← Chapters

အခန်း ၁၆၁၇

Vol. 108 Ch. 1617

အခန်း ၁၆၁၇

Vol. 108 Ch. 1617

အပိုင်း ( 1617 ) ဝမ်ထျန်းချန်ကို ဖိနှိပ်ခြင်း။

ဝမ်ထျန်းချန်က သံရှည်ဆွဲပြီး ဟိန်းဟောက်လိုက်သည်။ သူတော်စင်လက်နက် ဆယ့်နှစ်ခုက သူ့ခန္ဓာကို ဝန်းရံထား၏။ ခုခံကာကွယ်မှု ရတနာများအပါအဝင် သူတော်စင်ရတနာ အမျိုးမျိုး ရှိသည်။

သူတော်စင်ရတနာ တစ်ခုစီကို နိယာမစွမ်းအားများက ဝန်းရံထားပေသည်။

ဝမ်ထျန်းချန်က သူတော်စင်ရတနာဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူ့ဓားဖြင့် အချိန်ဟင်းလင်းပြင် ဓားများကို ဖယ်ရှားပြီး လုမင်ကို တိုက်ခိုက်ခဲ့၏။

ခဏချင်းတော့ သူတို့နှစ်ဦးမှာ လက်ရည်ညီမျှနေတော့သည်။

ဝမ်ထျန်းချန်က အမှန်တကယ် အားကောင်းသည်။ ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာဖြင့်၊ သူ့ခန္ဓာကိုယ်က နတ်လက်နက်တစ်ခုကဲ့သို့ ထက်မြက်၏။ လက်နက်တစ်သောင်း နိယာမကလည်း အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ ပူဖောင်းလေး၏ အကူအညီဖြင့်ပင် လုမင်က ဝမ်ထျန်းချန်နှင့် လက်ရည်ညီမျှရုံသာ ရှိသေးသည်။

ထို့ပြင် လုမင်က သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်ကိုးသို့ ချိုးဖြတ်ထား၍ ဖြစ်သည်။ အကယ်၍ သူသည် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ရှိသေးပါက၊ ဝမ်ထျန်းချန်ကို လုံးဝ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ဤတွင်၊ လုမင်နှင့် ပူဖောင်းလေးက နိယာမကြောင့် အားနည်းနေရခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်က တာအိုနယ်မြေကိုသာ အသုံးပြုရသေးသည်။

တာအိုနယ်မြေနှင့် နိယာမက လုံးဝကွဲပြားသော အယူအဆနှစ်ခု ဖြစ်သည်။

ကစဉ့်ကလျားတာအိုနယ်မြေနှင့် အချိန်ဟင်းလင်းပြင် တာအိုနယ်မြေက မည်မျှပင် အားကောင်းနေပါစေ... ၎င်းတို့နှင့် ဝမ်ထျန်းချန်၏ လက်နက်တစ်သောင်း နိယာမကြားတွင် ကွာဟချက်ရှိနေဆဲ ဖြစ်သည်။

လုမင်သည် တစ်ဆင့်တက်ပြီး နဝမအဆင့် တာအိုနယ်မြေကို အန္တိမတာအိုနယ်မြေအဖြစ် ပြောင်းလဲနိုင်လျှင်တော့၊ ကစဉ့်ကလျားတာအိုနယ်မြေ၏ စွမ်းအားက တစ်ဖန် အားကောင်းလာပေမည်။ ဝမ်ထျန်းချန်ကို ဖိနှိပ်ရန် သူ့အတွက် ပြဿနာရှိတော့မည် မဟုတ်ပါ။

"ဝုန်း... ဝုန်း"

နှစ်ဦးသား ပြင်းပြင်းထန်ထန် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်း၊ တိုက်ကွက် ဒါဇင်ချီပြီး ဖလှယ်ခဲ့၏။

'ချီးတဲ့မှပဲ... ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာရတာလဲ'

