← Chapters

အခန်း ၁၆၁၀

Vol. 108 Ch. 1610

အခန်း ၁၆၁၀

Vol. 108 Ch. 1610

အပိုင်း ( 1610 ) အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာ။

နောက်ဆယ်ရက်ကျော်အထိ လုမင်နှင့် ရွှီယန်တို့မှာ နှစ်ရက်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။ တစ်ကြိမ်တိုက်ခိုက်လျှင် နာရီဝက် ကြာမြင့်၏။

တိုက်ပွဲတိုင်းတွင် အသက်လုပြီး တိုက်ခိုက်ရသဖြင့် လုမင်၏ တိုးတက်မှုမှာ အလွန် လျင်မြန်နေတော့သည်။

ထို့ပြင်၊ တိုက်ပွဲပြီးသွားတိုင်းမှာ လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေက သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ ကစဉ့်ကလျားတာအိုနယ်မြေ တိုးတက်လာသည်နှင့်အမျှ၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံကလည်း တိုးတက်လာခဲ့သည်။ ဆယ်ရက်အကြာတွင် လုမင်၏ ကျင့်ကြံခြင်းအ‌ခြေခံက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွား၏။ အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်နှင့်ပင် သိပ်မဝေးတော့ပေ။ ယင်းက အံ့မခန်း အမြန်နှုန်း ဖြစ်သည်။

လုမင် တိုးတက်လာချိန်တွင် ရွှီယန်ကလည်း အားကောင်းလာခဲ့သည်။ သူ၏ နိယာမကို ထိန်းချုပ်နိုင်စွမ်းမှာ ပို၍ မြင့်မားလာခဲ့ပြီ။

မူလက ရွှီယန်သည် သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ဝင်ရောက်ရုံမျှသာ ဖြစ်သည်။ ယခုတော့ သူသည် နှောင်းပိုင်းအဆင့်သို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ။

သို့သော်လည်း လုမင်၏ တိုးတက်မှုက ပို၍မြန်ဆန်ကြောင်း ထင်ရှားသည်။ ဆယ်ရက်အကြာတွင် လုမင်က ရွှီယန်ကိုတိုက်ခိုက်ရာတွင် အားနည်းချက်ရှိနေသော်လည်း ကွာခြားချက်မှာ သိသာထင်ရှားခြင်းမရှိတော့ပေ။

ရက်အတန်ကြာ တိုက်ခိုက်ခဲ့ပြီးပြီဖြစ်လို့လည်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာခဲ့ကြသည်။

"လုမင်... မင်းက တကယ်ကို အရူးပဲ။ ဒီအတိုင်းဆက်သွားရင် ငါက မင်းရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်တော့ဘူး"

အသူရာကြိုးဝိုင်းအောက်တွင်၊ သူတို့နှစ်ဦးက စင်မြင့်ပေါ်မှ တိုက်ပွဲများကိုကြည့်ရင်း စကားစမြည် ပြောဆိုနေကြသည်။

"ငါလည်း ပြိုင်ဘက်ပြောင်းရတော့မယ် ထင်တယ်"

လုမင် ပြောလိုက်သည်။

"ဘာလဲကွ"

ရွှီယန်က သူ့ကို စိုက်ကြည့်လိုက်၏။

"မင်းက ငါ့ကို ရိုက်နိုင်မယ်လို့ တကယ်ထင်နေတာလား"

"မဟုတ်ပါဘူး၊ ငါ မင်းကို မသတ်နိုင်တာကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲက အဓိပ္ပါယ်မရှိသလို ခံစားရတယ်"

လုမင် ပြောလိုက်သည်။

ရွှီယန်မှာ အံ့အားသင့်သွားသော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်ဟာ အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ပြီး သူတို့၏ စိတ်ဓာတ်များက တူညီသည်ဟု ခံစားခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ရက်က တိုက်ပွဲအပြီးမှာလည်း သူတို့နှစ်ယောက်က အရက်ကောင်းကောင်း သောက်ခဲ့ကြသေးသည်။ ထို့ပြင်၊ သူတို့က တိုက်ပွဲစင်မြင့်တွင် အချင်းချင်း သတ်ဖြတ်နိုင်ခြင်းလည်း မရှိတော့ပါ။

