← Chapters

အခန်း ၁၆၁၂

Vol. 108 Ch. 1612

အခန်း ၁၆၁၂

Vol. 108 Ch. 1612

အပိုင်း ( 1612 ) သူတော်စင်တစ်ပိုင်းအဆင့် ရုပ်သေး။

ချိုင့်ဝှမ်းရှိ နတ်ဆိုးသတ္တဝါအများစုမှာ သူတော်စင်တစ်ပိုင်းအဆင့်တွင် ရှိသည်။ သူတော်စင်အဆင့်မှ နတ်ဆိုးသတ္တဝါ အနည်းငယ်ပင် ရှိသေးသည်။ အဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့် သိုင်းအုပ်ချုပ်သူများကို မဆိုထားဘိ၊ သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် ဝင်ရောက်ဖို့ခက်သည်။

လူအများက မကျေမနပ် စောင့်ကြည့်နေကြစဉ်၊ လုမင်က ချိုင့်ဝှမ်းထဲသို့ တိတ်တဆိတ် ပြေးဝင်သွားခဲ့သည်။

မည်သူမျှ ဂရုမပြုမီစဉ်တွင် လုမင်က ​​သူ့ခန္ဓာကိုယ်ကို တိတ်တဆိတ် ပြောင်းလဲလိုက်၏။ ဒုတိယခန္ဓာက တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားပြီး မူလခန္ဓာကတော့ အပြင်ကို ထွက်လာတော့သည်။

"ဂါး"

သူတော်စင်တစ်ပိုင်း နတ်ဆိုးသတ္တဝါတစ်ကောင်က လုမင်ကို တိုက်ခိုက်လာခဲ့သည်။

လုမင်၏ အတွေးတစ်ချက်ဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် အငွေ့အသက်က ပျံ့နှံ့သွား၏။ နတ်ဆိုးသတ္တဝါ၏ မျက်လုံးများက ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက်မှာတော့ အော်ဟစ်ပြီး လှည့်ထွက်ပြေးသွားတော့သည်။

လုမင်က အဖြူရောင်အရိုးစုများ ပြည့်နှက်နေသော နေရာသို့ အတားအဆီးမရှိ ပြေးသွားသည်။

ပြန်လည်ဝင်စားခြင်း၏ အလင်းက ချိုင့်ဝှမ်း၏ နက်နဲသောနေရာမှ ထုတ်လွှတ်နေခြင်း ဖြစ်ချေသည်။

"ဒါက အဆုံးသတ်မဟုတ်သေးဘူးပဲ၊ ပိုနက်နဲတဲ့ နေရာတစ်ခုရှိသေးတယ်"

လုမင် ရေရွတ်လိုက်သည်။ နောက်ဆုံးအကြိမ်က၊ သူဟာ ဤနေရာတွင်ရပ်ပြီး ရှေ့ဆက်မသွားခဲ့ပေ။ ထိုအတွင်းပိုင်းမှာ မတူညီသော ကမ္ဘာတစ်ခု ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပါ။

"ဂါး... ဂရား"

ချိုင့်ဝှမ်းတွင်း၌ နတ်ဆိုးသတ္တဝါများ၏ ဟိန်းဟောက်သံနှင့်အတူ သူတော်စင်အငွေ့အသက်များက ဖြာထွက်နေသည်။

ကြီးမားသော နတ်ဆိုးဝက်ဝံကြီးတစ်ကောင်က အင်အားအပြည့်ဖြင့် လူငယ်တစ်ဦးကို လိုက်လံ တိုက်ခိုက်နေ၏။ ထိုလူငယ်မှာ ကျောက်ခွမ်း ဖြစ်သည်။

သူတော်စင်အဆင့် နတ်ဆိုးသတ္တဝါကို ကျောက်ခွမ်းပင်လျှင် ထိပ်တိုက် ရင်မဆိုင်ဝံ့ပေ။ သူက အံကြိတ်ကာ ကိုယ့်ဖော့ပညာဖြင့် ရှောင်တိမ်းပြီး ချိုင့်ဝှမ်းအတွင်း နက်နဲရာသို့ ပြေးဝင်သွားနိုင်ခဲ့သည်။

