← Chapters

အခန်း ၁၅၉၆

Vol. 107 Ch. 1596

အခန်း ၁၅၉၆

Vol. 107 Ch. 1596

အပိုင်း ( 1596 ) မင်းက အတည်ထင်နေတာလား။

လှိုဏ်ဂူတစ်ခုအတွင်း၌...

လုမင်၏ ဦးခေါင်းထက်တွင် မျှော်စင်တစ်ခု မျောလွင့်နေသည်။ မျှော်စင်မှ အချိန်ဟင်းလင်းပြင် တာအိုနယ်မြေ အတက်အကျဖြင့် ပူဖောင်းလေးတစ်ခု ထွက်ပေါ်လာ၏။ ယင်းက နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် နတ်ဆိုးတစ်ကောင်ကို ချုပ်နှောင်ခဲ့ပေသည်။ လုမင်လည်း ထိုနတ်ဆိုး၏ အမြုတေကို အလွယ်တကူ ထုတ်ယူနိုင်ခဲ့သည်။

"ပူဖောင်းလေးရဲ့ အကူအညီနဲ့ကျတော့ တကယ်ကို အဆင်ပြေတာပဲ"

လုမင်၏ မျက်နှာက အပြုံးများ ဝေဆာနေသည်။

ပူဖောင်းလေးက မျှော်စင်အတွင်း၌ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်၏။

လုမင်၏ ကျင့်ကြံခြင်းအခြေခံ မြင့်မားလာသည်နှင့်အမျှ၊ သူ ဆက်ဆံရသူများမှာ ပို၍ အားကောင်းလာခဲ့သည်။ လူအများစုက ပူဖောင်းလေးကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်လိမ့်မည်။

ငယ်ရွယ်သော အချိန်ဟင်းလင်းပြင်ဝိညာဉ်ကြွက်က အလွန်ဆွဲဆောင်မှုရှိကာ အဖိုးမဖြတ်နိုင်ပေ။ အင်အားကြီးမားသော တည်ရှိမှုအချို့က ပစ်မှတ်ထားလျှင် လုမင် အန္တရာယ်ရှိနိုင်သည်။

ထို့ကြောင့်ပင် လုမင်က ပူဖောင်းလေးကို ‌အကူအညီတောင်းရန် မျှော်စင်အတွင်းသို့ ဝင်ရောက်နေစေခဲ့ခြင်း ဖြစ်သည်။

ဤနည်းဖြင့် မျှော်စင်တွင် အချိန်ဟင်းလင်းစွမ်းရည်ရှိသည်ဟုသာ လူအများက ထင်ကြပေလိမ့်မည်။

အချိန်ဟင်းလင်းပြင်စွမ်းရည်ဖြင့် ရတနာတစ်ခုက အဖိုးတန်သော်လည်း အတိုင်းအတာတစ်ခုအထိသာ ဖြစ်သည်။ ထို့ပြင်၊ ၎င်းက အဆင့်မြှင့်တင်၍မရသောကြောင့် တန်ခိုးကြီးမားသော ပုဂ္ဂိုလ်ကြီးများက စိတ်ဝင်စားမည် မဟုတ်ပေ။

သို့ရာတွင်၊ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကတော့ ခြားနားသွားခဲ့ပြီ ဖြစ်သည်။ ၎င်းကို သေချာစွာ ပျိုးထောင်ပေးပါက အနာဂတ်တွင် ကောင်းကင်ကိုပင် အံတုနိုင်လိမ့်မည်။

နောက်ဆုံးတွင်၊ ဤသည်က ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲမှ တစ်ကောင်၏ မျိုးဆက် ဖြစ်သည်။

လုမင်လည်း သဘာဝအတိုင်း သတိထားနေခဲ့ရပေသည်။

မိစ္ဆာနတ်ဆိုးကျောက်ကို ရရှိပြီးနောက် လုမင်က လှိုဏ်ဂူမှထွက်ကာ ခရီးဆက်ခဲ့သည်။

ဤနေရာက အလွန်ကျယ်ဝန်းပုံရသည်။ ယခုအချိန်အထိ လုမင်ဟာ အခြားမည်သူ့ကိုမှ မတွေ့ခဲ့ရသေးပေ။

မကြာမီ၊ လုမင်ဟာ မိစ္ဆာနတ်ဆိုးကျောက် အနည်းငယ်ကို ရရှိခဲ့သည်။

"ဂါး... ဝေါင်း..."

