← Chapters

အခန်း ၁၆၀၀

Vol. 107 Ch. 1600

အခန်း ၁၆၀၀

Vol. 107 Ch. 1600

အပိုင်း ( 1600 ) ကောင်းကင်ဝိညာဉ်ခန္ဓာ။

"ဂါး... ဂရား"

ထိုအချိန်တွင် ချိုင့်ဝှမ်း၏ နက်နဲရာမှ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။ မြေကြီးတုန်ခါသံနှင့်အတူ နတ်ဆိုး အကောင်နှစ်ဆယ်ကျော် ပြေးထွက်လာ၏။ ၎င်းတို့အားလုံးက သူတော်စင်တစ်ပိုင်းအဆင့်များဖြစ်ပြီး အချို့မှာ သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်နှင့် ညီမျှသည်။

သို့သော်လည်း သူတော်စင်တစ်ပိုင်းနယ်ပယ် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်ပင် ဖြစ်စေ... သူတို့အားလုံး မြင့်မြတ်သော လူငယ်လေး၏ တစ်ချက်တည်း အသတ်ခံခဲ့ရပေသည်။

ထိုလူငယ်၏ တိုက်ခိုက်ရေးအင်အားက သန်မာလွန်းလှသည်။ ကြောက်ခမန်းလိလိအဆင့်သို့ ရောက်နေပြီ။

ပူဖောင်းလေး၏ အကူအညီဖြင့် လုမင်က နတ်ဆိုးများကို ရှောင်တိမ်းကာ ချိုင့်ဝှမ်းထဲသို့ ပို၍ နက်နဲစွာ ဝင်ရောက်သွားခဲ့သည်။

"ဂါး"

ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ နတ်ဆိုးအငွေ့အသက်များက ကောင်းကင်သို့ ထိုးတက်သွားသည်။

"ဒုန်း... ဒုန်း"

ဧရာမ သတ္တဝါကြီးတစ်ကောင်က ချိုင့်ဝှမ်းအတွင်းမှ ထွက်လာနေသကဲ့သို့ လေးလံသော ခြေသံများကို ကြားလာရ၏။

၎င်းက နတ်ဆိုးဝက်ဝံကြီး ဖြစ်သည်။ တောင်ငယ်တစ်လုံးကဲ့သို့ မီတာတစ်ရာခန့်မြင့်မားပြီး ခြေလှမ်းတိုင်းက မြေပြင်ကို တုန်ခါသွားစေခဲ့ပေသည်။

"ဂါး"

နတ်ဆိုးဝက်ဝံက ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်အရှိန်အဝါများက ပျံ့နှံ့သွား၏။

သူတော်စင်နယ်ပယ်...

ဤနတ်ဆိုးဝက်ဝံကြီးက စစ်မှန်သော သူတော်စင်နယ်ပယ် တည်ရှိမှု ဖြစ်သည်။

နတ်ဆိုးဝက်ဝံက လုမင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"မကောင်းတော့ဘူး"

လုမင်လည်း အသည်းအသန် ဆုတ်သွား၏။ တစ်ချိန်တည်းမှာပင် သူ့ရှေ့တွင် သူတော်စင်လက်နက် ဒိုင်းတစ်ခု ပေါ်လာတော့သည်။ အနက်ရောင်တောင်ပံများကလည်း သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားခဲ့သည်။ ပူဖောင်းလေးသည်လည်း အချိန်ဟင်းလင်းပြင် တာအိုနယ်မြေဖြင့် လုမင်ကို လွှမ်းခြုံလိုက်၏။ လုမင်က အချိန်ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသကဲ့သို့ လျင်မြန်စွာ ဆုတ်သွားတော့သည်။

"ဝုန်း"

နတ်ဆိုးဝက်ဝံ၏ လက်ဝါးရိုက်ချက် ကျရောက်လာသည်နှင့် အချိန်ဟင်းလင်းပြင် တာအိုနယ်မြေက ပြိုကျသွားခဲ့သည်။ အဆုံးတွင် ၎င်းက သူတော်စင်လက်နက်ဒိုင်းကို ထိမှန်သွား၏။ ထို့နောက် သူတော်စင်လက်နက်ဒိုင်းက လွင့်စဉ်ပြီး အနက်ရောင်တောင်ပံများကို ထိမှန်သွားတော့သည်။

