အခန်း ၁၆၀၁
Vol. 107 Ch. 1601
အပိုင်း ( 1601 ) အရိုးစုများ။
"ဝေါင်း"
နတ်ဆိုးကျားက ဟိန်းဟောက်ပြီး မြင့်မြတ်သော လူငယ်လေးကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မြင့်မြတ်သော လူငယ်လေးက သူ့ဓားဖြင့် ခုတ်ပိုင်းလိုက်၏။ နတ်ဆိုးကျား၏ ခန္ဓာကိုယ်က ပေါက်ကွဲပြီး နတ်ဆိုးစွမ်းအင် အမှုန်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သို့သော် ထိုအခိုက်တွင် မြင့်မြတ်သော လူငယ်လေး၏ မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။ နတ်ဆိုးစွမ်းအင်များထဲတွင် လူရိပ်နှစ်ခု ပေါ်လာ၏။
ပုံရိပ်နှစ်ခုက တစ်ထပ်တည်း ဖြစ်သည်။ လုမင် နှစ်ယောက် ရှိနေပြီ။
ဟုတ်သည်၊ သူတို့က လုမင်၏ မူလခန္ဓာနှင့် မူလအမွှာ ဖြစ်ချေသည်။
ရုတ်တရက်၊ မြင့်မြတ်သော လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ကြည်လင်သော ပူဖောင်းတစ်ခု ပေါ်လာပြီး ဖုံးအုပ်လိုက်သည်။
"အချိန်ဟင်းလင်းပြင် တာအိုနယ်မြေလား၊ ချိုးဖျက်စမ်း"
မြင့်မြတ်သော လူငယ်လေးက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က တောက်ပနေပြီး သူတော်စင်လက်နက်များမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာ၏။ ပေါက်ကွဲသံနှင့်အတူ ကြည်လင်သော ပူဖောင်းလေးက ကွဲအက်သွားတော့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် အလုံပိတ်တံခါးရှစ်ပေါက်က သူ့ပတ်ဝန်းကျင်တွင် ပေါ်လာသည်။ တံခါးပေါက်များက တောက်ပသော အလင်းရောင်များ ဖြာထွက်ပြီး ပြင်းထန်သော တံဆိပ်ခတ်ခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်၏။ မြင့်မြတ်သောလူငယ်လေးကို တံဆိပ်ခတ်တော့မည်။
ယခင်က လုမင်ဟာ နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုကို စဉ်ဆက်မပြတ် အသုံးပြုခဲ့သည်။ ထို့ကြောင့် သူမသိလိုက်ခင်မှာပင် နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုက အဆင့်တက်ပြီး အဋ္ဌမတံခါးအထိ တစ်ပြိုင်နက်တည်းမှာ ချုပ်နိုင်ခဲ့ပေသည်။
"သတ်"
ထိုအချိန်တွင် မူလခန္ဓာ လုမင်က ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းနှစ်ခုက သူ့မျက်လုံးများမှ ထွက်ပေါ်လာ၏။ မမြင်နိုင်သော ဓားအလင်းနှစ်ခုက မြင့်မြတ်သောလူငယ်၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာကာ သူ့ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေတော့သည်။
"ထိုက်ကျိ"
ထိုအချိန်တွင် ဒုတိယခန္ဓာ လုမင်က ရှေ့တစ်လှမ်းတိုးလိုက်သည်။ ထိုက်ကျိချပ်ပြားတစ်ခုက သူ့ဦးခေါင်းထက်တွင် မျောလွင့်ပြီး ထွက်ပေါ်လာ၏။ ကြီးမားသော ထိုက်ကျိအင်းကွက်တစ်ခု ပေါ်လာပြီး မြင့်မြတ်သောလူငယ်ကို ဖိနှိပ်လိုက်တော့သည်။