နတ်ဆိုးဝက်ဝံက ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း သူ့ကို ဆက်လက်မလိုက်နိုင်တော့ပေ။

လုမင်က ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဝမ်ထျန်းချန်၊ ဟွမ်လင်နှင့် စစ်မာလျန်တို့ကို မတွေ့ရပါ။ သူတို့သုံးယောက်က အရှိန်အဟုန်ဖြင့် အောင်မြင်သွားခဲ့ပြီး ဖြစ်ရမည်။

သူတို့၏ တိုက်ခိုက်ရေး စွမ်းအားဖြင့် သူတော်စင်အဆင့် နတ်ဆိုး သတ္တဝါများကို အနိုင်မယူနိုင်လျှင်ပင်၊ အောင်မြင်စွာ ပြေးလွှား ဝင်ရောက်နိုင်သေးသည်။

သူတို့အပြင် အတွင်းကို ပြေးဝင်ရန် ကြိုးစားနေကြသူများ ရှိနေဆဲ ဖြစ်သည်။ သူတို့အားလုံးက သူတော်စင်တစ်ပိုင်းအဆင့် ပညာရှင်များ ဖြစ်၏။ လုမင်ဟာ ရွှီယန်ကိုပင် တွေ့လိုက်ရသည်။

သို့သော်လည်း ထိုသူများ၏ တိုက်ခိုက်ရေး စွမ်းအားမှာ များစွာ အားနည်းခဲ့သည်။ သူတော်စင်အဆင့် နတ်ဆိုးသတ္တဝါများ၏ တိုက်ခိုက်မှုအောက်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ထိတ်လန့်တကြား ထွက်ပြေးရုံသာ တတ်နိုင်ခဲ့ကြသည်။

ပထမအဆင့် သူတော်စင်တစ်ပိုင်း ပညာရှင်တချို့ဆိုလျှင်၊ သူတော်စင်အဆင့် နတ်ဆိုးသတ္တဝါများ၏ တိုက်ရိုက် ရိုက်သတ်ခံခဲ့ရပေသည်။

"ဝမ်"

လုမင်၏ နောက်ကွယ်တွင် ငရဲဖိနှိပ်ကျောက်စာချပ် ပေါ်လာသည်။ နတ်ဆိုးသတ္တဝါ အားလုံးက သူ့ကို မြင်သောအခါ ချက်ချင်း ဆုတ်သွားကြ၏။ လုမင်က နတ်ဆိုးသတ္တဝါများကို အလွယ်တကူ ကျော်ဖြတ်ကာ အတွင်းပိုင်းသို့ ဝင်သွားတော့သည်။

အရိုးဖြူဖြူများကို ကျော်လွန်ကာ အတွင်းပိုင်းသို့ လျှောက်လာပြီးနောက် တောင်ကြားတစ်ခုသို့ ရောက်ခဲ့သည်။

ဤချိုင့်ဝှမ်းမှာတော့ နတ်ဆိုးသတ္တဝါများ မရှိပါ။ လုမင်လည်း ငရဲဖိနှိပ်ကျောက်စာချပ်ကို ရုပ်သိမ်းပြီး အမြန်ပြေးသွားလိုက်သည်။ ထို့နောက် သူ့အရှိန်အဝါကိုလည်း ရုတ်သိမ်းကာ တောင်ကြားထဲသို့ လျှောက်သွားခဲ့လေသည်။

တောင်ကြားက အလွန်ရှည်လျားသော်လည်း အန္တရာယ် လုံးဝမရှိပေ။ လုမင်အတွက် အတားအဆီးမရှိဘဲ ရှေ့သို့ တိုးသွားသည်။

မကြာမီ တောင်ကြားလမ်းဆုံးကို ရောက်သွားသည်။ သူ့ရှေ့တွင် ကြီးမားသော တောင်ကြီးတစ်လုံး ပေါ်လာပြီး လမ်းကြောင်းကို ပိတ်ဆို့ထား၏။

