← Chapters

အခန်း ၁၆၀၈

Vol. 108 Ch. 1608

အခန်း ၁၆၀၈

Vol. 108 Ch. 1608

အပိုင်း ( 1608 ) စိန်ခေါ်ပွဲများ ဆက်ခြင်း။

ခွမ်းခုံး အသုံးပြုသော လက်နက်မှာ သူတော်စင်ရတနာ လှံရှည် ဖြစ်သည်။ လှံချက်များက မုန်တိုင်းတိုက်ခတ်သကဲ့သို့ လုမင်ထံ တိုးဝင်သွား၏။

"ဝှစ်"

လုမင် လှုပ်ရှားလိုက်သည်။ သူ၏ တိုက်ခိုက်မှုတော့ ယခင်ကအတိုင်း ရိုးရှင်းနေဆဲပင်။

ကစဉ့်ကလျားတာအိုနယ်မြေနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို တွဲဖက်အသုံးပြုလိုက်သည်။ ခွမ်းခုံး၏ တိုက်ခိုက်မှုများက ချက်ချင်း ပြိုကျသွား၏။

သို့သော်လည်း သူ့လက်သီးက မရပ်တန့်ဘဲ ခွမ်းခုထံသို့ ဆက်လက်တိုးဝင်သွားသည်။

ခွမ်းခုံး၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ လုမင်၏ လက်သီးအင်အားက သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်‌နေခဲ့ပြီ။

"ရပ်စမ်း"

ခွမ်းခုံးက ဟိန်းဟောက်လိုက်ရာ အစိမ်းရောင် ဒိုင်းတစ်ခု ပေါ်လာခဲ့သည်။ ၎င်းက သူတော်စင်လက်နက်တစ်ခု ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် ဒိုင်းများစွာ ပေါ်လာတော့သည်။

"ဒုန်း"

လုမင်၏ လက်သီးက သူတော်စင်ဒိုင်းအပေါ်သို့ ကျရောက်လာတော့ ကြောက်ခမန်းလိလိ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ သူတော််စင်ရတနာ ဒိုင်းက ပြန်လွင့်သွားပြီး ခွမ်းခုံးကို ဝင်ဆောင့်လိုက်မိ၏။ ညည်းညူသံနှင့်အတူ သူ့ခန္ဓာကိုယ်က တိုက်ပွဲကွင်းပြင်အစွန်းသို့ လွင့်စဉ်သွားတော့သည်။ သူ့ခန္ဓာကိုယ်က တိုက်ပွဲစင်မြင့် ပတ်ဝန်းကျင်ရှိ အလင်းမျက်နှာပြင်ကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိပြီးမှ ရပ်တန့်သွားခဲ့သည်။

ခွမ်းခုံးက အလင်းမျက်နှာပြင်မှ ပြန်ပြုတ်ကျလာကာ သွေးများ အန်ထွက်လာခဲ့သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ခွမ်းခုံးက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

လုမင်၏ တိုက်ခိုက်ရေးအင်အားက ကြောက်စရာကောင်းလွန်းသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့်ပင် တိုက်ခိုက်မှုတစ်ခုကို မခံနိုင်ပေ။ ထို့ပြင်၊ သူ၏ ခုခံကာကွယ်မှုဟာ တချိန်က သူတော်စင်တစ်ပိုင်း ပထမအဆင့် အကျော်အမော်၏ တိုက်ခိုက်မှုကိုပင် ပိတ်ဆို့နိုင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်မှာတော့ လက်သီးတစ်ချက်ဖြင့် သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြီ။

စင်အောက်က တခြားသူများလည်း တုန်လှုပ်သွားကြသည်။

"သတ်"

လုမင်က အေးစက်စက်ဖြင့် ငေါက်ငမ်းပြီး ခွမ်းခုံးဆီသို့ တိုးဝင်သွားသည်။

"တားဆီးစမ်း၊ ငါ တားဆီးထားရမယ်"

ခွမ်းခုံးက အော်ဟစ်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ ဒိုင်းနှစ်ခု ပေါ်လာခဲ့၏။ ထိုဒိုင်းနှစ်ခုစလုံးကလည်း သူတော်စင်လက်နက်များချည်း ဖြစ်ကြသည်။ သူတော်စင်ရတနာ ဒိုင်းသုံးခုက သူ့ရှေ့တွင် စီတန်းနေခဲ့ပြီ။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်တွင် ချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာသည်။ ၎င်းကလည်း သူတော်စင်ရတနာ ဖြစ်၏။