ထိုက်ကျိချပ်ပြားတွင် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားနှင့် ဖိနှိပ်မှုစွမ်းအား ရှိသည်။
"ပျက်စီး... ပျက်စီးစမ်း"
မြင့်မြတ်သော လူငယ်လေးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ လက်တစ်ဖက်တွင် ဓားတစ်လက်နှင့် အခြားတစ်ဖက်က လှံတစ်ချောင်းကို ကိုင်ဆွဲလိုက်၏။ သူက အရပ်ရပ်ကို ပြင်းထန်စွာ ထိုးခုတ်တိုက်ခိုက်တော့သည်။
"ဝုန်း... ဝုန်း"
အလုံပိတ်တံခါးရှစ်ခုက အဆက်မပြတ် ပြိုကျသွားသည်။
ဤအခိုက်အတန့်တွင်၊ ထိုက်ကျိအင်းကွက်က နိမ့်ကျလာ၏။ မြင့်မြတ်သောလူငယ်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ယွမ်ချီစွမ်းအင်လည်း တုန်ခါသွားသည်။
သူ့ခန္ဓာကိုယ်က လေထဲတွင် ရုတ်တရက် တောင့်တင်းသွားချေပြီ။
"ဂါး"
ထိုအချိန်တွင် နတ်ဆိုးဝက်ဝံကလည်း ရောက်လာပြီ ဖြစ်သည်။ မြင့်မြတ်သောလူငယ်ကို ခြေထောက်တစ်ဖက်ဖြင့် ကန်ကျောက်လိုက်သည်။
ကန်ချက်က မြင့်မြတ်သော လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ နာကျင်စွာ အော်ဟစ်ရင်း မြင့်မြတ်သောလူငယ်လေး လွင့်စဉ်သွား၏။ သူ့ခန္ဓာကိုယ်က ချိုင့်ဝှမ်းထဲသို့ ပြင်းပြင်းထန်ထန် ပြုတ်ကျပြီး ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့တော့သည်။
"ဝုန်း"
သို့သော်လည်း နောက်အခိုက်အတန့်တွင် မြင့်မြတ်သောလူငယ်လေးက တွင်းဝမှ ပြေးထွက်လာခဲ့သည်။ သို့ရာတွင်၊ ယခုအချိန်မှာတော့ သူ့အခြေအနေက စုတ်ပြတ်သတ်နေပြီ။ သူ့အဝတ်အစားများက စုတ်ပြဲနေပြီး ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာခဲ့သည်။
သူ့မျက်နှာကတော့ ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေတော့သည်။
ယခုလေးတင် ထိုက်ကျိအင်းကွက်၏ ဖိနှိပ်မှုနှင့် နတ်ဆိုးဝက်ဝံ၏ ရိုက်ခံလိုက်ရသည်။ ထို့ကြောင့် သူ အသက်မသေသော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သေးသည်။
"ခွေးကောင်၊ ငါမင်းကို နောက်တစ်ခါ ထပ်မတွေ့စေနဲ့။ မဟုတ်ရင် မင်းသေပြီသာမှတ်"
မြင့်မြတ်သော လူငယ်လေးက ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်သည်။ ထို့နောက်မှာတော့ အလင်းတန်းတစ်ခုကဲ့သို့ ကောင်းကင်ကို ထိုးတက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
နတ်ဆိုးဝက်ဝံကလည်း လိုက်မဖမ်းတော့ပေ။
'ဒီကောင်က တကယ်ကို သန်မာတာပဲ။ နောက်ပြီး ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အရမ်းအားနည်းနေသေးတယ်'
လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။
ယခုလေးတင် အဆက်မပြတ် တိုက်ခိုက်ခဲ့သော်လည်း မြင့်မြတ်သော လူငယ်လေးကို မသတ်နိုင်ခဲ့ပေ။
သူက တစ်ဖက်လူ၏ နတ်ဘုရားဝိညာဉ်ကို တိုက်ခိုက်ရန် နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုခဲ့သည်။ ယင်းက သက်ရောက်မှုအနည်းငယ်ရှိသော်လည်း၊ တစ်ဖက်လူက သန်မာလွန်းသဖြင့် လွတ်မြောက်နိုင်ခဲ့ပေသည်။
မဟုတ်ပါက၊ နတ်ဆိုးဝက်ဝံ၏ တိုက်ခိုက်မှုကြောင့် သေလုမျောပါး ခံစားသွားရမည် ဖြစ်သည်။
လုမင်၏ လက်ရှိ စိတ်ဝိညာဥ်စွမ်းအင်က သူတော်စင်တစ်ပိုင်း ပထမအဆင့်နှင့် ညီမျှသည်။ ယင်းက မြင့်မားနေပြီဖြစ်သော်လည်း၊ နိယာမကို နားလည်သော သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်အတွက်မူ သက်ရောက်မှု ကြီးကြီးမားမား မရှိပါ။
"ဂါး"
ထိုအခိုက်တွင် နတ်ဆိုးဝက်ဝံ၏ မျက်လုံးအကြည့်က လုမင်ဘက်သို့ လှည့်လာသည်။ သူ့မျက်လုံးများမှာလည်း ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်ဖြင့် လင်းလက်လာ၏။
"ဝမ်"
ဤအခိုက်အတန့်တွင် လုမင်၏ နောက်ကွယ်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် ပေါ်လာပြီ။
ငရဲဖိနှိပ်ကျောက်စာချပ်က နတ်ဆိုးနှင့် အမှောင်လမ်းစဉ်ကို နှိမ်နင်းရာတွင် အထူးပြုသည်။ ယင်းက ဤနတ်ဆိုးများကို ဖိနှိပ်နိုင်လောက်၏။ လုမင်လည်း စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ငရဲဖိနှိပ်ကျောက်စာချပ်က အလင်းရောင် ပြိုးပြိုးပြက်ပြက် တောက်ပပြီး လျင်မြန်စွာ ကြီးမားလာခဲ့သည်။ အထူးသဖြင့် အောက်ခြေရှိ စကားလုံးများမှ အလင်းရောင်က ပိုလို့တောင် တောက်ပနေ၏။
"ဂါး"
နတ်ဆိုးဝက်ဝံ၏ မျက်လုံးများက ကြောက်ရွံ့တုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက်မှာတော့ အမှန်တကယ် ထွက်ခွာသွားကာ ချိုင့်ဝှမ်း၏ နက်နဲရာသို့ ပြေးဝင်သွားတော့သည်။
သူတော်စင်တစ်ပိုင်းအဆင့်မှ နတ်ဆိုးသတ္တဝါများသည်လည်း အလားတူပင် ဖြစ်သည်။ သူတို့အားလုံး ချိုင့်ဝှမ်း နက်နဲရာသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားကြတော့သည်။
"တတကယ် ထွက်ပြေးသွားတာလား"
လုမင်၏ မျက်နှာက ကျေနပ်မှုအပြုံးတစ်ခု ပေါ်လာခဲ့သည်။
ယခင်က ငရဲဖိနှိပ်ကျောက်စာချပ်ကို အသုံးမပြုခြင်းမှာ ဤနတ်ဆိုးများ ထွက်ပြေးကုန်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်လျှင်... မြင့်မြတ်သော လူငယ်လေးကို မည်သူက တိုက်ခိုက်ပေးမည်နည်း။
