← Chapters

အခန်း ၁၅၉၉

Vol. 107 Ch. 1599

အခန်း ၁၅၉၉

Vol. 107 Ch. 1599

အပိုင်း ( 1599 ) သူတော်စင်တစ်ပိုင်းနယ်ပယ်၏ အဆင့်သုံးဆင့်။

"ဝမ်"

လုမင်၏ ဦးခေါင်းထက်မှ ဆန်းကျယ်သော လှိုင်းများဖြင့် မျှော်စင်ငယ်တစ်ခု ပေါ်လာခဲ့သည်။

ပူဖောင်းလေးက အချိန်ဟင််းလင်းပြင် တာအိုနယ်မြေဖြင့် လုမင်ကို လွှမ်းခြုံလိုက်၏။ လုမင်၏ ပုံရိပ်က တုန်ခါသွားပြီး မြင့်မြတ်သောလူငယ်လေး၏ တိုက်ခိုက်မှုကို ရှောင်ထွက်သွားတော့သည်။

ထိုအချိန်တွင်... မြင့်မြတ်သော လူငယ်လေးဟာ သူ၏ ဝိညာဉ်အသိဖြင့် လုမင်ပစ်ပေးလိုက်သော သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ရာ ဗလာဖြစ်နေကြောင်း တွေ့လိုက်ရသည်။ လုမင်၏ လှည့်စားခံလိုက်ရကြောင်း သူ သိသွားပြီ။

"သေစမ်း"

မြင့်မြတ်သော လူငယ်လေး၏ လက်ဝါးမှ အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။ ဓားတစ်ချောင်း ပေါ်လာပြီး လုမင်ဆီသို့ ခုတ်ပိုင်းချလိုက်၏။ ထိုစွမ်းအားက ကြောက်စရာကောင်းလွန်းသည်။ ဤဓားနှင့် ရင်ဆိုင်ရချိန်တွင် လုမင်၏စိတ်ထဲမှာ အတွေးတစ်ခုသာ ရှိခဲ့သည်။ သူက လုံးဝ မယှဉ်နိုင်ပေ။

မြင့်မြတ်သော လူငယ်လေးက အမှန်တကယ်ပင် သူတော်စင်တစ်ပိုင်းနယ်ပယ် အကျော်အမော် ဖြစ်နေသည်။ ကြောက်စရာကောင်းလွန်းလှပေသည်။

"ဝှစ်"

လုမင်၏ နောက်ကျောတွင် အနက်ရောင် အတောင်ပံများ ပေါ်လာပြီး လင်းလက်သွားသည်။ လုမင်က မြင့်မြတ်သောလူငယ်လေး၏ ဓားအလင်းကိုရှောင်ရင်း ညာဘက်သို့ ခုန်ထွက်သွား၏။

"မင်း မလွတ်မြောက်နိုင်ဘူး"

မြင့်မြတ်သော လူငယ်လေး၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်။

သတ္တမအဆင့် သိုင်းအုပ်ချုပ်သူ လုမင်က သူ့ကိုလှည့်စားခဲ့သည်။ သူ၏ ဝမ်မျိုးနွယ်မှ လူများကိုပင် သူ့ရှေ့မှောက်တွင် သတ်ဝံ့၏။ သူ့နှလုံးသားထဲမှာ လုမင်ကို သေမိန့်ချထားပြီး ဖြစ်သည်။

သူ့ပုံရိပ်က နတ်လက်နက်တစ်ခုကဲ့သို့ လုမင်နောက်ကို ထိုးလိုက်လာတော့သည်။

"ဝမ်"

ထိုအချိန်တွင်၊ လုမင်၏ ဦးခေါင်းအထက်ရှိ မျှော်စင်လေးမှ လျှို့ဝှက်ဆန်းကျယ်သော အတက်အကျများဖြင့် အချိန်ဟင်းလင်းပြင် လျှောက်လမ်းတစ်ခု ပေါ်လာခဲ့သည်။