လုမင်လည်း တောင်ငယ်တစ်လုံးဖြင့် တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က အမြောက်ဆံကဲ့သို့ လွင့်စဉ်ပြီး ချိုင့်ဝှမ်းနံရံကို ဝင်ဆောင့်မိသွား၏။ အပျက်အစီးများကလည်း နေရာအနှံ့သို့ လွင့်စဉ်သွားတော့သည်။

"ဝေါ့"

လုမင်၏ မျက်နှာက ဖြူဖျော့ပြီး ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့သည်။

သူတော်စင်နယ်ပယ် အကျော်အမော်များက ကြောက်စရာကောင်းလွန်းလှပေသည်။ လုမင်က သူတို့နှင့် နှိုင်းယှဉ်ရန် ဝေးကွာလွန်းလှသည်။

ပူ‌ဖောင်းလေး၏ အကူအညီဖြင့်ပင် ရှောင်လွှဲ၍မရပါ။ အချိန်ဟင်းလင်းပြင်တာအိုနယ်မြေက တိုက်ရိုက် ပြိုကျခဲ့ရသည်။

သို့သော်လည်း၊ အချိန်ဟင်းလင်းပြင်တာအိုနယ်မြေက နတ်ဆိုးဝက်ဝံ၏ တိုက်ခိုက်မှုစွမ်းအား အများအပြားကို လျော့ကျစေခဲ့သည်။ ထို့နောက် သူတော်စင်လက်နက်ဒိုင်းနှင့် အနက်ရောင်တောင်ပံများက ထပ်မံ တားဆီးခဲ့၏။ ထို့ကြောင့် လုမင် သွေးအန်လိုက်ရသော်လည်း ဒဏ်ရာက သိပ်မပြင်းထန်ပေ။

'ဒါက သူတော်စင်နယ်ပယ် အကျော်အမော်ရဲ့ စွမ်းအားလား။ ဒါဆို စန်းပြည်နယ်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့ ကျော်ကြားတဲ့... ရှန်းကျစ်က သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားရင် ဘယ်လောက်တောင်မှ စွမ်းအားကြီးလိမ့်မလဲ'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာကာ ဖိအားများစွာကို ခံစားလိုက်ရသည်။

သူ့တွင် အချိန်များများမရှိတော့ပေ။ နောက်လာမည့် တင်းပေါင်ညီလာခံက တစ်နှစ်ခွဲခန့်သာ လိုသည်။ ဤအတောအတွင်း၌ အမြန်ဆုံး တိုးတက်စေနိုင်မှ ဖြစ်ချေတော့မည်။

"ဂါး"

နတ်ဆိုးဝက်ဝံက ခြင်ရိုက်သကဲ့သို့ လုမင်ကို ရိုက်ထုတ်ပြီးနောက်... လုမင်ကို လျစ်လျူရှုကာ မြင့်မြတ်သော လူငယ်လေးထံသို့ ပြေးသွားခဲ့သည်။

သူ့အမြင်တွင် မြင့်မြတ်သော လူငယ်လေး၏ ခြိမ်းခြောက်နိုင်စွမ်းက ပို၍ကြီးမားသည်။

နတ်ဆိုးဝက်ဝံက ဧရာမ ခြေဖဝါးကြီးဖြင့် မြင့်မြတ်သော လူငယ်လေးကို နင်းချလိုက်သည်။

"မင်းက သူတော်စင်နယ်ပယ်ဖြစ်ရင်တောင် ဘာဖြစ်လဲ၊ တိုက်ခိုက်လော့"

မြင့်မြတ်သော လူငယ်လေးက ဟိန်းဟောက်လိုက်သည်။ သူ့ဆံပင်များက လေထဲတွင် မျောလွင့်နေပြိး တိုက်ခိုက်ချင်စိတ်များမှာလည်း ပို၍ အားကောင်းလာသည်။ သူက တိုက်ခိုက်မှုစွမ်းရည်ကို အကန့်အသတ်ထိ တွန်းပို့လိုက်၏။ သူတော်စင်လက်နက်ကိုးခု၏ စွမ်းအားများက သူ့လက်ထဲမှ ဓားတွင် စုစည်းလာတော့သည်။ သူက တောက်ပသော ဓားအလင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ဝုန်း"

