အခန်း ၁၅၉၂
Vol. 107 Ch. 1592
အပိုင်း ( 1592 ) လက်နက်တစ်သောင်း တာအိုနယ်မြေ။
"မင်းက အကြားအမြင် ဗဟုသုတတော့ ရှိသားပဲ။ ငါ့ဆီကနေ ဘယ်လောက်ထိ လက်ခံနိုင်မလဲ ကြည့်ရအောင်"
ခရမ်းရောင်ဝတ် လူငယ်လေးက ရှေ့သို့တိုးလာပြီး ဓားဖြင့် ခုတ်လိုက်သည်။
ဓားအလင်းက ယခင်ကထက် ပိုအားကောင်းလာပြီး လေထုကို ဖြတ်သန်းသွား၏။
"ပျံသန်းနေသောတိမ် လှံသိုင်း"
ယွင်ရှီက အော်ဟစ်လိုက်သည်။ သူမ၏လှံရှည်က နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားပြီး လူငယ်လေးထံ လှံအလင်းများစွာ တိုးဝင်သွားတော့သည်။
"ထန်... ထန်... ထန်"
သူတို့နှစ်ဦးက ဆက်တိုက်ဆိုသလို ထိပ်တိုက်တွေ့နေကြသော်လည်း လက်ရည်ညီနေဆဲ ဖြစ်သည်။
သို့သော်လည်း၊ အံ့ဖွယ်ကောင်းသည်မှာ ခရမ်းရောင်ဝတ် လူငယ်လေး၏ ခန္ဓာကိုယ်က တောက်ပသော အစက်အပြောက်များစွာ ပေါ်လာခဲ့ခြင်းပင်။ ထို့အပြင် တောက်ပသော အလင်းစက်တစ်ခုစီမှ အုပ်ချုပ်သူလက်နက်တစ်ခုစီ ပေါ်လာသည်။ ဤလက်နက်များက ခရမ်းရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်တဝိုက်တွင် မျောလွင့်နေ၏။ ထို့ပြင် ဤလက်နက်များက တစ်ခုနှင့်တစ်ခု ဆက်စပ်နေပုံရသည်။ အုပ်ချုပ်သူ ဝိညာဉ်လက်နက်အားလုံးမှ စွမ်းအင်များက ခရမ်းရောင်ဝတ်လူငယ်၏ လက်ထဲမှ ဓားကို ပို၍ ကြောက်စရာကောင်းလာစေတော့သည်။
ခရမ်းရောင်ဝတ်လူငယ်၏ ဓားက အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာတစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း အခြား ဝိညာဉ်ရတနာများမှ စွမ်းအားကိုငှားယူပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်၏။ ထို့ကြောင့် ၎င်း၏ဓားမှာ ယွင်ရှီ၏ လှံထက် ပို၍ ပြင်းထန်လာတော့သည်။
"သတ်"
ခရမ်းရောင်ဝတ် လူငယ်လေးက တိုက်ပွဲကြာလာသည်နှင့်အမျှ ရဲရင့်လာသည်။ သူ့ညာလက်၌ ဓားတစ်လက်နှင့် ဘယ်ဘက်လက်တွင် ပုဆိန်တစ်ချောင်းကို ကိုင်ထား၏။ သူက ယွင်ရှီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။
တဖြည်းဖြည်းနှင့် ယွင်ရှီမှာ ဖိနှိပ်ခံလာခဲ့ရသည်။
'ထူးဆန်းလိုက်တဲ့ တာအိုနယ်မြေ။ ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့ ပညာရပ်လဲ'
လုမင်၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ထိုလူငယ်၏ တာအိုနယ်မြေက တစ်ချိန်တည်းတွင် မတူညီသောလက်နက်များကို အမှန်တကယ်အသုံးပြုစေနိုင်သည်။ သူက ဓားကိုအသုံးပြုသောအခါ ဓားနယ်မြေအဖြစ် ပြောင်းလဲနိုင်သည်။ သူက ပုဆိန်ကိုအသုံးပြုသောအခါ၊ ပုဆိန်နယ်မြေအဖြစ် ပြောင်းလဲ၍ ရ၏။
၎င်းက သူ၏ ကစဉ့်ကလျားတာအိုနယ်မြေနှင့်ပင် ဆင်တူသည်။