'ဒီချိုင့်ဝှမ်းမှာ စွမ်းအားကြီးတဲ့ နတ်ဆိုး သတ္တဝါတွေ အများကြီး စုရုံးနေတာပဲ။ ဒီမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိရမယ်၊ ဝင်ကြည့်လိုက်ဦးမှ'
လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ ထိုနတ်ဆိုးသတ္တဝါများကို ဟန့်တားရန်အတွက် ငရဲဖိနှိပ်ကျောက်စာချပ်ရှိခြင်းကြောင့် လုမင်မှာ ရဲတင်းလာတော့သည်။
ဒုတိယခန္ဓာလုမင်က လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပြန်လည်ဝင်ရောက်ပြီး ပျောက်ကွယ်သွားသည်။ ထို့နောက် စိတ်အေးချမ်းသာစွာ လေ့ကျင့်ခြင်း စတင်လိုက်လေသည်။
ယခုဆိုလျှင်၊ ဒုတိယခန္ဓာ လုမင်က အလွန်လျင်မြန်စွာ တိုးတက်လာနေပြီ။ သူက နဝမမြောက် ဝိညာဉ်မီးခွက်ကို ထွန်းညှိရန် နီးကပ်နေပြီ ဖြစ်သည်။ သဘာဝအတိုင်း ၊ အချိန်တိုင်းကို အကျိုးရှိရှိ အသုံးချရလိမ့်မည်။
ငရဲဖိနှိပ်ကျောက်စာချပ်က လုမင်၏ ဦးခေါင်းထက်တွင် မျောလွင့်နေခဲ့သည်။ သူက ချိုင့်ဝှမ်းအတွင်း နက်နဲရာသို့ လျှောက်သွား၏။
အတွင်းပိုင်းသို့ ရောက်လာလေလေ၊ ချိုင့်ဝှမ်းက ပို၍ ကျယ်လေလေပင်။
"ဟမ်၊ အရိုးတွေ အများကြီးပဲ"
ရုတ်တရက်၊ လုမင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။ ရှေ့တွင် အရိုးများစွာ ရှိနေသည်ကို သူတွေ့လိုက်ရ၏။
ဤအရိုးများက ပုံသဏ္ဍာန်အမျိုးမျိုး ရှိသည်။ အချို့က တောင်ငယ်များကဲ့သို့ ကြီးမားပြီး အချို့မှာ အလွန်သေးငယ်ပေသည်။
သို့သော်လည်း၊ အရိုးတစ်ခုစီက ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး အလင်းရောင်များ ထွက်နေသည်။ ၎င်းတို့ အသက်ရှင်နေချိန်က တုနှိုင်းမယှဉ်သာသော အကျော်အမော်များ ဖြစ်ခဲ့ကြကြောင်း နားလည်နိုင်ပေသည်။
လုမင်လည်း သူ့အရှိန်အဝါကို ထိန်းချုပ်ပြီး ရှေ့သို့ ဆက်သွားခဲ့သည်။ ရှေ့တွင် သူ မြင်လိုက်ရသော အရာအားလုံးက အမျိုးမျိုးသော အရိုးများချည်း ဖြစ်၏။
'မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ဟာ ရှေးခေတ်က စစ်ပွဲတစ်ခု ဖြစ်ခဲ့တယ်တဲ့။ ဒါဆိုရင် ဒါက မျိုးနွယ်ပေါင်း ရာချီရဲ့ သင်္ချိုင်းမြေများ ဖြစ်နိုင်မလား။ နောက်ပြီးတော့ အဲဒီနတ်ဆိုးသတ္တဝါတွေက ကျွမ်းကျင်သူတွေ သေဆုံးသွားပြီးနောက်မှာ ဗီဇပြောင်းသွားခဲ့တာလား'
လုမင် တိတ်တဆိတ် စဉ်းစားနေမိသည်။
အကြောင်းမှာ၊ ဤအရိုးများပေါ်ရှိ ဝိညာဉ်အနှစ်သာရ အများစုက ဆုတ်ယုတ်သွားသောကြောင့် ဖြစ်သည်။ အချို့ အရိုးများဆိုလျှင် အကြွင်းမဲ့ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြ၏။ ထိုအရိုးစုများမှာ အလွန်ရှည်ကြာသော ကာလတစ်ခုကို ဖြတ်သန်းခဲ့ရကြောင်း သိသာထင်ရှားသည်။
"ဒါက..."