အားလုံးက အကာကွယ် သူတော်စင်ရတနာများချည်း ဖြစ်သည်။ သူသည် တချိန်က သူတော်စင်တစ်ပိုင်း ပထမအဆင့် အကျော်အမော်၏ တိုက်ခိုက်မှုများကို တားဆီးနိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

ယွမ်ချီစွမ်းအင်များက လျိုယွမ်လက်အိတ်အတွင်းသို့ စီးဝင်သွားသောအခါ၊ လက်အိတ်၏ အလေးချိန်က သိသိသာသာ မြင့်မားလာခဲ့သည်။

"ဝုန်း"

နောက်ထပ် လက်သီးတစ်ချက်က ခွမ်းခုံး၏ ဒိုင်းအပေါ်သို့ ကျရောက်သွားခဲ့သည်။

ခွမ်းခုံးက သဲအိတ်တစ်လုံးကဲ့သို့ ထပ်မံလွင့်စဉ်သွားသည်။ သူက အလင်းမျက်နှာပြင်ကို ဝင်တိုက်မိပြီး အတားအဆီးတစ်ခုလုံး တုန်ခါသွား၏။ သူ့အရိုးများ မည်မျှကျိုးသွားမှန်း မသိရသော်လည်း ခွမ်းခုံး၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။

'ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်စရာကောင်းနေတာလဲ'

ခွမ်းခုံး တုန်လှုပ်ချောက်ချားသွားခဲ့သည်။

လုမင်၏ အင်အားက သူယခင်က တိုက်ခိုက်ဖူးသော သူတော်စင်တစ်ပိုင်း ပထမအဆင့် အကျော်အမော်ကိုပင် ကျော်လွန်သွားခဲ့ပြီ။ အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါးက ဤမျှထိတ်လန့်စရာကောင်းသော ခွန်အားကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။

သူမသိခဲ့တာကတော့ လုမင်ဟာ သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်တွင် ရှိစဉ်ကတည်းက သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်၏ သူတော်စင်တစ်ပိုင်း လုပ်ကြံသတ်ဖြတ်သူများကို ရင်ဆိုင်နိုင်နေပြီဟူသော အချက်ပင်။ ယခုဆိုလျှင်၊ အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်သွားပြီမို့ သူ့အင်အားက သဘာဝအတိုင်း ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။

"သတ်"

နဂါးနက်လှံက လုမင်၏လက်ထဲတွင် ပေါ်လာသည်။ အစွန်းရောက်လှံဆယ့်သုံးချက်ဖြင့် လှံအလင်းက ပေါက်ကွဲထွက်ပေါ်လာ၏။

ပေါက်ကွဲအား ဆယ့်သုံးဆဖြင့် လှံချက်က ခွမ်းခုံး၏ အကာကွယ်အလွှာများကို ဖြတ်ကျော်ကာ သူ့ခန္ဓာကိုယ်ကို ထိမှန်သွားတော့သည်။ နာကျင်စွာ အော်ဟစ်သံနှင့်အတူ ခွမ်းခုံး၏ ခန္ဓာကိုယ်က လွင့်စဉ်သွားခဲ့သည်။ ဤတစ်ကြိမ်တော့ သူ ပြန်မထနိုင်တော့ပေ။

သူတော်စင်ရတနာများ၏ ကာကွယ်မှုဖြင့်ပင် သူ သေဆုံးသွားရပြီ ဖြစ်သည်။

လုမင်က သူ့လက်ကိုဝှေ့ယမ်းပြီး ခွမ်းခုံး၏ သူတော်စင်ရတနာများနှင့် သိုလှောင်လက်စွပ်ကိုသိမ်းယူလိုက်သည်။

"ဘယ်သူ တိုက်ခိုက်ချင်သေးလဲ၊ သူတော်စင်တစ်ပိုင်းဖြစ်ရင် အကောင်းဆုံးပဲ"

လုမင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ တူညီသော‌စကားကို ထပ်ပြောလိုက်သည်။

"စွမ်းအားကြီးလှချေလား၊ သူ့ရဲ့ စွမ်းအားက ပထမအလွှာ သူတော်စင်တစ်ပိုင်းထက်တောင် ပိုပြီး အားကောင်းနေပြီ"

"အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါးက ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာ မယုံနိုင်စရာပဲ။ သူ့မှာ ကောင်းကင်ဝိညာဉ်ခန္ဓာ ရှိနိုင်တယ်"

"ကောင်းကင်ဝိညာဉ်ခန္ဓာဆိုရင်တောင် ဒီလောက်တော့ ကြောက်စရာမကောင်းသင့်ဘူး မဟုတ်လား"

