← Chapters

အခန်း ၁၆၀၇

Vol. 108 Ch. 1607

အခန်း ၁၆၀၇

Vol. 108 Ch. 1607

အပိုင်း ( 1607 ) သူတော်စင်တစ်ပိုင်းအောက်တွေ မသေချင်ရင် မလာနဲ့။

ကြိုးဝိုင်းပေါ်တွင် လူငယ်နှစ်ဦးက လက်ရည်ညီနေသည်။ သူတို့နှစ်ယောက်စလုံးက တစ်ဖက်ကိုတစ်ဖက် အနိုင်မယူနိုင်သောကြောင့် စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းရုံသာ ရှိတော့သည်။

ခဏအကြာတွင် ကြိုးဝိုင်းပတ်ဝန်းကျင်ရှိ အတားအဆီးများ ပျောက်ကွယ်သွားသဖြင့် လူငယ်နှစ်ဦးလည်း ခုန်ဆင်းသွားကြသည်။

"ဝှစ်"

ရုတ်တရက်၊ အနီရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။ သူ့ထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။

နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အလယ်အလတ် အဆင့်။

"ဘယ်သူက ငါနဲ့ တိုက်ခိုက်ချင်လဲ"

အနီရောင်ဝတ်စုံဝတ် လူငယ်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

"ငါလုပ်မယ်"

အော်သံတစ်ခုနှင့်အတူ လူငယ်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွား၏။

သူ၏ အရှိန်အဝါအရ၊ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။

ပုံမှန်အားဖြင့် အသူရာကြိုးဝိုင်းတွင် အဆင့်မြင့် ကျင့်ကြံသူများက သူတို့ထက် အဆင့်နိမ့်သူများကို စိန်ခေါ်လေ့မရှိပေ။ နောက်ဆုံးတွင် မိမိထက်ထက် အဆင့်နိမ့်သူများနှင့် တိုက်ခိုက်ခြင်းက သူတို့အတွက် အတွေ့အကြုံရရှိရန် မဖြစ်နိုင်ပါ။

စင်စစ်တွင်၊ လူတိုင်းက ကျွမ်းကျင်သူများကို စိန်ခေါ်ပြီး သူတို့ကိုယ်ကိုယ် လေ့ကျင့်ရန်အတွက် လာကြခြင်း ဖြစ်သည်။ အားနည်းသူများကို အဘယ်ကြောင့် စိန်ခေါ်ရမည်နည်း။

အချင်းချင်း ရန်ငြိုးထားမှသာ အဆင့်နိမ့်သူကို စိန်ခေါ်တတ်ကြသည်။

"နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်... မင်းက ငါ့ရဲပြိုင်ဘက်မဟုတ်ဘူး"

အနီရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စက် ပြောလိုက်သည်။

"ကံသေကံမ မပြောနိုင်ဘူး"

နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်မှ လူငယ်လေး၏ မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်ချင်စိတ်တို့ဖြင့် အရောင်လက်လာသည်။

"ဝမ်"

ထိုအချိန်တွင် တိုက်ပွဲစင်မြင့် ပတ်ပတ်လည်မှ အတားအဆီးက တစ်ဖန် မြင့်တက်လာ၏။

"သတ်"

နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်မှ လူငယ်က ဦးစွာတိုက်ခိုက်လိုက်သည်။ သူ့လက်ထံတွင် လှံရှည်တစ်လက်ပေါ်လာပြီး လျှပ်စီးလက်သကဲ့သို့ အနီရောင်ဝတ်စုံဝတ်လူငယ်ကို တိုက်ခိုက်လိုက်တော့သည်။

"ဝုန်း"

အနီရောင်ဝတ်စုံဝတ် လူငယ်ထံမှ မီးလျှံတာအိုနယ်မြေက ပေါက်ကွဲထွက်လာပြီး တစ်ဖက်လူငယ်ကို လွှမ်းမိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ရှေ့သို့ခုန်ဝင်သွားပြီး မီးလျှံဓားဖြင့် ခုတ်ချလိုက်၏။

"ဝုန်း"

ပြင်းပြင်းထန်ထန် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့် လူငယ်လေး၏ မျက်လုံးများက တုန်လှုပ်မှုတို့ပေါ်လာကာ အနောက်ကို ဆုတ်သွားရတော့သည်။

သူက အားနည်းသည့်ဘက်တွင် လုံးဝ ရှိနေခဲ့သည်။

"သေစမ်း"