အချိန်ဟင်းလင်းပြင်လျှောက်လမ်းက ခရမ်းရောင် ဝတ်စုံဝတ် အခြားလူငယ်တစ်ယောက်ရှိရာ အနောက်ဘက်သို့ ဦးတည်သွား၏။

လုမင်က လျှောက်လမ်းထဲသို့ဝင်သွားပြီး နောက်အခိုက်တွင် ထိုလူငယ်နှင့် မနီးမဝေးမှာ ပေါ်လာတော့သည်။

"သတ်"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် ဟိန်းဟောက်လိုက်သည်။ မမြင်နိုင်သော ဓားများက ခရမ်းရောင် ဝတ်စုံဝတ် လူငယ်၏ နတ်ဘုရားဝိညာဉ်ထံသို့ တိုးဝင်သွားသည်။

"အား"

လူငယ်လေး နာကျင်စွာ အော်ဟစ်လိုက်၏။ လုမင်က အခွင့်အရေးကို ဆုပ်ကိုင်ပြီး ခရမ်းရောင် ဝတ်စုံဝတ် လူငယ်လေးကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်လိုက်သည်။ ထို့နောက်တော့ လူငယ်လေး၏ သိုလှောင်လက်စွပ်ကို သိမ်းယူလိုက်တော့သည်။

ယခုအခါ သူတို့က ရန်သူများ ဖြစ်သွားကြသောကြောင့် အနည်းငယ်မျှပင် မသက်ညှာနိုင်တော့ပေ။

"အတင့်ရဲလိုက်တာ"

လုမင်က နောက်ထပ် ခရမ်းရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးကို သတ်လိုက်ကြောင်း မြင်လိုက်ရတော့ မြင့်မြတ်သော လူငယ်လေးမှာ ဒေါသပေါက်ကွဲသွားသည်။ သူ၏ သတ်ဖြတ်ချင်စိတ်များမှာလည်း မိုးထိအောင် ဖြာထွက်နေပြီ။

ရုတ်တရက် အလင်းစက် ရှစ်စက်က သူ့ခန္ဓာကိုယ်ပေါ်၌ ထွန်းလင်းတောက်ပလာခဲ့သည်။ အလင်းစက် ရှစ်စက်ဆီမှ လက်နက်ရှစ်ခု ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော လက်နက် အငွေ့အသက်များက ကောင်းကင်ကို တုန်လှုပ်သွားစေခဲ့သည်။

သူတော်စင်လက်နက်၊ အားလုံးက သူတော်စင်အဆင့် လက်နက်များ ဖြစ်ကြသည်။

သူ့ရှေ့မှ ဓားအပြင် သူတော်စင်လက်နက်များ ကိုးခုတိတိ ရှိ၏။

သူတော်စင်လက်နက်ကိုးခု၏ စွမ်းအားများကို ပေါင်းစည်းလိုက်သောအခါ၊ ၎င်းတို့၏စွမ်းအားက အံ့မခန်းအဆင့်သို့ ရောက်ရှိလာတော့သည်။ လုမင်လည်း ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားရပြီး ကျောရိုးထဲအထိ အေးစက်သွားရသည်။

"ပူဖောင်းလေး... သွားစို့"

လုမင်လည်း အနက်ရောင်တောင်ပံများကိုခတ်ပြီး အသည်းအသန် ဆုတ်ခွာသွားသည်။

ထို့နောက် ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် လျှောက်လမ်းတစ်ခုကို ဖွဲ့စည်းလိုက်၏။ လုမင်လည်း ပြေးဝင်သွားတော့သည်။

"မင်း ဒီမှာပဲ နေရမယ်၊ သတ်"

မြင့်မြတ်သော လူငယ်လေးက ဟိန်းဟောက်လိုက်သည်။ သူက ဓားချက်ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျတစ်ခု ဖြစ်ပေါ်လာစေခဲ့၏။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက အချိန်ဟင်းလင်းပြင် လျှောက်လမ်းအပါအဝင် တည်ရှိမှုအားလုံးကို ဖျက်ဆီးလာတော့သည်။ အချိန်ဟင်းလင်းပြင် လျှောက်လမ်းလည်း ပြင်းထန်စွာ တုန်ခါပြီး ပြိုကျသွားခဲ့သည်။

