အခန်း ၁၆၀၄
Vol. 107 Ch. 1604
အပိုင်း ( 1604 ) သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံ။
"အတူတူ တိုက်ခိုက်ကြစို့"
ဝတ်စုံနက်ဝတ် လူသတ်သမားက အော်ပြောလိုက်သည်။
"ဝှစ်"
တိုက်ပွဲကို စောင့်ကြည့်နေသော အခြား ဝတ်စုံနက်ဝတ် လူသတ်သမားလည်း လုမင်ထံသို့ ခုန်ဝင်လာသည်။ သူ့ထံမှ ဓားအလင်းက လေဟာပြင်ကို ဖြတ်သန်းပြီး ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းအောင် ထက်မြိမှုတို့က လုမင်ကို ချက်ချင်း ခွဲထွက်သွားတော့မည်ကဲ့သို့ပင်။
ထိုလူ၏ ကျင့်ကြံခြင်းက ပထမ ဝတ်စုံနက်ဝတ် လူသတ်သမားထက် ပို၍ နက်နဲသည်။ ၎င်းက နိယာမများကို နာလည်ပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်နှင့် သိပ်မဝေးတော့ပေ။
"သတ်"
လုမင် နတ်ဘုရားဓားကျင့်စဉ်ဖြင့် ဟိန်းဟောက်လိုက်သည်။ အသံလှိုင်းတစ်ခု ထွက်လာပြီး ဓားအလင်း၏အရှိန်ကို သိသိသာသာ လျှော့ကျသွားစေခဲ့၏။ တစ်ချိန်တည်းမှာပင် လုမင်က လှံနှင့်ထိုးသွင်းကာ ပြိုင်ဘက်၏ဓားကို ချေဖျက်လိုက်တော့သည်။
"သတ်ဖြတ်ခြင်းတစ်သောင်း ဓားသိုင်း၊ ကောင်းကင် မိုင်တစ်ထောင်"
ပထမ ဝတ်စုံနက်ဝတ် လူသတ်သမားက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းပညာရပ်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။ ထောင်ချီသော ဓားအလင်းများက ခဏချင်းပေါ်လာပြီး ကောင်းကင်တခွင် ပြည့်နှက်သွား၏။
ပထမ ဝတ်စုံနက်ဝတ် လူသတ်သမားက ဓားချက်ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက်၊ ဓားအလင်းများက မျဉ်းကြောင်းတစ်ခုသဖွယ် လုမင်ထံသို့ တိုးဝင်သွားတော့သည်။
"အန္တရာယ်"
ထိုအချိန်တွင် လုမင်၏ နှလုံးသားမှ ကြီးမားသော အန္တရာယ်ကို ခံစားလာခဲ့ရသည်။ သို့ရာတွင် ဓားအလင်းက မြန်ဆန်လွန်း၏။ လုမင်က အမြန်ဆုံး တုံ့ပြန်သော်လည်း ခုခံရန် အချိန်နှောင်းသွားပြီ။
"ဝှစ်"
လုမင်၏ ပထမဆုံး တုံ့ပြန်မှုမှာ အနက်ရောင်တောင်ပံများဖြင့် သူ့ရှေ့တွင် ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
ဓားအလင်းက အနက်ရောင်တောင်ပံများကို တိုက်ရိုက်ထိုးဖောက်သွား၏။
"ထန် ထန်..."
