← Chapters

အခန်း ၁၆၀၃

Vol. 107 Ch. 1603

အခန်း ၁၆၀၃

Vol. 107 Ch. 1603

အပိုင်း ( 1603 ) သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှင့် တိုက်ပွဲ။

"တိုက်ခိုက်ကြစို့"

နဂါးနက်လှံက လုမင်၏လက်ထဲတွင် ပေါ်လာခဲ့သည်။ အနက်ရောင်တောင်ပံများကို ဖြန့်ကျက်လိုက်၏။ လုမင်၏ မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်ချင်စိတ်တို့ ပြည့်နှက်လာတော့သည်။

လုပ်ကြံသတ်ဖြတ်သူနှစ်ဦး၏ အရှိန်အဝါများအရ အန္တိမတာအိုနယ်မြေကို နားလည်ထားသော ပထမအဆင့် သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူများဖြစ်ကြောင်း ထင်ရှားသည်။

ယခုအခါ၊ လုမင်၏ ဝိညာဉ်ခန္ဓာကလည်း တိုးတက်လာပြီး အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာ ဖြစ်နေပြီ။ ထို့ကြောင့် လက်ရှိ သူ၏ တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ကြည့်ချင်သည်။

သူ၏ ဝိညာဉ်ခန္ဓာ မပြောင်းလဲမီကပင် လုမင်ဟာ သာမန် ပထမအဆင့် သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူကို တိုက်ခိုက်နိုင်မည်ဟု ယုံကြည်မှုရှိခဲ့သည်။

သာမန် ပထမအဆင့် သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူဆိုသည်မှာ အဘယ်နည်း။ ယင်းက သာမန်ဝိညာဉ်ခန္ဓာ သို့တည်းမဟုတ် မြေကမ္ဘာ အဆင့်နိမ့် ဝိညာဉ်ခန္ဓာပိုင်ရှင်မှ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။

သို့ရာတွင်၊ သူ့ရှေ့မှ လုပ်ကြံသတ်ဖြတ်သူနှစ်ဦးမှာမူ မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာများ ရှိနေကြကြောင်း ထင်ရှားသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက သာမန် သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပါ။

"မင်းလို သတ္တမအဆင့် သိုင်းအုပ်ချုပ်သူကိုသတ်ဖို့ ငါတို့နှစ်ယောက် ပူးပေါင်းနေစရာ မလိုပါဘူး။ ငါတစ်ယောက်တည်းက လုံလောက်ပြီ"

ဝတ်စုံနက်ဝတ် လူသတ်သမားတစ်ယောက်က ရှေ့သို့ တိုးလာခဲ့သည်။ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ဓားတစ်ချောင်းက သူ့လက်ထဲတွင် ပေါ်လာ၏။

အခြား လူသတ်သမားကမူ မလှုပ်ရှားဘဲ လေထဲတွင် ရပ်နေခဲ့သည်။

"ဝှစ်"

ဝတ်စုံနက်ဝတ် လူသတ်သမားက စတင်လှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်သည်နှင့် လေထဲတွင် သဲလွန်စရှာမရအောင် ပျောက်ကွယ်သွား၏။

"ဝှစ်"

ရုတ်တရက်၊ လုမင်​၏ အနောက်မှ လေထုကို ထိုးခွဲသွားသော အသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။ စူးရှသော ဓားအလင်းတစ်ခုက လုမင်၏ နောက်ကျောဆီသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။

မြန်ဆန်လွန်းလှသည်။ လုပ်ကြံသတ်ဖြတ်သူက ယခုမှ လှုပ်ရှားခဲ့သော်လည်း၊ လုမင်၏ နောက်ကွယ်တွင် သူ ပေါ်လာနေပြီ။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လုပ်ကြံသတ်ဖြတ်မှုနည်းလမ်းက အမှန်တကယ် ကြောက်စရာကောင်းလှသည်။

"ဝှစ်"