လုမင်သည်လည်း လမ်းတစ်ဝက်မှာပင် အချိန်ဟင်းလင်းပြင်လျှောက်လမ်းအတွင်းမှ ပြန်ပေါ်လာခဲ့တော့သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးအင်အားလဲ... အချိန်ဟင်းလင်းပြင်လျှောက်လမ်းကိုတောင် ဖျက်ဆီးပစ်နိုင်တယ်... သွားမှ"

လုမင်လည်း လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသက်သွင်းလိုက်သည်။ ထို့နောက် အေးခဲလေပုလဲအတွင်းသို့ ယွမ်ချီစွမ်းအင်များ အဆက်မပြတ် စီးဆင်းသွား၏။ လုမင်လည်း အနက်ရောင်တောင်ပံများကိုပါ အသုံးပြုပြီး အလင်းတန်းတစ်ခုကဲ့သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

"ဝမ်"

သူ့နောက်တွင် သူတော်စင်လက်နက်များ တုန်ခါသွားသံကို ကြားလိုက်ရသည်။ မြင့်မြတ်သော လူငယ်လေးက ဓားအလင်းတစ်ခုကဲ့သို့ လုမင်နောက်ကို လိုက်လာနေ၏။ သူ့အမြန်နှုန်းက အံ့မခန်းဖြစ်ပြီး လုမင်ထက် များစွာပို၍ မြင့်မားသည်။ နှစ်ယောက်ကြား အကွာအဝေးက ခဏချင်း ကျဉ်းမြောင်းလာတော့သည်။

'တယ်မြန်နေပါလားဟ၊ ဒီလိုဆိုမှတော့ မင်းကို တစ်နေရာဆီ ခေါ်သွားပါရစေ'

လုမင်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။ သူက ဦးတည်ရာကို မသိမသာပြောင်းပြီး တောင်တန်းတစ်ခုဆီသို့ ပျံသန်းသွား၏။

မြင့်မြတ်သော လူငယ်လေးကလည်း သူ့နောက်သို့ ဇွဲမလျှော့ဘဲ လိုက်လာနေသေးသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝေးကွာသော နယ်မြေများကို ဖြတ်ကျော်သွားကြသည်။

လုမင်နှင့် မြင့်မြတ်သော လူငယ်လေးကြားမှ အကွာအဝေးကလည်း နီးကပ်သည်ထက် နီးကပ်လာနေပြီ။

"ဒီနေ့ မင်းသေရမယ်"

မြင့်မြတ်သောလူငယ်လေး၏ အေးစက်စက် အသံက သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။

"မင်းက အတော်ယုံကြည်မှုရှိနေတာပဲ၊ ဒါပေမဲ့... မင်းရဲ့ လူနှစ်ယောက်ကို ငါ သတ်ခဲ့ပြီးပြီ မဟုတ်လား"

လုမင်က လှောင်ပြောင်ပြောဆိုလိုက်၏။ ယင်းက မြင့်မြတ်သော လူငယ်လေး၏ သတ်ဖြတ်ချင်စိတ်ကို ပို၍ အားကောင်းစေခဲ့သည်။

"ဂါး"

ရှေ့ဘက်မှ ​ကြောက်​မက်​ဖွယ်ကောင်းသော ဟိန်းဟောက်​သံကို ကြားလာခဲ့ရသည်။ နတ်ဆိုး‌အငွေ့အသက်များက ကောင်းကင်ကို ထိုးတက်သွား၏။

'ရောက်ပြီ'

လုမင်၏ မျက်လုံးများက တောက်ပလာတော့သည်။

လုမင်သည် ယခင် နတ်ဆိုးများကို အမဲလိုက်စဉ်က၊ ဤနေရာကိုဖြတ်သွားရင်း ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများ စုဝေးနေသည်ကို တွေ့ခဲ့ရသည်။ သူ ကျပန်းမြင်ခဲ့ရသည့် နတ်ဆိုးအနည်းငယ်သည်ပင် သူတော်စင်တစ်ပိုင်းအဆင့်တွင်ရှိကြောင်း တွေ့ခဲ့ရပေသည်။ ထို့ကြောင့်ပင် သူ လျစ်လျူရှုခဲ့သည်။

