← Chapters

အခန်း ၁၅၉၁

Vol. 107 Ch. 1591

အခန်း ၁၅၉၁

Vol. 107 Ch. 1591

အပိုင်း ( 1591 ) သတ်ဖြတ်သူ အမှတ်အသား။

အနက်ရောင်ဝတ် အမျိုးသား၏ မျက်လုံးများက မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။ လုမင်မှ သူ့ကို ရှာဖွေတွေ့ရှိမည်ဟု မထင်ထားခဲ့ပေ။

အရေးကြီးသောအခိုက်အတန့်တွင် သူက သူ့ရှေ့မှာ ဓားရှည်ကို ကန့်လန့်ခံပြီး တားဆီးလိုက်သည်။

"ထန်"

လှံရှည်က အနက်ရောင်ဝတ်လူ၏ ဓားရှည်နှင့် ထတိုက်မိသွားသည်။ ဓားက ကွေးညွတ်သွားပြီး အနက်ရောင်ဝတ်လူ၏ ခန္ဓာကိုယ်ကို တိုက်မိသွား၏။ အနက်ရောင်ဝတ်လူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါပြီး လွင့်စဉ်သွားတော့သည်။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် လျှောတိုက်သွားကာ မီတာရာပေါင်းများစွာ ရှည်လျားသော မြောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

"ဝှစ်"

အနက်ရောင်ဝတ် အမျိုးသားကို တိုက်ခိုက်ပြီးနောက် လုမင်၏ပုံရိပ်က ရပ်တန့်မသွားပေ။ သူက တစ်ဖက်လူနောက်သို့ ဆက်လိုက်သွားသည်။

"လုမင်၊ ခဏလေးနေပါဦး"

ယွင်ရှီက ကမန်းကတန်း အော်ဟစ်လိုက်သည်။

လုမင် အံ့ဩသွား၏။ သူက အနက်ရောင်ဝတ် အမျိုးသား၏ဘေးတွင် ပေါ်လာသည်။ ထို့နောက် လှံရှည်ဖြင့် ချိန်ရွယ်ပြီး တစ်ဖက်လူ၏ ယွမ်ချီစွမ်းအင်ကို ချိတ်ပိတ်ထားလိုက်လေသည်။

"မင်းငါ့ကို ဘာဖြစ်လို့တားတာလဲ"

လုမင်က ယွင်ရှီကိုကြည့်လိုက်သည်။

ဤအခိုက်တွင် ယွင်ရှီ၊ ယွင်ခိုင်နှင့် အခြားသူများ အံ့ဩနေခဲ့ကြသည်။

သူတို့အတွက် အလွန်ကိုင်တွယ်ရခက်သော သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ လုပ်ကြံသူကို လုမင်က အလွယ်တကူ ကိုင်တွယ်ဖြေရှင်းခဲ့သည်။

"လုမင်၊ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ဦးကို သတ်လိုက်ပြီဆိုရင်... သူတို့ကို သတ်ခဲ့သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ သတ်ဖြတ်သူအမှတ်အသား အရိပ်အယောင်တစ်ခု ချန်ထားခဲ့လိမ့်မယ်။ အဲဒါက ဖျောက်ဖျက်ဖို့လည်း မဖြစ်နိုင်ဘူး။ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ အခြား လုပ်ကြံသတ်ဖြတ်သူတွေက အဲဒီအမှတ်အသားကို ခြေရာခံပြီး သတ်ဖြတ်ခဲ့သူကို ခြေရာခံနိုင်တယ်။ လူသတ်သမား မသေသေးသရွေ့ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသူတွေက ရပ်တန့်သွားမှာ မဟုတ်ဘူး။ အဲဒါကြောင့် နင် သူ့ကို သတ်လို့မဖြစ်ဘူး"

ယွင်ရှီက သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူကာ ရှင်းပြလိုက်သည်။

"ဒီတော့ ဒီလိုကို"

လုမင် နားလည်သွားခဲ့သည်။ သို့သော်လည်း သူက ခေါင်းခါယမ်းပြီး ပြောလိုက်၏။

"ကံမကောင်းချင်တော့ အရမ်းနောက်ကျသွားပြီ"

"အရမ်းနောက်ကျသွားပြီလား"

ယွင်ရှီ အံ့အားသင့်သွားသည်။

"နင်က တစ်ယောက်ယောက်ကို သတ်လိုက်ပြီးသားဖြစ်နိုင်မလား"

