်က ပြောလိုက်သည်။
"အဲဒီပုလဲကြောင့်ပဲ၊ အဲဒီကောင်လေးက ဘယ်သူလဲ။ ငါတို့သူ့ကို ဖယ်ရှားရမယ်
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်တစ်ပိုင်း အကျော်အမော်တစ်ဦးက အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးများက စိတ်အားထက်သန်မှုတို့ဖြင့် ပူလောင်လာ၏။
ထိုရတနာက အလွန်အစွမ်းထက်ပြီး လေပွေများကို မကြောက်ပေ။ သူတို့သာ ထိုရတနာကို ရရှိခဲ့ပါက တောင်ပေါ်သို့ တိုက်ရိုက်တက်နိုင်မည်ဟု မဆိုလိုပါသလော။
"ချီးပဲ၊ ဒီကောင်က တောင်ပေါ်ကို တစ်ယောက်တည်း ပြေးဝင်သွားတယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှလူများ ဒေါသတကြီး ဖြစ်ခဲ့ကြသည်။
သူတော်စင်နယ်ပယ် အကျော်အမော်များ မကြာခင်ရောက်လာတော့မည်ဟူသောသတင်းကို ဖြန့်ထားပြီး ဖြစ်သည်။ သို့တိုင်၊ တစ်စုံတစ်ယောက်က ရှားပါးရတနာကိုသုံးပြီး တောင်ပေါ်သို့ ပြေးတက်သွားဝံ့သေးသည်။
"ဒီနေရာကို ဝိုင်းထားကြစို့။ ဒါဆိုရင် အဲဒီကောင်လေး ရတနာတစ်ခုခု ရရှိခဲ့ရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူထွက်လာတာနဲ့ သူ့ကိုသတ်မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်တစ်ပိုင်း အကျော်အမော်တစ်ဦးက အေးစက်စက် ပြောလိုက်သည်။
"ဟူး"
ထိုအချိန်တွင်၊ လုမင် ဝင်ရောက်သွားသော လေပွေက အမှန်တကယ် ရွေ့လျားသွားသည်။ လေပွေက ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်သို့ အမှန်တကယ် ရွေ့လျားသွား၏။
"ဘာတွေဖြစ်နေတာလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများလည်း ထိတ်လန့်တကြားဖြင့် အမြန်ပြန်ဆုတ်သွားတော့သည်။
"ဒီကောင်လေးရဲ့ ရှားပါးရတနာက လေပွေကို တကယ်ထိန်းချုပ်နိုင်တာပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်တစ်ပိုင်း အကျော်အမော်က ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက လောဘအရိပ်အယောင်များဖြင့် တောက်ပသွား၏။
သူပြောတာမမှားပေ။ အေးခဲလေပုလဲက လေပွေကို အမှန်တကယ် ထိန်းချုပ်နိုင်သည်။
ယခုအချိန်တွင် လုမင်က အေးခဲလေပုလဲကို အသုံးပြုပြီး လေပွေကို ထိန်းချုပ်နေသည်။
လုမင်ဟာ လေပွေထဲတွင်ရှိနေစဉ် ထိုအချက်ကိုတွေ့ခဲ့ခြင်း ဖြစ်သည်။ အေးခဲလေပုလဲက လေသလင်းကျောက်များကို စုပ်ယူပြီးနောက် လေပွေများကို ထိန်းချုပ်နိုင်စွမ်းရှိနေပြီ။
ဤအခိုက်တွင်၊ လုမင်က လေပွေ၏အလယ်တွင် ရှိနေသည်။ သူက လေပွေကိုထိန်းချုပ်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများဆီသို့ ပိုလျင်မြန်သော အရှိန်ဖြင့် တိုးဝင်သွားတော့သည်။