ဝမ်ထျန်းချန်က သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

လုမင်ကို သူ ပထမဆုံးတွေ့ရချိန်က၊ လုမင်၏ ကျင့်ကြံခြင်းသည် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်တွင်သာ ရှိသေးသည်။ ဝမ်ထျန်းချန်၏ အမြင်တွင်၊ လုမင်က အလွယ်တကူ သတ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ ယခုမူ လုမင်၏ ကျင့်ကြံခြင်းက သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့်သို့ တိုးတက်လာခဲ့ပြီ။ ဝမ်ထျန်းချန်လည်း လုမင်၏ တိုးတက်မှုအရှိန်ကြောင့် တုန်လှုပ်လာခဲ့မိသည်။

သို့သော်လည်း လုမင်က သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့်သို့ ရောက်ရှိခဲ့လျှင်ပင် သူက ဂရုမစိုက်သေးပါ။ လုမင်က ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာရှိသော ပါရမီရှင်တစ်ဦးဖြစ်လျှင်ပင်၊ တစ်ချက်တည်းဖြင့် သတ်နိုင်သေးသည်။

သို့ပေသော်ငြား၊ ယခုတော့ လုမင်သည် သူ၏ ကိုယ်ပိုင်ခွန်အားနှင့် အချိန်ဟင်းလင်းပြင် တာအိုနယ်မြေရှိသော ရတနာတစ်ခုကို အသုံးပြုကာ သူ့အား လက်ရည်တူ တိုက်ခိုက်နေခဲ့ပြီ ဖြစ်သည်။

ဤအရာက လုမင်ကိုသတ်ရန် ပို၍ပင် စိတ်ပိုင်းဖြတ်ထားစေခဲ့သည်။ မဟုတ်ဘဲ လုမင်သာ သူတော်စင်တစ်ပိုင်းအဆင့်ကို ကျော်ဖြတ်သွားပါက၊ သူက လုံးဝ ယှဉ်နိုင်တော့မည် မဟုတ်ပေ။

"သတ်... သတ်"

ဝမ်ထျန်းချန်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်အလင်းအစက်နှစ်စက် လင်းလက်လာ၏။

နောက်ထပ် သူတော်စင်လက်နက် နှစ်ခုက အလင်းအစက်နှစ်စက်မှ ပျံထွက်လာတော့သည်။

သူတော်စင်လက်နက် စုစုပေါင်း ဆယ့်လေးခု ရှိသည်။ သူတော်စင်လက်နက် ဆယ့်လေးခုရှိ လက်နက်စွမ်းအင်များကို ပေါင်းစည်းထားသောကြောင့်လည်း ပို၍ အားကောင်းလာတော့သည်။

ယခင်က ဝမ်ထျန်းချန်ဟာ လျှိုထားခဲ့ကြောင်း ထင်ရှားသည်။

"ဝှစ်... ဝှစ်"

ဓားအလင်းများက ဟင်းလင်းပြင်ကို ဖြတ်တောက်သွားခဲ့သည်။ သူက ပူဖောင်းလေး၏ အချိန်ဟင်းလင်းပြင် တာအိုနယ်မြေကို အတင်းအကျပ် ချိုးဖျက်လိုက်၏။ တစ်ချိန်တည်းမှာပင် လုမင်ကို တိုက်ခိုက်လိုက်တော့သည်။

"သေစမ်း"

ဝမ်ထျန်းချန်က ဟိန်းဟောက်လိုက်သည်။ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် သူ့မျက်လုံးများက စူးရှလာတော့သည်။

"ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်"

လုမင်က သူ့လက်ထဲမှ သူတော်စင်ဓားကို လွှတ်ချလိုက်ရင်း ရေရွတ်လိုက်သည်။ တံဆိပ်တော်တစ်ခုက သူ့လက်ဖဝါးပေါ်တွင် ပေါ်လာ၏။