"ဝုန်း"

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ၎င်းက အသူရာကြိုးဝိုင်းမှမဟုတ်ဘဲ အပြင်မှလာနေခြင်း ဖြစ်၏။

တစ်စုံတစ်ယောက်က အသူရာကြိုးဝိုင်း အပြင်ဘက်တွင် တိုက်ခိုက်နေပြီ။

လူတော်တော်များများ တုန်လှုပ်သွားကြသည်။

ဤမြို့ထဲတွင်၊ အသူရာကြိုးဝိုင်းတစ်ခုသာ လွတ်လွတ်လပ်လပ် တိုက်ခိုက်ခွင့်ရှိသည်။ တခြားနေရာများတွင် တိုက်ခိုက်မှုကို တားမြစ်ထား၏။

"ဘယ်သူက မြို့ထဲမှာ တိုက်ခိုက်နေရဲတာလဲ။ သူတော်စင်နယ်ပယ် အကျော်အမော်တွေရဲ့ တစ်ချက်တည်းနဲ့ ရိုက်သတ်ခံရမှာကို မကြောက်ဘူးလား"

"သွားကြည့်ရအောင်"

"မြို့ထဲမှာ ဘယ်သူက တိုက်ခိုက်ဝံ့တာပါလိမ့်"

ချက်ချင်းဆိုသလိုပင်၊ တိုက်ပွဲစင်မြင့်အောက်မှ လူအားလုံး အပြင်သို့ ပြေးထွက်သွားကြသည်။ လုမင်နှင့် ရွှီယန်လည်း အကြည့်ချင်းဖလှယ်ပြီး အပြင်သို့ ပြေးသွားကြလေသည်။

"ဝုန်း... ဝုန်း"

အပြင်သို့ရောက်သည်နှင့် ပြင်းထန်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ အားလုံးက ကောင်းကင်ကို မော့ကြည့်လိုက်၏။

ကောင်းကင်တွင် လူနှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

ထို့နောက် အလင်းတန်းနှစ်ခု တောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် အရပ်ရပ်သို့ ပျံ့နှံ့သွား၏။

ကောင်းကင်ယံ၌ သဘာဝရူပါရုံနှစ်မျိုး ပေါ်လာတော့သည်။

တစ်ခုက လေထဲတွင် ပျံသန်းနေသော လက်နက်တစ်ခုဖြစ်ပြီး နောက်တစ်ခုမှာ မီးပင်လယ်ထဲတွင် ကူးခတ်နေသော ဖီးနစ်တစ်ကောင် ဖြစ်သည်။

မိုးနှင့်မြေ၏ သဘာဝရူပါရုံနှစ်ခုက ထိုလူနှစ်ယောက်စလုံးမှာ ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင်များဖြစ်ကြောင်း ဖော်ပြနေပေသည်။

"ဝုန်း"

နောက်ထပ် ပေါက်ကွဲသံတစ်ခုနှင့်အတူ၊ လူရုပ်နှစ်ခုက မီတာရာပေါင်းများစွာ ဆုတ်ခွာသွားပြီး လေထဲတွင် ရပ်လိုက်ကြသည်။

တယောက်က ရွှေခရမ်းရောင် ၀တ်စုံ ၀တ်ဆင်ထားသော လူငယ်တယောက် ဖြစ်သည်။ သူ့ထံမှ မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး သူတော်စင်လက်နက် ဆယ့်နှစ်ခုကလည်း သူ့ကို ဝန်းရံထား၏။ သူတော်စင်လက်နက်များ၏ အရှိန်အဝါများကလည်း ကောင်းကင်ထိတိုင် ဖြာတက်နေတော့သည်။

"ဒါ... သူပဲ"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ဤလူငယ်က ဝမ်မျိုးနွယ်မှ မြင့်မြတ်သော လူငယ်လေးမှတပါး အခြား မဟုတ်ပေ။