ဓားအလင်းနှင့် နတ်ဆိုးဝက်ဝံ၏ ခြေဖဝါးကြီးက ထိပ်တိုက်တွေ့ဆုံပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။ ထိုအားလှိုင်းများက သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးများစွာကို လေထဲတွင် ပေါက်ကွဲသွားစေခဲ့ပေသည်။

တုန်လှုပ် ချောက်ချားဖွယ်ရာ ကောင်းလွန်းသည်။ တိုက်ခိုက်မှုအားလှိုင်း တစ်ခုတည်းက သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးများကို ပေါက်ကွဲစေရန် လုံလောက်သေးသည်။

"ဒုန်း... ဒုန်း... ဒုန်း..."

ထိပ်တိုက်ရင်ဆိုင်ပြီးနောက် မြင့်မြတ်သော လူငယ်လေး၏ ခန္ဓာကိုယ်က တုန်ခါသွားရသည်။ သူက လေထဲတွင် ခြေလှမ်း ရှစ်လှမ်း၊ ကိုးလှမ်းခန့် ဆုတ်သွားရ၏။ နတ်ဆိုးဝက်ဝံ၏ ဧရာမ ခန္ဓာကိုယ်ကတော့ တောင်တစ်လုံးကဲ့သို့ တည်ငြိမ်နေဆဲပင်။

အမှန်ပင်၊ မြင့်မြတ်သောလူငယ်လေးက သူတော်စင်နယ်ပယ် နတ်ဆိုးသားရဲနှင့် မယှဉ်နိုင်ခဲ့ပါ။

သူတော်စင်မဟုတ်သူတစ်ဦးအတွက် သူတော်စင်တစ်ပါးကို တိုက်ခိုက်ရန်မှာ ခက်လှသည်။ ကွာဟချက်က ကြီးမားလွန်းပေသည်။

"ဝုန်း"

နတ်ဆိုးဝက်ဝံက ဟိန်းဟောက်လိုက်သည်။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး မြင့်မြတ်သော လူငယ်လေးကို ရိုက်ချလိုက်၏။

မြင့်မြတ်သော လူငယ်လေး၏ အရှိန်အဝါကလည်း အားကောင်းသည်ထက် အားကောင်းလာပြီ။ သူ့ခန္ဓာကိုယ်တွင် နောက်ထပ် အလင်းစက်သုံးစက် တောက်ပလာခဲ့သည်။ ထို့နောက် သူတော်စင်လက်နက်သုံးခု ထပ်မံ ပေါ်လာခဲ့၏။

စုစုပေါင်း သူတော်စင်လက်နက် ဆယ်တစ်ခုက သူ့ပတ်ဝန်းကျင်တွင် ပျံဝဲနေ‌ပြီ။ သူတော်စင်လက်နက်များ၏ စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။

ရုတ်တရက်၊ မြင့်မြတ်သော လူငယ်လေး၏ ဦးခေါင်းထက်တွင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။

အရိပ်အတွင်း၌ မရေတွက်နိုင်သော လက်နက်များက ကခုန်နေသကဲ့သို့ လွင့်မျောနေ၏။ ထိုမြင်ကွင်းမှာ လွန်စွာ လျှို့ဝှက်ဆန်းကြယ်သည်။

"ဒါက... ကောင်းကင်နဲ့မြေပြင်ရဲ့ ရူပါရုံပဲ။ ဒီကောင့်မှာ တကယ်ကြီး ကောင်းကင်ဝိညာဉ်ခန္ဓာ ရှိနေတယ်"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ဒဏ္ဍာရီများအရ ကောင်းကင်ဝိညာဉ်ခန္ဓာမှာ မိုးကောင်းကင်၏ ကောင်းချီးပေးခံရသူများ ဖြစ်သည်။ ၎င်းတို့သည် အလွန်ကြောက်စရာကောင်း၏။ သူတို့ အစွမ်းကုန် အားထုတ်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင် သဘာဝရူပါရုံ ပေါ်လာလိမ့်မည်။ ယင်းကို ကောင်းကင်ရူပါရုံဟုလည်း ခေါ်သည်။