နဂါးနက်လှံက တုန်ခါပြီး နောက်ဘက်သို့ လှည့်ထိုးလိုက်သည်။

သို့သော် နဂါးနက်လှံ ဖြတ်သွားသောအခါ စူးရှသော အငွေ့အသက်က ပျောက်ကွယ်သွားခဲ့သည်။ နောက်အခိုက်အတန့်တွင်၊ စူးရှသော အငွေ့အသက်က လုမင်အရှေ့မှ ပြန်ပေါ်လာခဲ့၏။ ဓားအလင်းက ကြောက်စရာကောင်းလွန်းသဖြင့် မကျရောက်လာသေးသော်လည်း သူ့ခန္ဓာကိုယ် တင်းမာသလို ခံစားလာရတော့သည်။

"ဝှစ်"

လုမင်က အနက်ရောင်တောင်ပံများကို ထိန်းချုပ်ကာ ကောင်းကင်ဓားသွားကဲ့သို့ ရှေ့ကိုခုတ်လိုက်သည်။

သို့သော်လည်း ယခင်ကကဲ့သို့ပင် အနက်ရောင်တောင်ပံများက လေကိုဖြတ်သန်းသွားခဲ့သည်။ လူသတ်သမားက တစ်ဖန် ပျောက်ကွယ်သွားခဲ့ပြီ။

လူသတ်သမား၏ အရှိန်က မြန်လွန်းသည်။ သူ တိုက်ခိုက်သောအခါ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်း၏။ လုမင်အား အချိန်မရွေး နေရာပေါင်းစုံမှ တိုက်ခိုက်နိုင်သည်။

"ဝှစ်... ဝှစ်"

လေတိုးသံများကို ရုတ်တရက် ကြားလိုက်ရသည်။ အသံများအရ အရပ်ရပ်မှ တိုက်ခိုက်နေပုံရ၏။ ခဏချင်းတော့ လုမင်ဟာ ဘယ်ဘက်က အစစ်၊ ဘယ်ဟာက အတုမှန်း မသိနိုင်တော့ပေ။

"သွားစမ်း"

လုမင်လည်း အင်အားပြင်းထန်စွာဖြင့် နဂါးနက်လှံကို အရပ်ရပ်သို့ ထိုးနှက်ပစ်လိုက်သည်။ သို့သော်... လှံချက် ဖြတ်သွားသောအခါ ဘာကိုမျှ ရှိမနေခဲ့ပေ။

'သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း နည်းလမ်းတွေက တကယ်ကို အံ့ဩစရာပဲ။ ဒါပေမဲ့... အဲဒါက သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဖုံးကွယ်နိုင်ပေမဲ့ ဝိညာဉ်အတက်အကျကိုတော့ ဖုံးကွယ်လို့ ခက်ခဲတယ်'

လုမင်က သူ့စိတ်ထဲမှတွေးရင်း မျက်လုံးများကိုမှိတ်လိုက်သည်။ သူက တစ်ဖက်လူ၏ စိတ်ဝိညာဉ်အတက်အကျကို ခံစားရန် ဝိညာဉ်စွမ်းအင်ကို ဖြန့်ကျက်လိုက်၏။

"တွေ့ပြီ"

ရုတ်တရက်၊ လုမင်ဟာ မထင်မရှား ဝိညာဉ်အတက်အကျ‌တစ်ခုကို ခံစားလိုက်ရသည်။ လုမင် မတုံ့ဆိုင်းတော့ပေ။ သူက လှံနှင့်တစ်သားတည်းဖြစ်လာပြီး ထိုလမ်းကြောင်းအတိုင်း ထိုးသွင်းလိုက်၏။

"ထန်"

သံသံချင်း ထိခတ်သံထွက်ပေါ်လာပြီး အနက်ရောင် လူရိပ်တစ်ခု ပေါ်လာတော့သည်။

"မင်းက သတ္တမအလွှာ သိုင်းအုပ်ချုပ်သူပေပဲ၊ ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်စွမ်းအားက တော်တော်အားကောင်းတယ်။ ငါ့ရဲ့ စိတ်ဝိညာဉ်လှိုင်းတွေကနေ ငါ့ကို တကယ်ကြီးရှာနိုင်ခဲ့တယ်"

