အခန်း ၁၅၈၄
Vol. 106 Ch. 1584
အပိုင်း ( 1584 ) ပြင်းထန်သော တိုက်ပွဲ။
တစ်ချိန်တည်းမှာပင် အခြားသော မိစ္ဆာဝိညာဉ်ဂိုဏ်းဝင် သူတော်စင်များကလည်း ၎င်းတို့ထဲမှ တစ်ဦးကို တိုက်ခိုက်ခဲ့သည်။
"ဝုန်း"
ထိုလူလည်း ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ပြီးနောက် အခြားသူတော်စင်များ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရပေရာ လုံးဝ မခုခံနိုင်တော့ပေ။ အော်ဟစ်သံနှင့်အတူ သူ့ခန္ဓာကိုယ် ပေါက်ကွဲပြီး ချက်ချင်း သေဆုံးသွားတော့သည်။
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်၏ လက်တစ်ဖက်က အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သွေးအားလုံးကို စုပ်ယူသွားခဲ့သည်။
"မကောင်းတော့ဘူး"
အခြား သူတော်စင်များ မျက်နှာပျက်သွားခဲ့ကြသည်။
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်၏ စွမ်းအားက ယခုအချိန်မှာပင် အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။ ယခုကဲ့သို့ သူတော်စင်တစ်ပါး၏ သွေးများကို ထပ်မံစုပ်ယူပြီးနောက် သူ့အင်အားက ပို၍ ကြောက်စရာကောင်းလာမည်မှာ သေချာလှပေသည်။
"သွားကြစို့"
ထိုသူတော်စင်များလည်း ဆက်လက် မတိုက်ခိုက်ဝံ့တော့ဘဲ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
သူတို့ဟာ မူလကတည်းက မတူညီသော ဂိုဏ်းများမှဖြစ်၍ စည်းလုံးမှု မရှိပေ။ ထို့ကြောင့် ယခုကဲ့သို့ အရေးကြီးသောအခိုက်အတန့်တွင် သူတို့အားလုံး လွတ်မြောက်လိုပြီး အခြားသူများနှင့် ပိတ်ဆို့ထားခဲ့ရန် ဆန္ဒရှိကြသည်။
"ဟားဟားဟား၊ မင်းတို့က လွတ်မြောက်ချင်နေတာလား။ မရဘူး... မင်းတို့အားလုံး သေရလိမ့်မယ်"
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်လည်း လှောင်ပြောင်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်း၏ သူတော်စင်များနှင့်အတူ လိုက်လံဖမ်းဆီးတော့သည်။
"သူတော်စင်တွေ ရှုံးသွားပြီဟေ့၊ ပြေးကြ"
အောက်ဘက်တွင် ကြည့်ရှုနေကြသူတချို့ ရှိသေးသည်။ မူလက၊ သူတော်စင်တစ်ဒါဇင်ကျော်၏ ပူးပေါင်းမှုဖြင့် တစ်ဖက်ရန်သူများကို နှိမ်နှင်းနိုင်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ ယခုတော့ မမျှော်လင့်ဘဲ ဤမြင်ကွင်းကို မြင်ရသောကြောင့် အားလုံး ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။
ထိုအချိန်တွင် လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းက ထျန်းဖုန်းလွင်ပြင် အပြင်ဘက်သို့ ရောက်တော့မည် ဖြစ်သည်။
သူတို့က အနည်းငယ်ပင် မရပ်တန့်ပေ။ ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်က ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦး ဖြစ်သည်။ ထိုနေရာတွင် သူတော်စင် တစ်ဒါဇင်ကျော်ရှိသော်လည်း၊ လုမင်ဟာ ထိုမျှလောက်ဖြင့် အသုံးမဝင်ဟု ခံစားမိသေးသည်။
"မကောင်းတော့ဘူး၊ အဲဒီ သူတော်စင်တွေ ရှုံးသွားပြီ"