တောင်အောက်ခြေနံရံမှာတော့ ဂူတစ်လုံး ရှိသည်။ ပြန်လည်ဝင်စားခြင်း၏ အလင်းရောင်က ဤဂူမှ ထွက်ပေါ်လာခြင်း ဖြစ်ချေသည်။

ဂူရှေ့မှာတော့ လူတစ်ယောက် ရပ်နေသည်။ ထိုသူက စစ်မာလျန်ပင်။

"ဝုန်း... ဝုန်း"

လှိုဏ်ဂူအတွင်းမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ အတွင်း၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေပုံရ၏။

စစ်မာလျန်က ခြေသံကြားသောကြောင့် လှည့်ကြည့်လိုက်ရာ လုမင်ကို တွေ့သွားသည်။ လုမင်၏ ကျင့်ကြံခြင်းက အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သာဖြစ်သော်လည်း ဤနေရာသို့ ရောက်လာခြင်းကြောင့်၊ မမျှော်လင့်ထားသကဲ့သို့ အံ့အားသင့်မှု အရိပ်အယောင်များ သူ့မျက်နှာတွင် ပေါ်လာတော့သည်။

"ဝုန်း... ဝုန်း"

လှိုဏ်ဂူအတွင်းမှ ပေါက်ကွဲသံများက ပိုပြင်းထန်လာသည်။ ထို့နောက်တော့ ဂူထဲမှ ထွားကျိုင်းသော ရုပ်သွင်တစ်ခု ထွက်လာ၏။ ကျောက်ခွမ်း ဖြစ်သည်။

ဤအခိုက်တွင် ကျောက်ခွမ်း၏ အမူအရာက ကြည့်မကောင်းလှပေ။ သူ့အရှိန်အဝါက အားနည်းနေပြီး နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေခဲ့သည်။

"‌ချီးတဲ့မှပဲ၊ ရုပ်သေးတွေ အများကြီးပဲ။ သောက်ပြဿနာပဲကွာ"

ကျောက်ခွမ်းက ကျိန်ဆဲလိုက်သည်။ ထို့နောက် လုမင်ကို လှမ်းကြည့်လိုက်မိတော့ အံ့အားသင့်မှုတို့ ပေါ်လာခဲ့၏။

လှိုဏ်ဂူအတွင်းမှာတော့ ဆူညံသံများ ဆက်လက်ထွက်ပေါ်နေဆဲပင်။ ထို့နောက်တွင် ဂူထဲမှ နောက်ထပ် လူတစ်ဉီး ပြေးထွက်လာခဲ့သည်။ ဝမ်ထျန်းချန် ဖြစ်၏။

ကျောက်ခွမ်းကဲ့သို့ပင် သူသည်လည်း ဒဏ်ရာရပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့သည်။

သူ့မျက်လုံးများ အကြည့်များက အေးစက်နေခဲ့သည်။ ထိုအချိန်တွင် သူ့အကြည့်များက လုမင်အပေါ် ကျရောက်သွား၏။

"ကောင်လေး၊ မင်းပဲလား"

ဝမ်ထျန်းချန်၏ မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားသည်။

"အေးပေါ့ကွ၊ ငါပဲ။ ဘာလဲ... ငါပေးခဲ့တဲ့ 'လက်ဆောင်‌'က အရမ်းတန်ဖိုးကြီးလို့ ကျေးဇူးတင်နေတာလား"

လုမင်က ခပ်ထေ့ထေ့ ပြုံးလိုက်သည်။

အထူးသဖြင့် 'လက်ဆောင်' ဟူသော စကားလုံးကို လေးလေးနက်နက် ပြောလေသည်။

"မင်း‌ သေချင်နေတာပဲ၊ သေစမ်းကွာ"

ဝမ်ထျန်းချန် ဒေါသတကြီး ဖြစ်သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ဓားအငွေ့အသက်များက ကောင်းကင်သို့ ထိုးတက်သွား၏။ ဓားတစ်လက်ဖြင့် လုမင်ကို လွှဲခုတ်လိုက်တော့သည်။

