← Chapters

အခန်း ၁၅၉၄

Vol. 107 Ch. 1594

အခန်း ၁၅၉၄

Vol. 107 Ch. 1594

အပိုင်း ( 1594 ) သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်။

တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်ပြီးနောက် လုမင်က ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

ထိုစဉ်က လုမင်သည် ဝိညာဉ်အရည်အမြောက်မများကို လောင်းပေးခဲ့၏။ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်က အလွန်ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ ယခုအခါ ၎င်းက နှစ်မီတာမြင့်ပြီ ပင်စည်ကလည်း လက်မောင်းလုံးခန့် ရှိနေပြီ။ အကိုင်းအခက်များနှင့် အရွက်များကလည်း စိမ်းလန်းစိုပြေပြီး ကောင်းကင်တာအို၏ အငွေ့အသက်များလည်း ပဲ့တင်ထပ်နေခဲ့သည်။

ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်ပါက စိတ်နှလုံး ငြိမ်သက် ကြည်လင်ကာ အတွေးများ တက်ကြွလာလိမ့်မည်။ နားလည်မှုနှုန်းကလည်း အဆပေါင်းများစွာ တိုးလာမည် ဖြစ်သည်။

ထို့နောက် လုမင်က ကောင်းကင်တာအိုကျောက်များကို ထုတ်ယူလိုက်၏။ ကောင်းကင်တာအိုကျောက်ဖြင့် ကစဉ့်ကလျားတာအိုနယ်မြေကို ပို၍လျင်မြန်စွာ နားလည်ဆင်ခြင်နိုင်မည် ဖြစ်သည်။

လုမင်လည်း မျက်လုံးများကိုမှိတ်ကာ တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်တော့သည်။

ယခင်က လုမင်ဟာ ကမ္ဘာလောကသို့ တစ်နှစ်ပတ်လုံး ခရီးသွားခဲ့ပြီး သဘာဝနှင့် လိုက်လျောညီထွေရှိခဲ့သည်။

ထိုနှစ်တွင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်မှုက အလွန်နှေးကွေးသော်လည်း... ကစဉ့်ကလျားတာအိုနယ်မြေက အဆင့်ခြောက်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး အချိန်မရွေး ဖြတ်ကျော်နိုင်နေပြီ။

ထို့အပြင်၊ လုမင်က သဘာဝနှင့် လိုက်လျောညီထွေရှိသောကြောင့် သူ၏နားလည်မှုနှုန်းမှာ ပို၍ မြန်ဆန်လာတော့သည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။ လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေက ရုတ်တရက် တုန်ခါသွားပြီး ပို၍ အားကောင်းလာ၏။

ကစဉ့်ကလျားတာအိုနယ်မြေက အဆင့်တက်ခဲ့ပြီး သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။

သတ္တမအဆင့် တာအိုနယ်မြေမှာ အဆင့်မြင့် သိုင်းအုပ်ချုပ်သူများသာ ထိန်းချုပ်နိုင်သည့် တာအိုနယ်မြေတစ်ခုဟု ဆိုနိုင်သည်။

သို့သော်လည်း လုမင်က ထိုမျှနှင့်မရပ်ပါ။ သူ၏ ယခင် စုဆောင်းမှုများမှာ အလွန်ပြင်းထန်သည်။ ယင်းက ကျိုးပေါက်သွားသော ဆည်တစ်ခုမှ စီးကျလာသော ရေများပမာ ဖြစ်၏။ ကစဉ့်ကလျားတာအိုနယ်မြေက လျင်မြန်စွာ တိုးတက်နေတော့သည်။

ကောင်းကင်တာအိုကျောက်များကို လုမင်က တစ်ခုပြီးတစ်ခု ချေမွပြီး နားလည်ဆင်ခြင်နေခဲ့သည်။

နောက်ထပ် နှစ်ရက်အကြာတွင်၊ လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေက သတ္တမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

ဤတစ်ကြိမ်တွင်၊ ကစဉ့်ကလျားတာအိုနယ်မြေက လျင်မြန်သောအရှိန်ဖြင့် တဟုန်ထိုး တိုးတက်ခဲ့သည်။

ဟုတ်ပေသည်၊ ဤသည်မှာ လုမင်၏ တစ်နှစ်ကြာ စုဆောင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုတော့ ရုတ်တရက် ဖောက်ခွဲလိုက်ခြင်းကြောင့် သဘာဝအတိုင်း အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့တော့သည်။

‌ဖောက်ခွဲလိုက်ပြီးနောက် သူ၏ ကျင့်ကြံမှုအရှိန်မှာ ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။

