← Chapters

အခန်း ၁၅၈၈

Vol. 106 Ch. 1588

အခန်း ၁၅၈၈

Vol. 106 Ch. 1588

အပိုင်း ( 1588 ) မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သို့ ဝင်ရောက်ခြင်း။

"မဝံ့ရဲဖို့ မရှိပါဘူး‌ဆရာ၊ ဒါကိုပဲ ကျွန်တော် လိုချင်တာပါ"

လုမင်၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်၊ မျှော်လင့်ချက်တို့ဖြင့် တောက်ပနေခဲ့သည်။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်သည် အမှန်တကယ်တွင် ဧကရာဇ်အဆင့် အင်အားစုများအတွက် လေ့ကျင့်ရေးကွင်း ဖြစ်၏။ ထိုနေရာတွင် ပါရမီရှင်များ မည်မျှ စုဝေးကြမည်နည်း။

လုမင်လည်း သူ့ခန္ဓာကိုယ်မှ သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။ သို့မှသာ အခြားသော ပါရမီရှင်များနှင့် ထိပ်တိုက်တွေ့ပြီး သူ လျင်မြန်စွာ တိုးတက်ရန်အတွက် ဖိအားရရှိလိမ့်မည်။ ယင်းက စိတ်ဝင်စားဖွယ်လည်း ကောင်းပေမည် ဖြစ်သည်။

"မင်အာ၊ ငါမင်းကို အကြည့်မမှားခဲ့ဘူး"

တိမ်နဂါးတောင်ကြားသခင်က ကျေနပ်စွာ ပြုံးလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့အပြုံးက ပျောက်ကွယ်သွားပြီး သူ့မျက်နှာမှာလည်း လေးနက်လာပြန်၏။

"ကျင့်ကြံသူတွေ၊ အထူးသဖြင့် ပါရမီရှင်တွေမှာ ကြီးမားတဲ့ အလားအလာရှိပြီး သေခြင်းရှင်ခြင်း အခြေအနေတွေမှာ အလားအလာတွေပေါက်ကွဲပြီး ဖြတ်ကျော်နိုင်စွမ်းတွေ ရှိကြတယ်။ ဒါကြောင့်ပဲ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို ဝင်ရောက်လာသူတိုင်းက ပါရမီရှင်ရဲ့ ပါရမီရှင်တွေဆိုတာ မှတ်ထားပါ။ နောက်ပြီးတော့ သူတို့ရဲ့ စိတ်ဓာတ်တွေက ကြမ်းတမ်းပြတ်သားပြီး တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းကြတယ်။ သာမန်လူတွေက မျိုးနွယ်စုတစ်ရာစစ်မြေပြင်ကို လုံးဝ မဝင်ရောက်ဝံ့ကြပါဘူး။ အဲဒီမှာ တိုက်ပွဲတိုင်းက သေခြင်းရှင်ခြင်းကို အဆုံးအဖြတ် ပေးနိုင်တာကြောင့် မင်အာ... မင်း သတိမပေါ့လျော့ပါစေနဲ့"

"တပည့် နားလည်ပါတယ်"

လုမင် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဒီမှာ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်အကြောင်း မိတ်ဆက်ရှိတယ်။ ကြည့်လိုက်ပါ၊ အဲဒါက မင်းအတွက် အထောက်အကူဖြစ်စေလိမ့်မယ်"

တိမ်နဂါးတောင်ကြားသခင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ လုမင်အား ပေးလိုက်သည်။

ထို့နောက် နှစ်ယောက်သား သက်ဆိုင်ရာ အခန်းများသို့ ဝင်ခဲ့ကြလေသည်။ လုမင်လည်း ကျောက်စိမ်းပြားကို ထုတ်ယူပြီး ဖတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကြာသွားပြီ။

နှစ်ရက်အကြာတွင် ဝတ်ရုံဖြူဝတ် အဘိုးအိုက ခြံဝင်းဆီသို့ ရောက်လာခဲ့သည်။

"ကောင်လေး၊ ငါနဲ့လိုက်ခဲ့ပါ"