အနီရောင်ဝတ်စုံဝတ် လူငယ်က ကြိမ်းမောင်းပြီး မီးလျှံဓားဖြင့် ထပ်မံခုတ်လိုက်သည်။

နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့် လူငယ်လည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက အင်အားအပြည့်သုံးပြီး အနီရောင်ဝတ်စုံဝတ် လူငယ်ကို ရင်ဆိုင်လိုက်၏။

အနီရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်နိုင်စွမ်းက သူမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေပြီ။ တစ်ဖက်လူက သူ့ထက် များစွာပို၍ အားကောင်းသည်။ ထို့ကြောင့် အသက်နှင့်ရင်းကာ တိုက်ခိုက်ရတော့မည်။ တချိန်တည်းမှာပင် ဤတိုက်ပွဲက သူ့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်ခဲ့သည်။

အနီရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်မှုအောက်တွင် နာရီဝက်တိတိ ရှင်သန်နိုင်ခဲ့ပါက အကျိုးများစွာ ရှိလိမ့်မည်။

ကံမကောင်းစွာဖြင့်၊ အနီရောင်ဝတ်စုံဝတ် လူငယ်က သူ့ထက် များစွာပို၍ အားကောင်းသည်။ တိုက်ကွက်အနည်းငယ်အတွင်း မီးလျှံဓားက လူငယ်ကို ထက်ခြမ်းခွဲချသွား၏။ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များကြောင့်လည်း သူ့ခန္ဓာကိုယ်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တန်ခိုးကြီးသော ပါရမီရှင်တစ်ဦးက ထိုကဲ့သို့ သတ်ဖြတ်ခံခဲ့ရသည်။

စင်မြင့် ပတ်ဝန်းကျင်ရှိ အတားအဆီးများလည်း ကွယ်ပျောက်သွားလေသည်။

လူတစ်ယောက် သေဆုံးသွားသရွေ့ စင်မြင့်ပတ်ဝန်းကျင်ရှိ အတားအဆီး အလင်းတန်းများက ပျောက်ကွယ်သွားမည် ဖြစ်သည်။

ဤနေရာတွင် ပါရမီရှင်တိုင်းက မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင်များ ဖြစ်ကြသည်။ ကျင့်ကြံခြင်းအခြေခံ အလွန်မြင့်မားခြင်းမရှိဘဲ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို ဝင်ရောက်ဝံ့ပါက သူတို့ကိုစောင့်နေသည်မှာ သေခြင်းတရားသာ ရှိလိမ့်မည်။

ထို့ပြင်၊ အားလုံးက မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင်များဖြစ်လျှင်ပင် ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းက ကွာခြားမှုရှိနေဆဲ ဖြစ်သည်။ အနီရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်နိုင်စွမ်းကတော့ သန်မာလွန်းပေသည်။

အနီရောင်ဝတ်စုံဝတ် လူငယ်က ထိုလူငယ်၏ သိုလှောင်လက်စွပ်ကို သိမ်းယူကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။

"မင်းကများ ငါ့ကို မင်းရဲ့ ဓားသွေးကျောက်အဖြစ် သုံးချင်နေတယ်၊ သေချင်နေတာပဲ"

မျိုးနွယ်စုတစ်ရာစစ်မြေပြင်နှင့် အသူရာကြိုးဝိုင်းက ထိုကဲ့သို့ပင် ရက်စက်သည်။ ပြိုင်ဘက်များကို စိန်ခေါ်တိုက်ခိုက်ပြီး မိမိကိုယ်ကိုယ် လေ့ကျင့်ခြင်းက အသက်ဆုံးနိုင်ချေလည်း အလွန်မြင့်မားပေသည်။

"ဘယ်သူ ငါနဲ့ တိုက်ခိုက်ချင်သေးလဲ။ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်က ဘယ်သူ့ကိုမဆို ကြိုဆိုပါတယ်"

အနီရောင်ဝတ်စုံဝတ် လူငယ်က ထပ်မံပြောလိုက်သည်။ သူ့မျက်လုံးများမှာလည်း ပြင်းထန်သော တိုက်ခိုက်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေတော့သည်။

အနီရောင်ဝတ်စုံဝတ် လူငယ်က သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသည်မှာ ထင်ရှားသည်။ သူက သူ့ကိုယ်သူ လေ့ကျင့်ရန်အတွက် ကျွမ်းကျင်သူများကို ရှာဖွေနေပေသည်။

"ငါ မင်းနဲ့ တိုက်ခိုက်မယ်"

ကတုံးပြောင် လူငယ်လေးတစ်ယောက်က တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်လာကာ သူ့အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းက အနီရောင်ဝတ်စုံဝတ် လူငယ်ထက် အနည်းငယ် ပိုမြင့်မား၏။

