← Chapters

အခန်း ၁၆၂၃

Vol. 109 Ch. 1623

အခန်း ၁၆၂၃

Vol. 109 Ch. 1623

အပိုင်း ( 1623 ) သွေးရောင်ဝတ်စုံဝတ် လူငယ်နှင့် တိုက်ပွဲ။

လုမင်ကို သူတော်စင်လက်နက် ဆယ့်နှစ်ခုက ဝန်းရံထားသည်။ သူက နဂါးနက်လှံကို ကိုင်ထားပြီး အစွန်းရောက်လှံ ဆယ့်သုံးချက်ဖြင့် ထိုးသွင်းလိုက်သည်။

"ဝုန်း"

မိုးနှင့်မြေကို ထိုးဖောက်လိုသကဲ့သို့ ဧရာမ လှံအလင်းကြီးက ရှေ့သို့ ထိုးဖောက်ဝင်ရောက်သွား၏။ သို့သော်လည်း လှံအလင်းက သွေးပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသောအခါ၊ ဧရာမ လှံလမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ သို့သော်လည်း သွေးပင်လယ်က လှိုင်းထနေပြီး ခဏချင်း ပြန်လည်ကောင်းမွန်သွား၏။

အင်အားကြီးမားစွာဖြင့် တိုက်ခိုက်လိုက်သော်လည်း ဖျက်ဆီးနိုင်မည်မဟုတ်သကဲ့သို့ ခံစားရသည်။

"ဝုန်း"

လုမင်က သူတော်စင်ရတနာဓားဖြင့် ဧရာမ ဓားအလင်းကြီးကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း အသုံးမဝင်ဘဲ သွေးပင်လယ်ကို မချိုးဖျက်နိုင်ခဲ့ပါ။

"ကောင်းကင်ဝိညာဉ်ခန္ဓာက အမှန်တကယ် စွမ်းအားကြီးမားတယ်"

လုမင်က တီးတိုးရေရွတ်လိုက်သည်။

သွေးရောင်ဝတ်စုံဝတ် လူငယ်‌လေး၏ တိုက်ခိုက်နိုင်စွမ်းက ဝမ်ထျန်းချန်ထက် အားမနည်းပေ။

လုမင်သည် ဒုတိယခန္ဓာလုမင်နှင့် ပူဖောင်းလေးကို ခေါ်လိုက်ပါက၊ ပြိုင်ဘက်ကို သဘာဝအတိုင်း ချေမှုန်းနိုင်မည် ဖြစ်သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ပါက သူ့ရည်ရွယ်ချက် ပျက်လိမ့်မည်။

လုမင်က သူ့ကိုယ်သူ လေ့ကျင့်ရန်အတွက် ရောက်လာခြင်း ဖြစ်သည်။

"ဝုန်း... ဝုန်း"

ချက်ခြင်းပင်၊ လုမင်က ရူးသွပ်သူပမာ စတင် တိုက်ခိုက်လိုက်သည်။ သူက လှံရှည်၊ ဓား၊ ဆေဘာနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်း စသည်တို့ကို အသုံးပြုခဲ့၏။ အမျိုးမျိုးသော တိုက်ခိုက်မှုများက ဧရာမ သွေးပင်လယ်ကြီးကို ပြင်းပြင်းထန်ထန် ထိမှန်သွားတော့သည်။ သွေးပင်လယ်က ပေါက်ကွဲသံများနှင့်အတူ ပြင်းထန်စွာ တုန်ခါသွားသည်။

သို့ရာတွင်၊ သွေးပင်လယ်က မပြိုကွဲသေးပါ။ သို့သော်လည်း ထိုတိုက်ခိုက်မှုများက လုံးဝ အသုံးမဝင်တာတော့ မဟုတ်ပေ။ အနည်းဆုံး၊ သွေးပင်လယ်၏ သန့်စင်ရန် ကြိုးစားနေသည့် စွမ်းအားများကို တားဆီးနိုင်သည်။

သွေးပင်လယ် အပြင်ဘက်တွင် သွေးရောင်ဝတ်စုံဝတ် လူငယ်လေးကို သွေးအလင်းများက လွှမ်းထားသည်။ သူက သွေးပင်လယ်အထက်တွင် ရပ်နေပြီး သူ့မျက်လုံးများကလည်း အေးစက်နေ၏။

"ဟမ့်၊ ရုန်းကန်လိုက်စမ်း။ ခဏလောက် ရုန်းကန်နိုင်ရင်တောင် နောက်ဆုံးမှာတော့ မင်းသေသွားမှာပဲ"

သွေးရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးအလင်းရောင်အဖြစ်သို့ ပြောင်းလဲပြီး သွေးပင်လယ်ထဲသို့ ပေါင်းဝင်တော့မည်ကဲ့သို့ ပိုပိုပြီး မှုန်ဝါးလာ၏။