ထျန်းချွေးက ဟိန်းဟောက်လိုက်သည်။
ကောင်းကင်နှင့် မြေပြင်ကြားတွင် အားကောင်းသော သူတော်စင် အရှိန်အဝါများ ပျံ့နှံ့သွား၏။ သူတော်စင်များက အရပ်ရပ်သို့ လူခွဲကာ ထွက်ပြေးကုန်တော့သည်။
"သွားကြစို့။ ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်ရဲ့ လက်ရှိပစ်မှတ်က သူတော်စင်တွေပဲ။ ကျွန်တော်တို့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က အားနည်းလွန်းတယ်။ သူက ငါတို့ကို ဂရုစိုက်မှာ မဟုတ်ဘူး"
လုမင် ပြောလိုက်သည်။
သူတို့ သုံးယောက်လည်း အရှိန်အဟုန်ဖြင့် ဆက်လက် ပျံသန်းခဲ့ပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထျန်းဖုန်းလွင်ပြင်မှ ပြေးထွက်သွားကြသည်။
"ဝှစ်"
ဤအခိုက်အတန့်တွင်၊ ဝေးကွာသောအရပ် ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းအောင် ထက်မြက်သော အလင်းတန်းတစ်ခုက ထျန်းဖုန်းလွင်ပြင်သို့ ထိုးဖောက်ဝင်ရောက်လာသည်။
လှံ၊ နတ်ဘုရားအပြစ်ပေးလှံ ဖြစ်၏။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အကျော်အမော်တစ်ဦး ရောက်လာပြီ။
ဤနတ်ဘုရားအပြစ်ပေးလှံက အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ ဟင်းလင်းပြင် ခုန်ကျော်သကဲ့သို့ လေထုကို ဖြတ်သန်းသွား၏။
"အန္တိမသူတော်စင်"
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်က အေးစက်စက် ပြောလိုက်သည်။ သူက လက်ဝါးရိုက်ချက်ထုတ်ဖော်ပြီး နတ်ဘုရားအပြစ်ပေးလှံကို တားဆီးလိုက်၏။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်မှာ မိုင်ပေါင်းများစွာ အကွာအဝေးသို့ တွန်းထုတ်ခံလိုက်ရတော့သည်။
ဝေးကွာသောအရပ် လေထဲမှ လူရိပ်တစ်ခု ပျံသန်းရောက်ရှိလာခဲ့သည်။
ဤသည်မှာ အရပ်မြင့်မြင့်နှင့် ပိန်ပိန်သွယ်သွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့အမူအရာက တည်ငြိမ်သော်လည်း ကြီးစိုးသည့် အရှိန်အဝါများ ထွက်ပေါ်နေခဲ့ပေသည်။
"ဂိုဏ်းချုပ်၊ အဲဒါက ဂိုဏ်းချုပ်ပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းသားတချို့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
လုမင်တို့ သုံးဦးလည်း အံ့ဩသွားကြလေသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က အမှန်တကယ်ပင် ကိုယ်တိုင်ကိုယ်ကျ လာခဲ့သည်။
"ဒီနေရာမှာ မိစ္ဆာဝိညာက်ဂိုဏ်းကို တံဆျပ်ခတ်ထားမယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ အရမ်းအားနည်းနေပုံရတယ်"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ စကားသံမှာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ထံမှ မဟုတ်ဘဲ အခြားတစ်ဖက်မှ ဖြစ်၏။
တစ်ဖက်မှ အစိမ်းရောင်ဝတ် အဘိုးအိုတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။ ယခုလေးတင် စကားပြောလိုက်သူက သူ ဖြစ်ချေသည်။
"ဂိုဏ်းချုပ်"
