အခန်း ၁၅၇၉
Vol. 106 Ch. 1579
အပိုင်း ( 1579 ) သူတော်စင်နယ်ပယ် အကျော်အမော် လှုပ်ရှားပြီ။
ပတ်ဝန်းကျင်ရှိ အင်အားစုငယ်များမှ လူများအားလုံး မှင်တက်မိနေခဲ့ကြသည်။
လုမင်တစ်ဦးတည်းက ထိပ်တန်း ဂိုဏ်းကြီးသုံးခုကို အမှန်တကယ် လိုက်ဖမ်းနေ၏။ လူတိုင်း စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။
သို့သော်လည်း ဂိုဏ်းကြီးသုံးခုမှ လူများကတော့ ခံသာခံခက်ဖြစ်ပြီး တစ်ပြေးတည်း ပြေးနေရတော့သည်။
"ခွေးကောင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ သူတော်စင်နယ်ပယ် အကျော်အမော်တွေ ရောက်လာတာနဲ့ မင်းသေပြီသာမှတ်"
ယွီရှန့်က ဟိန်းဟောက်လိုက်သည်။
"ဟုတ်တယ်၊ ကောင်းကင်အဆိပ်ဂိုဏ်းရဲ့ အကျော်အမော်တွေလည်း မကြာခင်ရောက်လာတော့မယ်။ မင်း လေပွေထဲမှာ ပုန်းနေရင်တောင် သေမှာပဲ"
ကောင်းကင်အဆိပ်ဂိုဏ်းမှ လူတစ်ယောက်ကလည်း ကြိမ်းမောင်းလိုက်၏။
သူတို့ အမှန်တကယ် ဒေါသထွက်ခဲ့ကြသည်။
လုမင်က လေပွေထဲတွင် ပုန်းအောင်းပြီး လိုက်လံဖမ်းဆီးနေသည်။ သူတို့အားလုံး ဒေါသထွက်ရသော်လည်း ထွက်ပြေးရုံမှတပါး အခြား မတတ်နိုင်ပေ။ သူ့ကို ပြန်လည်တိုက်ခိုက်ခြင်းက သေမင်းကို လက်ယပ်ခေါ်ခြင်းနှင့် တူနေသောကြောင့် မည်သူမျှ တန်ပြန်တိုက်ခိုက်ခြင်း မပြုနိုင်ခဲ့ကြပါ။
ထို့ကြောင့် သူတို့အားလုံး ဒေါသချောင်းချောင်းထွက်နေခဲ့ရသည်။
လုမင်ကတော့ သူတို့၏ ခံစားချက်များကို ဂရုမစိုက်ပေ။ လေပွေများကို ထိန်းချုပ်ပြီး သူတို့နောက်သို့လိုက်ရန်သာ အာရုံစိုက်ခဲ့သည်။
သို့သော်လည်း ဂိုဏ်းသုံးခုမှ လူများက ယခင်အဖြစ်အပျက်များကို သင်ခန်းစာယူပြီး လေပွေများနှင့်အဝေးတွင် ရှိနေခဲ့ကြသည်။ ဤနည်းဖြင့် လုမင်က အခြားလေပွေများကို ထိန်းချုပ်နိုင်သော်လည်း ဂိုဏ်းသုံးဂိုဏ်းမှ လူများကိုမူ မသတ်နိုင်တော့ပေ။
နောက်ဆုံးတွင် လုမင်က မော့ယန်ကို စိုက်ကြည့်ပြီး အကြိမ်ရေ ဒါဇင်အနည်းငယ်ခန့် လိုက်လံဖမ်းဆီးလိုက်သည်။ မော့ယန်၏ မျက်နှာလည်း ဒေါသနှင့် နီမြန်းနေတော့သည်။
အချိန်အတော်ကြာ လိုက်ဖမ်းပြီးနောက် အဝေးသို့ရောက်သောအခါ လုမင်က လေပွေအတွင်းမှ တိတ်တဆိတ် ထွက်ခဲ့သည်။ သူက သူ့အသွင်အပြင်နှင့် အရှိန်အဝါကို ပြန်လည် ပြောင်းလဲလိုက်၏။ ထို့နောက်မှာတော့ ထျန်းချွေးတို့နှင့် မနီးမဝေးကို ပြန်လာခဲ့တော့သည်။
လေပွေများက ရပ်တန့်သွားသော်လည်း ဂိုဏ်းသုံးခုမှ လူများမှာ သတိထားနေကြဆဲ ဖြစ်သည်။ သူတို့က လေပွေများ၏ အဝေးတွင်ရပ်ကာ ပေါ့ပေါ့ဆဆ မနေတော့ပေ။
သို့သော်လည်း ခဏကြာသည်အထိ လေပွေများက လုံးဝ ရွေ့လျားခြင်းမရှိတော့ပါ။ ထိုမှသာ ဂိုဏ်းသုံးဂိုဏ်းမှ လူများလည်းး သက်ပြင်းရှည်ကြီး ချလိုက်နိုင်ကြသည်။
သို့ပေသော်ငြား၊ ဂိုဏ်းသုံးဂိုဏ်းမှ လူအားလုံး၏ မျက်လုံးများက နီရဲပြီး မီးတောက်များပင် ထတောက်တော့မလို ဖြစ်နေတော့သည်။
လုမင်၏ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သူတို့သိသည်။ ဤကိစ္စ ပြန့်ပွားသွားပါက ဂိုဏ်းသုံးဂိုဏ်းစလုံး မျက်နှာပျက်သွားလိမ့်မည်။