ကောင်းကင်ဝိညာဉ်ခန္ဓာက ထိုမျှ အစွမ်းထက်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာများကို ပါရမီရှင်ဟုဆိုရသော်လည်း၊ ကောင်းကင်ဝိညာဉ်ခန္ဓာနှင့် နှိုင်းယှဉ်ရန်တော့ ဝေးကွာသေးသည်။

ကောင်းကင်ဝိညာဉ်ခန္ဓာကို မိုးကောင်းကင်မှ ကောင်းချီးပေးခဲ့သည်။ သူတို့ မသေသေးသရွေ့ ဧကရာဇ်ဖြစ်လာရန် အခွင့်အလမ်းရှိလိမ့်မည်။ ယင်းက ကြောက်စရာကောင်းလွန်းသည်။

စန်းပြည်နယ်၏ မျိုးဆက်သစ်လူငယ်များတွင်၊ ကောင်းကင်ဝိညာဉ်ခန္ဓာရှိသူ တစ်ဦးမျှ မရှိပေ။ စန်းပြည်နယ်ရှိ နံပါတ်တစ်ပါရမီရှင် ရှန်းကျစ်ပင်လျှင် မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာသာ ရှိသေးသည်။

ဤမြင့်မြတ်သော လူငယ်လေးက ရှန်းကျစ်ထက် သာလွန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။

"သတ်"

မြင့်မြတ်သော လူငယ်လေးက မာန်သွင်းလိုက်သည်။ သူ့ပတ်ဝန်းကျင်မှ သူတော်စင်လက်နက် ဆယ့်တစ်ခုက တုန်ခါလာပြီး နတ်ဆိုးဝက်ဝံကို တိုက်ခိုက်လိုက်၏။ သူကိုယ်တိုင်ကလည်း ဓားကိုကိုင်ပြီး နတ်ဆိုးဝက်ဝံကို ထိုးခုတ်လိုက်တော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

တိုက်ခိုက်မှု အနည်းငယ် ထပ်မံရင်ဆိုင်ခဲ့ရသည်။ ယခုအခါ မြင့်မြတ်သော လူငယ်လေးက အရေးနိမ့်နေသေးသော်လည်း နတ်ဆိုးဝက်ဝံ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ခဲ့ပြီ။

သူတော်စင်တစ်ပိုင်းအဆင့်နှင့် သူတော်စင်တစ်ပါးကို တိုက်ခိုက်ခြင်း...

ဤမှ ကောင်းကင်ဝိညာဉ်ခန္ဓာက မည်မျှကြောက်စရာကောင်းကြောင်း မြင်နိုင်သည်။

"ဂါး... ဂရား"

ထိုအချိန်တွင်၊ နတ်ဆိုးများ ထပ်မံပြေးထွက်လာခဲ့သည်။ သို့သော်လည်း ၎င်းတို့က တိုက်ပွဲအနီးသို့ပင် မရောက်နိုင်ကြပေ။

ရုတ်တရက်၊ နတ်ဆိုး ကျားတစ်ကောင်က လုမင်ကို ခုန်အုပ်လိုက်သည်။

"တိုက်ခိုက်ကြစို့"

ဤတစ်ခါတော့ လုမင်က ရှောင်မသွားတော့ပေ။ သူက နတ်ဆိုးကျားကို ရင်ဆိုင်လိုက်သည်။

နတ်ဆိုးကျားက သူ့ပါးစပ်ကို အစွမ်းကုန်ဖြဲပြီး လုမင်ကို မျိုချရန် ကြိုးစားလိုက်၏။ သူ့ပါးစပ်က အလွန်ကြီးမားပြီး အိမ်တစ်လုံးကိုပင် မျိုချနိုင်ပုံရသည်။

လုမင်က မရှောင်တိမ်းတော့ဘဲ နတ်ဆိုး ကျား၏ ပါးစပ်ထဲသို့ ပြေးသွားသည်။ ကျားပါးစပ်အတွင်းသို့ ရောက်ရှိသည်နှင့်တပြိုင်နက်၊ သူက တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်သွား၏။ တောင်နှင့်မြစ်ပန်းချီကားက နတ်ဆိုးကျား၏ ပါးစပ်ထဲတွင် ပေါ်လာတော့သည်။