ကစဉ့်ကလျားတာအိုနယ်မြေတွင် အောင်မြင်မှုရရှိပြီးနောက်၊ ကျင့်ကြံခြင်းအခြေခံကို တိုးတက်စေရန် အချိန်တန်ပြီ။

လုမင်လည်း အလယ်လတ်တန်းစား ကျောက်ကြမ်းအများအပြားကို ထုတ်ယူပြီးနောက် ဝါးမျိုခြင်းစွမ်းအားဖြင့် စုပ်ယူကာ သန့်စင်ပြန်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်သုံးရက်ကြာသွားသည်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ တိုးတက်လာ၏။ ကစဉ့်ကလျားတာအိုနယ်မြေနှင့် တန်းတူညီသည့် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ရောက်မှ ရပ်တန့်သွားတော့သည်။

ယခုအခါ လုမင်က အဆင့်မြင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ တရားဝင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးအင်အားကလည်း ကြီးကြီးမားမား တိုးတက်လာခဲ့ပြီ။

လုမင်၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာခြင်းက သူ၏တိုက်ခိုက်ရေးအင်အားကို အဘက်ဘက်မှ တိုးတက်လာစေခဲ့သည်။

ယွမ်ချီစွမ်းအင် တိုးလာသည်နှင့်အမျှ၊ သူ၏ ဝိညာဉ်ခန္ဓာကလည်း ပို၍ အားကောင်းလာသည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းအခြေခံ တိုးလာသည်နှင့်အမျှ၊ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည်လည်း အားကောင်းလာလိမ့်မည်။

ထို့ပြင် ကစဉ့်ကလျားတာအိုနယ်မြေက လေ့ကျင့်ရန် ခက်ခဲသည့်အလျောက် အဆင့်တက်သည့်အခါတိုင်း စွမ်းအားမှာ သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသည်နှင့်အမျှ၊ သူတော်စင်ရတနာများ၏ စွမ်းအားကို ပို၍ ထုတ်ဖော်အသုံးပြုနိုင်လိမ့်မည်။

ထို့ကြောင့်၊ လုမင်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာတိုင်း တိုက်ခိုက်ရေးအင်အားကလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ယခုအခါ၊ လုမင်က ယွင်ခိုင်ကဲ့သို့သော အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ပါရမီရှင်တစ်ဦးနှင့် တိုက်ခိုက်ရပါက ချက်ချင်း အနိုင်ယူနိုင်မည် ဖြစ်သည်။

"ငါလည်း အပြင်ထွက်ပြီး ကျွမ်းကျင်သူတွေကို ရှာဖွေတိုက်ခိုက်ဖို့ အချိန်တန်ပြီ။ ဒီလိုမှပဲ မြန်မြန်ဆန်ဆန် တိုးတက်နိုင်လိမ့်မယ်။ လျှို့ဝှက်ပြီးတော့ ပုန်းအောင်းနေမယ်ဆိုရင် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ထဲ ငါ ဝင်ရောက်ခဲ့ရခြင်းရဲ့ အဓိပ္ပါယ်ကို ဆုံးရှုံးသွားလိမ့်မယ်"

လုမင်လည်း ခဏမျှ စဉ်းစားပြီးနောက် တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်ခဲ့သည်။ ထို့နောက် ကစဉ့်ကလျားတာအိုနယ်မြေကို မြေတာအိုနယ်မြေအဖြစ်သို့ ပြောင်းလဲပြီး တောင်အပြင်သို့ ပြေးထွက်ခဲ့၏။ ထို့နောက်မှာတော့ မျိုးနွယ်စုတစ်ရာစစ်မြေပြင်၏ နက်နဲရာသို့ ပျံသန်းသွားတော့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

လုမင်က ဝေးဝေးမရောက်မီတွင် ဦးတည်ရာတစ်ခုသို့ ပျံသန်းသွားနေသည့် လူရိပ်တချို့ကို မြင်လိုက်ရသည်။

ထိုလူများထဲမှ တစ်ယောက်က လုမင်ကို လှမ်းကြည့်လိုက်၏။ ထို့နောက်မှာတော့ လျစ်လျူရှုပြီး ဆက်လက်ပျံသန်းသွားတော့သည်။

"သူတို့အားလုံးက ကျွမ်းကျင်သူတွေ၊ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတွေပဲ"

လုမင်လည်း တီးတိုးရေရွတ်ပြီး ရှေ့ကိုဆက်ခဲ့သည်။

သို့သော််လည်း၊ မကြာမီ တူညီသော ဦးတည်ရာတစ်ခုသို့ ပျံသန်းသွားသော လူအမြောက်အမြားကို တွေ့လိုက်ရပြန်သည်။