လုမင်က ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် ဝမ်ထျန်းချန်ကို ပစ်လွှတ်လိုက်တော့သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ လုမင်နှင့် ဝမ်ထျန်းချန်၏ ခန္ဓာကိုယ်များက တပြိုင်နက်တည်း တုန်ခါသွားပြီး နောက်သို့ဆုတ်သွားခဲ့ကြသည်။

"မဖြစ်နိုင်ဘူး"

ဝမ်ထျန်းချန်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ လုမင်တွင်လည်း အသုံးမပြုရသေးသော ဝှက်ဖဲတစ်ချပ် ရှိသေးသည်။ ယခုတော့ သူက အစွမ်းကုန် ထုတ်ဖော်ခဲ့ပြီးဖြစ်သည့်တိုင်၊ လုမင်ကို အနိုင်မယူနိုင်တော့ပါ။ ယင်းက လက်ခံနိုင်ရန် ခက်ခဲသည်။

'စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းနဲ့ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က မလုံလောက်သေးဘူး'

လုမင်၏ မျက်လုံးများက အရောင်လက်သွားစည်။

ယခုလေးတင် သူက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏ စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းကို အသုံးပြုခဲ့၏။

စင်စစ်တွင်၊ လက်နက်တစ်သောင်း တာအိုကျမ်းကို အသုံးပြုပြီးနောက် လုမင်၏ စွမ်းအားက အလွန်ကြီးမားသည်။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏ စွမ်းအားနှင့်ပင် အလွန်နီးစပ်နေပြီ။ နောက်ဆုံးတွင်၊ လုမင်က ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို စတုတ္ထအဆင့်ထိသာ အောင်မြင်ထားဆဲ ဖြစ်သည်။

လုမင်က လက်နက်တစ်သောင်း တာအိုကျမ်းဖြင့် ဝမ်ထျန်းချန်ကို အနိုင်မယူနိုင်သောကြောင့်၊ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏ စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းကို အသုံးပြုထားသော်လည်း သိသိသာသာ ပိုအားကောင်းမည် မဟုတ်ပါ။ သို့‌တိုင် ဝမ်ထျန်းချန်ကတော့ တုန်လှုပ်ချောက်ချားနေမိပြီ ဖြစ်သည်။

"ဒုန်း"

လုမင်က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရပြီးနောက်၊ ချက်ချင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့လက်ထဲတွင် စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းဖြင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ရှိ၏။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က လျင်မြန်စွာ ကျယ်ပြန့်လာပြီး ဝမ်ထျန်းချန်ကို ဖိနှိပ်လိုက်တော့သည်။

"ချိုးဖျက်စမ်း"

ဝမ်ထျန်းချန်က ဟိန်းဟောက်လိုက်သည်။ သူတော်စင်လက်နက် ဆယ့်လေးခုက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို ဖွဲ့စည်းခဲ့၏။ ဓားအလင်းက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ထိမှန်သွားတော့သည်။

"ဝုန်း"

ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က တုန်ခါပြီး ပြိုကျသွားသည်။ ဝမ်ထျန်းချန်၏ သူတော်စင်ရတနာ ဓားပေါ်ရှိ လက်နက်စွမ်းအင်လည်း ပြိုကျပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားရတော့သည်။

"လုမင်၊ မင်း ငါ့ကို ဘာမှမလုပ်နိုင်ပါဘူးကွာ။ ကျောက်ခွမ်းနဲ့ စစ်မာလျန်တို့ ဟွမ်လင်ရဲ့ အတားအဆီးကို ချိုးဖြတ်ပြီးတာနဲ့ မင်း သေပြီ"

ဝမ်ထျန်းချန်က ဟိန်းဟောက်လိုက်သည်။

လုမင်၏ မျက်လုံးများ အေးစက်သွားသော်လည်း ဘာမျှမပြောပေ။ နောက်ထပ် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က သူ့လက်ဖဝါးတွင် ပေါ်လာပြီး ဝမ်ထျန်းချန်ဆီသို့ ပစ်လွှတ်လိုက်သည်။ ဝမ်ထျန်းချန်လည်း အစွမ်းကုန် ခုခံရန် ကြိုးစားခဲ့လေသည်။

