← Chapters

အခန်း ၁၆၀၂

Vol. 107 Ch. 1602

အခန်း ၁၆၀၂

Vol. 107 Ch. 1602

အပိုင်း ( 1602 ) ဝိညာဉ်ခန္ဓာ ဆင့်ကဲဖြစ်စဉ်။

"ဂါး... ဂရား"

ပတ်ဝန်းကျင် နေရာအနှံ့မှ နတ်ဆိုးသတ္တဝါများ၏ ဟိန်းဟောက်သံများကို မကြာခဏဆိုသလို ကြားနေရသည်။ သို့သော်လည်း ငရဲဖိနှိပ်ကျောက်စာချပ်ကြောင့် နတ်ဆိုးသတ္တဝါအားလုံးက လုမင်နှင့် အဝေးတွင်သာ‌ နေခဲ့ကြပေသည်။

"အစွမ်းထက်တဲ့ နတ်ဆိုးသတ္တဝါတွေ အများကြီးပါလား။ သူတော်စင်နယ်ပယ် နတ်ဆိုးသတ္တဝါက တစ်ကောင်မကဘူး"

လုမင်လည်း ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် တုန်လှုပ်သွားခဲ့သည်။

ဤနေရာတွင် စွမ်းအားကြီးမားသော အရှိန်အဝါများဖြင့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများစွာကို သူ ခံစားခဲ့ရပေသည်။

ကံကောင်းထောက်မစွာဖြင့်၊ သူ့တွင် ဤနတ်ဆိုးသတ္တဝါများကို ဟန့်တားရန်အတွက် ငရဲဖိနှိပ်ကျောက်စာချပ် ရှိသည်။ မဟုတ်ပါက နတ်ဆိုးသတ္တဝါများ၏ သတ်ဖြတ်ခြင်းကို ခံရလိုက်ရလိမ့်မည်။

"အဲဒီမှာ နဂါးအရိုးပဲ"

ရုတ်​တရက်​၊ လုမင်၏ မျက်​လုံး​များက ​တောက်​ပလာကာ ​ရှေ့ကို ​လျှောက်​သွားသည်​။

မီတာရာနှင့်ချီရှည်လျားသော အရိုးစုတစ်ခုက မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ ဝမ်းဗိုက်အောက်တွင်လည်း နဂါးခြေသည်းငါးချောင်း ရှိ၏။ ယင်းက နဂါးအရိုးစုမဟုတ်လျှင် ဘာဖြစ်ရဦးမည်နည်း။

လုမင် အလွန်ဝမ်းသာသွားသည်။ ဤနေရာတွင် နဂါးအရိုး အမှန်တကယ် ရှိနေပြီ။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဝိညာဉ်အနှစ်သာရ ဆုံးရှုံးတာက အရမ်းများလွန်းတယ်"

လုမင်လည်း နဂါးအရိုး၏ဘေးသို့ လျှောက်သွားကာ ဂရုတစိုက် ကြည့်ရှုပြီးနောက် သက်ပြင်းအနည်းငယ် ချလိုက်မိလေသည်။

ဤနဂါးအရိုးက အလွန်ကြီးမားသော်လည်း ဝိညာဉ်အနှစ်သာရ များစွာမကျန်တော့ပါ။ ဤနဂါးအရိုးဖြင့် သူ၏ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကို ဆင့်ကဲပြောင်းလဲစေရန် မဖြစ်နိုင်သလောက်ပင်။

"ဒီမှာ နဂါးအရိုး တစ်ခုတည်းတော့ မဟုတ်လောက်ပါဘူး။ ငါ လိုက်ရှာဦးမယ်"

လုမင်လည်း ပတ်ဝန်းကျင်ကို စတင်ရှာဖွေခဲ့သည်။

ဤနေရာက အလွန်ကျယ်ပြောသော်လည်း အရိုးများဖြင့် ပြည့်နေသည်။ ထို့ပြင်၊ လေထဲတွင် ပြည့်နှက်နေသည့် မှုန်မှိုင်းသော နတ်ဆိုးချီများကြောင့်လည်း မြင်နိုင်စွမ်းက များစွာ နိမ့်ကျသွားရပြီ။