နောက်တစ်ယောက်ကတော့ လွန်စွာမှ လှပပြီး ကျက်သရေရှိသော မိန်းမလှလေးတစ်ဦး ဖြစ်သည်။ သူမ၏ အသားအရေကလည်း ကျောက်စိမ်းကဲ့သို့ ချောမွတ်၏။ တိုင်းပြည်များကို ပြိုပျက်စေလောက်သော အလှပိုင်ရှင်လေးပင်။

သူမ၏ နောက်ကျောမှလည်း ဖီးနစ်အတောင်ပံတစ်စုံက ဆန့်ထွက်နေရာ ထူးဆန်းသော အသွင်ပြင်မျိုး ရှိသည်။

"အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာ၊ ဒီမိန်းကလေးရဲ့ ဝိညာဉ်ခန္ဓာက အင်မော်တယ် ကောင်းကင်ဖီးနစ် သွေးမျိုးဆက်နဲ့ ပေါင်းစပ်ထားတဲ့ အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာပဲ ဖြစ်ရမယ်"

ထိုအမျိုးသမီးကိုမြင်လိုက်ရတော့ လုမင်၏ မျက်လုံးများက အရောင်လက်လာသည်။

အင်မော်တယ် ကောင်းကင်ဖီးနစ်မှာ ထိပ်တန်း စစ်သားရဲ ဆယ်ကောင်ထဲမှ တစ်ကောင် ဖြစ်သည်။ နဂါးမျိုးနွယ်၏ နဝမနဂါးကဲ့သို့ အင်မော်တယ် ကောင်းကင်ဖီးနစ်က ဖီးနစ်မျိုးနွယ်အတွက် ထူးကဲသော တည်ရှိမှုတစ်ခုပင်။

အင်မော်တယ် ကောင်းကင်ဖီးနစ်၏ တိုက်ခိုက်ရေးအင်အားက သာမန်ဖီးနစ်များထက် များစွာ ပို၍ အားကောင်းသည်။

ဤသည်မှာ၊ ယွမ်လုသို့ ရောက်လာပြီးနောက် ထိပ်တန်း စစ်သားရဲဆယ်ကောင်၏ သွေးမျိုးဆက်ကို နိုးထစေခဲ့သော လူတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများမှတစ်ဆင့် လုမင်ဟာ ၎င်းတို့၏အမည်များကို သိရှိခဲ့ရသည်။

ဝမ်မျိုးနွယ်မှ မြင့်မြတ်သောလူငယ်လေးက ဝမ်ထျန်းချန် ဖြစ်သည်။ အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာကို လေ့ကျင့်ထားသော မိန်းကလေးကမူ ဟွမ်လင် အမည်ရှိ၏။

"ဝမ်"

ဝမ်ထျန်းချန်က ရှေ့သို့ တိုးလိုက်သောအခါ သူတော်စင်လက်နက်များမှ အသံထွက်လာသည်။ သူ‌တော်စင်လက်နက်များမှ သက်တန့်အလင်းများ ဖြာထွက်နေ၏။ ဝမ်ထျန်းချန်က သူတော်စင်ဓားဖြင့် ဟွမ်လင်ကို လွှဲခုတ်လိုက်တော့သည်။

ဖီးနစ် အော်မြည်သံ ထွက်ပေါ်လာခဲ့သည်။ ဟွမ်လင်က ဖီးနစ်အတောင်ပံများကို ခတ်လိုက်၏။ မီးလျှံအလင်းတန်းတစ်ခုကဲ့သို့ ဝမ်ထျန်းချန်ဆီသို့ ပျံသန်းသွားတော့သည်။

ကြောက်စရာကောင်းသော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။ ကောင်းကင်ပြင်က လက်နက်၏ အရှိန်အဝါနှင့် မီးတောက်များဖြင့် ပြည့်‌နှက်နေ၏။ ကြည့်ရှုနေသူအားလုံး အနီးကပ် မနေနိုင်တော့ဘဲ နောက်ဆုတ်သွားခဲ့ကြရသည်။