ပြောရင်း သူမ၏ လှပသော မျက်လုံးလေးများက ပြူးကျယ်သွား၏။

"ဟုတ်တယ်၊ စောစောက ငါ့ကိုလိုက်သတ်တဲ့ လူသတ်သမားကို ငါသတ်ပြီးသွားပြီ။ ဒါကြောင့် နောက်ထပ်လူတစ်ယောက်ကိုသတ်ဖို့ စိတ်မဝင်စားတော့ဘူး"

စကားဆုံးသည်နှင့် တပြိုင်နက်၊ လုမင်က လှံရှည်ဖြင့်ထိုးကာ လူသတ်သမားကို သုတ်သင်လိုက်တော့သည်။

ထို့နောက် သူ့လက်ဖဝါးမှ စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်သူ၏ သိုလှောင်လက်စွပ်နှင့် ဓားကို ဆွဲယူလိုက်သည်။

ယွင်ရှီနှင့် အခြားသူများလည်း ဖြူဖပ်ဖြူရော် မျက်နှာများဖြင့် တောင်ကြားထဲမှ ထွက်လာကြတော့သည်။

"လုမင်၊ လုပ်ကြံသတ်ဖြတ်သူ ပုန်းအောင်းနေတဲ့နေရာကို ဘယ်လိုရှာတွေ့တာလဲ"

ယွင်ရှီက မေးလိုက်သည်။

"ငါ့ဝိညာဉ်စွမ်းအားက ပိုသန်မာတယ်၊ ဒါကြောင့် လုပ်ကြံသတ်ဖြတ်သူရဲ့ ဝိညာဉ်အတက်အကျကို ငါခံစားနိုင်တယ်"

လုမင်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။ ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။

တချို့လူများ၏ ဝိညာဉ်စွမ်းအားက အလွန်ကြီးမားခြင်းမှာ သာမန် ဖြစ်သည်။

"လုမင်၊ မင်း သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသူနှစ်ယောက်ကို တကယ်ကြီး သတ်လိုက်တာပဲ။ မင်း အခုထွက်သွားလိုက်တော့"

ယွင်ခိုင်က အေးစက်စက် ပြောလိုက်သည်။

"ဟမ်"

လုမင်က ယွင်ခိုင်ကို ကြည့်လိုက်၏။

"မင်း အတင်းတွယ်ကပ်နေစရာမလိုပါဘူး။ မင်းမှာ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ သတ်ဖြတ်သူအမှတ်အသား ရှိနေပြီ။ မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာရှိတဲ့ လုပ်ကြံသူတွေက မင်းကို အဆက်မပြတ် ရှာဖွေနေလိမ့်မယ်။ ငါ မင်းနဲ့အတူ မငြိတွယ်ချင်ဘူး"

ယွင်ခိုင်က အေးစက်စက် ပြောလိုက်သည်။

"ဟားဟားဟား"

လုမင်က လှောင်ပြောင်ရယ်မောလိုက်သည်။

လုမင်ကြောင့်သာမဟုတ်လျှင် ယခင်က ယွင်ခိုင်နှင့် အခြားသူများမှာ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ယခုတော့ လုမင်က သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ လုပ်ကြံသူများကို သတ်လိုက်ခြင်းကြောင့်၊ လုမင်အား သူတို့နှင့်အတူမနေဘဲ ထွက်သွားရန် နှင်ထုတ်နေပြီ ဖြစ်သည်။ ယင်းက မည်မျှရယ်စရာကောင်းလိုက်ပါသနည်း။

"ဘာရယ်တာလဲ၊ ဒီနေ့ မင်းထွက်သွားရမယ်"

ယွင်ခိုင်က အေးစက်စက် ပြောလိုက်သည်။

"မင်း ငါ့ကို ထွက်သွားဖို့ ပြောနေစရာ မလိုပါဘူး။ မင်းလို အမှိုက်တစ်စနဲ့ နေရတာက ငါ့အတွက် ပိုလို့တောင် အန္တရာယ်များသေးတယ်"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"မင်း ဘာပြောလိုက်တယ်။ ငါက အမှိုက်တစ်စ... ဟုတ်လား။ မင်းလို ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူကများ..."

ယွင်ခိုင် ဒေါသတကြီး ဖြစ်သွားသည်။ လုမင်ကို လက်ညှိုးထိုးကာ ပြောဆိုရန် ဟန်ပြင်လိုက်၏။

"အဲဒီဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူက သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်ကို သတ်လိုက်တယ်။ အဲဒီအချိန် မင်းဘာလုပ်နေတာလဲ"

လုမင်က အထင်မြင်သေးစွာဖြင့်ပြောကာ ယွင်ခိုင်၏မျက်နှာကို နီရဲသွားစေခဲ့သည်။

"အဲဒါ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက နည်းနည်းလေး ပိုအားနည်းလို့ပဲ"