သို့သော်၊ တစ်ဖက်လူက ကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်ထားသူ မဟုတ်ပါ။
လက်နက်တစ်သောင်း တာအိုနယ်မြေ။
လုမင်၏ စိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာခဲ့သည်။ ယင်းက အလွန်ရှားပါးသည့် လက်နက်တစ်သောင်း တာအိုနယ်မြေပင်။
လက်နက်တစ်သောင်း တာအိုနယ်မြေကို လေ့ကျင့်သူများက ကမ္ဘာပေါ်ရှိ လက်နက်အားလုံးကို ထိန်းချုပ်နိုင်သည်ဟု ဒဏ္ဍာရီတွင် ဆိုထားသည်။ မည်သည့်လက်နက်ကို အသုံးပြုသည်ဖြစ်စေ၊ ၎င်းက သက်ဆိုင်ရာလက်နက်နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်သည်။
ဟုတ်သည်၊ ယင်းက လက်နက်များအတွက်သာ ကန့်သတ်ထားပေသည်။ မီးတာအိုနယ်မြေ သို့မဟုတ် ရေတာအိုနယ်မြေအဖြစ်သို့ မပြောင်းလဲပေ။ ယင်းက ကစဉ့်ကလျားတာအိုနယ်မြေ၏ ထူးခြားချက် ဖြစ်သည်။
သို့တိုင် အလွန်အံ့သြဖွယ်ကောင်းနေသေးသည်။
"ထွက်ခဲ့လော့"
နောက်ဆုံးတွင် ခရမ်းရောင်ဝတ် လူငယ်လေးက လှမ်းအော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင် အစက်အပြောက်များစွာ ပေါ်လာ၏။ လက်နက်များလည်း တစ်ခုပြီးတစ်ခု ပျံထွက်လာတော့သည်။
ယခုအခါ၊ ခရမ်းရောင်ဝတ် လူငယ်လေး၏ ပတ်ပတ်လည်တွင် လွင့်မျောနေသော လက်နက်မျိုးစုံက စုစုပေါင်း ဆယ့်ရှစ်ခု ရှိနေပြီ ဖြစ်သည်။ ၎င်းတို့အားလုံးက အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်များ ဖြစ်၏။ အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက် ဆယ့်ရှစ်ခု၏ စွမ်းအားများ စုစည်းမိသောအခါ စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်လာတော့သည်။
"ထန်"
ထိပ်တိုက် ရင်ဆိုင်မိပြီးနောက် ယွင်ရှီ လွင့်စဉ်သွားခဲ့သည်။ သူမ၏ ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး သူ့မျက်နှာမှာလည်း ဖြူဖျော့နေတော့သည်။
ယွင်ရှီ ရှုံးသွားပြီ။ အဆင့်တူ တိုက်ပွဲတွင် သူမ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
"မင်းရဲ့ တိုက်ခိုက်မှုနည်းလမ်းတွေကိုကြည့်ရတာ ယွင်ဧကရာဇ်တောင်က ဖြစ်ရမယ်။ အဟက်... ယွင်ဧကရာဇ်တောင်ရဲ့ ပါရမီရှင်က ဘာမှလည်းမဟုတ်ပါလား"
ခရမ်းရောင်ဝတ် လူငယ်လေးက လှောင်ပြုံးပြုံးကာ ဆက်၍ မတိုက်ခိုက်တော့ပေ။ သူက လေထဲသို့ တိုးဝင်ကာ မြင့်မြတ်သော လူငယ်လေး၏ အနားသို့ ပြန်သွားခဲ့သည်။ မတူညီသော အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက် ဆယ့်ရှစ်ခုကလည်း သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။
ယွင်ရှီမှာ မျက်နှာပျက်နေခဲ့ရသည်။ သို့သော်လည်း ဝမ်မျိုးနွယ်၏ လက်နက်တစ်သောင်းကျမ်းက အမှန်တကယ် အစွမ်းထက်ကြောင်း သူ ဝန်ခံရလိမ့်မည်။