ဝတ်ရုံဖြူဝတ် အဘိုးအိုက ပြုံးပြီး ပြောလိုက်သည်။

"ဆရာ၊ ကျွန်​​တော်​ အရင်သွားပါတော့မယ်"

လုမင်က တိမ်နဂါးတောင်ကြားသခင်ကို လက်ယှက်ပြပြီး ပြောလိုက်၏။

"သွားပါ၊ ဆရာ မင်းကိုယုံတယ်။ နောက်နှစ် တင်းပေါင်ညီလာခံမှာ မင်းဟာ အားကောင်းတဲ့ပြိုင်ဘက်ကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်။ အဲဒီအချိန်မှာ မင်းရဲ့နာမည်က စန်းပြည်နယ်ရဲ့ မျိုးဆက်သစ်အားလုံးကို နှိမ့်ချနိုင်လိမ့်မယ်"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။

"ဟားဟားဟား၊ ညီနောင်ယွင်... ကြည့်ရတာ မင်းရဲ့ တပည့်အပေါ် အတော်လေး ယုံကြည်မှုရှိနေပုံရတယ်"

ဝတ်ရုံဖြူ အဘိုးအိုက ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ စွမ်းအင်လှိုင်းတစ်ခုဖြင့် လုမင်ကိုလွှမ်းခြုံပြီး ကောင်းကင်သို့ ထိုးတက်သွား၏။

ခဏအကြာတွင် ဝတ်ရုံဖြူဝတ် အဘိုးအိုက လုမင်ကိုခေါ်ပြီး တောင်ကြားတစ်ခုသို့ ရောက်လာတော့သည်။ တောင်ကြား ပတ်လည်တွင် ကမ္ပည်းရေးထိုးထားသော ဧရာမယဇ်ပလ္လင်ကြီးတစ်ခု ရှိသည်။

"တည်နေရာရွှေ့ပြောင်းခြင်းပလ္လင်"

တစ်ချက်ကြည့်ရုံဖြင့် တည်နေရာရွှေ့ပြောင်းခြင်းပလ္လင်ဖြစ်ကြောင်း လုမင် သိလိုက်သည်။

ယွမ်လုသို့ ရောက်လာပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းပလ္လင်ကို တွေ့မြင်ရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

ယွမ်လုရှိ ဟင်းလင်းပြင်က တည်ငြိမ်လွန်းပေသည်။ တစ်နေရာမှ တစ်နေရာသို့ သွားလာရန်အတွက် တည်နေရာရွှေ့ပြောင်းခြင်းပလ္လင် တည်ဆောက်လိုပါက တန်ကြေးမှာ အလွန်ကြီးမားသည်။ လိုအပ်သော အရင်းအမြစ်ပမာဏကလည်း အံ့မခန်းဖြစ်လိမ့်မည်။

နဂါးနတ်ဘုရားတောင်ကြားတွင် အကန့်အသတ်မဲ့ပင်လယ်သို့ ပို့ဆောင်သော တည်နေရာရွှေ့ပြောင်းခြင်းပလ္လင်များသာ ရှိခဲ့သည်။ ယွမ်လု၏ အခြားပြည်နယ်ကြီးများသို့ ပို့ဆောင်နိုင်သော တည်နေရာရွှေ့ပြောင်းခြင်းပလ္လင် မရှိပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်က၊ ဧကရာဇ်အဆင့် အင်အားစုများတွင်သာ ရှိနိုင်သည်။

ယဇ်ပလ္လင်ဘေးတွင် လူငယ်လေးယောက် ရှိနေ‌သည်။

အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ ဖြစ်၏။

မိန်းကလေးက အရပ်မြင့်သည်။ သူမက ငွေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော်လည်း သူမ၏ ဆွဲဆောင်မှုရှိသောရုပ်သွင်ကို ဖုံးကွယ်ထားရန် မလွယ်ပေ။ သူ့ကိုကြည့်ရသည်မှာ ရဲရင့်ပြီး သူရဲကောင်းဆန်ပုံရသည်။