"ကြောက်စရာကောင်းလိုက်တာ၊ ဒီတိုက်ခိုက်ရေးစွမ်းအားက သူတော်စင်အဆင့်နဲ့ နီးနေပြီ"

"ဒါတောင်မှ သူတို့က ကောင်းကင် အဆင့်နိမ့် ဝိညာဉ်ခန္ဓာတွေပဲ ရှိသေးတာ... အလယ်လတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင်တွေဆိုရင် ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်မလဲ။ သူတော်စင်အဆင့်ကို မရောက်သေးဘဲနဲ့တောင် သူတော်စင်တစ်ပါးကို သတ်နိုင်လောက်တယ်"

ဝမ်ထျန်းချန်နှင့် ဟွမ်လင်၏ တိုက်ခိုက်ရေးအင်အားက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။ သူတို့က မြို့ထဲတွင် တိုက်ခိုက်ဝံ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားဖြင့် မြို့တွင်းရှိ သူတော်စင်များ လှုပ်ရှားလျှင်ပင်၊ သူတို့နှစ်ဦးက လွတ်မြောက်နိုင်မည် ဖြစ်သည်။

လက်နက် အရှိန်အဝါနှင့် မီးတောက်များက ကောင်းကင်တစ်ခုလုံး ပြည့်နေသည်။ ဝမ်ထျန်းချန်နှင့် ဟွမ်လင်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဆဲ ဖြစ်၏။ တိုက်ခိုက်မှု အားလှိုင်းများက ပြင်းထန်လွန်းသဖြင့် မည်သူမျှ အနားကိုမကပ်ဝံ့တော့ပေ။

မဟုတ်သေး၊ လူတစ်ယောက်တော့ ရှိနေသည်။

အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ယောက်က တိုက်ပွဲနှင့် မနီးမဝေးတွင် ရပ်ကာ လက်နှစ်ဖက်ကို‌ နောက်သို့ယှက်ပြီး ရပ်နေသည်။ သူ့ခန္ဓာကိုယ်မှ အလင်းအလွှာတစ်ခု ပျံ့နှံ့သွားပြီး၊ လက်နက် အရှိန်အဝါနှင့် အရပ်ရပ်သို့ ပျံ့နှံ့နေသော မီးတောက်များကို ပိတ်ဆို့ထားပေသည်။

"အဲဒါက ဘယ်သူလဲ"

လူများစွာတို့ တုန်လှုပ်သွားကြသည်။

"သူက စစ်မာလျန်နဲ့တူတယ်"

"အဲဒါက သူပဲ၊ နောက်ထပ် ကောင်းကင်ဝိညာဉ်ခန္ဓာတစ်ခု"

တစ်စုံတစ်ယောက်က အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို မှတ်မိပြီး အော်ပြောလိုက်သည်။ သူကလည်း အလွန်အစွမ်းထက်သော ပါရမီရှင်တစ်ဦး ဖြစ်ချေသည်။

"ဟားဟားဟား၊ တကယ် စည်ကားနေတာပဲ"

ရယ်မောသံနှင့်အတူ လူငယ်လေးတစ်ယောက်က လေထဲမှ လျှောက်လှမ်းလာခဲ့သည်။ သူက ပုံမှန်ထက် အရပ်မြင့်ပြီး သာမာန်လူများထက် ဦးခေါင်းနှစ်လုံး မြင့်၏။ သူ့ကြွက်သားများကလည်း သံတုံးသံခဲကဲ့သို့ ဖုထစ်နေသည်။

သူက လေထဲမှ လှမ်းလာနေ၏။ လက်နက်စွမ်းအင်နှင့် မီးတောက်များက သူ့အပေါ်သို့ ကျရောက်လာသော်လည်း သူကတော့ ဘာမျှ ခံစားရပုံမပေါ်ပေ။

"သားရဲရိုင်း ကျောက်ခွမ်း၊ နောက်ထပ် ကောင်းကင်ဝိညာဉ်ခန္ဓာတစ်ခုပဲ"