ယွင်ခိုင်က ငြင်းဆန်လိုက်သည်။

လုမင်လည်း ယွင်ခိုင်ကို ဂရုမစိုက်တော့ပေ။ သူက ယွင်ဖုန်း၊ ယွင်ချွယ်နှင့် ယွင်ရှီတို့ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့ရဲ့ သဘောထားကရော ဒီလိုပဲလား"

ယွင်ဖုန်းနှင့် ယွင်ချွယ်တို့မှာ မျက်နှာမထားတတ်ဘဲ ဖြစ်နေကြ၏။ သူတို့က လုမင်ကို မကြည့်ဝံ့ဘဲ အကြည့်များ လွှဲသွားသည်။

သူတို့၏ သဘောထားကလည်း ယွင်ခိုင်နှင့် အတူတူပင်။

လုမင်သာ သူတို့နှင့်အတူ ဆက်ရှိနေပါက၊ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ ကျွမ်းကျင်သူများ ရောက်လာသောအခါ သူတို့အားလုံး သေကြရလိမ့်မည်။

"လုမင်၊ ငါ ..."

ယွင်ရှီက တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း အပြစ်ရှိသောအမူအရာဖြင့် စကားရပ်သွားကာ ဆက်မပြောတော့ပေ။

စိတ်ခံစားချက်က လုမင်ကို ဆက်ခေါ်ထားလိုသော်လည်း၊ သူမ၏ စဉ်းစားဆုံးဖြတ်မှုအရ လုမင်ကို ဤနေရာတွင်ဆက်ထားလျှင် သူတို့အားလုံး သေရမည်ဟု ပြောနေသည်။

သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်မှ လူသတ်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုများက ကြောက်စရာကောင်းလွန်းလှပေသည်။

ထို့အပြင်၊ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်က မရေမတွက်နိုင်သော ပါရမီရှင်များစုဝေးရာ၊ လုပ်ကြံသတ်ဖြတ်သူများ၏ နေရာလည်း ဖြစ်သည်။ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်က သူတို့၏ လုပ်ကြံသတ်ဖြတ်သူများကို လေ့ကျင့်ပေးရန်၊ နှစ်စဉ်နှစ်တိုင်း မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သို့ ပါရမီရှင်အများအပြားကို စေလွှတ်လိမ့်မည်။

ထို့ကြောင့်၊ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ လူသတ်သမားများက ပါရမီရှင်များစွာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့သည်။

သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ ပစ်မှတ်ထားခံရသူများက အသက်ရှင်ရပ်တည်နိုင်ခဲလှပေသည်။

"ထပ်ပြောစရာမလိုတော့ပါဘူး။ ငါ နားလည်တယ်၊ ဒါဆိုရင် အခု ငါထွက်သွားတော့မယ်"

လုမင်က အေးစက်စက်ပြောပြီး လှည့်ထွက်ရန် ဟန်ပြင်လိုက်သည်။ သို့သော်၊ ထိုခဏ၌ လုမင်း၏ မျက်လုံးအကြည့်က ဦးတည်ရာတစ်ခုဆီသို့ လှမ်းကြည့်လိုက်၏။

"ဝှစ်... ဝှစ်..."

ထိုလမ်းကြောင်းမှ သူတို့ဆီသို့ ပျံသန်းလာနေသော ပုံရိပ်သုံးခုကို မြင်တွေ့နိုင်သည်။

အလယ်မှ တစ်ယောက်က ခရမ်းရွှေရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ ထိုလူငယ်က ပိန်ပိန်သွယ်သွယ်နှင့် ချောမောပြီး သူ့နဖူးမှာလည်း ခရမ်းရောင် ဓားပုံစံ အမှတ်အသားတစ်ခု ရှိနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မြင့်မြတ်သော အငွေ့အသက်ဖြင့် ပြည့်နှက်နေပေသည်။

သူ့ဘေးမှ ခရမ်းရောင် ၀တ်စုံဝတ်ထားသည့် တခြားလူငယ်နှစ်ယောက်မှာလည်း ထူးခြားသော ဟန်အမူအရာများ ရှိကြသည်။

သူတို့သုံးယောက်က လုမင်နှင့် အခြားသူများအထက် လေထဲတွင်ရပ်ပြီး လုမင်တို့ကို ငုံ့ကြည့်လိုက်သည်။

ထိုအထဲမှ လူငယ်တစ်ယောက်က ယွင်ရှီကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။

"နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်... ငါနဲ့အတူတူပဲ။ သခင်ငယ်လေး၊ ကျုပ်သွားပြီးတော့ လေ့ကျင့်ကြည့်ရမလား"

"သွားလိုက်ပါ"