"ဝှစ်... ဝှစ်"

သွေးပင်လယ်အတွင်းရှိ သွေးအလင်းများက စတင်ပြောင်းလဲလာသည်။ ဓား၊ လှံ စသည်ဖြင့် ပြောင်းလဲလာပြီး လုမင်ထံသို့ တိုးဝင်လာတော့သည်။

"ကောင်းတယ်"

လုမင်ကား ကြောက်ရွံ့ခြင်းမရှိ။ လက်တစ်ဖက်တွင် လှံကိုကိုင်ထားပြီး ကျန်တစ်ဖက်တွင် ဓားကို ကိုင်ဆောင်ကာ သွေးအလင်းများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း၊ မိနစ်အနည်းငယ်ကြာသွားသော်လည်း တိုက်ပွဲက ဆက်ဖြစ်နေဆဲပင်။

"ကောင်းတယ်... ကောင်းတယ်ကွ။ ဟားဟားဟား... မင်းရဲ့ သွေးပင်လယ်က ငါ့ကို လုံးဝ မသန့်စင်နိုင်ဘူးနော်"

လုမင်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။

ဤအရာက သွေးရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာကို မည်းမှောင်သွားစေခဲ့သည်။

"မင်း ဘယ်လောက်ကြာကြာခံနိုင်မလဲ ကြည့်ရသေးတာပေါ့"

သွေးရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သွေးပင်လယ်နှင့် ပေါင်းစပ်သွား၏။ ထိုအခါ သွေးပင်လယ်က ပို၍ပင် အားကောင်းလာတော့သည်။

လုမင်၏ရှေ့တွင် သွေးများက လှိုင်းထပြီး မျက်နှာကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ယင်းက သွေးရောင်ဝတ်စုံဝတ် လူငယ်လေး၏ မျက်နှာပင်။

"သတ်"

ဧရာမ မျက်နှာကြီးက ဟိန်းဟောက်လိုက်ရာ အဆုံးမဲ့ သွေးအလင်းများက လုမင်ဆီသို့ တိုးဝင်သွားသည်။

နဂါးနက်လှံက တုန်ခါသွားပြီး သွေးနီရောင်အလင်းများဆီသို့ လှံအလင်းတစ်ခု ထိုးသွင်းလိုက်သည်။ တချိန်တည်းမှာပင်၊ ဘယ်ဘက်လက်ဖြင့် ဓားကိုကိုင်ပြီး ဓားချက်ထုတ်ဖော်လိုက်ရာ ဓားအလင်းကြီးတစ်ခု ပြေးထွက်သွား၏။

"ဝုန်း... ဝုန်း"

ဤတစ်ကြိမ်တွင် သွေးအလင်း၏ စွမ်းအားက ပို၍ အားကောင်းလာသည်။ လုမင်၏ ခန္ဓာကိုယ်လည်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး အဆက်မပြတ် ဆုတ်သွားရတော့သည်။

လုမင်၏ မူလခန္ဓာတစ်ခုတည်းဖြင့် သွေးရောင်ဝတ်စုံဝတ် လူငယ်ကဲ့သို့ ပါရမီရှင်တစ်ဦးကို မယှဉ်နိုင်သေးကြောင်း ထင်ရှားသည်။

"သတ်"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် ရုတ်တရက် အော်လိုက်သည်။ မမြင်နိုင်သော ဓားအလင်းနှစ်ခုက သွေးပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။

"အား၊ စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ"

သွေးပင်လယ်ကြားတွင် သွေးရောင်ဝတ်စုံဝတ် လူငယ်၏ နာကျင်စွာအော်ဟစ်လိုက်သံက ပဲ့တင်ထပ်လာသည်။

"ဝှစ်... ဝှစ်"

လုမင်၏ မျက်လုံးများမှ ဓားအလင်းနှစ်ခု ထွက်ပေါ်လာပြီး သွေးပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြန်သည်။ သွေးပင်လယ်အတွင်းမှ သွေးရောင်ဝတ်စုံဝတ် လူငယ်၏ နာကျင်စွာ အော်ဟစ်သံလည်း ထပ်မံ ထွက်ပေါ်လာတော့သည်။

သွေးပင်လယ်က ပြင်းထန်စွာ တုန်ခါလာပြီး သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ် ပြန်ပေါ်လာခဲ့သည်။ ဤအခိုက်တွင် သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