'ဒီနေရာမှာ ပါရမီရှင်တွေ အများကြီးပါလား။ သူတို့အားလုံးက ဧကရာဇ်အဆင့် အင်အားစုတွေက ပါရမီရှင်တွေပဲလား'
လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို သူရောက်လာသည်မှာ မည်မျှ ကြာသေးပါသနည်း။ ယခင်က သူဟာ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ ပါရမီရှင်များနှင့် တွေ့ဆုံခဲ့ရသည်။ ယခုလည်း ဝမ်မျိုးနွယ်မှ ပါရမီရှင်များနှင့် တွေ့ဆုံနေပြီ။ ၎င်းတို့အားလုံးက အဆင့်မြင့် မြေကမ္ဘာ ဝိညာဉ်ခန္ဓာများဖြင့် ပါရမီရှင်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့၏ ကျင့်စဉ်များနှင့် တိုက်ခိုက်နိုင်စွမ်းများကလည်း အားကောင်းလှပေသည်။
အကယ်၍ ထိုကဲ့သို့ ပါရမီရှင်များကို စန်းပြည်နယ်တွင် ထားရှိမည်ဆိုပါက၊ သူတို့တစ်ဦးစီဟာ အနာဂတ်တွင် ကြီးမြတ်သော ပါရမီရှင်ဆယ်ပါး၏ ရာထူးအတွက် ယှဉ်ပြိုင်ရန် အခွင့်အလမ်းရှိမည် ဖြစ်သည်။
ထို့ကြောင့် တိုက်ခိုက်လိုစိတ်ဖြင့် သူ့သွေးများပင် အနည်းငယ် ဆူပွက်လာတော့သည်။
ထိုသို့သော ပတ်ဝန်းကျင်တွင်သာ လျင်မြန်စွာ တိုးတက်နိုင်မည် ဖြစ်သည်။
"ဟမ်"
ထိုအချိန်တွင် မြင့်မြတ်သောလူငယ်လေးက သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူ၏အလောင်းကို သတိပြုမိသွားကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်သူကို မင်းတို့ သတ်လိုက်ကြတာလား"
သူက 'မင်းတို့' ဟူသော စကားလုံးကို သုံးခဲ့သော်လည်း ယွင်ရှီကိုသာ စူးစူးစိုက်စိုက် ကြည့်ပေသည်။
သူ့အမြင်အရ ဤနေရာတွင် ယွင်ရှီတစ်ဦးသာ မှတ်သားထိုက်သည်။ တခြားသူများက မပြောပလောက်ပေ။
နောက်ဆုံး၊ သူတို့အထဲတွင် ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူတစ်ဦးပင် ရှိနေသည်။
"ငါ သူ့ကို မသတ်ခဲ့ပါဘူး"
ယွင်ရှီက ခေါင်းခါယမ်းလိုက်သည်။
"မင်းမဟုတ်ဘူးလား"
မြင့်မြတ်သောလူငယ် အံ့ဩသွားသည်။
"အဲဒါ သူပဲ၊ သူ သတ်လိုက်တာ"
ထိုအချိန်တွင် ယွင်ခိုင်က လုမင်ကို လက်ညှိုးထိုးပြပြီး ဝင်ပြောလိုက်သည်။
မြင့်မြတ်သောလူငယ်လည်း လုမင်ကို ကြည့်လိုက်ပြီးနောက် အတော်အံ့ဩသွား၏။ ထို့နောက်တွင်မှ သူက ပြောလိုက်သည်။
"မင်းလား၊ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူလေးတစ်ဦးက သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်သူကို သတ်နိုင်ခဲ့တယ်။ စိတ်ဝင်စားစရာပဲ"
"ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူဖြစ်ပြီး သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်သူကို သတ်နိုင်ခဲ့တာက အမှန်တကယ် စိတ်ဝင်စားစရာကောင်းပါတယ်။ သခင်လေး... ကျုပ် သူ့ကို စမ်းသပ်ပြီး သူဘာလုပ်နိုင်မလဲဆိုတာကို ကြည့်ပါရစေ"
မြင့်မြတ်သော လူငယ်အနားမှ တခြား ခရမ်းရောင်ဝတ် လူငယ်က ပြောလိုက်သည်။
"ကောင်းပြီ"
မြင့်မြတ်သောလူငယ်က ခေါင်းညိတ်လိုက်၏။
ခရမ်းရောင်ဝတ် လူငယ်လေးထံမှ ပြင်းထန်သော ရောင်ဝါများ ပေါက်ကွဲထွက်လာပြီး ရှေ့သို့ တိုးလာတော့သည်။
အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်။
ဤခရမ်းရောင်ဝတ် လူငယ်လေး၏ ကျင့်ကြံခြင်းအခြေခံမှာ ယွင်ရှီနှင့် ယခင်က တိုက်ခိုက်ခဲ့သူ ထက် အနည်းငယ် အားနည်းသည်။
"ကောင်လေး၊ ငါ့ကို လာပြီးတိုက်ခိုက်လှည့်ပါ။ မင်းမှာ ဘယ်လိုထူးခြားတဲ့ အရည်အချင်းတွေရှိလဲဆိုတာ ငါကြည့်ချင်တယ်"
ခရမ်းရောင်ဝတ် လူငယ်လေးက လုမင်ကို စိုက်ကြည့်လိုက်သည်။
လုမင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ ပေါက်ကွဲထွက်ပေါ်လာပေါ်လာသည်။ သူက လေထဲသို့ ပျံတက်သွား၏။ ဝမ်မျိုးနွယ်၏ လျှို့ဝှက်ကျမ်းက မည်မျှအစွမ်းထက်သည်ကို သူမြင်လိုစိတ် ပြင်းပြနေမိသည်။
"ကောင်လေး၊ မင်းအရင်စပါ။ မင်းရဲ့အင်အားကို အပြည့်အဝသုံး၊ မဟုတ်ရင် မင်းမှာ အခွင့်အရေး မရှိနိုင်တော့ဘူး"
ခရမ်းရောင်ဝတ် လူငယ်လေးက ဂရုမစိုက်ဟန်ဖြင့်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူက သူ့အမြင်တွင် ဘာမျှမဟုတ်ပေ။ သို့သော်လည်း၊ လုမင်က သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ လုပ်ကြံသတ်ဖြတ်သူကို မည်သို့သတ်နိုင်ခဲ့သလဲ သူသိချင်မိသည်။ မဟုတ်ပါက၊ သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်... သူ့အတွက် လေ့ကျင့်ဖော်မဖြစ်နိုင်သော ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူတစ်ဦးကို စိန်ခေါ်မည် မဟုတ်ပေ။
"ဝုန်း"
လုမင်က အချိန်ဖြုန်းနေရန် စိတ်ကူးမရှိပါ။ လူငယ်က သူ့ကို ဦးစွာလှုပ်ရှားခိုင်းခြင်းကြောင့် ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး ခရမ်းရောင်ဝတ် လူငယ်လေးအား လက်သီးဖြင့် ထိုးချလိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက လေထုကို ဖြတ်သန်းသွားသောကြောင့် ဟင်းလင်းပြင်မှာ တုန်ခါသွားရသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားလှိုင်းတစ်ခုကလည်း ခရမ်းရောင်ဝတ် လူငယ်လေးဆီသို့ တိုးဝင်သွားတော့သည်။
လူငယ်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ လုမင်၏ လက်သီးချက်မှ စွမ်းအားက သူ့မျှော်လင့်ချက်ထက် လုံးဝ ကျော်လွန်သွားခဲ့ပြီ။