ထိုအချိန်တွင် လုမင်ဟာ ရှေ့ဘက်မှ ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။ အားလုံးက နတ်ဆိုးများ၏ ဟိန်းဟောက်သံများ ဖြစ်၏။ အသံများအရ အကောင်ရေ အတော်များပုံရသည်။

"သွားကြည့်ရအောင်"

လုမင်၏ မျက်လုံးများ တောက်ပလာပြီးနောက် အသံလာရာဆီသို့ ပြေးသွားတော့သည်။

တောင်နှစ်လုံးကို ဖြတ်ကျော်ပြီးနောက် လုမင်ဟာ နတ်ဆိုးအုပ်ကြီး တစ်အုပ်က လူငယ်လေးဦးကို ဝန်းရံတိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်။

"ဒါက သူတို့ပဲ၊ တိုက်ဆိုင်လိုက်တာ"

လုမင်၏ မျက်လုံးများက အရောင်လက်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထိုလူငယ်လေးယောက်ကတော့ ယွင်ရှီ၊ ယွင်ခိုင်နှင့် တခြားသူများပင်။

အခြားသူများ ဤ‌ဘက်ကို လာနေတာကို သူတို့လည်း တွေ့ရသောကြောင့် လိုက်လာပုံရသည်။

ယခုတော့ ရာနှင့်ချီသော နတ်ဆိုးများက ယွင်ရှီနှင့် အခြားသူများကို ဝိုင်းရံထားကြပြီ။

ယွင်ရှီနှင့် အခြားသူများ၏ အဆင့်ကျော်တိုက်ခိုက်နိုင်သော တိုက်ခိုက်နိုင်စွမ်းဖြင့် ဤနတ်ဆိုးများကို မကြောက်ကြပါ။ သို့ရာတွင်၊ နတ်ဆိုးများ၏ မိစ္ဆာနတ်ဆိုးကျောက်ကို ရရှိရန်တော့ သူတို့အတွက် လွယ်ကူမည် မဟုတ်ချေ။

"ချီးတဲ့မှပဲ၊ ဒီနတ်ဆိုးတွေက ကောက်ကျစ်လွန်းတယ်။ သူတို့က အမြဲတမ်းပဲ ခေါင်းကို ရှောင်နေတော့ မိစ္ဆာနတ်ဆိုးကျောက်တွေကို ထုတ်ယူဖို့မလွယ်တော့ဘူး"

ယွင်ခိုင်က ကျိန်ဆဲလိုက်သည်။

နတ်ဆိုးအရေအတွက် အနည်းငယ်သာရှိလျှင် သူတို့၏ လူအင်အားဖြင့် ဝိုင်းရံတိုက်ခိုက်ပြီး မိစ္ဆာနတ်ဆိုးကျောက်များကို ရယူနိုင်သော်လည်း ယခုအခါမှာတော့ နတ်ဆိုးများစွာ ရှိနေပြီ။

ထို့ပြင်၊ ထိုနတ်ဆိုးများ၏ ဦးခေါင်းကို တိုက်ရိုက်ဖျက်ဆီးလိုက်၍လည်း မရပါ။ သို့မဟုတ်ပါက အတွင်းမှ မိစ္ဆာနတ်ဆိုးကျောက် ကွဲကြေသွားရမည် ဖြစ်သည်။ ထိုသို့ပြုပါက ဖြုန်းတီးခြင်းပင် မဟုတ်လော။

ထို့ကြောင့် ယွင်ရှီတို့လေးယောက်လည်း အံကြိတ်ကာ ဆက်လက်တိုက်ခိုက်ခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုက နတ်ဆိုးများကို အဆက်မပြတ် ပေါက်ကွဲသွားစေသည်။ သို့ရာတွင်... ထိုနတ်ဆိုးများ ပေါက်ကွဲသွားသည်နှင့် တပြိုင်နက်၊ အခြားနတ်ဆိုးများက ယွင်ရှီတို့အား ပြေးဝင်တိုက်ခိုက်ကြ၏။ ထိုသို့ဖြင့် တိုက်ပွဲက သံသရာလည်နေကာ မိစ္ဆာနတ်ဆိုးကျောက်များကိုလည်း မယူနိုင်တော့ပေ။

အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ပြီးသည့်တိုင် မိစ္ဆာနတ်ဆိုးကျောက် တစ်ခုကိုတောင် မရသေးပေ။

ထိုအချိန်တွင် လုမင်က ရှေ့သို့လှမ်း၍ ထွက်လာခဲ့သည်။

"ဟင်... လုမင်လား"

ယွင်ရှီ၊ ယွင်ခိုင်နှင့် အခြားသူများလည်း လုမင်ကိုမြင်တော့ အံ့ဩသွား၏။

"လုမင်၊ မင်း တကယ်ကို အသက်ရှင်နေသေးတာပဲ။ မင်း တကယ်ကံကောင်းတယ်၊ ဒီအချိန်အတွင်းမှာ လုပ်ကြံသတ်ဖြတ်သူတွေက မင်းကို မတွေ့ကြသေးဘူး"

ယွင်ခိုင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

လုမင်ကတော့ ယွင်ခိုင်ကို ဂရုမစိုက်ပေ။ ဤလူမျိုးကို အဖက်မလုပ်ဘဲ တိုက်ရိုက် လျစ်လျူရှုခဲ့သည်။

"ဂါး..."

လုမင် ပေါ်လာသောအခါ၊ နတ်ဆိုးတစ်စုက ဦးတည်ချက်ပြောင်း၍ လုမင်ဆီသို့ ပြေးလာခဲ့ကြသည်။

၎င်းတို့အားလုံးနီးပါးက ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် နတ်ဆိုးများ ဖြစ်သည်။

"နတ်ဘုရားတံခါး တံဆိပ်ကိုးခု"

လုမင်က လက်ဟန်သင်္ကေတများ ပြုလိုက်ရာ တံဆိပ်တော်တံခါး ခုနစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် လုမင် လှုပ်ရှားလိုက်၏။ ခဏချင်း၊ လုမင်၏ လက်ထဲမှာ မိစ္ဆာနတ်ဆိုးကျောက်ခုနစ်ခု ပေါ်လာတော့သည်။

"ဒီလောက်တောင်လွယ်တာလား"

ယွင်ရှီ၊ ယွင်ခိုင်နှင့် အခြားသူများ အံ့အားသင့်သွားသည်။

အထူးသဖြင့်၊ ယွင်ခိုင်၏ မျက်နှာမှာ မနာလိုသည့်အမူအရာများ သိသိသာသာ ပေါ်လာတော့သည်။

"ဂါး... ဂရား"

နောက်ထပ် နတ်ဆိုးသတ္တဝါများက လုမင်ဆီသို့ ပြေးလာကြပြန်သည်။

လုမင်က နောက်ထပ် နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုကို ထုတ်ဖော်လိုက်သည်။ ယခုတစ်ကြိမ်တွင် ပူဖောင်းလေးကလည်း ကူညီခဲ့၏။ ထို့ကြောင့် နတ်ဆိုးသတ္တဝါများမှာ အေးခဲသွားပြီး မလှုပ်ရှားနိုင်ကြတော့ပေ။

လုမင်လည်း သူ့ကိုယ်ပိုင်ခြံထဲတွင် သစ်သီးခူးနေသကဲ့သို့ အေးအေးလူလူ လျှောက်လှမ်းသွားခဲ့သည်။ သူ့လက်ကိုဆန့်ပြီး မိစ္ဆာနတ်ဆိုးကျောက်များကို ဆွဲယူလိုက်၏။ နတ်ဆိုးများလည်း နတ်ဆိုးစွမ်းအင်များအဖြစ်သို့ ပျံ့လွင့်ကာ ပျောက်ကွယ်သွားတော့သည်။