တိုက်ပွဲစင်မြင့်အောက်မှ လူများက ‌ဆွေးနွေးပြောဆိုလိုက်ကြသည်။ သို့သော်လည်း ခဏကြာသည်အထိ မည်သူမျှ မတက်လာကြပေ။

တချို့လူများကလည်း သူတို့၏အင်အားကို အကဲဖြတ်နေသကဲ့သို့ မျက်လုံးများ အရောင်လက်နေခဲ့ကြသည်။

လုမင်က တိုက်ကွက်အနည်းငယ်ဖြင့် ခွမ်းခုံးကို သတ်နိုင်သည်။ သူ၏ ခွန်အားက ပထမအလွှာ သူတော်စင်တစ်ပိုင်းအဆင့်ထက် ကျော်လွန်နေပြီ။ ပထမအလွှာ သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူတချို့လည်း သူတို့တွင် လုမင်ကို တိုက်ခိုက်နိုင်စွမ်းရှိမရှိ ချိန်ဆနေခဲ့ကြရသည်။

"ငါလာခဲ့မယ်"

ခဏအကြာတွင် အစိမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

"သူက လဲ့ရှုံပဲ"

ထိုလူငယ်ကို မြင်သောအခါ လူအများ၏ မျက်လုံးများ အရောင်လက်သွားသည်။

"လဲ့ရှုံက သဘာဝနိယာမကို နားလည်ပြီး ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းဖြစ်လာဖို့ သိပ်မလိုတော့ဘူးလို့ ပြောကြတယ်"

"အခုတော့ သူ တိုက်ခိုက်တော့မယ်လေ၊ ဒီတိုက်ပွဲက စိတ်ဝင်စားစရာကောင်းလိမ့်မယ်"

တိုက်ပွဲစင်မြင့်မှာတော့ နောက်ဆုံးတွင် လုမင်၏မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီ ဖြစ်သည်။ နောက်ဆုံးတွင်၊ သင့်လျော်သော လူတစ်ယောက် ရောက်လာပြီ။

"သေ"

လဲ့ရှုံက အချိန်မဖြုန်းဘဲ တိုက်ခိုက်လိုက်သည်။ သူ့တစ်ကိုယ်လုံးကို လျှပ်စီးများက ဖုံးလွှမ်းနေ၏။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းက မိုးကြိုးတံဆိပ်တော်အဖြစ်သို့ ပေါင်းစပ်သွားပြီး လုမင်အပေါ် ကျရောက်လာတော့သည်။

"ဝုန်း"

လုမင်က နဂါးနက်လှံနှင့် မိုးကြိုးတံဆိပ်တော်ကို ထိုးသွင်းလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ မိုးကြိုးတံဆိပ်တော်က ပေါက်ကွဲသွားပြီး တိုက်ပွဲစင်မြင့်တစ်ခုလုံး မိုးကြိုးစွမ်းအားများဖြင့် ပြည့်သွား၏။

ထို့နောက် မိုးကြိုးဒယ်စောက်အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲကာ လုမင်ကို ဖိချလာတော့သည်။

"ကောင်းတယ်ကွ"

လုမင်က အော်ဟစ်ရင်း နဂါးနက်လှံဖြင့် ထပ်မံထိုးသွင်းလိုက်သည်။

လဲ့ရှုံက အန္တိမ မိုးကြိုးတာအိုနယ်မြေကို ကျွမ်းကျင်ပိုင်နိုင်သည်။ ထို့ပြင် အစွမ်းထက် တာအိုနယ်မြေ သိုင်းပညာကို လေ့ကျင့်ထား၏။ မိုးကြိုးလျှပ်စီး၏ စွမ်းအားက အံ့မခန်းဖြစ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်လာတော့သည်။

ဤတိုက်ပွဲတွင်၊ လုမင်က နတ်ဘုရားဓားကျင့်စဉ်နှင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို အသုံးမပြုပါ။ သူက လဲ့ရှုံနှင့် တိုက်ခိုက်ရန် သာမန် တိုက်ခိုက်ရေးနည်းလမ်းများကိုသာ အသုံးပြုခဲ့သည်။ ထို့ကြောင့် တိုက်ပွဲက အချိန်ကြာလာသော်လည်း အနိုင်ရသူကို ဆုံးဖြတ်ရန် ခက်ခဲနေဆဲပင်။

ဤတိုက်ပွဲက နာရီဝက် ကြာသွားသည်။ ထိုအချိန်တွင် အလင်းမျက်နှာပြင်က ပျောက်ကွယ်သွားပြီး တိုက်ပွဲလည်း ပြီးဆုံးသွားလေသည်။

"ဝှူး"