တောင်နှင့်မြစ်ပန်းချီကားမှာ ဧကရာဇ်အဆင့် တန်ခိုးရှင်မှ သန့်စင်ထားသော ရတနာတစ်ခု ဖြစ်သည်။ နတ်ဆိုးကျား၏ မျိုချခံလိုက်ရလျှင်ပင် ဘာမျှမဖြစ်နိုင်ပေ။

လုမင်လည်း ဝိညာဉ်အသိဖြင့် ဖြန့်ကျက်ပြီး အပြင်ဘက်တိုက်ပွဲကို အာရုံစိုက်ခဲ့သည်။

ထိုအချိန်တွင် မြင့်မြတ်သောလူငယ်လေးက နတ်ဆိုးဝက်ဝံနှင့် ဆယ်ကြိမ်ထက်မနည်း ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီးပြီ။ သူက တဖြည်းဖြည်း အရေးနိမ့်လာနေပြီး အမှန်တကယ် အားနည်းချက် ရှိနေပြီ ဖြစ်သည်။

'သူ့ကို နတ်ဆိုးကျားက မျိုချလိုက်တာလား'

မြင့်မြတ်သော လူငယ်လေးကလည်း လုမင်ကို နတ်ဆိုးကျားမှ မျိုချလိုက်သည့်မြင်ကွင်းအား သဘာဝအတိုင်း မြင်ခဲ့သည်။ သူ့မျက်လုံးထဲတွင် စူးရှသော အလင်းတစ်ခု လင်းလက်လာ၏။

လုမင်ကို ဤမျှလွယ်ကူစွာ သေဆုံးလိမ့်မည်ဟု သူ မယုံပေ။ အခြား နတ်ဆိုးသတ္တဝါများကို ရှောင်ရှားရန်၊ နတ်ဆိုးကျား၏ ခန္ဓာကိုယ်တွင်း၌ ပုန်းအောင်းနေခြင်းဖြစ်မည်ဟု သူ ခန့်မှန်းမိခဲ့သည်။

အမှန်တကယ်လည်း၊ နတ်ဆိုးကျား၏ ခန္ဓာကိုယ်ထဲသို့ လုမင် ဝင်ရောက်သွားသောအခါ... အခြား နတ်ဆိုးသတ္တဝါများ အားလုံးက မြင့်မြတ်သောလူငယ်လေးကို အာရုံစိုက်လာကြ၏။ သူတို့က စားတော့ဝါးတော့မတတ် မျက်လုံးများဖြင့် သူ့ကို ဝိုင်းကြည့်နေတော့သည်။

"ဟမ့်၊ နတ်ဆိုးတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေလို့ ငါ မင်းကို ဘာမှမလုပ်နိုင်တော့ဘူး ထင်နေတာလား။ ငါ မင်းကို ရအောင်သတ်မှာ"

မြင့်မြတ်သော လူငယ်လေး၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေသည်။ သူက လုမင်ကို အသေသတ်ရန် ဆုံးဖြတ်လိုက်၏။

"သွား"

လူငယ်က လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။ သူတော်စင်လက်နက် ဆယ့်နှစ်ခု၊ ဒိုင်းတစ်ခုနှင့် တောင်ငယ်တစ်လုံးက နတ်ဆိုးဝက်ဝံဆီသို့ ပြေးသွား၏။ သူကိုယ်တိုင်ကတော့ လုမင်ကို မျိုချခဲ့သော နတ်ဆိုးကျားဆီသို့ လျင်မြန်သော အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

နတ်ဆိုးဝက်ဝံက ဟိန်းဟောက်လိုက်သည်။ နတ်ဆိုးဝက်ဝံကြီး၏ လက်သည်းကုပ်ချက်က ဒိုင်းနှင့် တောင်ငယ်ကို လွင့်စဉ်သွားစေခဲ့၏။ သို့သော်လည်း ထိုအချိန်တခဏက မြင့်မြတ်သော လူငယ်လေးအတွက် လုံလောက်သည်။ သူ့ပုံရိပ်က နတ်ဆိုးကျား၏ ရှေ့တွင် ပေါ်လာတော့သည်။

All Chapters