ဆူညံသံနှင့်အတူ မီးပွားများက အရပ်ရပ်သို့ လွင့်စဉ်နေတော့သည်။ ဓားအလင်းက ကစဉ့်ကလျားတာအိုနယ်မြေဖြင့် လွှမ်းခြုံထားသော အနက်ရောင် တောင်ပံများကို အမှန်တကယ် ထိုးဖောက်လာခဲ့သည်။ အနက်ရောင်အတောင်ပံများက ပေါက်ထွက်သွားတော့မည်ကဲ့သို့ တုန်ယင်နေတော့သည်။
"ဝှစ်"
လုမင်က လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် အနက်ရောင်တောင်ပံများတွင် အပေါက်လေးများ ရှိနေကြကြောင်း အံ့အားသင့်ဖွယ် မြင်လိုက်ရ၏။ အနက်ရောင်တောင်ပံများ ထိခိုက်သွားခဲ့ပြီ။
သူတော်စင်ရတနာကိုပင် ထိခိုက်စေနိုင်သည်။ တစ်ဖက်လူ၏ တိုက်ခိုက်မှုက မည်မျှ ကြောက်စရာကောင်းသလဲ တွေးကြည့်နိုင်ပေသည်။
"ဟုတ်တယ်၊ ဒီခံစားချက်ပဲ"
သို့သော်၊ လုမင် မတုန်လှုပ်ပေ။ ထိုအစား သူ ဝမ်းသာသွားသည်။ ဤသည်က သူလိုချင်သော ခံစားချက်၊ အန္တာရာယ်ကျရောက်နေသော ခံစားချက်ပင်။
"ဝှစ်"
ထိုအခိုက်တွင် ဒုတိယ ဝတ်စုံနက်ဝတ် လူသတ်သမားက တိုက်ခိုက်လာခဲ့သည်။
ထို့နောက် ပထမ ဝတ်စုံနက်ဝတ် လူသတ်သမားကလည်း လုမင်ကို ဆက်လက်တိုက်ခိုက်လိုက်၏။
နဂါးဟိန်းသံများ ပဲ့တင်ထပ်လာသည်။ လုမင်၏လက်ထဲမှ နဂါးနက်လှံက ကခုန်နေပြီး ဝတ်စုံနက်ဝတ် လူသတ်သမားနှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်လိုက်တော့သည်။
ဝတ်စုံနက်ဝတ် လူသတ်သမားနှစ်ယောက်ကို ရင်ဆိုင်မိတော့ လုမင်မှာ လုံးဝ အရေးနိမ့်နေခဲ့ရသည်။
သို့သော်လည်း လုမင်က ပူဖောင်းလေးကို အကူအညီမတောင်းခဲ့သလို၊ ဒုတိယခန္ဓာကိုလည်း မခေါ်ခဲ့ပေ။ သူက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကိုပင် မသုံးခဲ့ပါ။
အကြောင်းမှာ၊ လုမင်က အန္တရာယ်တောထဲသို့ တိုးဝင်ပြီး သူ့ကိုယ်ပိုင်စွမ်းရည်ကို လှုံ့ဆော်ပေးလိုသောကြောင့် ဖြစ်သည်။
အကယ်၍ ပူဖောင်းလေး သို့မဟုတ် သူ၏ဒုတိယခန္ဓာကို ကူညီရန် ခေါ်ဆိုလိုက်ပါက... သူ၏စွမ်းရည်ကို လှုံ့ဆော်ရန် သူ့ကိုယ်သူ မည်သို့ ဖိအားပေးနိုင်ပါမည်နည်း။
နောက်ဆုံးတွင်၊ လုမင်က အနက်ရောင်အတောင်ပံများကို ဖယ်ထုတ်ပြီး နဂါးနက်လှံကိုဆွဲကိုင်ကာ ကျားကုတ်ကျားခဲ တိုက်ခိုက်ခဲ့သည်။
"သတ်ဖြတ်ခြင်းတစ်သောင်း ဓားသိုင်း၊ ကောင်းကင် မိုင်တစ်ထောင်"
"သတ်ဖြတ်ခြင်းတစ်သောင်း ဓားသိုင်း၊ ကောင်းကင် မိုင်တစ်ထောင်"
ဤအခိုက်တွင် ဝတ်စုံနက်ဝတ် လူသတ်သမား နှစ်ဦးစလုံးက ၎င်းတို့၏ အစွမ်းဖက်ဆုံး သတ်ဖြတ်ခြင်းပညာရပ်များကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။ ဓားအလင်းများက ကောင်းကင်တခွင် ပြည့်နှက်ပြီး လှပသော ဓားအလင်း မျဉ်းကြောင်းနှစ်ခုအဖြစ် ပြောင်းလဲသွား၏။ တစ်ယောက်က လုမင်ကို ရှေ့မှ တိုက်ခိုက်ပြီး ကျန်တစ်ယောက်မူကား လုမင်၏ အနောက်ဘက်မှ တိုက်ခိုက်လာတော့သည်။
ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း ဖြစ်သည်။
ဤအခိုက်တွင် လုမင်မှာ သူ့နှလုံးသားထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။ သွေးပျက်ချောက်ချားဖွယ် အန္တရာယ်က လွှမ်းခြုံထားသလို ခံစားလိုက်ရ၏။ ဤအခိုက်အတန့်တွင် အလိုအလျောက် တုံ့ပြန်မှုအရ ပူဖောင်းလေး သို့မဟုတ် ဒုတိယခန္ဓာကိုပင် ခေါ်ထုတ်ချင်ခဲ့သည်။
သို့သော်လည်း အံကိုတင်းတင်းကြိတ်ပြီး ထိုအတွေးကို သူ လျင်မြန်စွာ ပယ်ချလိုက်သည်။
သူ့အားသူကိုးပြီး ဤတိုက်ခိုက်မှုကို ရှောင်တိမ်းချင်၏။
ထိုအချိန်တွင် လုမင်၏ ခန္ဓာ၊ ယွမ်ချိစွမ်းအင်နှင့် စိတ်ဝိညာဉ်က လွန်စွာ အာရုံစူးစိုက်နေသည်။ သူ၏ မျက်လုံးများမှာလည်း အနည်းငယ် နီလာပြီ။
"ဝုန်း"
ထိုအခိုက်တွင် လုမင်၏ စိတ်ထဲမှာ တဟုန်ထိုး ပေါက်ကွဲသွားပုံရသည်။
သူ၏ စိတ်ဝိဥာဉ်က သဘာဝနှင့် ပေါင်းစပ်သွားပုံရ၏။ ဤအခိုက်တွင် ကမ္ဘာပေါ်ရှိ အရာအားလုံးက လှုပ်ရှားမှုများ နှေးကွေးသွားသကဲ့သို့ပင်။
သတ်ဖြတ်ခြင်းတစ်သောင်း ဓားအလင်းနှစ်ခုက သူ့အနီးသို့ ချဉ်းကပ်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"ဝှစ်"
ထိုအချိန်တွင် လုမင်က ခြေတစ်လှမ်းတိုးကာ မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
လုပ်ကြံသတ်ဖြတ်သူနှစ်ဦး၏ ဓားအလင်းများက အချင်းချင်း တိုက်မိသွား၏။
ကြောက်စရာကောင်းသော ပေါက်ကွဲသံနှင့်အတူ လူသတ်သမားနှစ်ဦး၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ နှစ်ယောက်စလုံး၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး နောက်ကိုပြန်ဆုတ်သွားကြရတော့သည်။
သူတို့၏ မျက်လုံးမှာတော့ မယုံကြည်နိုင်မှုတို့ ပေါ်လာခဲ့သည်။ လုမင်က သူတို့နှစ်ယောက်၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
"သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံ၊ ဒါက သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံပဲ။ အခုတော့... သတ်"
လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် ကျယ်လောင်သော မာန်သွင်းသံနှင့်အတူ ကစဉ့်ကလျားတာအိုနယ်မြေက ပေါက်ကွဲထွက်လာ၏။ လူသတ်သမား နှစ်ယောက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တော့သည်။
သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံမှာ လျှို့ဝှက်ဆန်းကျယ်သော ဘုံတစ်ခု ဖြစ်သည်။ အချို့သော ကျင့်ကြံသူများက သေဘေးကို ရင်ဆိုင်ရသောအခါ၊ ၎င်းတို့၏ အာရုံစူးစိုက်မှု မြင့်မားလာခြင်းကြောင့် ဤဘုံထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ယင်းက သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံပင်။