ထို့နောက်တွင် လုမင်က ယွင်ရှီနှင့် အခြားသူများကို ဝိုင်းထားသည့် နတ်ဆိုးများဆီသို့ ပြေးသွားခဲ့သည်။ တူညီသော နည်းလမ်းကိုပင် သူ ထပ်ခါတလဲလဲ သုံးခဲ့၏။ မကြာမီ၊ နတ်ဆိုးတစ်ရာကျော်က နတ်ဆိုးစွမ်းအင်များအဖြစ် ပျံ့လွင့်ပြီး ပျောက်ကွယ်သွားကြတော့သည်။ မိစ္ဆာနတ်ဆိုးကျောက်အားလုံးသည်လည်း လုမင်၏ တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

"ဒါ..."

ယွင်ရှီနှင့် အခြားသူများ ဆွံ့အသွားကြသည်။

"ချီးပဲ"

ယွင်ခိုင်၏ မျက်လုံးများမှာလည်း မနာလိုမှုမီးတောက်များဖြင့် ပြည့်နှက်နေတော့သည်။

သူတို့မှာ မိစ္ဆာနတ်ဆိုးကျောက်တစ်ခု ရရှိရန် အစွမ်းကုန် ကြိုးစားခဲ့ရသော်လည်း... လုမင်မူကား မိစ္ဆာနတ်ဆိုးကျောက် တစ်ရာကျော်ကို အလွယ်တကူ ရရှိခဲ့သည်။

လုမင်၏အရှိန်က သူတို့ထက် အဆများစွာ ပို၍ မြန်ပေသည်။

"လုမင်၊ ဒီနတ်ဆိုး သတ္တဝါတွေကို ငါတို့က ဆွဲဆောင်ထားခဲ့တာ... လမ်းတစ်ဝက်မှ ရုတ်တရက်ဝင်ပြီး ရိတ်သိမ်းလိုက်တာက ရုပ်ပေါက်တယ်လို့ မထင်ဘူးလား။ မင်း မိစ္ဆာနတ်ဆိုးကျောက်တွေကို ငါတို့နဲ့ မျှဝေသင့်တယ်"

ယွင်ခိုင်၏ မျက်လုံးများက ‌အရောင်လက်သွားပြီးနောက် ပြောလိုက်သည်။

"မင်းက သူတို့ကို ဆွဲဆောင်ထားတာလား။ ရယ်စရာကောင်းလိုက်တာ... ဒီဧရိယာက နတ်ဆိုးသတ္တဝါတွေနဲ့ ပြည့်နေတာ၊ မင်းက သူတို့ကို ဆွဲဆောင်ထားတာလို့ ဘယ်လိုပြောနိုင်တာလဲ။ နောက်ပြီးတော့ ငါက မင်းတို့ကို ကယ်တင်ခဲ့တာ။ မင်းကိုကယ်ခဲ့တဲ့အတွက် ငါ့ကိုကျေးဇူးမတင်တဲ့အပြင် မိစ္ဆာနတ်ဆိုးကျောက်တွေကိုတောင် မင်းနဲ့ မျှဝေစေချင်တယ်လား။ မင်းက တကယ်ကို အရေထူတာပဲ"

လုမင် လှောင်ပြောင်လိုက်၏။

"ဟမ့်"

ယွင်ခိုင် မျက်နှာပျက်သွားပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ထို့နောက် သူ့မျက်လုံးက အရောင်ပြောင်းသွားပြီး ဟန်ဆောင်ပြုံးရင်း ပြောလိုက်လေသည်။

"လုမင်၊ မင်းက ယွင်ဧကရာဇ်တောင်က လာခဲ့တာဆိုတော့ မင်းဟာ ငါတို့အဖွဲ့ထဲက လူတစ်ဦးပါပဲ။ အခု အဖွဲ့ကိုပြန်လာပြီး ရရှိတဲ့ မိစ္ဆာနတ်ဆိုးကျောက်တွေကို အညီအမျှ ခွဲဝေလိုက်ရအောင်၊ ကောင်းတယ် မဟုတ်လား"

လုမင်လည်း ယွင်ခိုင်အား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်ပြီး ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။