'လူအများကြီးက တူညီတဲ့ ဦးတည်ရာကို ပျံသန်းနေကြတာ‌ကတော့ တိုက်ဆိုင်လွန်းတာလား၊ ဒါမှမဟုတ်... အဲဒီအရပ်မှာ သူတို့ကို ဆွဲဆောင်နေတဲ့ အရာတစ်ခုခုရှိနေလို့ပဲလား'

လုမင် သူ့စိတ်ထဲမှ တွေးတောလိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ထိုအချိန်တွင် လုမင်ဟာ တူညီသော ဦးတည်ရာသို့ ပျံသန်းနေသော နောက်ထပ် လူရိပ်သုံးခုကို တွေ့လိုက်ရပြန်သည်။

"သွားကြည့်ရအောင်"

လုမင်လည်း သူ့အရှိန်အဝါကို ထိန်းချုပ်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက်မှာတော့ တောအုပ်အတွင်းမှ သူ့ကိုယ်သူဖုံးကွယ်ကာ လိုက်သွားတော့သည်။

တစ်နာရီခန့်ကြာပြီးနောက် ကျယ်ပြောလှသော တောင်တန်းတစ်ခုဆီသို့ ရောက်သွားသည်။

ထို‌အချိန်တွင် လူရိပ်သုံးခုက ရုတ်တရက် ရပ်လိုက်၏။ ထို့နောက်မှာတော့ အောက်သို့ ဆင်းသက်လာပြီး အချင်းချင်း ခေါင်းညိတ်ပြကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

လုမင်လည်း ကောင်းကင်သို့ ပျံတက်သွားပြီး ထိုလူသုံးဦး ရပ်ခဲ့သည့်နေရာတွင်ရပ်ကာ ငုံ့ကြည့်လိုက်သည်။

သူ့အောက်တွင် ကြီးမားသော ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။ ကျောက်တုံးကြားတွင် အက်ကွဲကြောင်းတစ်ခုကို သူမြင်ရ၏။ အနီးကပ် သေချာမကြည့်ပါက ထိုအက်ကြောင်းမှာ မြင်တွေ့ရန်ခက်ခဲသည်။

ထိုအချိန်တွင် ထိုလူများက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

'အဲဒီလူတွေက အက်ကြောင်းထဲကို ဝင်သွားကြတာများလား'

လုမင်က အတွေးတစ်ခုဖြင့် အမွေးနက်အတောင်များကို ဆင့်ခေါ်လိုက်သည်။ ယင်းနောက်တွင်၊ သူ့ကိုယ်သူ ကစဉ့်ကလျားတာအိုနယ်မြေဖြင့် လွှမ်းခြုံပြီး အက်ကြောင်းဆီသို့ ဆင်းသက်သွား၏။

အက်ကြောင်းက သေးငယ်သော်လည်း လုမင် နီးကပ်လာသည်နှင့်အမျှ ပို၍ကြီးမားပြီး ကျယ်လာတော့သည်။

'အက်ကြောင်းထဲမှာ တခြားကမ္ဘာတစ်ခု ရှိနေတာများလား'

လုမင်လည်း လေထဲတွင်ရပ်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။

သူ့အောက်တွင် အကန့်အသတ်မဲ့ မြေပြင်ကျယ်ကို မြင်၏။ အလင်းရောင်က မှိန်ဖျော့သော်လည်း တောင်နှင့်‌မြစ်တို့ကို မြင်နိုင်သေးသည်။

လုမင်လည်း တောင်ပေါ်သို့ ဆင်းသက်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

မြင်ကွင်းက တောင်တန်းကြီးများ ဖြစ်သော်လည်း သစ်ပင်ကြီးငယ်တို့ မရှိပေ။ နေရာတိုင်းတွင် အနက်ရောင်ကျောက်တုံးများနှင့် ရွှံ့များသာ ရှိခဲ့သည်။

'အရင်က တွေ့ခဲ့တဲ့ လူတွေ အကုန်လုံး ဒီကို ရောက်လာတာများ ဖြစ်နိုင်မလား'

လုမင် တွေးလိုက်သည်။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှာ ရှေးခေတ်က တိုက်ပွဲကြီးတစ်ခုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲတွင် မရေမတွက်နိုင်သော တန်ခိုးရှင်များ ပါဝင်ခဲ့ပြီး၊ မရေမတွက်နိုင်သော အကျော်အမော်များ တိုက်ပွဲတွင်း ကျဆုံးခဲ့၏။ ထိုထူးဆန်းသောနေရာများတွင် အများအားဖြင့် အခွင့်အလမ်းကောင်းများ ရှိသော်လည်း၊ သဘာဝအတိုင်း အန္တရာယ်များလည်း ရှိနေခဲ့ကြသည်။

