← Chapters

အခန်း ၁၅၉၇

Vol. 107 Ch. 1597

အခန်း ၁၅၉၇

Vol. 107 Ch. 1597

အပိုင်း ( 1597 ) လျှပ်စီးလက်သလို သတ်ခြင်း။

လုမင်က ပူဖောင်းလေးနှင့် ပူးပေါင်းကာ နတ်ဆိုးများထံမှ မိစ္ဆာနတ်ဆိုးကျောက်များကို အလွယ်တကူ ရိတ်သိမ်းခဲ့သည်။ ယင်းကြောင့် ယွင်ခိုင်၏ မျက်လုံးများမှာ မနာလိုစိတ်ဖြင့် နီရဲလာတော့သည်။

သူက ဒေါသတကြီးဖြင့် မိစ္ဆာနတ်ဆိုးကျောက်များကို သိမ်းယူရန် ကြိုးစားလိုက်၏။ သို့သော်လည်း နတ်ဆိုးတစ်ကောင်နှင့် အချိန်အတော်ကြာ တိုက်ခိုက်ပြီးမှ မိစ္ဆာနတ်ဆိုးကျောက်တစ်ခုသာ ရရှိခဲ့ပေသည်။ တစ်ဖက်တွင်... လုမင်က တစ်ရာနီးပါး ရရှိထားပြီး ဖြစ်သည်။

နတ်ဆိုးအကောင်တစ်ရာကျော်က မျက်စိတစ်မှိတ်အတွင်းမှာ တစ်ဒါဇင်ခန့်သာ ကျန်တော့သည်။

ထိုအချိန်တွင် ကောင်းကင်ယံမှ လူငယ်အချို့ ပျံသန်းရောက်ရှိလာကြသည်။

လူငယ်လေးများ ရောက်လာသည်နှင့် တပြိုင်နက်၊ လုမင်ကို အာရုံစိုက်မိသွား၏။

ထိုအချိန်တွင်၊ လုမင်က နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုကို အသုံးပြုနေသည်။ တံခါးခုနစ်ပေါက်က နတ်ဆိုးခုနစ်ကောင်ကို တံဆိပ်ခတ်ထား၏။ ထို့နောက်မှာတော့ မိစ္ဆာနတ်ဆိုး‌ကျောက် ခုနစ်ခုကို သိမ်းယူလိုက်တော့သည်။

‌"အစွမ်းထက်လိုက်တဲ့ တံဆိပ်ခတ်ခြင်းနည်းလမ်းပါလား"

လူငယ်တစ်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

ထိုအချိန်တွင် လုမင်လည်း ကောင်းကင်မှ လူငယ်များကို သတိပြုမိသွားခဲ့သည်။ သူက နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုဖြင့် ကျန်ရှိသော နတ်ဆိုးများကို ချုပ်နှောင်ပြီး မိစ္ဆာနတ်ဆိုးကျောက်များကို ထုတ်ယူလိုက်၏။ ထို့နောက် သူ ထွက်ခွာသွားတော့မည်။

သို့သော်... ကောင်းကင်ယံမှ လူငယ်များက လှုပ်ရှားလာပြီး လုမင်ကို ဝိုင်းထားလိုက်ကြသည်။

"မင်းတို့ ဘာလုပ်တာလဲ"

လုမင် အေးစက်စက်ဖြင့် မေးလိုက်သည်။

"မလုပ်ပါဘူး၊ မင်းရဲ့ တံဆိပ်တော်နည်းလမ်းက မဆိုးဘူးလို့ ငါတို့မြင်ပါတယ်။ အဲဒါကြောင့် ငါတို့က မင်းနဲ့ပူးပေါင်းချင်ရုံပဲ"

ဆံပင်တိုတိုဖြင့် လူငယ်တစ်ဦးက ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ တချိန်တည်းမှာပင် သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအလွှာ အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။

"ပူးပေါင်းဆောင်ရွက်မှာလား။ ငါ စိတ်မဝင်စားဘူး၊ ငါတစ်ယောက်တည်းပဲ နေချင်တယ်"