အလယ်မှ မြင့်မြတ်သောလူငယ်က ခေါင်းညိတ်ပြလိုက်သည်။

"ဝှစ်"

ထိုအခါ လူငယ်က ရှေ့သို့တို့လာပြီး နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အရှိန်အဝါများကို ထုတ်ဖော်ကာ ယွင်ရှီအား‌ ပြောလိုက်သည်။

"ငါ့ကို တိုက်ခိုက်ပါ"

ဤသည်မှာ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ဖြစ်သည်။ ဤနေရာတွင် စည်းကမ်းမရှိသောကြောင့် တိုက်ခိုက်ရန် အကြောင်းပြချက်မလိုပါ။

ပါရမီရှင်လူငယ်များ ဤနေရာကို လာရခြင်း အကြောင်းရင်းက နှစ်ခုသာ ရှိသည်။ ပထမဦးစွာမိမိကိုယ်ကိုလေ့ကျင့်ရန်၊ ဒုတိယကတော့ ကံကောင်းခြင်းများကို ရှာဖွေရန်ပင်။

ပြင်းထန်သော တိုက်ပွဲများ၊ သတ်ဖြတ်ခြင်းများဖြင့်သာ ကိုယ့်ကိုယ်ကိုယ် လျင်မြန်စွာ တိုးတက်စေနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် တူညီသူများတွေ့သောအခါ အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခြင်းက သာမန်ပင်။

တစ်ဖက်တွင်၊ မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသူများက တစ်ဖက်လူတွင် ရတနာတစ်စုံတစ်ရာမရှိလျှင်... သူတို့ကိုယ်ကို လေ့ကျင့်ရန် မဖြစ်နိုင်သောကြောင့် နိမ့်ပါးသော ကျင့်ကြံခြင်းအခြေခံရှိသူများကို တိုက်ခိုက်မည် မဟုတ်ပေ။

သူတို့က မိမိထက် ကျင့်ကြံခြင်းအခြေခံ မြင့်မားသူ သို့မဟုတ် အဆင့်တူသူများကိုသာ စိန်ခေါ်တိုက်ခိုက်ကြသည်။

"ဒီလိုဆိုမှတော့ တိုက်ခိုက်ကြရအောင်"

ယွင်ရှီ ခေါင်းညိတ်လိုက်သည်။ သူ့လက်ထဲတွင် လှံရှည်တစ်လက်ပေါ်လာပြီး ခရမ်းရောင်ဝတ်လူငယ်ထံသို့ တိုးဝင်သွား၏။

"သတ်"

ခရမ်းရောင်ဝတ်လူငယ်က အချိန်မဖြုန်းဘဲ လှုပ်ရှားလိုက်သည်။ သူ့နဖူးမှ အလင်းအစက်တစ်ခု ပေါ်လာပြီး ဓားတစ်လက် ထွက်လာခဲ့၏။ သူက ဓားကိုဖမ်းယူကာ ယွင်ရှီအား ခုတ်ပိုင်းလိုက်တော့သည်။

"ရွှစ်"

ယွင်ရှီကလည်း ငွေရောင်မိုးကြိုးကဲ့သို့ လှံရှည်ဖြင့် ထိုးလိုက်သည်။

"ထန်"

လှံနှင့် ဓားက တိုက်မိသွားသဖြင့် ဓားအလင်းနှင့် လှံအလင်းများက အရပ်ရပ်သို့ ဖြာထွက်သွား၏။ နှစ်ဦးစလုံး တုန်လှုပ်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွား‌ရတော့သည်။

တစ်ဖက်လူကလည်း အံ့မခန်း တိုက်ခိုက်ရေးအင်အားဖြင့် အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

"မင်းက မဆိုးပါဘူး၊ ဒါပေမဲ့ အားနည်းသေးတယ်"

ခရမ်းရောင်ဝတ် လူငယ်လေးက အော်လိုက်သည်။ သူ့လက်မောင်းမှ အလင်းအစက်လေး ပေါ်လာ၏။ ထိုအလင်းအစက်မှ ပုဆိန်တစ်လက် ထွက်လာပြီး သူ့ဦးခေါင်းထက်တွင် လွင့်မျောနေတော့သည်။ ပုဆိန်က သူ့လက်ထဲမှဓားနှင့် ဆက်နွှယ်နေပုံရပြီး ဓား၏စွမ်းအားမှာ ပိုမိုအားကောင်းလာတော့သည်။

"လက်နက်တစ်သောင်းကျမ်း၊ နင်က ဝမ်မျိုးနွယ်ကပဲ"

ယွင်ရှီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားကာ သတိထားပြီး အော်လိုက်သည်။

All Chapters