အခြားလူငယ် သုံးဦးကတော့ တိမ်တိုက်သဏ္ဍာန် ပန်းထိုးထားသော အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားကြပေသည်။

ဝတ်ရုံဖြူအဘိုးကြီးနှင့်အတူ လုမင် ရောက်လာသောအခါ လူငယ်လေးယောက်က အကဲခတ်သလို ကြည့်လိုက်ကြသည်။

"ငါ မင်းတို့နဲ့ သူ့ကို မိတ်ဆက်ပေးရဦးမယ်။ သူ့နာမည်က လုမင်တဲ့။ သူကလည်း မင်းတို့နဲ့အတူ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို သွားမှာ"

ဝတ်ရုံဖြူဝတ် အဘိုးအိုက ရိုးရိုးရှင်းရှင်း မိတ်ဆက်ပေးလိုက်သည်။

"လုမင်လား၊ နာမည်စိမ်းပဲ။ ငါ အရင်က ဒီနာမည်ကို ဘာဖြစ်လို့ မကြားဖူးရတာလဲ"

လူငယ်တစ်ယောက်က အံ့ဩဟန်ဖြင့် ပြောလိုက်သည်။ သူဆံပင်များက အစိမ်းရောင်ဖြစ်ပြီး သူ့ကိုကြည့်ရသည်မှာ အတော်လေး ပေါ်လွင်ပုံရပေသည်။

"သူက တိမ်ဧကရာဇ်တောင်က မဟုတ်ပါဘူး။ စန်းပြည်နယ်ကနေ လာခဲ့တာ"

ဝတ်ရုံဖြူဝတ် အဘိုးအိုက ရှင်းပြလိုက်သည်။

"စန်းပြည်နယ်လား"

လုမင်က စန်းပြည်နယ်မှဖြစ်ကြောင်း သိရသောအခါ၊ အစိမ်းရောင်ဆံပင်နှင့် လူငယ်၏ မျက်လုံးများက အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်လာတော့သည်။ သူက လုမင်ကိုကြည့်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။

"မင်းက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူပဲ ဖြစ်သေးတာနော်။ ဒါလေးနဲ့ မျိုးနွယ်စုတစ်ရာစစ်မြေပြင်ကို ဘယ်လိုလုပ် ဝင်ဝံ့တာလဲ။ သေချင်နေတာပဲ"

လုမင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာ ငါသတိထားလိုက်မယ်"

"သတိထားမယ်... မင်း ငါတို့ကို အားကိုးဖို့ စဉ်းစားနေတာလား။ မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာ အန္တရာယ်ကြုံခဲ့ရင် ငါတို့ မင်းကို ကယ်တင်မှာမဟုတ်ဘူးနော်"

အစိမ်းရောင်ဆံပင်နှင့်လူငယ်က အထင်မြင်သေးစွာဖြင့် ဆက်လက် လှောင်ပြောင်လိုက်၏။

"ငါ့အသက်ကို ငါတာဝန်ယူတယ်။ တကယ်လို့ အန္တရာယ်နဲ့ ကြုံပြီး သေခဲ့ရင်တောင် ဒါက ငါ့ရဲ့ကျွမ်းကျင်မှု မလုံလောက်သေးလို့ပဲ"

လုမင်၏ အသံက အေးစက်သွားသည်။

ဆံပင်စိမ်း လူငယ်လေး၏ လေသံကို သူမကြိုက်ပေ။

လုမင်က အေးစက်စက် အမူအရာဖြင့် သူ့ကိုပြန်ပြောနေကြောင်း မြင်လိုက်ရတော့ ဆံပင်စိမ်းနှင့်လူငယ်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ သူ့မျက်လုံးများက အေးစက်စက်အလင်းရောင် လက်သွားပြီး လှောင်ပြောင်လိုက်၏။

"စန်းပြည်နယ်ရဲ့ အမှိုက်ကောင်၊ အချိန်ကျရင် မင်း ဘယ်လိုသေသွားမလဲဆိုတာ ကြည့်ရသေးတာပေါ့"