နှစ်ယောက်သား အပိုစကားများ မပြောဘဲ တိုက်ခိုက်ကြတော့သည်။

တိုက်ပွဲက အလွန်ပြင်းထန်သည်။ နှစ်ယောက်စလုံးက အစွမ်းကုန်သုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြ၏။

တိုက်ပွဲစင်မြင့်အောက်မှ လူငယ်များလည်း ဂရုတစိုက် ကြည့်နေခဲ့ကြသည်။

တခြားသူများ၏ တိုက်ပွဲကို ကြည့်ရခြင်းမှာလည်း တခါတရံ သူတို့ကို စိတ်လှုပ်ရှားစေသည်။

သူတို့နှစ်ဦးကြားမှ တိုက်ပွဲများက အလွန်ပြင်းထန်သည်။ တိုက်ကွက်တစ်ရာခန့် ရင်ဆိုင်ပြီးနောက် အနီရောင်ဝတ်စုံဝတ် လူငယ်က အရေးသာလာသည်။ သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သော်လည်း ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့ပေသည်။

ထိုတိုက်ပွဲတွင် အနီရောင်ဝတ်စုံဝတ် လူငယ်က တစ်စုံတစ်ခုကို နားလည်သွားခဲ့ဟန် တူသည်။ သူက တိုက်ပွဲစင်မြင့်မှ ထွက်ခွာသွား၏။ နေရာတစ်ခုရှာပြီး သူက တိတ်တဆိတ် လေ့ကျင့်ပေရော့မည်။

ထို့နောက်တွင် သေခြင်းရှင်ခြင်း တိုက်ပွဲ အနည်းငယ် ထပ်မံ ဖြစ်ပွားခဲ့သည်။ အချို့က သေဆုံးခဲ့ပြီး အချို့မှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပေသည်။

"ဒီလိုပတ်ဝန်းကျင်မှာသာ ငါ မြန်မြန်တိုးတက်နိုင်လိမ့်မယ်"

လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး တိုက်ပွဲစင်မြင့်ပေါ်တွင် ပေါ်လာ၏။

"ဘယ်သူ ငါနဲ့ တိုက်ခိုက်မှာလဲ"

လုမင်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီး အရှိန်အဝါများကို ထုတ်ဖော်ရင်း ဆက်ပြောလိုက်သည်။

"သူတော်စင်တစ်ပိုင်းဖြစ်ရင် အကောင်းဆုံးပဲ။ သူတော်စင်တစ်ပိုင်းအဆင့်အောက်က လူတွေက လာပြီး အသေခံစရာ မလိုဘူး"

သူ့စကားကြောင့် လူအုပ်ကြီးက တိတ်ဆိတ်သွားသည်။ နောက်တော့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။

"ဟာ၊ ဒီကောင်က‌ လေလုံးထွားလှချေလား။ သူ့ကြည့်တော့ အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ကိုပဲ ရောက်သေးတာ၊ ဒါပေမဲ့ သူက သူတော်စင်တစ်ပိုင်းအဆင့်ကို တကယ်ကြီး စိန်ခေါ်ဝံ့တယ်"

"သူတော်စင်တစ်ပိုင်းအောက်ကလူတွေ လာပြီး အသေခံစရာ မလိုဘူးလို့တောင် ပြောခဲ့သေးတယ်။ ဘယ်လိုတောင် မောက်မာနေပါလိမ့်"

"ငါ သူ့ကို သွားတိုက်မယ်"

လူငယ်တစ်ယောက်က တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။ သူ့ထံမှ အစွမ်းထက် အရှိန်အဝါများ ထွက်ပေါ်လာ၏။ အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ် ဖြစ်သည်။

"အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်... မင်း ဘာဖြစ်လို့ လာပြီး အသေခံရတာလဲ"

လုမင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။

"မောက်မာ‌လှချေလား၊ မင်း ငါ့ကို ဘယ်လိုလုပ်ပြီး သတ်မှာလဲဆိုတာ ကြည့်ရသေးတာပေါ့"

လူငယ်က အေးစက်စက်ဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့လက်က လင်းယုန်လက်သည်းကဲ့သို့ လုမင်ကို ကုပ်ဆွဲလိုက်၏။

"ဝုန်း"

လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက တစ်ဖက်လူ၏ လက်သည်းကုပ်ချက်ကို ချေမှုန်းပစ်လိုက်သည်။ လက်သီးအင်အားက ထိုမျှနှင့်မရပ်ဘဲ ဆက်လက် တိုးဝင်သွား၏။ လက်သီးအင်အားက တစ်ဖက်လူ၏ ဒန်တျန်ကို တိုက်ရိုက် ထိုးဖောက်သွားတော့သည်။