သူ့မျက်ခုံးနှစ်ခုကြားမှ အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ ပုဆိန်ကြီးတစ်လက် ထွက်လာပြီး လုမင်ဆီသို့ ခုတ်ပိုင်းလိုက်၏။
"ဝုန်း"
လက်သီးချက်က ပုဆိန်နှင့် တိုက်မိပြီးနောက် လူငယ်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရတော့သည်။
"မင်းမှာရှိတာ ဒါအကုန်ပဲလား"
လုမင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"မင်း သေချင်နေတာပဲ"
ခရမ်းရောင်ဝတ်လူငယ်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်ခြောက်ခု ပေါ်လာခဲ့၏။ အရောင်အမျိုးမျိုးရှိသော ဝိညာဉ်လက်နက်ခြောက်ခု ပေါ်လာတော့သည်။
ယခင်က ပုဆိန်များနှင့်အတူ၊ စုစုပေါင်း အုပ်ချုပ်သူဝိညာဉ်ရတနာ ခုနစ်ခုရှိနေပြီ ဖြစ်သည်။
အုပ်ချုပ်သူ လက်နက် ခုနစ်ခုက လူငယ်၏ခန္ဓာကိုယ်တဝိုက်တွင် မျောလွင့်နေ၏။ သူ၏ လက်နက်ခုနစ်ခုရ တစ်ခုနှင့်တစ်ခု ပေါင်းစပ်ကာ စွမ်းအားများမှာတော့ တိုက်ပွဲပုဆိန်ပေါ်တွင် စုရုံးလာတော့သည်။
"သတ်"
လူငယ်က ဟိန်းဟောက်ပြီး ပုဆိန်ဖြင့် လုမင်ကို ခုတ်ချလိုက်သည်။ ယခုအခါ၊ သူ၏ တိုက်ခိုက်မှု စွမ်းအားက ယခင်ကထက် ပိုမိုအားကောင်းလာခဲ့ပြီ။
လုမင်က လျိုယွမ်လက်အိတ်အတွင်းသို့ ယွမ်ချီစွမ်းအင် ပို့လွှတ်လိုက်ရာ တောင်တစ်လုံးကဲ့သို့ လေးလံလာခဲ့သည်။
"ဝုန်း"
လုမင်က လက်သီးချက် ထပ်မံထုတ်ဖော်လိုက်၏။
ဤတစ်ကြိမ်တွင်လည်း လုမင်၏ ဖိနှိပ်ခြင်းကိုခံရကာ တစ်ဖက်လူငယ် နောက်ဆုတ်သွားရပြန်တော့သည်။
လူငယ်၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် အဆင့်နှစ်ဆင့်မြင့်မားပြီး သူ၏ တိုက်ပွဲစွမ်းရည်မှာ အလွန်အစွမ်းထက်သည်။ သူ၏ ဝိညာဉ်ခန္ဓာကလည်း မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာ ဖြစ်နေသေးသည်။
သို့ရာတွင်၊ လုမင်ဟာ တင်းပေါင်ညီလာခံတွင် ရှိစဉ်ကတည်းက ထိုသို့သော ပါရမီရှင်ကို အနိုင်ယူနိုင်သည် သို့မဟုတ် သတ်ပင် သတ်နိုင်ခဲ့သေးသည်။ ယခုအခါ၊ လုမင်က သူတော်စင်ရတနာအား အသုံးပြုထားသောကြောင့် ထိုလူငယ်အား အလွယ်တကူ ဖိနှိပ်နိုင်နေပြီ ဖြစ်သည်။
"သတ်"
လူငယ်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ နှစ်ကြိမ်ဆက်တိုက် ဖိနှိပ်ခံရခြင်းကို သူ လက်မခံနိုင်ပေ။
ယခင်က သူဟာ လုမင်ကို အလွယ်တကူ ချေမှုန်းနိုင်သကဲ့သို့ မြင့်မားသောအနေထားတွင် ရပ်တည်နေခဲ့သည်။ သို့သော်လည်း ယခုတော့ လုမင်၏ ဖိနှိပ်ခံရခြင်းကြောင့် သူ့မျက်နှာ လုံးဝပျက်သွားသလို ခံစားလိုက်ရ၏။ ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်များက လုမင်အပေါ် ပေါက်ကွဲထွက်လာတော့သည်။