ယခုတော့ သူဟာ မြင့်မြတ်သော လူငယ်လေးကို တားဆီးရန် ဤနတ်ဆိုးများကို အသုံးပြုရတော့မည်။

"ဝှစ်"

လုမင်လည်း အသံကြားရာဆီသို့ ပျံသန်းသွားခဲ့သည်။ နောက်အခိုက်မှာတော့ လုမင်ရှေ့တွင် ကြီးမားသော ချိုင့်ဝှမ်းတစ်ခု ပေါ်လာတော့သည်။

ချိုင့်ဝှမ်းတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများ လှည့်လည်သွားလာနေကြသည်။ ရံဖန်ရံခါ ဟိန်းဟောက်တတ်ကြ၏။ သူတို့၏ စွမ်းအားက ကြောက်စရာကောင်းလွန်းပြီး သူတော်စင်နယ်ပယ် အရှိန်အဝါများပင် ရှိနေသေးသည်။

အမှတ်တမဲ့ ကြည့်လိုက်ရုံဖြင့် အနည်းဆုံး နတ်ဆိုး သတ္တဝါ တစ်ဒါဇင်ခန့် မြင်ရသည်။ သူတို့အားလုံးက သူတော်စင်တစ်ပိုင်းအဆင့်တွင် ရှိ၏။

လုမင်လည်း မတုံ့ဆိုင်းတော့ဘဲ ချိုင့်ဝှမ်းထဲသို့ ပြေးဝင်သွားတော့သည်။

"ဂါး... ဂရား"

လူစိမ်းတစ်ဦးကို ရုတ်တရက် မြင်ရခြင်းကြောင့် ထိုနတ်ဆိုးများ ဒေါသ ထွက်သွားပုံရသည်။ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လုမင်ကို တိုက်ခိုက်ကြတော့သည်။

"ဝုန်း"

ဧရာမ ဝံပုလွေကြီးနှင့်တူသော နတ်ဆိုးတစ်ကောင်က လုမင်ကို သူ့လက်သည်းများဖြင့် ကုပ်ခြစ်လိုက်သည်။ လုမင်၏ ခန္ဓာကိုယ်က ဖန်သားပမာ ကွဲကြေသွား၏။

အရိပ်တစ်ခု ဖြစ်သည်။ လုမင်၏ ခန္ဓာကိုယ်က တစ်ဖက်တွင် ပေါ်လာခဲ့ပြီ။

ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် တာအိုနယ်မြေဖြင့် လုမင်ကို ရစ်ပတ်ထားသည်။ လုမင်၏ ခန္ဓာကိုယ်က အချိန်ဟင်းလင်းပြင် ခုန်ကျော်နေသကဲ့သို့ လျင်မြန်စွာ ပျံသန်းသွား၏။ သူသည် ဤသူတော်စင်တစ်ပိုင်း နတ်ဆိုးများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားပြီး ချိုင့်ဝှမ်းထဲသို့ ပိုနက်နဲစွာ ဝင်ရောက်သွားတော့သည်။

"ဒီနတ်ဆိုးတွေလောက်နဲ့ ငါ့ကို တားနိုင်မယ်လို့ မင်းထင်တာလား။ ရယ်စရာကောင်းလိုက်တာ... သတ်"

မြင့်မြတ်သော လူငယ်လေးက အေးစက်စက် ပြောလိုက်သည်။ သူက ချိုင့်ဝှမ်းထဲသို့ ပြေးဝင်သွား၏။

သူတော်စင်လက်နက် ကိုးခုကလည်း သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော လက်နက်စွမ်းအင်များ စုရုံးလာတော့သည်။ ဓားအလင်းတန်းတစ်ခု ဖြာထွက်လာပြီး သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးတစ်ကောင်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်။