"ယွင်ခိုင်၊ တော်လောက်ပြီ"

ထိုအချိန်တွင် ငွေရောင်ချပ်ဝတ်တာဆာဝန် မိန်းကလေးက ဝင်ပြောလိုက်သည်။ ဆံပင်စိမ်းနှင့် လူငယ်လေးက ငွေရောင် ချပ်ဝတ်တန်ဆာ ဝတ် မိန်းကလေးကိုတော့ ကြောက်ပုံရသည်။ သူက အေးစက်စက် ရယ်မောလိုက်သော်လည်း တခြားဘာမှ မပြောတော့ပေ။

"လုမင်၊ ငါက ယွင်ရှီပါ"

ငွေရောင် ချပ်ဝတ်တန်ဆာဝတ် မိန်းကလေးက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်"

လုမင် ခေါင်းညိတ်ပြလိုက်၏။

"လုမင်၊ ယွင်ခိုင်ရဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့။ နင်က ငါတို့နဲ့အတူ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို သွားနေပြီဆိုမှတော့ အချိန်တန်ရင် ငါတို့ တစ်ယောက်ကို တစ်ယောက် သဘာအတိုင်း ဂရုစိုက်ကြရမှာပေါ့"

ယွင်ရှီက ပြောလိုက်သည်။

လုမင် အန္တရာယ်နှင့် ကြုံတွေ့ရပါက၊ သူတို့တတ်နိုင်သရွေ့ ကူညီစောင့်ရှောက်ပေးမည်ဟု ပြောခြင်းဖြစ်လေသည်။

ဧကရာဇ်အဆင့်အင်အားစုမှ ထိုလူငယ်များက ဧကရာဇ်အဆင့်အင်အားစုမှ မဟုတ်သူများကို ရင်ဆိုင်ရသောအခါတွင် သာလွန်မြင့်မြတ်သူကဲ့သို့သော သဘောရှိကြသည်။

ယွင်ရှီကတော့ ထိုသို့မဟုတ်ဘဲ ခင်မင်ဖွယ်ကောင်းပေသည်။

လုမင်လည်း ထွေ‌ထွေထူးထူးမပြောတော့ဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။

"လုမင်၊ ဒီနှစ်ယောက်ကို ယွင်ဖုန်းနဲ့ ယွင်ချွယ်လို့ ခေါ်တယ်"

ထို့နောက် ယွင်ရှီက အခြားလူငယ်နှစ်ဦးအား လုမင်ကို မိတ်ဆက်ပေးခဲ့သည်။

ထိုလူငယ်နှစ်ယောက်လည်း လုမင်ကို ခေါင်းညိတ်ပြလိုက်ကြလေသည်။

"ကိုင်း၊ မင်းတို့တွေ အချင်းချင်းသိပြီဆိုရင် သွားကြရအောင်"

ဝတ်ရုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

အားလုံးက ခေါင်းညိတ်ပြပြီး တည်နေရာရွှေ့ပြောင်းခြင်းပလ္လင်ပေါ် တစ်ယောက်ပြီးတစ်ယောက် လှမ်းတက်သွား၏။

ဝတ်ရုံဖြူဝတ် အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ယဇ်ပလ္လင်က တောက်လာသည်။ ထို့နောက်တော့ ကျယ်ဝန်းသော တံခါးတစ်ချပ်ကို ဖွဲ့လိုက်ပြီး လုမင်နှင့် လူငယ်လေးယောက်လည်း တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားတော့သည်။

ကောင်းကင်နှင့်မြေပြင်က လှည့်ပတ်သွားပြီး လုမင်လည်း အမြင်အာရုံများ မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။

'ဘယ်လောက်တောင် ပြင်းထန်တဲ့ ဟင်းလင်းပြင်လည်ပတ်ခြင်းစွမ်းအားပါလိမ့်'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်က တည်ငြိမ်လေလေ၊ တည်နေရာရွှေ့ပြောင်းခြင်းအတွင်းမှ ဟင်းလင်းပြင်လည်ပတ်မှုစွမ်းအားက ပို၍ အားကောင်းလေလေပင်။