"သတ်"

ရုတ်တရက်၊ လုမင်အနောက်မှ ပြင်းထန်သော လေတိုးသံနှင့် တိုက်ခိုက်မှုကို ခံစားလိုက်ရသည်။

လုမင်လည်း သတိထားနေသူမို့ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ လှည့်ကြည့်လိုက်၏။

"ဘာလဲဟ။ ဒီလောက်တောင် ပြင်းထန်တဲ့ နတ်ဆိုးအရှိန်အဝါ..."

လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

သူ့ကို တိုက်ခိုက်လာသူမှာ အရပ်ရှည်ရှည်၊ ကြွက်သားများ ဖုထစ်ပြီး အနက်ရောင်အရိုးများ ငေါထွက်နေသော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ၎င်းက လူသားတစ်ယောက်နှင့်ဆင်တူပြီး သူ့လက်ထဲတွင် ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထား၏။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော နတ်ဆိုး အရှိန်အဝါများလည်း ထွက်ပေါ်နေတော့သည်။

"သတ်"

နတ်ဆိုးက လူသားတစ်ယောက်ကဲ့သို့ ဟိန်းဟောက်ပြီး လုမင်ဆီသို့ တိုက်ခိုက်လာခဲ့သည်။

"ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၊ သေစမ်း"

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လက်သီးချက် ထုတ်ဖော်လိုက်၏။

"ဝုန်း"

ဤနတ်ဆိုး၏စွမ်းအားက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့်သာ ညီမျှသည်။ လုမင်၏ လက်သီးချက်ကြောင့် ၎င်း၏ခန္ဓာကိုယ်က တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။

သို့သော်လည်း ဤနတ်ဆိုးတွင် သွေးသားတို့ဖြင့် ခန္ဓာကိုယ်မရှိပေ။ သူ့ခန္ဓာကိုယ် ပေါက်ကွဲပြီးနောက်၊ နတ်ဆိုးအရှိန်အဝါဖြင့် တိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် တဆတ်ဆတ်တုန်ယင်နေခဲ့သည်။ ထို့နောက် ၎င်းက နတ်ဆိုးအသွင်သို့ တစ်ဖန်ပေါင်းစပ်သွားပြီး လုမင်ကို တိုက်ခိုက်ပြန်တော့သည်။

"မင်းက နတ်ဆိုးအရှိန်အဝါနဲ့ ဖွဲ့စည်းထားတာပဲ၊ ဒီလိုဆိုမှတော့ မင်းရဲ့ အရှိန်အဝါကို ငါ ဖျက်ဆီးပစ်မယ်"

လုမင်က ကစဉ့်ကလျားတာအိုနယ်မြေကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။ နတ်ဆိုး၏ခန္ဓာကိုယ်က တစ်ဖန်ပေါက်ကွဲသွားပြီး နတ်ဆိုးအရှိန်အဝါအဖြစ်သို့ ပြောင်းလဲသွား၏။

သို့ရာတွင်၊ နတ်ဆိုးအရှိန်အဝါများမှ နတ်ဆိုးအသွင် ပြန်ပေါ်လာပြန်သည်။ သို့သော်လည်း ယခုတစ်ကြမ်တွင်၊ ၎င်း၏အရှိန်အဝါက အနည်းငယ်အားနည်းသွားတော့သည်။

"ဒါက ဘယ်လိုနတ်ဆိုးမျိုးလဲဟ။ ကစဉ့်ကလျားတာအိုနယ်မြေကတောင် သူ့ရဲ့ အရှိန်အဝါကို နည်းနည်းပဲ လျှော့ချပစ်နိုင်တယ်။ လုံးဝ မဖျက်ဆီးပစ်နိုင်ဘူး"

လုမင် အံ့သြသွားမိသည်။

ထို့နောက်တွင် လုမင်က အကြိမ်အနည်းငယ် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ အကြိမ်တိုင်းတွင် နတ်ဆိုးက ပေါက်ကွဲသွား၏။ သို့သော်လည်း နတ်ဆိုးက ပြန်လည်ဖွဲ့စည်းခဲ့စမြဲပင်။ သူ့ကိုကြည့်ရသည်မှာ စစ်မှန်သော အင်မော်တယ်ကဲ့သို့ပင် ဖြစ်သည်။

All Chapters