ထိုအချိန်တွင် လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တောက်ပပြီး ဒုတိယခန္ဓာ လုမင် ထွက်လာခဲ့သည်။ ထိုက်ကျိအစီရင်ချပ်ပြားက သူ့ဦးခေါင်းထက်တွင် မျောလွင့်နေ၏။ ထိုက်ကျိအင်းကွက်တစ်ခု ထွက်ပေါ်လာပြီး ဝမ်ထျန်းချန်ကို ဖိနှိပ်လိုက်တော့သည်။

ထိုက်ကျိအင်းကွက်တွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ခြင်းနှင့် တံဆိပ်ခတ်ခြင်း စွမ်းအား ရှိသည်။ ထိုက်ကျိအင်းကွက်နှင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ပေါင်းစပ်လိုက်သောအခါ ဝမ်ထျန်းချန် လုံးဝ မရင်ဆိုင်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က လွင့်စဉ်ပြီး မြေပြင်တွင် လျှောကျကာ နက်နဲသော လျှိုကြီးတစ်ခု ပေါ်လာခဲ့ရသည်။ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။

"ဘာတွေဖြစ်နေတာလဲ။ ကိုယ်ပွားတစ်ခုလား၊ မဟုတ်သေးဘူး... သူတို့က တစ်ယောက်တည်းပဲ"

လုမင် နှစ်ယောက်ကို မြင်လိုက်ရသောကြောင့် ဝမ်ထျန်းချန် အံ့အားသင့်သွားသည်။

'လူတစ်​​ယောက်​မှာ ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်နှစ်ခု ရှိနိုင်မှာလဲ'

သူနောက်ထပ်မတွေးနိုင်ခင်မှာ မူလခန္ဓာ လုမင်နှင့် ဒုတိယခန္ဓာ လုမင်က ဝမ်ထျန်းချန်ကို ထပ်မံ တိုက်ခိုက်ခဲ့သည်။

ယခင်က လုမင်သည် ဝမ်ထျန်းချန်ကို အငိုက်ဖမ်းကာ ပြင်းထန်သော ထိုးစစ်ကို ပြုလုပ်လိုသောကြောင့် ဒုတိယခန္ဓာအား မထုတ်ပြခဲ့ခြင်း ဖြစ်သည်။

"ငါ့ကိုသတ်ဖို့တော့ စဉ်းတောင် မစဉ်းစားနဲ့"

ဝမ်ထျန်းချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူတော်စင်ရတနာ ဆယ့်လေးခုကလည်း သူ့ကို လှည့်ပတ်နေ၏။

သူဟာ လုမင်၏ ပြိုင်ဘက်မဟုတ်ကြောင်း နားလည်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ခွန်အားအပြည့်ဖြင့် ခုခံရန် အာရုံစိုက်လိုက်၏။ သူက ဘာအမှားမှ မလုပ်ချင်တော့ပေ။

"ဝုန်း... ဝုန်း"

လုမင်၏ တိုက်ခိုက်မှုက ဝမ်ထျန်းချန်ထံသို့ ကျရောက်လာခဲ့သည်။ ဝမ်ထျန်းချန် ပတ်လည်ရှိ သူတော်စင်ရတနာ ဆယ့်လေးခုက တောက်ပနေပြီး နိယာမစွမ်းအားကလည်း သူ့အား ဝန်းရံထား၏။ သူက အစွမ်းကုန်သုံးကာ ခုခံနေတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဝမ်ထျန်းချန် လွင့်စဉ်သွားခဲ့သည်။ သွေးများ အန်ထွက်လာသော်လည်း နောက်ဆုံးတွင် ပိတ်ဆို့နိုင်ဆဲပင်။