သူဟာ လုမင်ကို အလွန်မုန်းတီးသည်။

လုမင်က သူ့ရှေ့တွင် သူ့လက်အောက်ငယ်သားနှစ်ယောက်ကို သတ်ပစ်လိုက်သော်လည်း၊ ယင်းမှာ အသေးအမွှားကိစ္စ ဖြစ်သည်။ နောက်ပိုင်းတွင်၊ လုမင်က သူ့ကို ဤချိုင့်ဝှမ်းထဲသို့ ဆွဲဆောင်ပြီး နတ်ဆိုးဝက်ဝံဖြင့် ရင်ဆိုင်စေခဲ့သည်။ အရေးကြီးသော အခိုက်အတန့်တွင် လုမင်၏ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် သူ ဒဏ်ရာအပြင်းအထန် ရခဲ့၏။ ထို့ကြောင့် လုမင်ကို အရေခွံဆုပ်ပြီး အရွတ်များ ဆွဲထုတ်ရန် မစောင့်နိုင်လောက်အောင် အရှက်ရခဲ့သည်။ ဤအခိုက်အတန့်တွင် လုမင်ကို ပြန်တွေ့သောအခါ မထိန်းနိုင်ဘဲ ချက်ချင်း တိုက်ခိုက်လိုက်တော့သည်။

လုမင်၏ ဦးခေါင်းထက်တွင် မျှော်စင်ငယ်တစ်ခုာပေါ်လာခဲ့သည်။ မျှော်စင်အတွင်းမှာတော့ ပူဖောင်းလေး ရှိ၏။

ဤအချိန်အတောအတွင်း၌ ပူဖောင်းလေး၏ ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အချိန်ဟင်းလင်းပြင်ကျောက်၏ စွမ်းအင်ကို နေ့တိုင်း သန့်စင်ပြီးနောက် နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ။

အချိန်ဟင်းလင်းပြင် တာအိုနယ်မြေက လုမင်ကို ဖုံးအုပ်သွားသည်။ လုမင်၏ ပုံရိပ်က လှုပ်ရှားလာပြီး ဝမ့်ထျန်းချန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းသွား၏။

"ဒါက အချိန်ဟင်းလင်းပြင် တာအိုနယ်မြေပဲ။ အဲဒီမျှော်စင်က အချိန်ဟင်းလင်းပြင် တာအိုနယ်မြေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်"

ကျောက်ခွမ်းနှင့် စစ်မာလျန်၏ မျက်လုံးများက အရောင်လက်သွားသည်။

"ထွက်ပြေးချင်တာလား၊ သေစမ်း"

ဝမ်ထျန်းချန်က အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က အလင်းစက်များ တောက်ပလာပြီး သူတော်စင်လက်နက်များ ပေါ်လာ၏။ သူတော်စင်လက်နက်များမှ အစွမ်းထက် အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

"လက်နက်တစ်သောင်း တာအိုကျမ်းလား၊ ငါလည်း သိတယ်"

လုမင် ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အလင်းစက်များ တောက်ပနေပြီး သူတော်စင်လက်နက်များ တစ်ခုပြီးတစ်ခု ပေါ်လာ၏။

ယင်းကိုမြင်တော့ ဝမ်ထျန်းချန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

"လက်နက်တစ်သောင်း တာအိုကျမ်း... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်းက ဘယ်လိုလုပ်ပြီး သင်ယူနိုင်တာလဲ"

ကျောက်ခွမ်းနှင့် စစ်မာလျန်တို့ပင် အံသြသွားကြသည်။

လက်နက်တစ်သောင်း တာအိုကျမ်းကို လေ့ကျင့်ရန်အတွက် လက်နက်တစ်သောင်း တာအိုနယ်မြေကို နားလည်ဆင်ခြင်ရန် လိုအပ်သည်။