"ချီးတဲ့မှပဲ၊ ဆုတ်ဟ... ဆုတ်ကြ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများလည်း အော်ဟစ်ပြီး လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။
သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးပင်လျှင် ဤလေပွေထဲသို့ အလွှတ်မဲ့ ဝင်ရောက်မိပါက သေဆုံးရလိမ့်မည်။
မနီးမဝေးတွင်၊ ထျန်းချွေးတို့ သုံးဦးလည်း ဤမြင်ကွင်းကြောင့် တအံ့တဩ ဖြစ်သွားကြသည်။
"ဟားဟားဟား၊ ဆရာတူညီလေးလုမင်က မျှော်လင့်ထားတဲ့အတိုင်းပဲ။ တကယ် အံ့ဩဖို့ကောင်းတယ်"
ခဏတာ အံ့အားသင့်သွားပြီးနောက် ထျန်းချွေးက ဝမ်းသာအားရ ပြောလိုက်၏။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှလူများ လျင်မြန်စွာ ဆုတ်ခွာလာသည်နှင့် တပြိုင်နက်၊ လုမင်၏ လေပွေရွေ့လျားမှုနှုန်းမှာလည်း ပိုတိုးလာသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများနောက်ကိုလိုက်နေသော အရှိန်က ယခုအခါ ယခင်ကထက် အဆများစွာ ပိုမြန်လာတော့သည်။
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူအားလုံး အံ့သြသွားကြသည်။
ထိုလူငယ်က လေပွေများကိုထိန်းချုပ်နိုင်သောကြောင့် ဤနေရာမှာတော့ ယှဉ်ပြိုင်မရအောင် ဖြစ်နေပြီ။
"ချီးပဲ၊ အဲဒီကောင် ဘယ်သူလဲ။ ငါတို့ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဆန့်ကျင်ပြီး ကြံစည်ဝံ့တယ်။ စုံစမ်းရမယ်၊ သေချာ စုံစမ်းရမယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်တစ်ပိုင်း အကျော်အမော်တစ်ဦးက ဟိန်းဟောက်လိုက်သည်။
"ဟူး..."
ဤအခိုက်အတန့်တွင် လေပွေတစ်ခုက ရုတ်တရက် ဦးတည်ရာ ပြောင်းသွားသည်။ လေပွေက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများဆီသို့ ရွေ့လျားလာ၏။
ထျန်းဖုန်းလွင်ပြင်တွင် တောင်ကိုဝန်းရံနေသော လေပွေများ အများအပြား ရှိသည်။ သို့သော်လည်း ထျန်းဖုန်းလွင်ပြင်၏ အစိတ်အပိုင်းအသီးသီးတွင် ဆက်လက်တည်ရှိနေသည့် လေပွေများစွာ ရှိနေသေးသည်။
ဤအခိုက်အတန့်တွင်၊ လုမင်က အဝေးမှ လေပွေကိုတစ်ခုကိုလည်း ထိန်းချုပ်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများဆီသို့ ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။
ဟုတ်ပေသည်၊ ဤကဲ့သို့ တာဝေးထိန်းချုပ်မှုမှာ ကန့်သတ်ချက် ရှိသည်။ ဝေးလွန်းပါက ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ဤတစ်ကြိမ်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူဒါဇင်ပေါင်းများစွာ လေပွေထဲသို့ ကျရောက်သွားခဲ့သည်။ သူတော်စင်တစ်ပိုင်း အကျော်အမော်တစ်ဦးပင်လျှင် သတိမမူမိဘဲ လေပွေထဲသို့ မျောပါသွားတော့သည်။
ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ သူတော်စင်တစ်ပိုင်းနယ်ပယ်အောက်မှ လူအားလုံး လေပွေကြောင့် အပိုင်းပိုင်းပြတ်ကာ သေဆုံးသွား၏။ သူတော်စင်တစ်ပိုင်း အကျော်အမော်သာ အံကြိတ်ပြီး ဆက်လက်တောင့်ခံနေတော့သည်။
သူတော်စင်ရတနာတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေပြင်းများကို အရူးအမူး ခုခံခဲ့သည်။
"မဟုတ်ဘူး၊ ငါ မြန်မြန်ထွက်သွားရမယ်"
ထိုသူတော်စင်တစ်ပိုင်း အကျော်အမော်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
သူသည် လေပွေထဲမှ ပြေးထွက်နိုင်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းဖြင့် လေပွေထဲမှ ရုန်းမထွက်နိုင်ခဲ့ပေ။ ကြောက်စရာကောင်းသော လေပြင်းများကလည်း သူတော်စင်ရတနာကို အဆက်မပြတ် တိုက်ခိုက်နေသည်။ သူတော်စင်ရတနာလည်း အချိန်ကြာကြာ မထိန်းနိုင်ဟန်ဖြင့် တုန်ခါလာတော့သည်။
"အား၊ ငါ့ကို မြန်မြန်ထွက်သွားခွင့်ပြုစမ်း။ ကောင်စုတ်လေး... မင်း ငါ့ရဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဘယ်လိုတောင် စော်ကားရဲတာလဲ။ မင်း သေချင်နေပြီ"
ထိုသူတော်စင်တစ်ပိုင်း အကျော်အမော်က ကိုယ်တိုင် မလွတ်မြောက်နိုင်တော့မှန်းသိသောအခါ လုမင်ကို အော်ဟစ်ခြိမ်းခြောက်ခဲ့သည်။
"သနားစရာပဲ၊ အေးအေးချမ်းချမ်း အနားယူလိုက်ပါတော့"
လုမင်၏ လျစ်လျူရှုသော စကားသံ ထွက်ပေါ်လာ၏။
ဟုတ်သည်၊ လုမင်က သူ့အသံကိုလည်း ဖျက်ထားသောကြောင့် သူမှန်း မည်သူမျှမသိနိုင်ပေ။
ထို့နောက် သူက လေပွေကို ထိန်းချုပ်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အခြားသူများဆီသို့ တွန်းပို့ခဲ့သည်။
"လူခွဲပြေး၊ လူခွဲပြေးကြ"
ကျန်သော ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ကျွမ်းကျင်သူများလည်း အော်ဟစ်လိုက်ကြသည်။
ထို့နောက် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများက အရပ်ရပ်သို့ လူခွဲကာ ထွက်ပြေးကြတော့သည်။
လုမင် သက်ပြင်းချလိုက်သည်။ လေလွေ၏အရှိန်က အလွန်နှေးကွေးနေသေးသည်။ သူက လူအားလုံးကို မဖမ်းမိနိုင်တော့ပါ။ ယခုလေးတင် သူဖမ်းမိခဲ့သည့်လူများက သတိလက်လွတ်ဖြစ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ဤအခိုက်တွင်၊ လေပွေထဲသို့ တွန်းပို့ခံရသော သူတော်စင်တစ်ပိုင်း အကျော်အမော်မှာ မထိန်းနိုင်တော့ပေ။
"ခလွမ်"
သူ၏ သူတော်စင်ရတနာတွင် အက်ကြောင်းများပေါ်လာသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွား၏။
"မဟုတ်ဘူး..."