ရုတ်တရက်၊ လုမင်ဟာ ကြီးမားသော အရိုးစုကြီးကို မြင်လိုက်ရသည်။ ဤအရိုးစုသည် အလွန်ထူးဆန်းသည်။ ထိုအရိုးစုက ရွှေရောင်ဖြစ်ပြီး အရိုးများမှာ ခုနစ်မီတာမှ ရှစ်မီတာအထိ ရှည်သည်။
"ဒါက ဒဏ္ဍာရီလာ ရွှေဘီလူးကြီးများ ဖြစ်မလား"
လုမင် တုန်လှုပ်သွားသည်။
ဘီလူးမျိုးနွယ်မှာ ရွှေဘီလူးက ဘီလူးကြီးများ၏ တော်ဝင်မျိုးနွယ် ဖြစ်သည်။ ၎င်းတို့က အလွန်ကြောက်စရာကောင်းပြီး သဘာဝစစ်သည်တော်များ ဖြစ်ချေသည်။
"ဒါကရော ချီလင်အရိုးစုများ ဖြစ်နိုင်မလား"
နောက်အခိုက်အတန့်တွင်၊ လုမင်ဟာ ဒဏ္ဍာရီလာ ချီလင်နှင့် အလွန်တူသော အရိုးစုတစ်ခုကို တွေ့လိုက်ရသည်။ ကံမကောင်းစွာဖြင့်၊ ဤအရိုးများပေါ်ရှိ ဝိညာဉ်အနှစ်သာရက ကုန်ဆုံးလုနီးဖြစ်ပြီး တန်ဖိုးမရှိတော့ပေ။
ဝိညာဉ်အနှစ်သာရများသာ ကြွယ်ဝသေးပါက၊ ဤအရိုးများ၏ တန်ဖိုးမှာ အံ့သြဖွယ်ကောင်းလိမ့်မည်။
"ထူးဆန်းလိုက်တာ... မျိုးနွယ်စုတစ်ရာစစ်မြေပြင်ဆိုပေမဲ့ အရိုးတွေ ဒီလောက်အများကြီးက တစ်နေရာတည်းမှာ စုပြုံရှိနေမှာ မဟုတ်ဘူး။ နေရာအနှံ့ ပြန့်ကျဲနေသင့်တယ်။ တစ်ယောက်ယောက်က ဒီအလောင်းတွေကို ဒီနေရာမှာ တမင်တကာ စုစည်းထားတာများလား"
လုမင် မှန်းဆ လိုက်သည်။
"ဒါဆိုရင် ဒီမှာ နဂါးအရိုးရော ရှိနိုင်မလား"
ရုတ်တရက်၊ လုမင်၏ မျက်လုံးများ တောက်ပလာသည်။
မျိုးနွယ်စုတစ်ရာ စစ်ပွဲတွင် နဂါးမျိုးနွယ်လည်း ပါဝင်ခဲ့သည်။ အကယ်၍ နဂါးအရိုးအချို့ကို ရှာတွေ့နိုင်ပါက၊ သူ၏ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကို ဖွံ့ဖြိုးတိုးတက်စေလိမ့်မည်။
အကယ်၍ သူသ မြေကမ္ဘာ ဝိညာဉ်ခန္ဓာ အမျိုးအစားကို ဖြတ်ကျော်ပြီး အဆင့်နိမ့် ကောင်းကင် ဝိညာဉ်ခန္ဓာသို့ ပြောင်းလဲနိုင်ခဲ့ပါက... လုမင်၏ စွမ်းအားများမှာ တဟုန်ထိုး တက်လာမည်ဖြစ်သည်။
"ရှာကြည့်ရအောင်"
လုမင်လည်း တွေးရင်း စိတ်လှုပ်ရှားလာတော့သည်။
ဤအရိုးများတွင် ဝိညာဉ်အနှစ်သာရ အများစု ဆုံးရှုံးသွားသော်လည်း၊ လုံလောက်အောင် ရှာဖွေနိုင်သရွေ့ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကို ဆက်လက်တိုးတက်စေနိုင်သည်။
လုမင်လည်း ပိုမို နက်ရှိုင်းစွာ ဝင်ရောက်ရင်း မြေကွက်ကျယ်တစ်နေရာသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် အရိုးစုဖြူဖြူများ ပြည့်နှက်နေ၏။ အရိုးစုကမ္ဘာကို ရောက်သွားသကဲ့သို့ တစ်ချက်ကြည့်ရုံဖြင့် အဆုံးကိုပင် မမြင်နိုင်တော့ပေ။