ဤယွင်ခိုင်က အရေထူပြည့်အပြင် အရှက်လည်းမဲ့သေးသည်။

ယခင်က သူဟာ သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ အမဲလိုက်ခြင်းကို ကြောက်ရွံ့သောကြောင့် လုမင်ကို မောင်းထုတ်ခဲ့သည်။ ယခုအချိန်မှာတော့ လုမင်၏ အံ့ဖွယ်ကောင်းသော မိစ္ဆာနတ်ဆိုးကျောက်များ ရိတ်သိမ်းနိုင်စွမ်းကို မြင်ရပြီးနောက်၊ လုမင်ကို အဖွဲ့ထဲသို့ ပြန်ခေါ်ချင်နေပြီ။ ထို့ပြင်၊ သူက မိစ္ဆာနတ်ဆိုးကျောက်များကို အညီအမျှ ခွဲဝေယူရန်ပင် ပြောခဲ့သည်။ မည်မျှ ရယ်စရာကောင်းလိုက်ပါသနည်း။

လုမင်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"ဒါက ရပါတယ်၊ ဒါပေမဲ့... ငါတို့ ဒီနေရာက ထွက်သွားပြီးရင်တောင် ငါတို့ အဖွဲ့လိုက် ဖြစ်နေရလိမ့်မယ်။ ငါတို့ အတူတူ ခရီးထွက်ကြမယ်။ မင်းဘယ်လိုထင်လဲ"

"ဒါ..."

ယွင်ခိုင် မျက်နှာပျက်သွားသည်။

နောက်နေခြင်းသာ ဖြစ်ရမည်။ ဤနေရာမှ ထွက်သွားပြီးသည့်တိုင်၊ လုမင်က သူတို့နှင့်အတူ ဆက်ရှိနေပါက... သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူများ ရောက်လာသောအခါ လုမင်နှင့်အတူ သူတို့လည်း သေရလိမ့်မည် မဟုတ်လော။ ယင်းကို မည်သို့လက်နိုင်ပါမည်နည်း။

ယွင်ခိုင်၏ မျက်လုံးများက အရောင်ပြောင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဒီလိုပဲ သတ်မှတ်လိုက်မယ်"

ထိုသို့ပြောလိုက်သော်လည်း၊ လုမင်ကို ပထမဆုံး ဆွဲဆောင်ထားရန်သာ သူတွေးထားပေသည်။ မိစ္ဆာနတ်ဆိုးကျောက်အများအပြားကို ရယူကာ ဤနေရာမှ ထွက်သွားပြီးနောက်၊ လုမင်အား ကန်ထုတ်ပစ်လိုက်မည် ဖြစ်သည်။

"ဟားဟားဟား၊ ငါက မင်းကို နောက်နေတာဟ။ မင်း အတည်ထင်နေတာလား"

လုမင်က အားပါးတရ ရယ်မောလိုက်သည်။ သူ့လေသံမှ လှောင်ပြောင်မှု အရိပ်အယောင်မှာလည်း ပို၍ ပီပြင်လာတော့သည်။

"လုမင်၊ မင်း..."

လုမင်၏ လှည့်စားခံရမှန်း သိလိုက်ရသဖြင့် ယွင်ခိုင် ဒေါသပေါက်ကွဲသွားသည်။

လုမင်က အဖွဲ့ထဲသို့ပြန်လာရန် ရည်ရွယ်ချက်မရှိပေ။

"ဂါး... ဂါး"

ထိုအချိန်တွင် အနီးနားရှိ တောင်ကြားတစ်ခုမှ ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးသတ္တဝါများစွာ ပြေးလာနေခြင်းကြောင့် မြေပြင်က တုန်ခါသွား၏။

"အဲဒီမှာ နတ်ဆိုးတွေ အများကြီးရှိနေတယ်ဟ"

လုမင်လည်း ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်။ နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုဖြင့် နတ်ဆိုးခုနစ်ကောင်ကို ဖမ်းဆီးလိုက်၏။ နောက်အခိုက်မှာတော့ လုမင်က မိစ္ဆာနတ်ဆိုးကျောက် ခုနစ်ခုကို သိမ်းလိုက်တော့သည်။

All Chapters