ဝတ်စုံနက်ဝတ် လူသတ်သမားမှာ အနည်းငယ် အံ့ဩသွားပုံသည်။

"မင်းရဲ့ လျှို့ဝှက်နည်းလမ်းက ငါ့အတွက် အသုံးမဝင်ဘူး"

လုမင် ပြောလိုက်သည်။

"ဟားဟားဟား၊ ငါက မင်းရဲ့စွမ်းရည်ကို စမ်းသပ်နေရုံရှိသေးတာ... ငါ့ရဲ့ ဖုံးကွယ်မှုနည်းလမ်းက အသုံးမဝင်မှတော့ မင်းကို ထိပ်တိုက်ရင်ဆိုင်ပြီး သတ်ပစ်လိုက်ရုံပေါ့"

လူသတ်သမားက အေးစက်စက် ရယ်မောလိုက်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်မှာလည်း ပို၍ ပြင်းထန်လာပြီ။

"ဝှစ်"

ဝတ်စုံနက်ဝတ် လူသတ်သမားက လှုပ်ရှားလိုက်သည်။ သူက အလွန်လျင်မြန်ကာ အနက်ရောင် အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်၏။ နောက်ဆက်တွဲ ပုံရိပ်များပင် ကျန်ရစ်ခဲ့သေးသည်။ ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုကလည်း လေထုကိုဖြတ်ပြီး လုမင်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဖုံးကွယ်ခြင်းက မလုံလောက်သောကြောင့် ထိပ်တိုက် ရင်ဆိုင်ရုံသာ ရှိတော့သည်။

ထိပ်တိုက်ရင်ဆိုင်မှုတွင် လုမင်က လုံးဝ မကြောက်ပေ။ လှံဖြင့် ထိုးသွင်းလိုက်ချိန်တွင် သူ့ခန္ဓာကိုယ်တွင်းမှ နဂါးဟိန်းသံကို ကြားလိုက်ရသည်။

"ဝုန်း"

လှံနှင့်ဓားတို့ ထိပ်တိုက်တွေ့သွား၏။ လုမင်လည်း တစ်ဖက်လူ၏ ဓားမှ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားတစ်ခုက နဂါးနက်လှံတလျှောက် သူ့ဆီသို့ တိုးဝင်လာသလို ခံစားလိုက်ရတော့သည်။

လုမင်က ထိုစွမ်းအားကို ချေဖျက်ရန် ယွမ်ချီစွမ်းအင်နှင့် ကစဉ့်ကလျားတာအိုနယ်မြေကို ဖြန့်ကျက်လိုက်သည်။

ပုံရိပ်နှစ်ခုက တပြိုင်နက်တည်း နောက်ပြန်ဆုတ်သွားကြလေသည်။

"အန္တိမ ဟင်းလင်းပြင်ဖောက် တာအိုနယ်မြေ"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

တစ်ဖက်လူ၏ တာအိုနယ်မြေက နဝမအဆင့် တာအိုနယ်မြေကို ကျော်လွန်ပြီး အန္တိမ တာအိုနယ်မြေအဆင့်သို့ ရောက်သွားပြီ။ ထို့ပြင်၊ ၎င်းက အလွန်ကြောက်စရာကောင်းသည့် ထိုးဖောက်ခြင်းစွမ်းအားဖြင့် ဟင်းလင်းပြင်ဖောက် တာအိုနယ်မြေ ဖြစ်သည်။

"သတ်"

ဝတ်စုံနက်ဝတ်လူက နောက်ဆုတ်သွားပြီးနောက်၊ လုမင်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။ ညကောင်းကင်ယံမှ ကြယ်များကဲ့သို့ ကောင်းကင်တွင် ဓားအလင်းများစွာ တောက်ပလာ၏။

လုမင်လည်း လှံရှည်ကို တစ်ချက်လှုပ်ပြီး လှံအရိပ်များစွာကို ထုတ်ဖော်လိုက်တော့သည်။

ပြင်းထန်စွာ တိုက်မိသော အသံများ ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့နှစ်ယောက်ဟာ တိုက်ခိုက်မှု ဒါဇင်နှင့်ချီ ရင်ဆိုင်ပြီးသွားပြီ။