လုမင်က အပြတ်ငြင်းလိုက်သည်။

လုမင်၏ ငြင်းဆိုမှုက ဆံပင်တိုဖြင့် လူငယ်၏ မျက်နှာက ‌အေးစက်သွားစေသည်။ သူက ခြိမ်းခြောက်သော လေသံဖြင့် ပြောဆိုလိုက်၏။

"ကောင်လေး... မင်းရဲ့ ကျင့်ကြံခြင်းက သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမမအဆင့်ပဲ ရှိသေးတယ်နော်။ ကိုယ့်အတိုင်းအဆကို ကိုယ်သိရင် မင်းအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်"

စကားသံအဆုံးတွင် သူ့အရှိန်အဝါများက ပို၍ အားကောင်းလာခဲ့သည်။ သူ့ထံမှ အားကောင်းသော ဖိအားများက လုမင်အပေါ်သို့ ကျရောက်လာ၏။ သူက လုမင်ကို ပေါ်တင်ခြိမ်းခြောက်နေကြောင်း ထင်ရှားသည်။

တစ်ချိန်တည်းမှာပင် အခြားလူငယ် သုံးဦးလည်း အရှိန်အဝါများကို ထုတ်ဖော်ကာ လုမင်အား ဖိအားပေးလာကြတော့သည်။

နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် တစ်ဦးနှင့် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် နှစ်ဦး။

ကျွမ်းကျင်သူလေးယောက်က အေးစက်စက်ဖြင့် လုမင်ကို ဝိုင်းထားလိုက်ကြသည်။

မနီးမဝေးတွင်၊ ထိုမြင်ကွင်းကြောင့် ယွင်ခိုင်၏ မျက်လုံးများက အရောင်လက်သွားသည်။

"ဟားဟားဟား... ဒီကောင်ကို အရမ်းမာနကြီးရမယ်လို့ ဘယ်သူကပြောထားလို့လဲ။ အခုတော့ သူဘယ်လိုသေရမယ်ဆိုတာ ကြည့်နေရုံပဲ။ ယွင်ရှီ... ဒီကိစ္စက ငါတို့နဲ့မဆိုင်ဘူး၊ မင်း ဝင်မစွက်ဖက်ရင် ပိုကောင်းမယ်"

ယွင်ခိုင်က လှောင်ပြောင်ပြောဆိုလိုက်သည်။ တချိန်တည်းမှာပင် ယွင်ရှီကို ဝင်မပါစေရန် သတိပေးလိုက်သေးသည်။

ယွင်ရှီ မျက်မှောင်ကြုတ်သွားသည်။ သို့ရာတွင်... တစ်ဖက်လူများမှာ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူနှစ်ဦး ရှိ၏။ သူမ ကူညီချင်လျှင်ပင် မစွမ်းနိုင်မည်ကို ကြောက်ရသည်။

လုမင်၏ မျက်လုံးများက အေးစက်လာသည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ အေးစက်စက်ဖြင့် တစ်ခွန်းသာ ပြောလိုက်သည်။

"ထွက်သွား"

ထိုစကားများက လူငယ်လေးဦး၏ မျက်နှာများကို မည်းမှောင်သွားစေခဲ့သည်။

"ကောင်လေး... မင်းက အဆိုးအကောင်းကို မသိတတ်မှတော့ မင်းကို သေအောင်ရိုက်ရလိမ့်မယ်။ အခု မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခုက မင်း ရရှိထားတဲ့ မိစ္ဆာနတ်ဆိုးကျောက်အားလုံးကို လွှဲပေးပါ... ပြီးရင် လိမ်လိမ်မာမာနဲ့ ငါတို့အတွက် နတ်ဆိုးတွေကို အမဲလိုက်ပေး"

"ဒုတိယတစ်ခုကတော့ သေခြင်းပဲ... မင်း ဘာကိုရွေးမလဲ"

ဆံတို လူငယ်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ငါ အခြားလမ်းနှစ်​ခုကို​ ရွေး​မယ်"