ထိုသူတော်စင်တစ်ပိုင်း အကျော်အမော်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ထို့နောက်မှာတော့ ကြောက်မက်ဖွယ် လေပွေထဲတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ သူတော်စင်တစ်ပိုင်း အကျော်အမော်တစ်ဦး လှည့်စားခံရပြီး သေဆုံးသွားပြီ။
လုမင်က လေပွေအတွင်းမှ ထွက်လာခဲ့သည်။ အေးခဲလေပုလဲက မိုးပြာရောင်အလင်းများဖြင့် သူ့ကို ဖုံးအုပ်ထား၏။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများလည်း လုမင်ကို ကြောက်ရွံ့မှု၊ ခံပြင်း ဒေါသဖြစ်မှုတို့ဖြင့် စိုက်ကြည့်လိုက်ကြသည်။ အကယ်၍ အကြည့်ဖြင့် လူသတ်နိုင်ပါက လုမင်၏ခန္ဓာကိုယ်မှာ အပေါက်များ ပြည့်နေလိမ့်မည်။
"ဟေ့ကောင်၊ မင်းဘယ်သူလဲ။ ငါ့ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ကျွမ်းကျင်သူကို မင်း ဘယ်လိုတောင် သတ်ရဲတာလဲ"
အဝေးတွင်၊ ယွီရှန့်က လုမင်ကိုစိုက်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မကောင်းမှုပြုတဲ့သူတွေရဲ့ အဆုံးသတ်က ပျက်စီးခြင်းပဲ ရှိလိမ့်မယ်။ မင်းတို့ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ငါ သဘောမကျဘူး"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"မင်း သေချင်နေတာပဲ"
ယွီရှန့်က ဟိန်းဟောက်သည်။
"အိုး၊ ဒါဆိုရင် လာသတ်ပါလား"
လုမင် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
ယွီရှန့်၏ မျက်နှာက အကြည့်ရဆိုးသွားသည်။
နောက်နေခြင်းသာ ဖြစ်ရမည်။ လုမင်ကို ယခုနေ သွားသတ်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် မခြားနားပြီ မဟုတ်လော။
"သတ်"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်တစ်ပိုင်း အကျော်အမော်တစ်ဦးက လုမင်ဆီသို့ တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်လိုက်သည်။
လုမင် မထီမဲ့မြင် ပြုံးလိုက်သည်။ သူ့ပုံရိပ်က တောက်ပလာပြီး လေပွေထဲသို့ ဝင်ရောက်သွား၏။ သူတော်စင်အလင်းက လေပွေကို ထိမှန်သွားသောအခါ လေပြင်းများကြောင့် ပျက်စီးသွားတော့သည်။
ထို့နောက် လုမင်က လေပွေကိုထိန်းချုပ်ပြီး ထိုသူတော်စင်တစ်ပိုင်း အကျော်အမော်ကို စိုက်ကြည့်လိုက်သည်။ ထိုသူတော်စင်တစ်ပိုင်း အကျော်အမော်လည်း မျက်နှာပျက်သွားပြီး ကမန်းကတန်း လှည့်ထွက်ပြေးသွားတော့သည်။
"ဟူး..."
လေပွေက စတင်ရွေ့လျားလာခဲ့သည်။ ဤအခိုက်အတန့်တွင်၊ လေပွေက ရုတ်တရက် ဦးတည်ချက်ပြောင်းသွားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လူများဆီသို့ ရွေ့လျားသွားသည်။
"မင်းဘာလုပ်တာလဲ"
မော့ယန် ဟိန်းဟောက်ပြီး ကမန်းကတန်း ထွက်ပြေးသွား၏။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အခြားလူများလည်း ကတိုက်ကရိုက် ထွက်ပြေးကြတော့သည်။
လုမင်က လေပွေကိုထိန်းချုပ်ပြီး သူတို့နောက်ကို ဆက်လိုက်သွားသည်။ ဤအခိုက်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများမှာ ဖရိုဖရဲဖြစ်နေတော့သည်။
ထိုအထဲမှာမှ လုမင်က မော့ယန်ကို အထူး ဂရုစိုက်ပေးခဲ့သည်။ သူက မော့ယန်အနောက်သို့ တရမန်းကြမ်း လိုက်၏။ ထို့ကြောင့် မော့ယန်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ပြေးနေရတော့သည်။
မော့ယန် ဒေါသချောင်းချောင်း ထွက်ခဲ့သည်။ သူသည် စန်းပြည်နယ်ရှိ ထိပ်တန်း ပါရမီရှင် ဆယ်ဦးအနက် တစ်ဦးဖြစ်၏။ သို့တိုင် လူဘုံအလယ်တွင် လိုက်လံဖမ်းဆီးခြင်းကြောင့် ပြေးနေရသည်။ သူ့မျက်နှာ လုံးဝ ပျက်သွားခဲ့ပေသည်။
လုမင်က သူ့နောက်ကို ဆက်လိုက်နေသည်။ ရုတ်တရက် သူက ဦးတည်ချက်ပြောင်းပြီး ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများဆီသို့ ပြေးသွား၏။
ကောင်းကင်အဆိပ်ဂိုဏ်းသားများလည်း အသက်လုကာ ထွက်ပြေးရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။