← Chapters

အခန်း ၁၅၈၉

Vol. 106 Ch. 1589

အခန်း ၁၅၈၉

Vol. 106 Ch. 1589

အပိုင်း ( 1589 ) သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်။

ဤကစဉ့်ကလျားအခြေအနေကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ကျင့်ကြံခြင်းအခြေခံ အားနည်းသူများလည်း မခံစားနိုင်ပါ။ အတိုင်းအတာတစ်ခုအထိ သန်မာ‌သူများသာ ခံစားနိုင်မည် ဖြစ်သည်။

သို့ရာတွင် သူတို့က သူတော်စင်နယ်ပယ် ကျင့်ကြံသူများ မဟုတ်သောကြောင့် ကစဉ့်ကလျားနိယာမများသည် သူတို့အပေါ်တွင် များစွာသက်ရောက်မှု မရှိပေ။

မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သည် ရှေးခေတ်ကတည်းက ဖြစ်ပွားခဲ့ပြီး ပစ္စုပ္ပန်နှင့် အလွန်ဝေးကွာနေပြီ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေကြီးက ပြန်လည်အသက်ဝင်လာပြီး နိယာမများ ကစဉ့်ကလျားဖြစ်ခြင်းမှလွဲ၍ ပြင်ပကမ္ဘာနှင့် အတူတူပင် ဖြစ်ချေသည်။

ဤအချိန်တွင် သူတို့ငါးယောက်က သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ပြီး သတိထားလာခဲ့ကြသည်။

"မျိုးနွယ်စုတစ်ရာ စစ်မြေပြင်နဲ့ ပိုနီးလေလေ၊ အစွမ်းထက် ကျင့်ကြံသူတွေ ပိုများလာလေပဲ။ အစွန်အဖျားမှာပဲ ငါတို့ သတိထားပြီးသွားနေရင် ပိုကောင်းလိမ့်မယ်"

ယွင်ရှီက ခပ်တိုးတိုး ပြောလိုက်သည်။

အားလုံးက ခေါင်းညိတ်လိုက်ကြလေသည်။

မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် စစ်မြေပြင်၏ အလယ်ဗဟိုနှင့် ပိုနီးလေလေ၊ စစ်ပွဲတွင် ပါဝင်ခဲ့သည့် ကျင့်ကြံသူများက ပို၍ အားကောင်းလေပါပဲ။ သို့ဖြစ်ပေရာ ရတနာများလည်း သဘာဝအတိုင်း အများကြီး ကျန်ခဲ့သည်။

ထို့ကြောင့် အစွမ်းထက် ပါရမီရှင်များက အခွင့်အလမ်းများနှင့် ပြိုင်ဘက်များကို ရှာဖွေရန် အလယ်ဗဟိုသို့ စုရုံးလေ့ရှိသည်။

အားနည်းသော ပါရမီရှင်အချို့ကတော့ အစွန်အဖျားတွင်သာ လှုပ်ရှားကြပေသည်။

သူတို့ငါးယောက်က ရှေ့ကို ပြေးသွားခဲ့သော်လည်း ဘာအန္တရာယ်မှ မကြုံပေ။ ရံဖန်ရံခါ သားရဲတချို့နှင့် ကြုံရသော်လည်း အများစုက သိပ်ပြီး အစွမ်းထက်ထက်ခြင်း မရှိကြပါ။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာ အလွန်ကြီးမားသည်။ မကြာမီ၊ သူတို့လူစုက မိုင်ထောင်ချီပြီး ခရီးနှင်ခဲ့ကြပေသည်။

"ဝှစ်"

ထိုအချိန်တွင် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ယွင်ဖုန်း၏ လက်တစ်ဖက်က ပြတ်ထွက်သွားပြီး သွေးများ နေရာအနှံ့ ပြန့်ကျဲသွား၏။ ယွင်ဖုန်းလည်း နာကျင်စွာ အော်ဟစ်လိုက်တော့သည်။

"မကောင်းတော့ဘူး၊ တစ်ယောက်ယောက်က ငါတို့ကို တိုက်ခိုက်နေပြီ"

ယွင်ရှီနှင့် အခြားသူများ တုန်လှုပ်သွားကြသည်။

"ဝှစ်"

တစ်စုံတစ်ခုက လေထုကို ဖြတ်သန်းသွားသော အသံခပ်တိုးတိုး ထွက်ပေါ်လာပြန်သည်။

"နောက်ဆုတ်ကြ"

ယွင်ရှီက အော်ဟစ်ပြီး အမြန်ပြန်ဆုတ်သွား၏။

ကျန်သူများလည်း အမြန်ပြန်ဆုတ်သွားကြတော့သည်။

"ရွှစ်"