လုမင် ပြောလိုက်သည်။

"ဘယ် နှစ်လမ်းလဲ"

ဆံပင်တိုလူငယ်လည်း အံ့အားသင့်သွားပြီး အလိုအလျောက် မေးလိုက်မိသည်။

"ပထမ... ချက်ချင်း ထွက်သွားပါ။ ဒုတိယ... မင်းတို့အားလုံး သေ"

လုမင် ပြောလိုက်၏။

လူငယ်လေးယောက် အံ့အားသင့်သွားပြီးနောက် ဒေါသတကြီး ဖြစ်ကုန်တော့သည်။

"မင်း... မင်း ငါတို့ကို လှည့်​စားဝံ့တယ်လား။ ​သေပေတော့"

ဆံတိုလူငယ်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။ သူ့လက်ထဲတွင် မိုးကြိုးဓားတစ်လက်ပေါ်လာပြီး လုမင်ကို ခုတ်ချလိုက်၏။

"သတ်"

လုမင်လည်း နတ်ဘုရားဓားကျင့်စဉ်ဖြင့် ဟိန်းဟောက်လိုက်သည်။ မမြင်နိုင်သော ဓားက လူငယ်၏ နတ်ဘုရားဝိညာဉ်ကို ထိမှန်သွားတော့သည်။

ဆံပင်တိုလူငယ်၏ ဓားချက်က လေထဲတွင် တုံ့ခနဲ ရပ်သွားသည်။

"ဝှစ်"

လုမင်၏ လက်ထဲတွင် နဂါးနက်လှံ ပေါ်လာခဲ့၏။ နဂါးနက်လှံက လူငယ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ မြေပြင်တွင် သံမှိုစွဲသကဲ့သို့ စိုက်ဝင်သွားတော့သည်။

တိုက်ပွဲစတင်ပြီမို့ လုမင်ဟာ လုံးဝ မသက်ညှာခဲ့ပေ။ သူက လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားပြီး တစ်ဦးကို ချက်ချင်း သတ်လိုက်သည်။

ကျန်သုံးယောက်လည်း ခဏတာ ကြက်‌သေသေသွားသည်။ လုမင်ကို ထိုမျှ ကြမ်းလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ လုမင်က ဆံပင်တိုဖြင့်လူငယ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။

ဆံတို လူငယ်၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် နှစ်ဆင့် ပို၍မြင့်ပေသည်။ ထို့ပြင် ပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။ သို့တိုင် လုမင်၏လက်တွင် တစ်ချက်တည်းနှင့်ပင် သေဆုံးသွားခဲ့ပြီ။

သူတို့သုံးယောက် သတိပြန်ဝင်လာချိန်တွင် များစွာ နောက်ကျသွားပြီ ဖြစ်သည်။

တံဆိပ်တော်တံခါး ခုနစ်ခုက သူတို့ပတ်လည်တွင် ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော ပိတ်လှောင်မှု အင်အားတစ်ခုက သူတို့ကို ရွေ့လျားရန်ပင် ခက်စေသည်။

သူတို့သုံးဦးလည်း တံဆိပ်တော်တံခါးများကို ဖျက်ဆီးရန်အတွက် အသည်းအသန် တိုက်ခိုက်မှုများ ထုတ်ဖော်လိုက်ကြသည်။

"သတ်"

ထိုအချိန်တွင် လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် ထပ်မံ ဟိန်းဟောက်လိုက်၏။ မမြင်နိုင်သော ဓားများက သူတို့၏ နတ်ဘုရားဝိညာဉ်ကို ထိုးခုတ်လိုက်ရာ နတ်ဘုရားဝိညာဉ်များ ကွဲအက်သွားသလို ခံစားလိုက်ရတော့သည်။

"မဟုတ်ဘူး... ငါ့အသက်ကို ချမ်းသာပေးပါ..."