ဤဘုံက ဉာဏ်အလင်းပွင့်သကဲ့သို့ ဖြစ်သည်။ ထိုအချိန်တွင် ကျင့်ကြံသူ၏ စိတ်က မိုးနှင့်မြေတို့နှင့် တစ်သားတည်းဖြစ်သွား၏။ မိုးနှင့်မြေ၏ မဟာတာအိုအပေါ် နားလည်သဘောပေါက်နိုင်စွမ်းက ထိုအချိန်တွင် လွန်စွာ မြင့်မားလာလိမ့်မည်။
ဤအခိုက်အတန့်တွင်၊ လုမင်၏ ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေအပေါ် နားလည်သဘောပေါက်မှုက တဟုန်ထိုး တက်လာခဲ့ရသည်။
"ဝမ်... ဝမ်"
လုမင်က နဂါးနက်လှံနှင့် ထိုးသွင်းလိုက်ရာ တောက်ပသော လှံအလင်းနှစ်ခု ပေါ်လာ၏။ တောင်ကြီးများကဲ့သို့ လေးလံသော ကစဉ့်ကလျား တာအိုနယ်မြေကလည်း လှံအလင်းများကို လွှမ်းခြုံထားသေးသည်။
လှံအလင်းများက လူသတ်သမားနှစ်ဦး၏ ဓားများကို တိုက်မိသွားခဲ့သည်။ ဝတ်စုံနက်ဝတ် လူသတ်သမား နှစ်ဦး၏ ခန္ဓာကိုယ်များက တုန်ခါပြီး နောက်သို့ လွင့်စဉ်သွား၏။
လုမင် မျက်လုံးဖွင့်လိုက်သည်။ ဤအခိုက်တွင် သူ့မျက်လုံးများက အရောင် တဖိတ်ဖိတ် တောက်ပနေတော့သည်။
"ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေ အဆင့်ရှစ်"
လုမင် ရေရွတ်လိုက်သည်။ သူ အနည်းငယ် အံ့သြသွား၏။
သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံတွင် သူ၏ ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေက အမှန်တကယ် တိုးတက်ခဲ့ပြီး အဋ္ဌမအဆင့်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။
သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံ၏ အကျိုးသက်ရောက်မှုက အမှန်တကယ် အံ့ဖွယ်ကောင်းလှသည်။ ဤမျှ များပြားသော ပါရမီရှင်များက တိုက်ပွဲများ ဆင်နွှဲရန်အတွက် မျိုးနွယ်စုတစ်ရာစစ်မြေပြင်သို့ ဝင်ရောက်နေကြသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သေဆုံးခြင်းနှင့် ရှင်သန်ခြင်း၏ အစွန်းတွင် လျှောက်လှမ်းခြင်းက အမှန်တကယ်ပင် လျင်မြန်စွာ တိုးတက်စေနိုင်သည်။
ကံမကောင်းစွာဖြင့်၊ သေခြင်းရှင်ခြင်း အစွန်းရောက်ဘုံကို ကြာရှည်မထိန်းသိမ်းနိုင်ပါ။ အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် ထိုဘုံမှ ထွက်ခွာသွားရမည် ဖြစ်သည်။ မဟုတ်ပါက တိုးတက်မှုမှာ မည်မျှလျင်မြန်လိုက်မည်နည်း။
"သူ အဆင့်တက်သွားတာလား"
ဝတ်စုံနက်ဝတ် လူသတ်သမားနှစ်ဦးမှာ ဒေါသထွက်ပြီး ကြောက်ခမန်းလိလိ သတ်ဖြတ်လိုစိတ်များ ဖြာထွက်လာခဲ့ကြသည်။
သူတို့က လုမင်ကိုသတ်ရန် ကြိုးစားခဲ့သော်လည်း လုမင်၏ အလားအလာကို ပေါက်ကွဲစေပြီး အရေးကြီးသည့်အခိုက်တွင် အဆင့်တက်သွားမည်ဟု မထင်ထားခဲ့ပေ။
"သူ အဆင့်တက်သွားရင်တောင် ဘာဖြစ်လဲ၊ သေမှာရက သေမှာပဲ။ သတ်..."