သူတို့က အလျင်အမြန် ဆုတ်ခွာသော်လည်း ယွင်ချွယ်ကို ထိမှန်နေဆဲ ဖြစ်သည်။ သူ့ရင်ဘတ်တွင် ဓားဒဏ်ရာကြီးတစ်ခု ပေါ်လာပြီး သွေးများ ပန်းထွက်ခဲ့ပေသည်။ သူ၏ ဝိညာဉ်ခန္ဓာက အရူးအမူးတွန့်လိမ်ပြီး ပြန်လည်ကောင်းမွန်ရန် ကြိုးစားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်တစ်ခုက အဆက်မပြတ် တိုက်စားနေကာ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ရန် မလွယ်တော့ပေ။

ယွင်ဖုန်းမှာလည်း အလားတူ ဖြစ်သည်။ ပြတ်တောက်သွားသော သူ့လက်တစ်ဖက်ကို ပြန်လည်ကောင်းမွန်စေသော်လည်း သတ်ဖြတ်ချင်စိတ်က တားဆီးနေခဲ့ပေသည်။

"သတ်ဖြတ်ခြင်းတစ်သောင်း ဓား၊ ဒါက သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်ကပဲ"

ယွင်ခိုင်၏မျက်နှာက ကြောက်ရွံ့မှုတို့ ပြည့်သွားသည်။

"ဝှစ်"

ထိုအချိန်တွင် နောက်ထပ် အသံတိုးတိုးလေး ထွက်ပေါ်လာသည်။ ဓားအလင်းတန်းတစ်ခုက ယွင်ခိုင်ဆီသို့ သွားနေပုံရ၏။

သူတို့က အနည်းငယ်သော အပြောင်းအလဲကို ခံစားနိုင်သော်လည်း တိုက်ခိုက်သူကိုမူ မမြင်နိုင်ကြပေ။ ဓားအလင်းကိုတောင် မမြင်ရပါ။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

ယွင်ရှီ၏လက်ထဲတွင် ငွေရောင်လှံတစ်ချောင်းပေါ်လာပြီး ဓားအလင်းကို တိုက်ခိုက်လိုက်သည်။

"ထန်"

ယွင်ရှီ၏လှံက ဓားသွားကို ထိမှန်သွားပုံရသည်။ အသံတစ်ချက် ထွက်ပေါ်လာပြီး ဓားအလင်းကို ပိတ်ဆို့လိုက်၏။

ယွင်ခိုင်လည်း အလွန်ကြောက်လန့်ပြီး ကျောရိုးထဲထိ အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ့လက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ဓားတစ်ချောင်း ပေါ်လာခဲ့‌သည်။

ယင်းက သူတော်စင်ရတနာဖြစ်ကြောင်း ထင်ရှားလှပေသည်။

တစ်ချိန်တည်းမှာပင် ယွင်ချွယ်နှင့် ယွင်ဖုန်းတို့က သူတို့၏ သူတော်စင်ရတနာများကို ထုတ်ယူခဲ့ကြသည်။

ဧကရာဇ်အဆင့် အင်အားစုများ၏ ပါရမီရှင်များအနေဖြင့် သဘာဝအတိုင်း သူတော်စင်ရတနာများ မရှိဘဲမနေပေ။

"ဒါက သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်ရဲ့ အရိပ်မဲ့ဓားသိုင်းပဲ။ သတိထားကြ"

ယွင်ရှီက အော်လိုက်သည်။

သူတို့ငါးယောက်လည်း ချက်ချင်း ဝိုင်းဖွဲ့ကာ ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်လိုက်သည်။

"ချီးပဲ၊ ကံဆိုးလိုက်တာ။ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို ဝင်လိုက်တာနဲ့ သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို တွေရတယ်လို့ကွာ"

ယွင်ချွယ်က ဒေါသတကြီး အော်လိုက်သည်။ ဤအချိန်တွင်၊ သူက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအငွေ့အသက်ကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။ သူ့ရင်ဘတ်မှ ဓားဒဏ်ရာကလည်း စပြီး သက်သာလာနေပြီ။

ယွင်ဖုန်း၏လက်မှာလည်း အသစ်ပေါက်လာနေပြီ ဖြစ်သည်။

"လုမင်၊ မင်းဘက်ခြမ်းကို သေချာကာကွယ်ပါ။ မင်းမလုပ်နိုင်ရင် မြန်မြန်ထွက်သွားတော့၊ ငါတို့ကိုပါ မထိခိုက်စေနဲ့"