"ဘာတွေဖြစ်နေတာလဲ။ သူတို့က မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ရဲ့ နက်နဲရာမှာပဲ နေကြတဲ့သူတွေ မဟုတ်ဘူးလား။ ဒီနေရာကို ဘာဖြစ်လို့ ရုတ်တရက်ကြီး ရောက်လာကြတာလဲ"

"စစ်မြေပြင်ရဲ့ အပြင်စည်းမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့တာများလား"

လူတော်တော်များများက ခန့်မှန်းပြောဆိုလိုက်ကြသည်။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်၏ နက်နဲရာမှာ စစ်မြေပြင်၏ အဓိက‌နယ်မြေ ဖြစ်သည်။ ထိုနေရာတွင် အခွင့်အလမ်းများက အပြည့်ရှိ၏။ ထိုအတွက်လည်း သူတော်စင်တစ်ပိုင်း ပါရမီရှင် အများစုက မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ နက်နဲသောနေရာများတွင်သာ စုဝေးခဲ့ကြသည်။

သူတို့အတွက်တော့ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ နက်နဲသောအရပ်သာ လေ့ကျင့်ရန် နေရာကောင်း ဖြစ်သည်။ အပြင်စည်းတွင် ရှိကြသူများ အများစုက အတော်လေး အားနည်းကြပေသည်။

ဤပါရမီရှင်များက အစွန်အဖျားဒေသသို့ လာရောက်ခဲကြသည်။ သို့သော်လည်း ယနေ့မှာတော့ လူလေးယောက်က တစ်ပြိုင်နက်တည်း ပေါ်လာပြီ။

"စစ်မာလျန်၊ မင်းနဲ့ တွေ့ရတာရှားတယ်။ ငါနဲ့ တိုက်ခိုက်ပါ"

သားရဲရိုင်း ကျောက်ခွမ်း၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ဖြင့် တလက်လက် တောက်နေသည်။ သူက စစ်မာလျန်ဆီသို့ လျှောက်သွား၏။

"ငါလည်း ဒီလိုပဲဖြစ်ချင်တာ"

စစ်မာလျန်က အေးစက်စက် ပြောလိုက်သည်။ သူ့လက်ထဲတွင် လှံပုဆိန်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်လာတော့သည်။

"ယား"

ကျောက်ခွမ်းက ကြောက်ဖွယ်ကောင်စွာ ဟိန်းဟောက်လိုက်သည်။ သူက ရိုင်းစိုင်းသော ရှေးဦး သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်၏။ သူ့လက်တစ်ဖက်စီတွင်လည်း လက်အိတ်များကို ၀တ်ထားသည်။ ထို့နောက် စစ်မာလျန်ကို လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

စစ်မာလျန်ကလည်း လှံပုဆိန်ဖြင့် ပြန်လည်ခုတ်လိုက်သည်။

"ဝုန်း"

ကြောက်မက်ဖွယ်ရာ တုန်ခါမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤအခိုက်တွင်၊ တစ်မြို့လုံး ပြင်းထန်စွာ တုန်လှုပ်နေသကဲ့သို့ပင်။

ကျောက်ခွမ်းနှင့် စစ်မာလျန်၏ ခန္ဓာကိုယ်များက တုန်ခါပြီး နောက်သို့ ဆုတ်ခွာသွားကြသည်။

"ထပ်လာမယ်"

ကျောက်ခွမ်းက ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများမှ တိုက်ခိုက်လိုစိတ်က ပို၍ ပြင်းထန်လာသည်။ သူက စစ်မာလျန်ဆီသို့ တစ်ဖန် ခုန်ဝင်သွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။ စစ်မာလျန်ကလည်း ကြောက်ရွံ့ခြင်းမရှိ၊ သူက လှံပုဆိန်ဖြင့် ကျောက်ခွမ်းကို ပြန်လည် ခုတ်ပိုင်းလိုက်တော့သည်။

နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။

All Chapters