ထို့နောက် မြင့်မြတ်သော လူငယ်လေးက လက်သီးချက် ထပ်မံထုတ်ဖော်လိုက်၏။

မြင့်မြတ်သော လူငယ်လေး၏ လက်သီးက နတ်ဘုရားလက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူ့ကို တားဆီး၍ မရပေ။

"ဝုန်း"

သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးတစ်ကောင်ကို လက်သီးဖြင့် လွင့်စဉ်သွားစေခဲ့သည်။ သူက လက်ဝှေ့ယမ်းပြီး မိစ္ဆာနတ်ဆိုးကျောက်ကို ဖမ်းယူလိုက်တော့သည်။

"အစွမ်းထက်လှချေလား"

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

မြင့်မြတ်သော လူငယ်လေး၏ ခွန်အားက သူ့စိတ်ကူးကို ကျော်လွန်သွားခဲ့ပြီ။ အားလုံးက သူတော်စင်တစ်ပိုင်းအဆင့်များ ဖြစ်ကြသော်လည်း ထိုနတ်ဆိုးသတ္တဝါများသည် မြင့်မြတ်သောလူငယ်လေးနှင့် မယှဉ်နိုင်ပေ။ သူတို့အားလုံး တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည်။

မြင့်မြတ်သော လူငယ်လေး၏ လှုပ်ရှားမှုတိုင်းတွင် နိယာမစွမ်းအားများ ပါဝင်နေသည်။ မြင့်မြတ်သော လူငယ်လေးက နိယာမကို နားလည်သဘောပေါက်ခဲ့ကြောင်း ထင်ရှားသည်။

သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကြားမှာလည်း အားနည်းသူနှင့် သန်မာသူများ ရှိကြသည်။

နယ်ပယ်အရ၊ သူတော်စင်တစ်ပိုင်းအဆင့်ကို အဓိကအားဖြင့် အဆင့်သုံးဆင့် ခွဲထားသည်။

ပထမအဆင့်တွင် အန္တိမတာအိုနယ်မြေကို နားလည်သဘောပေါက်ပြီး သူတော်စင်တစ်ပိုင်း အဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။

နဝမအဆင့် တာအိုနယ်မြေအထက်တွင် အန္တိမတာအိုနယ်မြေ ရှိပေသည်။ အန္တိမတာအိုနယ်မြေကို နားလည်နိုင်သရွေ့ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်။

ဒုတိယအဆင့်မှာတော့ နိယာမ၏စွမ်းအားကို နားလည်ရန် ဖြစ်သည်။

နိယာမကို နားလည်ပြီးနောက် ပထမအဆင့် သူတော်စင်ထက် များစွာ တန်ခိုးကြီးပေလိမ့်မည်။

တတိယအဆင့်အတွက်တော့ နိယာမ၏ခန္ဓာပင်။

ဤအဆင့်က သူတော်စင်နယ်ပယ်မှ ခြေတစ်လှမ်းသာ ဝေးတော့သည်။

သူတော်စင်နှလုံးသားကို ဖွဲ့စည်းပြီး ယွမ်ချီစွမ်းအင်ကို သူတော်စင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်သရွေ့ သူတော်စင်နယ်ပယ်သို့ ချိုးဖြတ်နိုင်မည် ဖြစ်သည်။

နိယာမဖြင့် ဝိညာဉ်ခန္ဓာ၏ စွမ်းအားက အဆင့်တစ်ခုကိုကျော်လွန်ပြီး ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်။

မြင့်မြတ်သောလူငယ်လေးက ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းနယ်ပယ် အကျော်အမော် ဖြစ်သင့်သည်။

"ဝုန်း... ဝုန်း"

မြင့်မြတ်သော လူငယ်လေး၏လက်တွင် သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် လွင့်ပါးသွားကြသည်။ ၎င်းတို့က နတ်ဆိုးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် တစ်ဖန် ပြန်လည်ဖွဲ့စည်းခဲ့ပေသည်။

မြင့်မြတ်သော လူငယ်လေးကတော့ အချိန်မဖြုန်းတော့ဘဲ လုမင်နောက်သို့ ဆက်လိုက်လာတော့သည်။

All Chapters