ယွင်ခိုင်က အေးစက်စက် ပြောလိုက်သည်။

"ဝှစ်"

ထိုအချိန်တွင် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင် ယွင်ရှီကို ရည်ရွယ်ထား၏။

ယွင်ရှီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက လှံချက်ထုတ်ဖော်‌လိုက်သော်လည်း လေကိုသာ ထိုးခွဲသွား၏။ ထို့နောက် ဓားအလင်းက လမ်းကြောင်းပြောင်းကာ ယွင်ခိုင်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

"ထွက်သွား"

ယွင်ခိုင်က ဟိန်းဟောက်ပြီး ဓားဖြင့်ခုတ်လိုက်သည်။ ၎င်း၏ စွမ်းအားကလည်း အလွန်ကြောက်စရာကောင်းပေသည်။

ယွင်ခိုင်၏ ကျင့်ကြံခြင်းက အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူ့တွင် အဆင့်မြင့် ကမ္ဘာမြေဝိညာဉ်ခန္ဓာရှိကြောင်းလည်း ထင်ရှား၏။ သူတော်စင်ရတနာဖြင့် သူ၏အင်အားက တော်ရုံ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ တစ်စုံတစ်ဦးကို အလွယ်တကူ သတ်ပစ်နိုင်သည်။

သို့သော်လည်း ဤဓားချက်ကိုတော့ ခုခံရန် ခက်ခဲနေဆဲပင်။ ဓားအလင်းက မြေပြင်ပေါ်သို့ ကျရောက်သွားပြီး မီတာများစွာအနက်ရှိသော ဓားအမှတ်အသားတစ်ခုကို ချန်ထားခဲ့သည်။ တောင်ကုန်းတစ်ခုကို တိုက်ရိုက် ခွဲထွက်ခဲ့ပေသည်။

"ဝှစ်... ဝှစ်... ဝှစ်"

လေတိုးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက ဆက်လက် ထွက်ပေါ်နေသော်လည်း ယွင်ရှီကို မရည်ရွယ်ပါ။ တခါတရံ ယွင်ခိုင်ကို ရည်ရွယ်ပြီး တခါတရံ လုမင်ကို ဖြစ်သည်။

လေတိုးသံကို ကြားနိုင်သော်လည်း တိုက်ခိုက်သူနှင့် ဓားကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရသေးပေ။

ထို့အပြင် ဓားအလင်းက အလွန်လျင်မြန်ပြီး အစွမ်းထက်သည်။ ၎င်းက ရက်စက်ကြမ်းကြုတ်ပြီး တိကျ၏။

သူတို့က အားနည်းသည့်ဘက်ကို လုံးဝ ကျရောက်နေခဲ့သည်။ ခဏအကြာတွင်၊ ယွင်ဖုန်း၏ခန္ဓာမှာ ဒဏ်ရာအသစ်တစ်ခု ပေါ်လာတော့သည်။

'ကြောက်စရာကောင်းလိုက်တဲ့ လုပ်ကြံမှုနည်းလမ်း'

လုမင်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သူတို့ပြိုင်ဘက်၏ ဖုံးကွယ်မှုနည်းလမ်းက အားကောင်းလွန်းပေသည်။ သူ့ပုံရိပ်ကို ဖုံးကွယ်ထားကာ အငွေ့အသက်ကိုပင် မခံစားနိုင်ပေ။ သူတို့က အားနည်းသည့်ဘက်ကို လုံးဝ ကျရောက်နေခဲ့သည်။ တန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိပဲ တိုက်ခိုက်မှုများကိုသာ ခုခံနေခဲ့ရပေသည်။

"သူတို့ရဲ့ ကျင့်ကြံခြင်းက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်မှာ ဖြစ်နိုင်ချေများတယ်"

ယွင်ရှီက‌ ပြောလိုက်သည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ဒီအတိုင်း ဆက်ပြီး မနေနိုင်တော့ဘူး"

ယွင်ခိုင် ပြောလိုက်၏။

"ဟိုဘက်ကိုသွားရအောင်၊ အဲဒီမှာ တောင်ကြားတစ်ခုရှိတယ်။ တောင်ကြားထဲကို ဝင်နိုင်မယ်ဆိုရင် ငါတို့အတွက် အဆင်ပြေလိမ့်မယ်"

ယွင်ရှီ အော်လိုက်သည်။

သူတို့ပြိုင်ဘက်၏ လှုပ်ရှားမှုက မြန်လွန်းသည်။ ကျယ်ပြန့်သောနေရာတွင် သူတို့က လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သောကြောင့် တန်ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ အကယ်၍ တောင်ကြားထဲကို ဝင်လိုက်လျှင်တော့ ပြိုင်ဘက်၏ လှုပ်ရှားမှုကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားနိုင်မည် ဖြစ်သည်။