နောက်အခိုက်အတန့်တွင် လှည့်ပတ်မှုစွမ်းအား ပျောက်ကွယ်သွားပြီး ကြီးမားသော စင်မြင့်ပေါ်ကို ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

စင်မြင့်က တောင်ထိပ်တစ်ခုတွင် ရှိပုံရ၏။ အဝေးကို လှမ်းကြည့်လိုက်ပါက အဆုံးမရှိသော တောင်တန်းများဖြင့် မြင်ကွင်းကို မြင်လိုက်ရလေသည်။

"မျိုးနွယ်စုတစ်ရာစစ်မြေပြင်က ရှေ့ဆိုရင်ရောက်ပြီ။ ငါတို့က အခု မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရဲ့ အပြင်ဘက်မှာ ရှိနေတာ"

ယွင်ရှီ ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ တိမ်နဂါးတောင်ကြားသခင်က သူ့အား ပေးထားသည့် မျိုးနွယ်စုတစ်ရာစစ်မြေပြင်၏ မိတ်ဆက်ကို သူဖတ်ဖူးသည်။ မျိုးနွယ်စုတစ်ရာစစ်မြေပြင်သို့ ဝင်ရောက်လိုသော မည်သည့် ဧကရာဇ်အဆင့် အင်အားစုမဆို၊ မျိုးနွယ်စုတစ်ရာစစ်မြေပြင် အပြင်ဘက်အထိသာ တယ်လီပို့နိုင်သည်။ ထိုနေရာတွင် နိယာမများက ကသောင်းကနင်းဖြစ်လွန်းသောကြောင့် မျိုးနွယ်စုတစ်ရာစစ်မြေပြင်အတွင်း၌ တည်နေရာရွှေ့ပြောင်းခြင်းအစီရင်များကို မတည်ဆောက်နိုင်ပေ။

"သွားကြရအောင်"

ယွင်ရှီကပြောပြီး ရှေ့မှ လျှောက်သွားသည်။

ဤအဖွဲ့ကို ယွင်ရှီက ဦးဆောင်ခဲ့ခြင်း ဖြစ်၏။ သူမ၏ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းက အမြင့်ဆုံးဖြစ်ပြီး ကျန်သုံးဦးမှာ အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။

ထို့အပြင် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သို့ ဝင်ရောက်လေ့ကျင့်ရန် ဝံ့ရဲသူများအားလုံးက အလွန်အားကောင်းကြသည်။ လုမင်လည်း ယွင်ရှီနှင့် ကျန်သုံးဦးမှာ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာများဖြစ်မည်ဟု ခန့်မှန်းမိခဲ့ပေသည်။

သူတို့ငါးယောက်က ရှေ့သို့ ပြေးသွားကြရာ မကြာမီ သူတို့ရှေ့တွင် နက်နဲသော လျှိုမြောင်တစ်ခု ပေါ်လာခဲ့သည်။

"ဒီလျှိုမြောင်ကို နောက်ပိုင်းမျိုးဆက်တွေက ဖန်တီးထားတာ။ အဲဒါကို ကျော်လိုက်တာနဲ့ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ထဲ တရားဝင်ဝင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"

ယွင်ရှီ ပြောလိုက်သည်။

သူတို့ငါးယောက်လည်း လျှိုမြောင်ပေါ်ကို ပျံတက်သွားကြသည်။

လျှိုမြောင်ပေါ်မှ ပျံသန်းလာသည်နှင့် တပြိုင်နက် တစ်စုံတစ်ခု မှားယွင်းနေပြီဟု လုမင် ခံစားလိုက်ရ၏။ ကောင်းကင်နှင့် မြေပြင်၏ နိယာမများ အမှန်တကယ်ပင် ကစဉ့်ကလျား ဖြစ်နေကြောင်း တွေ့လိုက်ရတော့သည်။

All Chapters