ကောင်းကင်အဆိပ်ဂိုဏ်းမှ ဂိုဏ်းသားများလည်း ဝမ်းသာသွားကြသည်။
ကောင်းကင်အဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ရောက်လာပြီ။
"ဟားဟားဟား၊ အန္တိမသူတော်စင်နှစ်ယောက် တကယ်ကြီး ရောက်လာခဲ့တာပဲ။ မင်းတို့ကို သတ်လိုက်သရွေ့ ငါ့ရဲ့စွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းကို ပြန်ရနိုင်လိမ့်မယ်"
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်က အားပါးတရ ရယ်မောလိုက်သည်။
"ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်၊ မင်းရဲ့ လက်ရှိအခြေအနေနဲ့ ငါတို့ကို သတ်ချင်သေးတာလား။ ရယ်စရာကောင်းလိုက်တာ၊ အခု နောက်ဆုတ်ပြီး စန်းပြည်နယ်ကနေ ထွက်သွားမယ်ဆိုရင် ငါ ဒီနေ့ ဒီကိစ္စကို ဆက်မလိုက်တော့ဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောသည်။
"အန္တိမသူတော်စင်လေးတစ်ယောက်ပါပဲ၊ ဘာတွေ မာနကြီးနေတာလဲ။ ငါ နောက်မဆုတ်ရင် ဘာလုပ်ချင်လဲ"
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်က အေးစက်စက် ပြောလိုက်၏။
"မင်းနောက်မဆုတ်ဘူးဆိုရင် မင်းကိုဒီမှာပဲနေခိုင်းပြီး လုံးဝ ဖျက်ဆီးပစ်ရမယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ ထို့နောက်တွင် သူက ကောင်းကင်အဆိပ်ဂိုဏ်း ဂိုဏ်းချုပ်ကိုကြည့်ပြီး ပြောလိုက်၏။
"ညီနောင်ဝူ၊ ငါတို့ ဘာဖြစ်လို့ မပူးပေါင်းရမှာလဲ"
"ဒါက ငါတွေးနေတာပဲ"
ကောင်းကင်အဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။
"ဟားဟားဟား၊ ဒါဆိုရင် မင်းတို့ အငယ်လေးတွေ ဘာလုပ်နိုင်မလဲ ကြည့်သေးတာပေါ့။ သတ်"
ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်က ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ကို တိုက်ခိုက်လိုက်သည်။
"ဝုန်း... ဝုန်း"
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် ကောင်းကင်အဆိပ်ဂိုဏ်းချုပ်တို့က ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ပေါက်ကွဲထုတ်ဖော်လိုက်၏။ သူတို့က ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်ကို တိုက်ခိုက်ကြတော့သည်။
ချက်ချင်းပင်၊ ဧရိယာတစ်ခုလုံးကို အဖြူရောင် သန့်စင်သောအလင်းရောင်၊ အစိမ်းရောင် အဆိပ်ငွေ့များနှင့် မြူခိုးမည်းများက ဖုံးလွှမ်းသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများကိုလည်း အဆက်မပြတ် ကြားနေရတော့သည်။
"ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင် တားဆီးခံလိုက်ရပြီ၊ သွားကြစို့"
လုမင်က မတုံ့ဆိုင်းတော့ဘဲ ကောင်းကင်ခွင်းလွန်းပျံယဉ်ကို ထုတ်ယူလိုက်သည်။ သုံးယောက်သား လွန်းပျံယာဉ်ပေါ်သို့တက်ပြီး ပျံသန်းသွားကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က နေရာမှ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်ခွင်းလွန်းပျံက အလွန်လျင်မြန်သော်လည်း ထျန်းဖုန်းလွင်ပြင်ရှိ တုန်ခါမှုများမှ လုံးဝ လွန်မြောက်စေရန် မိနစ်အနည်းငယ်ကြာနေသေးသည်။