လက်သီးတစ်ချက်ဖြင့် ထိုလူငယ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

လုမင်က သက်ညှာရန် စိတ်ကူးမရှိပေ။ အသူရာကြိုးဝိုင်းတွင် သက်ညှာခြင်းမျိုး မရှိပါ။ အသူရာကြိုးဝိုင်းပေါ်ကို ခြေချလိုက်ကတည်းက သေဆုံးခြင်းအတွက် ပြင်ဆင်ထားသင့်သည်။

ထို့ပြင် လုမင်က တစ်ဖက်လူငယ်အား သတိပေးထားပြီးပြီ မဟုတ်တုံလော။

"မင်းတို့ကို ငါပြောပြီးပြီ၊ သူတော်စင်တစ်ပိုင်းအောက်ကလူတွေ လာပြီး အသေခံစရာ မလိုဘူး"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

တိုက်ပွဲစင်မြင့်အောက်မှ လူငယ်များလည်း မျက်မှောင်ကြုတ်သွားကြတော့သည်။

အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်မှ လူငယ်တစ်ဦးက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျင့်ကြံသူအား လက်သီးတစ်ချက်ဖြင့် သတ်ခဲ့သည်။ သူ၏ခွန်အားက တကယ်ကို အံ့သြစရာပင်။

"ဒီကောင်လေးက တကယ်ကို စွမ်းအားကြီးမားတာပဲ။ သူက ငါ့စွမ်းရည်ကို မြှင့်တင်ဖို့ အရည်အချင်းပြည့်မီတယ်"

လူငယ်တစ်ဦးက အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။ သူ့မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ လင်းလက်နေ၏။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ။

"သူက ခွမ်းခုန်းပဲ"

"ခွမ်းခုန်းရဲ့ ကျင့်ကြံခြင်းက နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီ။ နောက်ပြီးတော့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို အံ့မခန်းပဲ။ အရင်တုန်းက သူဟာ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်က ပါရမီရှင်တချို့ကို ဆက်တိုက် သတ်ဖြတ်ခဲ့တယ်။ သူက ပထမအလွှာ သူတော်စင်တစ်ပိုင်းကိုတောင် စိန်ခေါ်ခဲ့သေးတယ်။ သူက သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်ကို မယှဉ်နိုင်ပေမဲ့ နာရီဝက်ကြာအောင် ရှင်သန်နိုင်ခဲ့တယ်"

"သူက စိန်ခေါ်ဖို့အတွက် အားကောင်းတဲ့ ပြိုင်ဘက်တွေကို ရှာဖွေနေတာလေ။ သူ့ရဲ့ အကန့်အသတ်ကိုချိုးဖြတ်ပြီး သူတော်စင်တစ်ပိုင်းအဆင့်ကို တက်လှမ်းဖို့အတွက် အန္တိမတာအိုနယ်မြေကို နားလည်နိုင်အောင် ကြိုးစားနေတာ"

ပတ်ဝန်းကျင်မှ လူငယ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

သို့သော်လည်း လုမင်က ခေါင်းကိုခါယမ်းနေဆဲပင်။ သူက သက်ပြင်းချကာ ပြောလိုက်သည်။

"နောက်တစ်ယောက် သေဖို့အတွက် ရောက်လာပြန်ပြီ။ ဘာလို့ ဒီလောက်တောင် ဆန္ဒပြင်းပြနေကြတာလဲ"

လုမင်က ရိုးရိုးသားသား ပြောနေခြင်း ဖြစ်၏။ သူက သူ့ကိုယ်သူ လေ့ကျင့်ရန်အတွက် အစွမ်းထက် ကျင့်ကြံသူများကို ရှာဖွေရန် ရောက်လာခြင်း ဖြစ်သည်။ သူ့အတွက် အသုံးမဝင်သော အားနည်းသူများကို အဘယ်ကြောင့် စိန်ခေါ်ရမည်နည်း။ သို့သော်လည်း သူ့စကားများက အပြင်လူများ၏နားသို့ ရောက်သောအခါ မောက်မာလွန်းခြင်း ဖြစ်နေသည်။

"အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်နဲ့ ဘယ်‌လိုတောင် လေကြီးမိုးကြီး ပြောဝံ့နေတာလဲ၊ သတ်"

ခွမ်းခုန်းလည်း ဒေါသတကြီးဖြင့် ကြိမ်းမောင်းရင်း လုမင်ဆီသို့ ခုန်ဝင်သွား‌တော့သည်။

All Chapters