"ဝှစ်"

ဝတ်စုံနက်ဝတ် လူသတ်သမားက လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။

သူက အံ့အားသင့်မှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် လုမင်ကို ကြည့်လိုက်၏။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို ထိုမျှ ကြောက်စရာကောင်းမည်ဟု သူ မမျှော်လင့်ထားမိကြောင်း ထင်ရှားသည်။

အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေသော အခြား လုပ်ကြံသတ်ဖြတ်သူ၏ အမူအရာမှာလည်း လေးနက်လာပေသည်။

"ဒါပဲလား... မင်းမှာရှိတာက ဒါအကုန်ပဲလား"

လုမင်က လှောင်ပြောင်လိုက်သည်။

"တကယ်ကို မင်းမှာ ကောင်းကင်ဝိညာဉ်ခန္ဓာ ရှိတာပဲ။ ငါ့သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ ပါရမီရှင်နှစ်ယောက်ကို မင်း သတ်နိုင်ခဲ့တာ မအံ့ဩတော့ပါဘူး။ ဒါပေမဲ့... မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အားနည်းလွန်းတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်သာ အခုထက် နှစ်ဆင့်လောက်ပိုမြင့်ရင် ငါ မင်းရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့... အခုတော့ မင်း သေရဦးမှာပဲ"

ဝတ်စုံနက်ဝတ် လူသတ်သမားက အေးစက်စက် ပြောလိုက်သည်။ သူ့လက်ထဲမှ ဓားရှည်က ထူးဆန်းသော အနက်ရောင်အလင်းလွှာတစ်ခု ဖြာထွက်လာ၏။

"သတ်ဖြတ်ခြင်းတစ်သောင်း ဓားသိုင်း၊ ဆယ်လွှာ ခုတ်ပိုင်းခြင်း"

"ဝှစ်"

ဝတ်စုံနက်ဝတ် လူသတ်သမား၏ ပုံရိပ်က ချက်ချင်းဆိုသလို ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့သည်။ အင်မော်တယ်တစ်ပါး ပျံသွားသကဲ့သို့ ဓားအလင်းမှာလည်း အလွန်ကြောက်စရာကောင်းသည်။ သူက မျက်စိတစ်မှိတ်အတွင်း ဓားဆယ်ချက် ထုတ်ဖော်လိုက်၏။ ဓားအလင်းတစ်ခုစီက ကြောက်ခမန်းလိလိ စွမ်းအားများကို သယ်ဆောင်လာတော့သည်။

ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း သိုင်းပညာတစ်မျိုး ဖြစ်သည်။

လုမင်၏ မျက်လုံးများက လေးနက်လာခဲ့သည်။

သူ့ခန္ဓာကိုယ် ကြွက်သားများက ဖောင်းကြွလာ၏။ ဤအခိုက်တွင်၊ သူ့လက်ထံမှ နဂါးနက်လှံက အနက်ရောင် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

"ဝုန်း... ဝုန်း"

အဆက်မပြတ် တိုက်မိရာမှ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များက လှံတစ်လျှောက် စီးဆင်းပြီး လုမင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွား၏။ သို့သော်လည်း လုမင်၏ အစွမ်းထက်သော ခန္ဓာကိုယ်က ချေဖျက်နိုင်ခဲ့သည်။

"သတ်ဖြတ်ခြင်းတစ်သောင်း ဓားသိုင်း၊ လူတစ်ရာကို သတ်ဖြတ်ခြင်း"

ဓားအလင်းတန်းများ ထပ်မံ ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။

ဓားတစ်ချက်ဖြင့် လူတစ်ရာကို သတ်နိုင်သကဲ့သို့ပင်။

လုမင် မာန်သွင်း ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ အားကောင်းသော တိုက်ခိုက်ချင်စိတ်က မိုးထိအောင် ဖြာတက်သွား၏။

"ဝုန်း"