လုမင်လည်း ဖြည်းဖြည်းချင်းသာ ရှာဖွေနိုင်ခဲ့သည်။

မကြာမီ၊ လုမင်ဟာ ဝိညာဉ်အနှစ်သာရများစွာ ဆုံးရှုံးထားသော နောက်ထပ် နဂါးအရိုးကို တွေ့ရှိခဲ့သည်။ လုမင်က ထိုနဂါးအရိုးကို ပထမနဂါးအရိုးဆီသို့ ဆွဲယူသွားပြီး ပုံထားလိုက်၏။

ထို့နောက် ဆက်လက်ရှာဖွေခဲ့ပေသည်။

နေ့ဝက်ခန့် ကြာပြီးနောက် လုမင်ဟာ စုစုပေါင်း ဧရာမ နဂါးအရိုးဆယ်ခုကို ရှာတွေ့ခဲ့သည်။

ဤနဂါးအရိုးများသည် ၎င်းတို့ အသက်ရှင်နေစဥ်အချိန်က သူတော်စင်နယ်ပယ်များ သေချာပေါက် ဖြစ်နိုင်သည်။ တောက်ပသော သူတော်စင်နယ်ပယ်ထက်ပင် ပို၍ အားကောင်းလိမ့်ဦးမည်။

သို့သော်လည်း သူတို့အားလုံး တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်။

နဂါးအရိုးဆယ်ခုကို ရှာတွေ့ပြီးနောက် လုမင်ဟာ ထပ်မံရှာဖွေခဲ့သော်လည်း နောက်ထပ် နဂါးအရိုးအသစ် မတွေ့ခဲ့တော့ပေ။

"ဒီနေရာမှာ နဂါးအရိုးက ဒါအကုန်ပဲထင်တယ်။ နဂါးအရိုး ဆယ်ခုက လုံလောက်သင့်ပါတယ်"

လုမင်လည်း မျှော်လင့်ချက်အပြည့်ဖြင့် နဂါးအရိုးများ စုပုံထားသည့်နေရာကို ပြန်လာခဲ့သည်။

နေရာမှာတော့ နဂါးအရိုးဆယ်ခုက တောင်ငယ်တစ်ခုကဲ့သို့ စုပုံထားပေသည်။

ချက်ခြင်းဆိုသလိုပင် လုမင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ထံမှ ဝါးမျိုခြင်းစွမ်းအား ထွက်ပေါ်လာပြီး နဂါးအရိုးစုများကို ဖုံးလွှမ်းသွား၏။ သူက နဂါးအရိုးများအတွင်းမှ ဝိညာဉ်အနှစ်သာရကို ဝါးမျိုပြီး နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာကို စတင်လေ့ကျင့်လိုက်တော့သည်။

ဤနေရာမှာ သူ့အတွက်တော့ လေ့ကျင့်ရန် အသင့်တော်ဆုံးနေရာ ဖြစ်သည်။ ငရဲဖိနှိပ်ကျောက်စာချပ်ကြောင့်လည်း ထိုနတ်ဆိုးသတ္တဝါများက သူ့အနီးသို့ပင် မသီရဲကြပေ။ တခြား ကျင့်ကြံသူများအတွက် အခက်အခဲများသော်လည်း... သူ့အတွက်တော့ ဤနေရာမှာ အကောင်းဆုံး ဖြစ်သည်။

ဝါးမျိုခြင်းစွမ်းအားဖြင့် နဂါးအရိုး၏ အနှစ်သာရကို အဆက်မပြတ် ဝါးမျိုနေခဲ့သည်။ စွမ်းအင်အနှစ်သာရများက လုမင်၏ ဝိညာဉ်ခန္ဓာထဲသို့ စိမ့်ဝင်သွား၏။

လုမင်၏ ခန္ဓာကိုယ်က အလင်းရောင်ဖျော့ဖျော့ ထွက်လာပြီး ခပ်တိုးတိုး နဂါးဟိန်းဟောက်သံများကို ကြားလာရတော့သည်။