လူငယ်သုံးယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

သို့ရာတွင်... သူတို့ကို တုံ့ပြန်သည်က ကြောက်မက်ဖွယ်ကောင်းသော လှံအလင်း သုံးခုပင်။

လှံအလင်းများက လူငယ်သုံးယောက်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။ သုံးဦးစလုံး ခဏချင်း သေဆုံးသွားတော့သည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ လူငယ်လေးယောက်၏ သိုလှောင်လက်စွပ်များကို သိမ်းယူလိုက်သည်။ ထို့နောက် ယွင်ခိုင်အား အေးစက်စက်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်၏။

ယွင်ခိုင်၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားပြီး သူ့မျက်နှာမှာ သွေးဆုတ်ဖြူရော်လာတော့သည်။

နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူနှစ်ဦး အပါအဝင် အကျော်အမော်လေးဦးသည်ပင် အနည်းငယ်မျှ မတုံ့ပြန်နိုင်ဘဲ လုမင်၏ ခဏချင်း သတ်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။ သူဆိုပါက အထူးပြောနေရန်ပင် လိုအပ်မည် မဟုတ်တော့ပေ။

'ဒီလုမင်က ဘယ်လောက်တောင် အစွမ်းထက်တာလဲ... ဘယ်လောက်တောင် အစွမ်းထက်နေရတာလဲ'

ယွင်ခိုင်က သူ့စိတ်ထဲမှ အော်ဟစ်လိုက်သည်။

အဆင့်မြင့် မြေကမ္ဘာ ဝိညာဉ်ခန္ဓာချင်းတူသော်လည်း လုမင်၏ တိုက်ခိုက်စွမ်းက အခြားသူများထက် များစွာ သာလွန်နေခဲ့ပြီ။ ယင်းက သူ့အား လက်ခံရန် ခက်ခဲစေသည်။

အမှန်တော့ လုမင်၏ စွမ်းအားမှာ ဆံပင်တိုလူငယ်ထက် ပို၍ မသန်မာပေ။

သို့ရာတွင်... အစောပိုင်းက သူတို့ဟာ လုမင်အား အထင်သေး လျှော့တွက်ထားခဲ့သည်။ တစ်ဖက်တွင်... လုမင်၏ နတ်ဘုရားဓားကျင့်စဉ်နှင့် နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုက တစ်ခုကိုတစ်ခု ဖြည့်စွက်ထားပြီး လိုက်ဖက်၏။ ထိုသက်ရောက်မှုက အမှန်တကယ် အံ့ဖွယ်ကောင်းလွန်းသည်။ တစ်ဖက်လူ၏ တိုက်ခိုက်ရေးအင်အားက လုမင်ထက် များစွာ မသာလွန်သရွေ့ လွတ်မြောက်ကြမည် မဟုတ်ပေ။

လုမင်၏ ဤနည်းလမ်းနှစ်ခုက သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်အတွက်တော့ ထိရောက်မည် မဟုတ်ပါ။

လုမင်၏ လက်ရှိ စိတ်စွမ်းအားက သူတော်စင်တစ်ပိုင်း အကျော်အမော်နှင့် နီးစပ်နေရုံသာ ဖြစ်သည်။ နတ်ဘုရားဓားကျင့်စဉ်က သူတော်စင်တစ်ပိုင်း၏ ဝိညာဉ်ကို လှုပ်ခတ်စေနိုင်သော်လည်း... မခုခံနိုင်လောက်အောင် ပြင်းထန်မည် မဟုတ်ပေ။

နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုဘည်း ချက်ချင်း ဖျက်ဆီးခံလိုက်ရမည်သာ ဖြစ်သည်။

သို့ရာတွင်... တော်ရုံတန်ရုံ သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့် ကျင့်ကြံသူများကတော့ လုမင်၏ တိုက်ခိုက်မှုနှစ်ခုကို ခံနိုမည် မဟုတ်ပေ။ လုမင်က သူတို့ကို အလွယ်တကူ သတ်နိုင်သည်။

လုမင်က ယွင်ခိုင်အား အေးစက်စက်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်တော့ အနက်ရောင်တောင်ပံများကိုခတ်ကာ ‌ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားတော့သည်။

"ဝှူး"

လုမင် ထွက်သွားပြီးမှ ယွင်ခိုင်လည်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ လုမင်ထံမှ ဖိအားများက ကြီးမားလွန်းပေသည်။

"ဒီကောင်..."