အထူးသဖြင့် မော့ယန်မှာ ပို၍ ဒေါသဖြစ်ခဲ့သည်။
ဤသို့ဖြင့်၊ ဂိုဏ်းသုံးခုမှလူများက အလွန်သတိရှိနေကြသလို အချိန်က လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
တစ်နာရီခန့် ကြာသွားပြီ။
"ဝမ်"
ကောင်းကင်တွင် အဖြူရောင် သန့်စင်သော အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။ အဖြူရောင် ၀တ်စုံဝတ် အဘိုးအိုတစ်ဦး လေထဲတွင် ပေါ်လာ၏။
"အကြီးအကဲ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ သူတော်စင်နယ်ပယ် အကြီးအကဲ ရောက်လာပြီ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြသည်။
"ဝမ်၊ ဝမ်"
ထို့နောက် လေထုက အဆက်မပြတ် တုန်ခါသွားသည်။ ကောင်းကင်ယံတွင် အနည်းဆုံး လူခုနစ်ဦး၊ ရှစ်ဦးခန့် ပေါ်လာကြ၏။ သူတို့တစ်ဦးစီမှ ကြီးမားသော ဖိအားများလည်း ထွက်လာတော့သည်။
ယင်းက သူတော်စင်တစ်ယောက်၏ ဖိအား ဖြစ်သည်။ ယခု ရောက်လာကြသူတိုင်းက သူတော်စင်နယ်ပယ် အကျော်အမော်များပင်။
အချို့က အစိမ်းရောင်၀တ်စုံ ဝတ်ဆင်ထားပြီး အချို့က အဖြူရောင်၀တ်စုံများ ၀တ်ထားသည်။ သူတို့က ကောင်းကင်အဆိပ်ဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်များ ဖြစ်၏။ ဂိုဏ်းတစ်ခုစီက သူတော်စင်နယ်ပယ် အကျော်အမော်သုံးဦးကို စေလွှတ်ခဲ့ကြသည်။
ဂိုဏ်းကြီးနှစ်ခုမှမဟုတ်သော သူတော်စင်နယ်ပယ် အကျော်အမော်နှစ်ဦးလည်း ရှိသေးသည်။ သူတို့က အနီးနားရှိ အင်အားစုငယ်များမှ အကျော်အမော်များ ဖြစ်သင့်သည်။
အချို့ အင်အားစုငယ်များတွင်လည်း သူတော်စင်နယ်ပယ် အကျော်အမော်တချို့ ရှိပေသည်။
အချို့သော အင်အားစုငယ်များဆိုလျှင် အလွန်အားကောင်းကာ ထိပ်တန်း အင်အားစုကြီး ဆယ့်သုံးခုထက် အနည်းငယ်သာ အားနည်းသည်။
သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦးက လေထဲတွင်ရပ်ကာ သူတို့ရှေ့မှ တောင်ကြီးကို လှမ်းကြည့်လိုက်ကြသည်။ သူတို့က ပို၍ သေချာစေရန်အတွက် ဖီးနစ်ပုံရိပ်ကို ကြည့်နေကြ၏။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ အရှိန်အဝါလဲ။ အဲဒါက အနည်းဆုံး အန္တိမသူတော်စင်ရတနာ ဖြစ်ရမယ်။ သူ့ထက် ပိုပြီးတော့တောင် မြင့်မားနိုင်သေးတယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲတစ်ဦးက ပြောလိုက်သည်။ သူ့မျက်လုံးများကလည်း လောဘမီးများ တောက်ပလာတော့သည်။
အခြားသော သူတော်စင်နယ်ပယ် အကျော်အမော်များမှာလည်း အလားတူပင် ဖြစ်သည်။ သူတို့၏ မျက်လုံးများက စူးစူးရဲရဲ တောက်လောင်နေတော့သည်။
"ဝုန်း"
ရုတ်တရက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်တစ်ဦးက လှုပ်ရှားလိုက်သည်။ သူ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်နှင့် လေထုက တုန်ခါသွားရသည်။ အဖြူရောင် သန့်စင်သောအလင်းတစ်ခုကလည်း ကောင်းကင်သို့ ထိုးတက်သွား၏။ နောက်ဆုံးတွင်၊ အကန့်အသတ်မဲ့ သန့်စင်သောအလင်းများက ဓားတစ်လက်အဖြစ်သို့ ဖွဲ့စည်းသွားတော့သည်။