နဂါးအရိုးများ၏ ဝိညာဉ်အနှစ်သာရက လုမင်၏ ခန္ဓာကိုယ်ထဲတွင် ဆက်လက်စုစည်းနေခဲ့သည်။ သူ့ခန္ဓာကိုယ် နက်နဲရာသို့ စိမ့်ဝင်သွား၏။ အနှစ်သာရများကို အဆင့်တစ်ခုအထိ စုဆောင်းနိုင်သမျှ၊ လုမင်၏ ဝိညာဉ်ခန္ဓာက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ပေါ်လာကာ ပိုမြင့်မားသော အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားလိမ့်မည်။

ထိုကဲ့သို့ဖြင့်၊ လုမင်ဟာ အေးအေးလူလူ လေ့ကျင့်နေခဲ့သည်။ အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း လဝက်ကုန်လွန်သွားပြီ။

"ဂါး"

လုမင်၏ ခန္ဓာကိုယ်တွင်းမှ နဂါးဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာကာ ကောင်းကင်ကိုးဆင့်ကို တုန်လှုပ်စေခဲ့သည်။

နဂါးဟိန်းသံကြောင့် နဂါးအရိုးဆယ်ခုက တုန်ခါသွား၏။ ချက်ချင်းဆိုသလိုပင်၊ နဂါးအရိုးများက ပြာများအဖြစ်သို့ ပြောင်းလဲပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲသွားတော့သည်။

နဂါးအရိုးများရှိ ဝိညာဉ်အနှစ်သာရ အားလုံးကို လုမင်က စုပ်ယူသွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ပေရာ၊ သဘာဝအတိုင်း ပြာမှုန်ဖြစ်သွားရတော့သည်။

"ဂါး"

ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်ထဲမှ နဂါးဟိန်းဟောက်သံက ပို၍ ကျယ်လောင်လာသည်။ နောက်ဆုံးတွင်၊ လုမင်၏ ဦးခေါင်းထက်ရှိ လေထဲတွင် ကြီးမားသော နဝမနဂါးပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ နဝမနဂါးက လေထဲတွင် ကခုန်ကာ လှည့်ပတ်ပျံဝဲနေတော့သည်။

ကောင်းကင်နှင့်မြေပြင်၏ ရူပါရုံ။

ကောင်းကင်နှင့်မြေပြင်၏ ရူပါရုံတစ်ခု ပေါ်လာခြင်းဖြင့် လုမင်၏ ဝိညာဉ်ခန္ဓာမှာ ကောင်းကင်အဆင့် ဝိညာဉ်ခန္ဓာသို့ တရားဝင်ရောက်ရှိသွားပြီဖြစ်ကြောင်း ထင်ရှားသည်။

"ဝမ်"

လုမင် ရုတ်​တရက်​ မျက်​လုံးဖွင့်​လိုက်​သည်​။ သူက ခုန်ထပြီး လေထဲသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသည့် လက်သီးအင်အားတစ်ခုက လေကိုခွင်းပြီး အဝေးမှ နတ်ဆိုးတစ်ကောင်ဆီသို့ ကျရောက်သွားတော့သည်။

ထိုနတ်ဆိုးသတ္တဝါမှာ လက်သီးအင်အားကြောင့် လွင့်စဉ်သွားခဲ့သည်။ ထို့နောက် မြေပြင်ပေါ်သို့ ပြန်ကျလာပြီး မီတာရာဂဏန်းမျှ ထပ်မံ လျှောကျသွားပေသည်။

"ဒီစွမ်းအားမျိုး..."