"ချီးတဲ့မှပဲ၊ ဧကရာဇ်ကြီး ပေါ်လာတာဟ။ သီသီလေးပဲ"
ထျန်းဖုန်းက ကြောက်လန့်တကြား ပြောလိုက်သည်။
ဧကရာဇ်အဆင့် တည်ရှိမှုများက အလွန်ကြောက်စရာကောင်းသည်။
နှစ်ပေါင်းများစွာကြာပြီးနောက်၊ စန်းပြည်နယ်တွင် ဧကရာဇ်မင်းတစ်ဆူသာ ရှိခဲ့ပေသည်။ ထို့နောက်မှာတော့ အခြားဧကရာဇ် တစ်ပါးမျှ မပေါ်လာတော့သည်။။
"ကောင်းကင်အဆိပ်ဂိုဏ်းချုပ်နဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်ကို တားဆီးနိုင်ပါ့မလား"
ရွယ်နင်ရှင်းက ရေရွတ်လိုက်သည်။
"မိစ္ဆာဝိညာဉ်ဂိုဏ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ရှစ်သောင်းလောက်ကတည်းက ဖျက်ဆီးခံခဲ့ရတာ။ ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်ကိုလည်း လွန်ခဲ့တဲ့ အနှစ် ရှစ်သောင်းက တခြား ဧကရာဇ်ကြီးတွေ တံဆိပ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်။ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ သူက အရမ်း အားနည်းလာပေမဲ့လည်း ဓမ္မဘုရင် ဖြစ်နေတုန်းပဲ။ အန္တိမသူတော်စင်နှစ်ပါးက လုံလောက်ပါ့မလားဆိုတာ ပြောရခက်တယ်"
လုမင် ပြောလိုက်၏။
သို့သော်လည်း ဤအရာအားလုံးက သူတို့နှင့် မသက်ဆိုင်ပါ။ သူတို့ရဲ့ ခွန်အားနှင့် စိတ်ပူနေလျှင်ပင် အသုံးမဝင်ပေ။ ဤအခြေအနေတွင် လက်ရှောင်နေရန်သာ တတ်နိုင်သည်။
သာမာန်သူတော်စင်များပင်လျှင် ထိုအဆင့် တိုက်ပွဲတွင် ဝင်စွတ်ဖက်ရန် ခက်ခဲသည်။ အတင်းအကြပ် ကြိုးစားပါက အသတ်ခံလိုက်ရလိမ့်မည်။
"ရှောင်ချင်း ဘယ်လိုနေလဲ မသိဘူး၊ အရင်ကတော့ သူ့ကို မတွေ့ခဲ့ဘူး"
လုမင် အနည်းငယ် စိတ်ပူသွားသည်။ သူက အသံလွှင့်ကျောက်စိမ်းအဆောင်ကို ထုတ်ယူပြီး ရှဲ့နျန်ချင်းကိုဆက်သွယ်ရန် ကြံစည်လိုက်၏။ သို့သော်လည်း လုမင်က အသံလွှင်ကျောက်စိမ်းအဆောင်ကို ထုတ်ယူလိုက်သည်နှင့် ရှဲ့နျန်ချင်းထံမှ မက်ဆေ့ခ်ျကို လက်ခံရလိုက်သည်။ သူ့အခြေအနေကို မေးမြန်းထားခြင်းဖြစ်ပြီး စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေလေသည်။
ရှဲ့နျန်ချင်းက သူ့အား မက်ဆေ့ခ်ျပို့ထားခြင်းကြောင့် သူမ အဆင်ပြေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ လုမင်လည်း ထိုအခါမှ သက်ပြင်းချလိုက်နိုင်လေသည်။
ထို့နောက်တွင် လုမင်က ရှဲ့နျန်ချင်းကို ပြန်ပြောလိုက်သည်။
အသံလွှင့်ကျောက်စိမ်းအဆောင်မှတဆင့် ရှဲ့နျန်ချင်းဟာ ယခု ထျန်းဖုန်းလွင်ပြင်၏ အပြင်ဘက်တွင် ရှိနေကြောင်း သိလိုက်ရသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ သူတော်စင်တစ်ဦး ရောက်လာပြီး သူမက ထိုသူတော်စင်နှင့်အတူ ရှိနေခဲ့ပေသည်။
လုမင်လည်း လမ်းကြောင်းပြောင်းကာ ရှဲ့နျန်ချင်းဆီသို့ ပျံသန်းသွားခဲ့သည်။ မကြာမီ၊ ရှဲ့နျန်ချင်းကို တွေ့လိုက်ရလေသည်။