ဓားက အနည်းဆုံး မီတာထောင်ပေါင်းများစွာ ရှည်လျားသည်။ လေဟာနယ်ကို ဖြတ်သန်းပြီး ရှေ့က လေပွေများကို ခုတ်ချလိုက်၏။
"ဝုန်း"
သန့်စင်သောအလင်းဓားက လေပွေများကို ခုတ်လိုက်သောအခါ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများက အဆုံးမရှိသော ဓားသွားများကဲ့သို့ပင်။ လေဓားသွားများက သန့်စင်သောအလင်းဓားကို လှီးဖြတ်ကျရာ လေဟာနယ်က အဆက်မပြတ် တုန်ခါနေခဲ့ရသည်။
"ချိုးဖြတ်လော့"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်က ဟိန်းဟောက်လိုက်သည်။ သူ့အရှိန်အဝါများက ပို၍ ကြောက်စရာကောင်းလာ၏။ သန့်စင်သော အလင်းဓားကလည်း တောက်ပစွာထွန်းလင်းရင်း လေပွေများကို ခွဲထုတ်ရန် ကြိုးစားလာတော့သည်။
ဧရာမ သန့်စင်သောအလင်းဓားက လေပွေကို ပိုင်းဖြတ်သွားခဲ့သည်။
လူများစွာလည်း အသက်ပြင်းပြင်းရှူလိုက်မိကြသည်။
သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက လေပွေများကို ဖြတ်ကျော်နိုင်မည်လော။
သို့သော်လည်း၊ မမျှော်လင့်ဘဲ သန့်စင်သော အလင်းဓားက လမ်းတစ်ဝက်တွင် ပျောက်ကွယ်သွားရသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော် မအောင်မြင်ခဲ့ပေ။
အဝေးမှ လုမင်၏ အမူအရာက လေးနက်သွားသည်။
'သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးရဲ့ အင်အားက တကယ် ကြောက်စရာကောင်းတာပဲ'
လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။
လေပွေများက မည်မျှပြင်းထန်ကြောင်း သူ ကောင်းကောင်းသိသည်။ ထိုအထဲကို ကျရောက်သွားပါက သူတော်စင်တစ်ပိုင်း အကျော်အမော်ပင်လျှင် မလွတ်မြောက်နိုင်ဘဲ သေလိမ့်မည်။
လေဆင်နှာမောင်းများ မည်မျှပြင်းထန်သည်ကို သူသိသည်။ သို့သော်လည်း သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက ယခုအခါ လေပွေတစ်ဝက်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ့ဓားချက်က လေပွေများကို တစ်ဝက်နီးပါး ကွဲထွက်သွားစေခဲ့၏။ ထိုစွမ်းအားက အမှန်တကယ် ကြောက်စရာကောင်းသည်။
ထိုကဲ့သို့ ကျွမ်းကျင်သူနှင့်ရင်ဆိုင်ရပါက၊ အေးခဲလေပုလဲနှင့် လေပွေထဲတွင် ပုန်းနေလျှင်ပင် လုံခြုံလိမ့်မည် မဟုတ်ပေ။
"ဒီလေပွေတွေက အရမ်း ပြင်းထန်တယ်။ တစ်ယောက်တည်းနဲ့ ချိုးဖြတ်ဖို့ မဖြစ်နိုင်ဘူး။ ငါတို့ အတူတူလုပ်ကြရအောင်လား"
ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက ပြောလိုက်သည်။
"အတူတူအလုပ်လုပ်ရမှာလား။ အဲဒါဆိုရင် ရတနာတွေကို ဘယ်လိုခွဲဝေယူမှာလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက မေးသည်။
"အထဲကိုဝင်ပြီးရင် ငါတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာပေါ့။ ကိုယ်ရတာကို ကိုယ်ယူပဲ"
ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက ပြောလိုက်၏။
"ကောင်းပြီ၊ ငါတို့ သဘောတူတယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကျော်အမော်သုံးဦးလည်း ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် အခြားဂိုဏ်းငယ်နှစ်ခုမှ သူတော်စင်နယ်ပယ် အကျော်အမော်များကလည်း ခေါင်းညိတ် သဘောတူသည်။