လုမင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ထိုနတ်ဆိုးက သူတော်စင်တစ်ပိုင်းအဆင့် အင်အားမျိုး ရှိ၏။ ၎င်းက သာမန် သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးသတ္တဝါဖြစ်သော်လည်း လုမင်၏ လက်သီးချက်ဖြင့် လွင့်စဉ်သွားခဲ့သေးသည်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်တွင် ရှိနေဆဲ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့ပြီ။ လက်ရှိ သူဟာ ယခင်ကထက် များစွာပို၍ သန်မာလာခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဝိညာဉ်ခန္ဓာက အလွန်သန်မာပြီး မြေကမ္ဘာ ဝိညာဉ်ခန္ဓာများ နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။

"ဝှစ်"

လုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး နတ်ဆိုး သတ္တဝါဆီသို့ ပြေးသွားသည်။ ငရဲဖိနှိပ်ကျောက်စာချပ်ကလည်း မျောလွင့်ပြီး လိုက်ပါလာ၏။ ထိုအခါ နတ်ဆိုးသတ္တဝါက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်ပြီး လှည့်ထွက်ပြေးသွားတော့သည်။

"အာ... ထားပါ၊ ဒီနတ်ဆိုးသတ္တဝါတွေက ငရဲဖိနှိပ်ကျောက်စာချပ်ရှိနေရင် ငါ့ကို မတိုက်ခိုက်ဝံ့ဘူး။ ဒါပေမဲ့... ငရဲဖိနှိပ်ကျောက်စာချပ်ကို ဖယ်ရှားလိုက်ရင်တော့ ငါ့ကို ဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ်

လုမင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

မူလက သူဟာ သူတော်စင်အဆင့်မှ နတ်ဆိုးသတ္တဝါတချို့ကို ဖမ်းဆီးနိုင်မလားဟု ကြိုးစားကြည့်လိုသော်လည်း၊ ယခုတော့ နည်းလမ်းမရှိတော့ပုံပင်။

'လဝက်လောက်ရှိပြီ၊ ငါလည်း ထွက်သွားဖို့ အချိန်တန်ပြီ။ တစ်နေရာတည်းမှာ ပုန်းအောင်းနေပြီး လေ့ကျင်လို့မရဘူး'

လုမင်လည်း စိတ်ထဲမှတွေးရင်း ချိုင့်ဝှမ်းထဲမှ ထွက်ခဲ့သည်။

သူ့တွင် မိစ္ဆာနတ်ဆိုးကျောက်များ အလုံအလောက်ရှိပြီး အချိန်အတန်ကြာ အသုံးပြုရန် လုံလောက်ပေသည်။

မကြာမီ၊ သူက ချိုင့်ဝှမ်းထဲမှထွက်လာပြီး ငရဲဖိနှိပ်ကျောက်စာချပ်ကို ဖယ်ရှားလိုက်သည်။ သူက အနက်ရောင်တောင်ပံများကိုခတ်ပြီး ဤဧရိယာ၏ ထွက်ပေါက်ဆီသို့ ပျံသန်းသွား၏။

လမ်းတွင်လည်း သူဟာ မိစ္ဆာနတ်ဆိုးကျောက်များကိ လိုက်ရှာနေသော အခြားလူအချို့ကို တွေ့ခဲ့ရသေးသည်။

လုမင်ကတော့ မရပ်ပေ။ သူက အနက်ရောင်တောင်ပံများကိုခတ်ကာ အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းသွားခဲ့သည်။

မကြာမီ၊ ထွက်ပေါက်ကို တွေ့လိုက်ရ၏။ ၎င်းသည် သူဝင်ရောက်လာသော အက်ကွဲကြောင်းဖြစ်သည်။ လုမင်လည်း အက်ကွဲကြောင်းမှ တိုက်ရိုက် ပျံသန်းသွားတော့သည်။

လုမင်မှာ အက်ကွဲကြောင်းမှ ပြေးထွက်လာပြီးနောက် သူ့မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူ့အပေါ်သို့ ကြီးမားသော အန္တရာယ်တစ်ခု ကျရောက်လာသလို သူ ခံစားလိုက်ရသည်။

"ရွှစ်"

လှိုင်းတစ်ခုက လုမင်၏ လည်မြိုသို့ ကျရောက်လာ၏။ ကြောက်မက်ဖွယ်ကောင်းအောင် ထက်မြိမှုက လုမင်၏ ကြွက်သားများကို တင်းမာသွားစေခဲ့သည်။