ယွင်ခိုင် အံကြိတ်လိုက်သည်။

"ဂါး... ဂါး"

ထိုအချိန်တွင် နတ်ဆိုးတချို့က တောင်ကြားထဲမှ ပြေးထွက်လာကြသည်။ ယွင်ရှီနှင့် အခြားသူများလည်း အတွေးစကိုဖြတ်ပြီး နတ်ဆိုးများကို တိုက်ခိုက်လိုက်၏။

ဤတစ်ကြိမ်တွင် နတ်ဆိုး အနည်းငယ်သာ ရှိသောကြောင့် ကိုင်တွယ်ရန် မခက်ခဲတော့ပေ။ မကြာမီ၊ ၎င်းတို့အားလုံး၏ မိစ္ဆာနတ်ဆိုးကျောက်များ ထုတ်ယူခံလိုက်ကြရသည်။

"ဝှစ်... ဝှစ်"

ထိုအချိန်တွင် ကောင်းကင်ယံ၌ နောက်ထပ်လေတိုးသံများ ထွက်ပေါ်လာသည်။ ကောင်းကင်ယံတွင် လူရိပ်သုံးခု ပေါ်လာကြ၏။ သူတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ယွင်ရှီနှင့် အခြားသူများအပေါ် ကျရောက်လာတော့သည်။

"ဒါက သူတို့ပဲ... ဝမ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေ"

ယွင်ခိုင်၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။

ကောင်းကင်ယံမှ လူရိပ်သုံးခုက ဝမ်မျိုးနွယ်၏ မြင့်မြတ်သော လူငယ်လေးနှင့် ခရမ်းရောင် ၀တ်စုံဝတ်ထားသည့် လူငယ်နှစ်ဦးတို့ ဖြစ်သည်။

"မင်းတို့ ယွင်ဧကရာဇ်တောင်ရဲ့ လူတွေလည်း ဒီကိုရောက်နေကြတာပဲ။ ကဲကဲ... အခု မင်းတို့ရဲ့ မိစ္ဆာနတ်ဆိုးကျောက်အားလုံးကို လွှဲပေးလိုက်တော့"

ခရမ်းရောင် ၀တ်စုံဝတ် လူငယ်တစ်ယောက်က ရှေ့ထွက်လာပြီး အေးစက်စက် ပြောလိုက်သည်။

"ဘာ... နင်က ငါတို့ရဲ့ မိစ္ဆာနတ်ဆိုးကျောက်တွေကို လုယက်ချင်တာလား"

ယွင်ရှီ၏မျက်နှာက မည်းမှောင်သွားသည်။

"မင်း ငါတို့ကို မပေးဘူးဆိုရင် သေရမယ်။ မြန်မြန်လုပ်စမ်း... ငါတို့မှာ မင်းတို့နဲ့ အရေးမပါတဲ့စကားတွေပြောဖို့ အချိန်မရှိဘူး"

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က ပြောလိုက်၏။

"နင်..."

ယွင်ရှီ ဒေါသထွက်သွားသည်။ သို့သော်လည်း သူ ဘာမျှမတတ်နိုင်ပါ။ သူက မြင့်မြတ်သောလူငယ်အား ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။

ထိုမြင့်မြတ်သောလူငယ်၏ အထောက်အထားက အလွန်မြင့်မားလိမ့်မည်။ သူ့ထံမှ ထွက်ပေါ်နေသော မမြင်နိုင်သည့် ဖိအားများက ကြီးမားလွန်းလှသည်။

မြင့်မြတ်သောလူငယ်လေးအတွက် သူမကိုသတ်ရန် တိုက်ခိုက်မှုတစ်ခုသာ လိုအပ်သည်ဟု သူ ခံစားခဲ့ရသည်။

All Chapters