သာမန်လူများအတွက်တော့ လက်နက်တစ်သောင်း တာအိုနယ်မြေကို နားလည်ရန် မလွယ်ပေ။ သို့ရာတွင် ဝမ်မျိုးနွယ်၏ ပါရမီရှင်များက သူတို့၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် လက်နက်တစ်သောင်း တာအိုနယ်မြေကို နားလည်ကာ လက်နက်တစ်သောင်း တာအိုကျမ်းကို လေ့ကျင့်နိုင်ကြခြင်း ဖြစ်သည်။

သို့ရာတွင်၊ လုမင်က လက်နက်တစ်သောင်း တာအိုကျမ်းကို မည်သို့ နားလည်နိုင်သနည်း။

ဝမ်ထျန်းချန် ကြက်သေသေနေချိန်တွင် လုမင်က ပူဖောင်းလေး၏ အကူအညီဖြင့် ဂူထဲသို့ ပြေးဝင်သွားခဲ့သည်။

လှိုဏ်ဂူထဲသို့ ဝင်လာပြီးနောက် တပြိုင်နက် လုမင်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

ပထမဆုံး ဟွမ်လင်ကို သတိပြုမိ၏။

ဤအခိုက်အတန့်တွင်၊ ဟွမ်လင်က နတ်ဖီးနစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့မည့်ပုံရှိသည်။ သူမကို အင်မော်တယ် ကောင်းကင်ဖီးနစ် မီးတောက်များက လွှမ်းခြုံနေပြီး ဒါဇင်ချီသော လူရိပ်များကို အပြင်းအထန် တိုက်ခိုက်နေပေသည်။

"ရုပ်သေးတွေ"

လုမင်က ဂရုတစိုက် ကြည့်လိုက်သောအခါ၊ ဟွမ်လင်နှင့် အပြင်းအထန်တိုက်ခိုက်နေသည့် ဒါဇင်နှင့်ချီသော လူရိပ်များက အသက်ဓာတ် ကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးက ရုပ်သေးများ ဖြစ်၏။

ဤရုပ်သေးများက အလွန်အစွမ်းထက်သည်။ သူတို့က သူတော်စင်တစ်ပိုင်း တတိယအဆင့်နှင့် ညီမျှပြီး နိယာမစွမ်းအားကလည်း ရစ်ပတ်နေပေသည်။

ထို့နောက် လုမင်က ပတ်ပတ်လည်ကို ကြည့်လိုက်ရာ လှိုဏ်ဂူက အလွန်ကျယ်ပြန့်သည်ကို တွေ့လိုက်ရသည်။ ဂူ၏ အနက်ရှိုင်းဆုံးအပိုင်းမှာတော့ ကျောက်တိုင်နှစ်တိုင် ရှိ၏။ ကျောက်တိုင်တစ်ခုစီ၏ အထက်တွင်လည်း တစ်စုံတစ်ခုက မျောလွင့်နေသေးသည်။

တစ်ခုက ကျောက်စိမ်းပြားဖြစ်ပြီး ကျန်တစ်ခုမှာ အနက်ရောင်သော့ ဖြစ်သည်။

'ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်း မြေပုံနဲ့ သော့'

ဤသည်မှာ လုမင်၏ စိတ်ထဲသို့ ပထမဆုံး ရောက်လာသော အတွေး ဖြစ်သည်။

သို့သော်လည်း ကျောက်တိုင်များ၏ ပတ်လည်တွင် လူအသွင် ရုပ်သေးရုပ်များ ရပ်နေသည်။ တစ်ချက်ကြည့်လိုက်ပါက ကျောက်တိုင်တစ်ဝိုက်မှာ လူအသွင် ရုပ်သေးရုပ်ပေါင်း ရာနှင့်ချီပြီး ရပ်နေပေသည်။

၎င်းတို့အားလုံးက သူတော်စင်တစ်ပိုင်း တတိယအဆင့်နှင့် ညီမျှသည်။

"သတ်"

လုမင်က ခြေလှမ်းလိုက်သည်နှင့်၊ အေးစက်စက် အော်သံနှင့်အတူ ရုပ်သေးတချို့က လုမင်ကို တိုက်ခိုက်လာတော့သည်။

All Chapters