"ဝုန်း"

လုမင် မတုံ့ဆိုင်းတော့ဘဲ လက်သီးဖြင့် ထိုးချလိုက်သည်။

"ထန်"

ဤလက်သီးချက်က ဓားတစ်လက်ကို ထိမှန်သွားပုံရသည်။ ခပ်တိုးတိုး အသံနှင့်အတူ လုမင်၏လက်သီးက ဓားအလင်းကို ချေဖျက်ခဲ့၏။ သို့တိုင်၊ ကြောက်မက်ဖွယ်ကောင်းသော ထက်မြိမှုက လုမင်၏လည်ပင်းတွင် သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့သေးသည်။

ထို့ပြင်၊ ဓားချီက ကြိုးတစ်ချောင်းကဲ့သို့ လုမင်၏လက်သီးမှတဆင့် လက်တစ်ဖက်လုံးသို့ စီးဆင်းလာခဲ့သည်။

လုမင်၏ လက်မောင်းကြွက်သားများက တုန်ခါသွားပြီး ဓားချီကို ဖျက်ဆီးပစ်လိုက်သည်။

"ဝှစ်... ဝှစ်"

လေတိုးသံသဲ့သဲ့ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ကြောက်စရာကောင်းသော ထက်မြိမှု နှစ်ခုက လုမင်၏ သေကွင်းသေကွင်းများသို့ ဦးတည်လာသည်။

"နောက်ဆုတ်"

လုမင်လည်း လျင်မြန်စွာ နောက်ပြန်ဆုတ်သွား၏။ အက်ကြောင်းအတွင်းသို့ ဆုတ်ခွာပြီးနောက် လေထဲတွင် ရပ်လိုက်သည်။

"သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်က လူတွေ"

လုမင်၏ မျက်လုံးများက စူးရှသော အလင်းတန်းတစ်ခု လင်းလက်လာသည်။

သတ်ဖြတ်ခြင်းတစ်သောင်း အိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူများသည် နောက်ဆုံးတွင် သူ့ကို တွေ့ရှိခဲ့ကြပြီ။

"ငါ့အိမ်တော်က လူတွေကို သတ်ဝံ့မှတော့ မင်းလည်း သေဖို့အချိန်တန်ပြီ"

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လုမင်ရှေ့တွင် လူနှစ်ယောက် ပေါ်လာသည်။ သူတို့နှစ်ဦးစလုံးက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထား၏။ သူတို့ထံမှ အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေပြီး သူတော်စင်တစ်ပိုင်းအဆင့် အရှိန်အဝါများလည်း ဖြာထွက်နေတော့သည်။

သူတော်စင်တစ်ပိုင်းအဆင့်...

အနက်ရောင် ၀တ်စုံဝတ် လူနှစ်ယောက်က အမှန်တကယ်ပင် သူတော်စင်တစ်ပိုင်းများ ဖြစ်ကြသည်။

"သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်က ငါ့ကို တကယ် အထင်ကြီးနေတာပဲ။ ငါ့ကိုသတ်ဖို့အတွက် သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးကိုတောင် လွှတ်လိုက်တယ်"

လုမင် ပြောလိုက်သည်။

"အဲဒါကြောင့်ပဲ ငါ့သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လက်ကနေ ဘယ်သူမှ မလွတ်မြောက်နိုင်တာပေါ့"

အနက်ရောင် ၀တ်စုံဝတ် လူတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။

စင်စစ်တွင်၊ အသတ်ခံလိုက်ရသော လူများက အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူများသာ ဖြစ်သည်။ သို့သော်လည်း ယခုအခါ၊ လုမင်ကိုသတ်ရန် သူတော်စင်တစ်ပိုင်းအဆင့် လူသတ်သမားနှစ်ဦးကို တိုက်ရိုက် စေလွှတ်လာခဲ့ပြီ။ ယင်းက တိကျသေချာသော အစီစဉ် ဖြစ်သည်။

All Chapters