"ဟားဟားဟား၊ မင်းငါ့ကိုမသတ်နိုင်ဘူးကွ။ ကျောက်ခွမ်းနဲ့ စစ်မာလျန် လွတ်မြောက်လာတော့မယ်။ အဲဒီအချိန်ကျရင် မင်းက သေရမဲ့လူပဲ"

ဝမ်ထျန်းချန်က ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် အရူးတစ်ယောက်ပမာ ဟားတိုက်ရယ်မောလိုက်သည်။

တစ်ဖက်တွင်၊ ဟွမ်လင်က ကျောက်ခွမ်းနှင့် စစ်မာလျန်ကို ပိတ်ဆို့ပြီး တိုက်ခိုက်နေဆဲပင်။ သို့သော်လည်း၊ ဟွမ်လင် ဖွဲ့စည်းထားသော မီးလှောင်အိမ်က ကြာရှည်မထိန်းနိုင်တော့ပါ။

"ဟုတ်လား"

လုမင်၏ မျက်လုံးအကြည့်များက ငြိမ်သက်နေဆဲ ဖြစ်သည်။

"ဝှစ်"

ပူဖောင်းလေးက ထပ်မံ တိုက်ခိုက်လိုက်သည်။ အချိန်ဟင်းလင်းပြင် ဓားသွားများက ဝမ်ထျန်းချန်ဆီသို့ ဖြတ်သန်းသွား၏။

"ထန်... ထန်... ထန်"

အချိန်ဟင်းလင်းပြင် ဓားသွားများက ဝမ်ထျန်းချန်၏ ပတ်ဝန်းကျင်ရှိ သူတော်စင်ရတနာများကို အဆက်မပြတ် ခုတ်ထစ်နေကာ ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။

"ဝမ်"

ဤအခိုက်တွင် ကောင်းကင်က တုန်ခါပြီး တောင်တစ်လုံးကဲ့သို့ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကြီး ပေါ်လာသည်။ ဤကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်မှ ထုတ်လွှတ်သော စွမ်းအားက ယခင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်များထက် များစွာ ပိုကြောက်စရာကောင်း၏။

၎င်းက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏ စွမ်းအားအပြည့် ဖြစ်တော့သည်။

"ဝုန်း"

ဤတစ်ကြိမ်မှာတော့ လုမင်က အင်အားအပြည့် ထုတ်ဖော်ခဲ့သည်။ စွမ်းအားအပြည့်ဖြင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က ဝမ်ထျန်းချန်ကို ဖိနှိပ်လာတော့သည်။

ဝမ်ထျန်းချန်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

'တားဆီးစမ်း၊ ငါ တားဆီးထားရမယ်'

ဝမ်ထျန်းချန်က သူ့နှလုံးသားထဲမှ ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးကို လောင်ကျွမ်းပစ်လိုက်၏။ သူ၏ ဝိညာဉ်ခန္ဓာက တောက်ပပြီး နိယာမများကလည်း ဝန်းရံထားသည်။ သူက ရှိသမျှ စွမ်းအားအကုန်လုံးကို ညှစ်ထုတ်ပြီး ဖောက်ခွဲလိုက်ခြင်း ဖြစ်တော့သည်။

ထိုအခိုက်တွင်၊ ဝမ်ထျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ဝင်ရောက်သွားပုံ ရသည်။ သူ၏ အလားအလာက အဆုံးစွန်ထိ ဖိနှိပ်ခံရခြင်းကြောင့် ပေါက်ကွဲတော့မည်။

'ဒါက သဘာဝနိယာမရဲ့ ခံစားချက်ပဲ။ ဒီတစ်ခါ ငါ ရှင်သန်နိုင်သရွေ့ အလွန်ဆုံး တစ်လအတွင်း သူတော်စင်တစ်ပိုင်း တတိယအဆင့်ကို ကျော်ဖြတ်နိုင်တော့မယ်'

ဝမ်ထျန်းချန် ဝမ်းသာသွားသည်။

All Chapters