"ဝုန်း"

ယွင်ရှီ၏လက်ထဲမှ ငွေရောင်လှံက လျင်မြန်စွာပင် မီတာတစ်ထောင်ရှည်လျားသော လှံတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကံမကောင်းစွာဖြင့်၊ ပြိုင်ဘက်ကိုတော့ မထိမှန်ခဲ့ပေ။

"သွားကြစို့"

ထိုအချိန်တွင် ယွင်ရှီက အော်ပြောပြီး တောင်ကြားဆီသို့ ပြေးသွားသည်။

လုမင်နှင့် အခြားသူများလည်း ယွင်ရှီ၏နောက်သို့လိုက်ကာ ထိုလမ်းကြောင်းအတိုင်း ပြေးသွားကြတော့သည်။

သို့ရာတွင်၊ လမ်းတစ်ဝက်သို့ မရောက်မီပင် ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုက ယွင်ရှီ၏ဦးခေါင်းဆီသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ယွင်ရှီ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ရပ်လိုက်ရ၏။ သူမ၏ လှံရှည်က ပြေးထွက်သွားပြီး ရန်သူ၏ဓားကို ပိတ်ဆို့လိုက်တြောသည်။

တစ်ချိန်တည်းမှာပင် အနောက်ဘက်မှ ဓားအလင်းတစ်ခုက ယွင်ဖုန်းဆီသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ယွင်ဖုန်းက ဒေါသတကြီး ဟောက်ပြီး သူ့ဓားဖြင့် နောက်သို့ လှည့်ခုတ်လိုက်၏။ အသံတစ်ချက်နှင့်အတူ သူသည်လည်း ဓားအလင်းကို ပိတ်ဆို့ထားခဲ့သည်။

သို့ရာတွင်၊ သူတို့၏ အမူအရာများက ပို၍ပင် ဆိုးရွားလာတော့သည်။

"နှစ်ယောက်၊ သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်သူက နှစ်ယောက် ရှိတယ်"

ယွင်ခိုင်၏ မျက်နှာက ဖြူဖျော့သွားကာ အော်လိုက်သည်။

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည်ပင် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲနေပြီဖြစ်သည်။ ယခုတော့ နှစ်ယောက် တစ်ပြိုင်နက် ပေါ်လာပြီ။

"ဝှစ်"

ထိုအချိန်တွင် လုမင်၏နောက်ကျောမှ အနက်ရောင်တောင်ပံများ ပေါ်လာခဲ့သည်။ အတောင်ခတ်သံနှင့်အတူ လုမင်က ကောင်းကင်သို့ ပျံတက်သွား၏။ ယွင်ရှီ၏အဖွဲ့မှ ထွက်ခွာပြီး အဝေးသို့ ပျံသန်းသွားတော့သည်။

"ချီးပဲ၊ ဒီကောင်က သေမှာကြောက်ပြီး သူ့ဘာသာ ထွက်ပြေးချင်နေတာပဲ"

ယွင်ခိုင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုမင်၏ အမူအရာက အေးစက်နေပြီး စကားတစ်ခွန်းမှ မပြောပေ။ အနက်ရောင်တောင်ပံများကိုခတ်ပြီး ရှေ့သို့ လျင်မြန်စွာ ပျံတက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ယွင်ရှီနှင့် ယွင်ခိုင်တို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

"ဘယ်လိုလူယုတ်မာလဲ။ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိရင် ငါ သူ့ကို ခေါ်ခဲ့မှာ မဟုတ်ဘူး"

ယွင်ခိုင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ယွင်ဖုန်းနှင့် ယွင်ချွယ်တို့၏ အမူအရာများလည်း အနည်းငယ် အကြည့်ရဆိုးသွားကြပေသည်။

"လုပ်ကြံသူတစ်ယောက် မရှိတော့ဘူး။ အဲဒီတစ်ယောက်ကို လုမင်က လှည့်စားပြီး ခေါ်ထွက်သွားတာ"

ဤအခိုက်တွင် ယွင်ရှီက ပြောလိုက်သည်။

အမှန်ပင်၊ သူတို့နောက်ဘက်မှ လုပ်ကြံသူက ပျောက်ကွယ်သွားပုံရသည်။ သူတို့ရှေ့မှ လုပ်ကြံသူကသာ ဆက်လက်ပြီး တိုက်ခိုက်နေခဲ့ပေသည်။

All Chapters