နှစ်ယောက်သား ခဏတာ စကားစမြည်ပြောပြီး နောက်ဆုံးတွင် နှုတ်ဆက်လိုက်ကြသည်။ လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ကောင်းကင်ခွင်းလွန်းပျံပေါ်သို့တက်ကာ နဂါးနတ်ဘုရားတောင်ကြားသို့ ဦးတည် ပျံသန်းခဲ့တော့သည်။
ထျန်းဖုန်းလွင်ပြင်က စန်းပြည်နယ်၏ အနောက်ဘက်တွင်ရှိပြီး နဂါးနတ်ဘုရားတောင်ကြားမူကား ပြည်နယ်၏ အရှေ့တောင်ဘက်တွင် ရှိသည်။ အကွာအဝေးက ဝေးကွာလွန်းသဖြင့် လွန်းပျံယာဉ်နှင့်ပင် အချိန်အတော်ကြာဦးမည်။
ခုနစ်ရက်ကြာပြီးနောက် သူတို့လူစုက မြို့ကြီးတစ်မြို့သို့ ဆိုက်ရောက်လာကာ သတင်းရယူခဲ့ကြသည်။
မျှော်လင့်ထားသည့်အတိုင်း၊ ထျန်းဖုန်းလွင်ပြင်မှ သတင်းများက စန်းပြည်နယ်တစ်ခွင်သို့ ပျံ့နှံ့နေပြီ။
လုမင်တို့က စုံစမ်းကြည့်သောအခါ သတင်းအချက်အလက်များစွာ ရရှိခဲ့သည်။
ထျန်းဖုန်းလွင်ပြင်တွင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင် ပေါ်လာပြီး သူတော်စင်များစွာကို သတ်ဖြတ်ခဲ့သည်။ အဆုံးတွင်၊ သူက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၊ ကောင်းကင်အဆိပ်ဂိုဏ်းချုပ်တို့နှင့် တိုက်ခိုက်ခဲ့၏။
ထိုတိုက်ပွဲက အလွန်ပြင်းထန်ပြီး မိုးနှင့်မြေကို ပြိုကျစေခဲ့သည်။
အဆုံးတွင်၊ ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်က အားနည်းလွန်းကာ အန္တိမသူတော်စင်နှစ်ပါးကို မယှဉ်နိုင်ခဲ့ပေ။ သူ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သူတော်စင်အနည်းငယ်နှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ကျန်ရှိနေသော မိစ္ဆာဝိညာဉ်ဂိုဏ်းသားများ အားလုံးကိုတော့ အခြားသူတော်စင်များက သတ်ပစ်လိုက်ကြပေသည်။
သို့တိုင်အောင်၊ စန်းပြည်နယ်ရှိ ဂိုဏ်းများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြဆဲပင်။
မိစ္ဆာဝိညာဉ်ဂိုဏ်း ပြန်လည်နိုးထလာတော့မည်ဟူသော ကောလဟာလများလည်း ထွက်ပေါ်လာခဲ့သည်။ လောကကြီးက ဆင်းရဲဒုက္ခများ ထပ်မံကျရောက်လာတော့မည်။
ယခုအခါ ဓမ္မဘုရင်တစ်ပါးက တံဆိပ်ကို ချိုးဖျက်လိုက်ပြီ ဖြစ်သည်။ အနာဂါတ်တွင် သူ အပြည့်အဝ ပြန်လည်ကောင်းမွန်လာသောအခါ၊ ဧကရာဇ်တစ်ပါးမျှ မရှိသော စန်းပြည်နယ်က သူ့ကို မည်သို့တားဆီးနိုင်မည်နည်း။
မိစ္ဆာဝိညာဉ်ဂိုဏ်းကို ကိုင်တွယ်ရန် စန်းပြည်နယ် အပြင်ဘက်ရှိ ပြည်နယ်များမှ ဧကရာဇ်အဆင့် အကျော်အမော်များ လာရောက်လိမ့်မည်ဟုသာ လူများစွာတို့ မျှော်လင့်နိုင်ခဲ့ကြသည်။
လုမင်တို့လည်း သတင်းမေးပြီးနောက် လွန်းပျံယဉ်ပေါ်သို့တက်ကာ ဆက်လက်ပျံသန်းခဲ့လေသည်။
စန်းပြည်နယ်၏ အရှေ့တောင်ဘက်သို့ ရောက်လာသောအခါ၊ လုမင်က ဦးတည်ရာပြောင်းပြီး လုမိသားစုသို့ ပျံသန်းသွားခဲ့သည်။
လုမင်က လုမိသားစုသို့ ဦးစွာသွား၍ ဖုန့်လင်နှင့် အခြားရွာသားများကို နေရာချပေးချင်သေးသည်။ ထို့နောက်တွင်မှ ရှန်းရှန်းကိုခေါ်ကာ နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။