ဝတ်စုံနက်ဝတ် လူသတ်သမားတစ်ယောက်က အေးစက်စက် အော်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များက ဓားသွားတမျှ အေးစက်နေပြီ။
"ဒီတိုက်ပွဲက ပြီးဖို့ အချိန်တန်ပြီ"
လုမင်က အေးစက်စက် ပြောလိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ တောက်ပလာပြီး ဒုတိယခန္ဓာ လုမင် ထွက်လာသည်။ ထိုက်ကျိချပ်ပြားကလည်း သူ့ဦးခေါင်းထက်တွင် မျောလွင့်နေ၏။
"နှစ်ယောက်၊ မဟုတ်သေးဘူး... တစ်ယောက်ပဲ"
လူသတ်သမား နှစ်ယောက်၏ မျက်ပေါက်များ ကျဉ်းမြောင်းသွားကြသည်။
"ဝမ်"
ထိုက်ကျိချပ်ပြားက တောက်ပလာ၏။ ထိုက်ကျိအင်းကွက်တစ်ခု ပေါ်လာပြီး လူသတ်သမားတစ်ဦးကို ဖိနှိပ်လိုက်တော့သည်။
မူလခန္ဓာ လုမင်ကမူ အခြားလူသတ်သမားဆီသို့ ဦးတည်သွားသည်။
လုမင်၏ လက်ထဲတွင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာ၏။
အဆုံးတွင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က တောင်ငယ်တစ်လုံး အရွယ်အစားအထိ ကြီးလာပြီး လုပ်ကြံသူကို ဖိချလိုက်တော့သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက တစ်ဖက်လူကို ရုန်းမထွက်နိုင်အောင် ပိတ်လှောင်ထားခဲ့သည်။
"သတ်ဖြတ်ခြင်းတစ်သောင်း ဓားသိုင်း၊ ကောင်းကင် မိုင်တစ်ထောင်"
ဝတ်စုံနက်ဝတ် လူသတ်သမားက ဟိန်းဟောက်ပြီး သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ သူက တောက်ပသော ဓားအလင်းဖြင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ဖြတ်တောက်ရန် ကြိုးစား၏။
သို့သော်... သူ၏ ဓားအလင်းက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ခုတ်ထစ်လိုက်မိသောအခါ တိုက်ရိုက် ပြိုကွဲသွားသည်။ သူကိုယ်တိုင်လည်း ဒယီးဒယိုင်ဖြင့် နောက်ပြန်ဆုတ်လိုက်ပြီး သွေးများ အန်ထွက်လာတော့သည်။
"ဆုတ်..."
လူသတ်သမားက သွေးပျက်ချောက်ချားစွာ အော်ဟစ်ပြီး ဆုတ်ခွာရန် ကြိုးစားလိုက်သည်။
လုမင်၏ တိုက်ခိုက်ရေး စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသည်။ စင်စစ်တွင်၊ ယခင်က လုမင်သည် သူ့ခွန်အားကို အပြည့်အဝ မထုတ်ဖော်ခဲ့ပေ။ ယခုမှ သူ့ခွန်အားကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး ကြီးမားသော အင်အားကြောင့် တုန်လှုပ်သွားရခြင်း ဖြစ်သည်။
"နောက်ဆုတ်ချင်တာလား။ ဘယ်ကိုပြန်ဆုတ်ချင်တာလဲ"
လုမင်က အေးစက်စက် ပြောလိုက်သည်။
"ဝမ်"
လုပ်ကြံသတ်ဖြတ်သူ၏ ဦးခေါင်းထက်တွင် ကြီးမားသော ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ဖြစ်ပေါ်လာသည်။ တံဆိပ်တော်က ကြီးစိုးပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထုတ်လွှတ်နေ၏။ ၎င်း၏စွမ်းအားမှာ ယခင်အခါများထက် များစွာပို၍ အားကောင်းနေပြီ။
အချိန်အတော်ကြာပြီးနောက်၊ လုမင်ဟာ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို စတုတ္ထအဆင့် အထွတ်အထိပ်ထိ လေ့ကျင့်နိုင်ခဲ့ပြီး ပဉ္စမအဆင့်နှင့် နီးစပ်နေခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ ကစဉ့်ကလျားတာအိုနယ်မြေက အဋ္ဌမအဆင့်သို့ ရောက်ရှိသွားသောအခါ၊ စွမ်းအားကလည်း သဘာဝအတိုင်း ပို၍ ကြောက်စရာကောင်းလာတော့သည်။