"ဝုန်း... ဝုန်း"
သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦးထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ အကန့်အသတ်မဲ့ သူတော်စင်အရှိန်အဝါများကလည်း လေထဲတွင် ပြည့်သွားတော့သည်။
တစ်ချိန်တည်းမှာပင်၊ တောက်ပသော အလင်းများဖြင့် သူတော်စင်ရတနာများလည်း ပေါ်လာခဲ့ကြသည်။
ထို့နောက် လူရှစ်ဦးက တပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။ သူတော်စင်ရတနာရှစ်ခုက လေပွေများကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်တော့သည်။
"ဝုန်း"
လေပွေများက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားသည်။
လေပွေများက အားကောင်းသော်လည်း သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦး၏ ပေါင်းစပ်တိုက်ခိုက်မှုကိုတော့ မတားဆီးနိုင်ပေ။
ကျယ်လောင်စွာ ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် လေပွေများက နဂါးငွေ့တန်းများကဲ့သို့ မိုးနှင့်မြေကြားတွင် ပြန့်ကျဲသွားခဲ့သည်။
လေပွေများ ပျက်စီးသွားသည်ကို မြင်ရသောအခါ လူအများ၏ မျက်လုံးများက တောက်ပလာတော့သည်။
"ဆက်လာမယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက ပြောလိုက်သည်။
ထို့နောက် သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦးက ဆက်လက်တိုက်ခိုက်ခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက လေပွေများအပေါ် အဆက်မပြတ် ကျရောက်လာတော့သည်။
သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် လေပွေများက အဆက်မပြတ်ပြိုကျသွားသည်။ ထို့နောက် မိုးနှင့်မြေကြားတွင် လေစွမ်းအင်အဖြစ် ပျံ့ကျဲသွားလေသည်။
မကြာမီ၊ လေပွေ တစ်ဒါဇင်ခန့် ပျက်စီးသွား၏။
တောင်ပေါ်ရှိ အခြေအနေကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ ဖြစ်သည်။
တောင်အောက်ခြေတွင် ကြီးမားသော ဂူကြီးတစ်ခု ရှိသည်။ လှိုဏ်ဂူအတွင်းမှ တောက်ပသော အလင်းရောင်များ လင်းလက်နေ၏။
အံ့ဩစရာကောင်းသည်မှာ၊ တောင်ပတ်ပတ်လည်ရှိ အခြားလေပွေများက မရွေ့လျားသလို ပျက်စီးသွားသော လေပွေများနေရာမှာလည်း အစားမထိုးခဲ့ပေ။
"ဝှစ်"
ရုတ်တရက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးက အလင်းတန်းတစ်ခုကဲ့သို့ တောင်ဆီကို ဦးတည်ပျံသန်းသွားသည်။
သူက လေပွေများ ကာဆီးထားသော ဧရိယာကိုဖြတ်သန်းသွား၏။
"မစဉ်းစားနဲ့"
ကောင်းကင်အဆိပ်ဂိုဏ်း၏ သူတော်စင်နယ်ပယ် အကျော်အမော်လည်း အော်ဟစ်ပြီး ရှေ့သို့ ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦးက လေပွေများကိုဖြတ်ကျော်ပြီး ဂူထဲသို့ ရောက်ရှိသွား၏။
"ဝင်ကြည့်ကြရအောင်"
အခြားသူများလည်း မတုံ့ဆိုင်းနေကြတော့ပါ။ သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦး ဂူထဲကို ဝင်သွားပြီးနောက် ကျန်လူများလည်း လိုက်သွားကြတော့သည်။