လဲ့ရှုံ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ ယွမ်ချီစွမ်းအင်များကို အများအပြား သုံးခဲ့ရ၏။ တိုက်ပွဲက ဆက်ဖြစ်နေလျှင် သူ ခံနိုင်တော့မည် မဟုတ်ပါ။ တစ်ဖက်မှာတော့ လုမင်က တည်တည်ငြိမ်ငြိမ်ရှိနေဆဲ ဖြစ်သည်။

"မကောင်းဆိုးရွားပဲ"

လဲ့ရှုံလည်း ရေရွတ်ရင်း တိုက်ပွဲစင်မြင့်မှ ထွက်သွားတော့သည်။

"ကံမကောင်းချင်တော့ နည်းနည်း အားနည်း‌နေသေးတယ်၊ ငါ့မှာ လုံလောက်တဲ့ဖိအား မရရှိသေးဘူး"

လုမင်က ခပ်တိုးတိုးလေး ပြောလိုက်သည်။

လဲ့ရှုံနှင့် တိုက်ပွဲအပြီးတွင် တစ်စုံတစ်ခုကို သူ ခံစားခဲ့ရသည်။ ကစဉ့်ကလျားတာအိုနယ်မြေကို ပို၍ နားလည်လာသလို သူ ခံစားရ၏။ သို့သော်လည်း သက်ရောက်မှုက အားနည်းပြီး အပြည့်အဝ နားမလည်သေးပေ။

"ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းတွေ ရှိပါရဲ့လား၊ ရှိရင် လာပြီး တိုက်ခိုက်လှည့်ပါ"

လုမင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူ့အသံက ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့လွင့်သွား၏။

တိုက်ပွဲစင်မြင့်အောက်မှ လူများလည်း တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။

လုမင်က သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ကို စိန်ခေါ်နေ၏။ သူက တကယ်ကို ခေါင်းမာသည်။

ဤလူများအားလုံးက ဧကရာဇ်အဆင့် အင်အားစုများမှဖြစ်သော်လည်း အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းကို စိန်ခေါ်နေခြင်းမှာ သူတို့အားလုံးကို အံ့သြတုန်လှုပ်သင့်စေခဲ့သည်။

ဤနေရာမှ သူတော်စင်တစ်ပိုင်း အကျော်အမော်များက သာန်မဟုတ်ကြောင်း သိထားကြရမည်။ သူတို့အားလုံးက လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။

"စိတ်ဝင်စားစရာပဲ၊ ဒီလိုပါရမီရှင်မျိုး ထွက်ပေါ်လာတာ ယုံတောင်မယုံနိုင်ဘူး။ ဒီလိုပါရမီရှင်မျိုးကို သတ်နိုင်မယ်ဆိုရင် ပိုပြီး စိတ်ဝင်စားစရာကောင်းလိမ့်မယ်"

အေးစက်စက်စကားသံနှင့်အတူ ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

"ဝုန်း"

ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အင်အားများက လုမင်ဆီသို့ တိုးဝင်သွား၏။

"နိယာမ စွမ်းအား"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာ၏။

ထိုလူငယ်က ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း ဖြစ်သည်။

"အစွန်းရောက်လှံ ဆယ့်သုံးချက်"

လုမင်က နဂါးနက်လှံဖြင့် ရှေ့ကို ထိုးသွင်းလိုက်သည်။

"ဝုန်း"

နဂါးနက်လှံက သံမဏိတောင်တစ်လုံးကို ထိုးမိသွားပုံရ၏။ ကြောက်မက်ဖွယ်ကောင်းသော အင်အားများက နဂါးနက်လှံကို ကွေးညွှတ်သွားစေသည်။ လုမင်၏ ခန္ဓာကိုယ်လည်း တုန်ခါပြီး အဆက်မပြတ် ဆုတ်သွားရတော့သည်။ သူ့ကိုယ်သူ ဟန်ချက်မထိန်းမီ ခြေလှမ်းဆယ်လှမ်းကျော် ဆုတ်သွားခဲ့ရသည်။

'နိယာမစွမ်းအားက တကယ်ကို အားကောင်းတာပဲ'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။ သူ့မျက်လုံးများမှာတော့ ပြင်းပြသော စိတ်လှုပ်ရှားမှုနှင့် တိုက်ခိုက်လိုစိတ်တို့ တောက်လောင်လာတော့သည်။

ဖိအားများ၊ သူ့အပေါ် ကျရောက်နေသည့် ပြင်းထန်သော ဖိအားများကို ခံစားရသည်။ သူ့ကိုယ်သူ တွန်းအားပေးရန် ဤဖိအားများကို လိုအပ်သည်။

All Chapters