လုမင်၏ ပခုံးတွင် ဓားဒဏ်ရာတစ်ခု ပေါ်လာသည်။ သို့ရာတွင်... လုမင်၏ စွမ်းအားကြီးသော ဝိညာဉ်ခန္ဓာအောက်တွင် ခဏချင်း ပြန်ကောင်းသွားတော့သည်။

အမှန်အတိုင်း ဝန်ခံရလျှင်၊ ဝတ်စုံနက်ဝတ် လူသတ်သမား၏ အင်အားက သန်မာလွန်းလှသည်။ ထို့ထက် အရေးကြီးဆုံးက၊ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအခြေခံမှာ လုမင်ထက် များစွာပို၍ မြင့်မားနေခြင်းပင်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံက သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သာ ဖြစ်သည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းကတော့ ပထမအဆင့် သူတော်စင်တစ်ပိုင်း ဖြစ်နေပြီ။

နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်နှင့် ပထမအဆင့် သူတော်စင်တစ်ပိုင်းကြားမှ ကွာဟချက်သည်ပင် သာမန် အလွှာတစ်ခြားသကဲ့သို့ မရိုးရှင်းပေ။ ထို့ကြောင့် ပထမအဆင့် သူတော်စင်တစ်ပိုင်းနှင့် သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်အကြား ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

အကယ်၍ သူ့ပြိုင်ဘက်က သာမန် သူတော်စင်တစ်ပိုင်းဖြစ်လျှင်၊ လုမင်ဟာ အလွယ်တကူ ဖိနှိပ်နိုင်မည် ဖြစ်သည်။ သို့ရာတွင်... တစ်ဖက်လူက မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာရှိသော ပါရမီရှင်တစ်ဦး ဖြစ်ချေသည်။

တိုက်ကွက်တစ်ရာခန့် ရင်ဆိုင်ပြီးသော်လည်း လုမင်က အရေးနိမ့်နေဆဲ ဖြစ်သည်။

'မလုံလောက်သေးဘူး... ဝေး‌နေသေးတယ်'

လုမင်က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

လက်ရှိဖိအားမျိုးက သေခြင်းရှင်ခြင်း တိုက်ပွဲအတွင်း၌ အလားအလာ ပေါက်ကွဲခြင်းကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်စေရန် ဝေးကွာ‌သေးသည်။

သူ့အလားအလာကို ဖောက်ခွဲပြီး အောင်မြင်မှု ရရှိစေနိုင်ရေးအတွက် အသက်လုတိုက်ပွဲကဲ့သို့ ဖိအားများကို လိုအပ်သည်။

"မင်းမှာရှိတာ ဒါအကုန်ပဲလား။ ဒါနဲ့များ ငါ့ကိုသတ်မယ်လို့ ကြီးကြီးကျယ်ကျယ် ပြောဝံ့သေးတယ်။ ဟာသပဲ၊ လာ... မင်းတို့ နှစ်ယောက်စလုံး အတူတူလာခဲ့ကြ"

လုမင်က အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။ သူ့ထံမှ တိုက်ခိုက်ချင်စိတ်များက ပို၍ အားကောင်းလာ၏။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဝတ်စုံနက်ဝတ် လူသတ်သမားမှာ မယုံနိုင်တော့ပေ။

သူ၏ သူတော်စင်တစ်ပိုင်း ကျင့်ကြံခြင်းဖြင့် သတ္တမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါးကိုပင် မသတ်နိုင်သေးပါ။

သူ့ပြိုင်ဘက်က ကောင်းကင်ဝိညာဉ်ခန္ဓာရှိလျှင်ပင်... သူ၏ တိုက်ခိုက်နိုင်စွမ်းက အဆင့်များစွာ ခုန်ကျော်ပြီး တိုက်ခိုက်နိုင်သည်အထိ အားမကောင်းနိုင်ပေ။

သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်တွင် ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင်များကို သူ တွေ့ဖူးသည်။ သို့ရာတွင်... ထိုမျှလောက်တော့ အစွမ်းမထက်ကြပေ။

All Chapters