သူ့တွင် နတ်ဘုရားဝိညာဉ် ကာကွယ်ရေးရတနာ ရှိပါသော်လည်း၊ သူ့ခန္ဓာကိုယ်က သွေးနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး သွေးပင်လယ်နှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ၏ဝိညာဉ်သည်လည်း ပြန့်ကျဲသွားရသည်။ သို့ဖြစ်ပေရာ၊ နတ်ဘုရားဝိညာဉ် ကာကွယ်ရေးရတနာက အသုံးမဝင်တော့ဘဲ လုမင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကြောင့် သဘာဝအတိုင်း ဒဏ်ရာရရှိသွားတော့သည်။

နတ်ဘုရားဝိညာဉ် ကာကွယ်ရေး ရတနာ သက်ရောက်မှုရှိစေရန် သူ့ခန္ဓာကိုယ်အား ပြန်လည် ပေါင်းစည်းစေရန် လိုအပ်သည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်ကို ပြန်လည်ပေါင်းစည်းလိုက်သောအခါ သွေးပင်လယ်၏ စွမ်းအားက သဘာဝအတိုင်း အားနည်းသွားရပြန်တော့သည်။

"ကစဉ့်ကလျား"

လုမင်က အော််ဟစ်ပြီး သူ့လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

သွေးပင်လယ်အပြင်ဘက်၊ ကောင်းကင်ယံတွင် ကြီးမားသော ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခု ပေါ်လာခဲ့သည်။ ၎င်း၏ အရွယ်အစားက သွေးပင်လယ်ထက် မသေးငယ်ပေ။

ဤသည်မှာ၊ လုမင် အစွမ်းရှိသမျှ ထုတ်ဖော်ခဲ့သော ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော် ဖြစ်သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုလဲ"

အပြင်ဘက်တွင်၊ ဧရာမ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကြီးကို မြင်လိုက်ရသော ပါရမီရှင်များစွာ၏ မျက်နှာများ သွေးဆုတ်ဖြူရော်သွားကြသည်။

ထိုတိုက်ခိုက်မှုသာ သူတို့ကို ထိမှန်ပါက၊ သူတို့၏ စိတ်ဝိညာဉ်များပင်လျှင် ပျက်သုဉ်းသွားမည်ဟု ခံစားခဲ့ရပေသည်။

"ဝုန်း"

ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က သွေးပင်လယ်ပေါ်သို့ ဖိချလိုက်သည်။

"ဝုန်း"

သွေးပင်လယ်က ပြင်းပြင်းထန်ထန် တုန်ခါသွား၏။

ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

"ထွက်ပေါက်ရှိတယ်"

သွေးပင်လယ်ထဲတွင်၊ ကောင်းကင်ကိုမော့ကြည့်ရင်း လုမင်၏ မျက်လုံးများ အရောင်လက်လာသည်။

ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်နှင့် တိုက်မိပြီးနောက်၊ နောက်ဆုံးတွင် သွေးပင်လယ်မှာ အက်ကြောင်းတစ်ခု ပေါ်လာခဲ့ပြီ။

လုမင်လည်း လေမိုးကြိုးခြေလှမ်းကို အသုံးပြုပြီး မိုးကြိုးလျှပ်စီးကဲ့သို့ သွေးပင်လယ်အတွင်းမှ ပြေးထွက်သွားခဲ့သည်။

"ဒီကောင် ပြေးထွက်လာပြီဟေ့"

လူတချို့က မျက်လုံးပြူးသွားကာ အော်ဟစ်လိုက်ကြသည်။

သွေးရောင်ဝတ်စုံဝတ် လူငယ်၏ သွေးပင်လယ်အတွင်းမှ အမြန် ပြေးထွက်ရန်မှာ မလွယ်ကူကြောင်း သိထားကြရမည်။ ထိုသို့လုပ်နိုင်သူက အလွန်နည်းပါးသည်။

"ဝုန်း"

ထိုအချိန်တွင်၊ သွေးပင်လယ်နှင့် အဆက်မပြတ်တိုက်မိမှုကြောင့် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်သည် နောက်ဆုံးတွင် ၎င်း၏စွမ်းအင်များ ကုန်ဆုံးပြီး ပေါက်ကွဲသွားသည်။

သို့ရာတွင်၊ သွေးပင်လယ်ကြီးမှာ အလွန်ကျုံ့သွားခဲ့ရ၏။

ဤတွင် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က အစွမ်းမထက်သောကြောင့် မဟုတ်ပါ။ အဓိကအားဖြင့် လုမင်၏ ကျင့်ကြံခြင်းက တစ်ဖက်လူထက် အားနည်းလွန်းသောကြောင့်သာ ဖြစ်သည်။ ‌နောက်ဆုံးတွင်၊ သွေးပင်လယ်က နိယာမ၏စွမ်းအားများကို သယ်ဆောင်ထားသည် မဟုတ်လော။

ထို့ပြင်၊ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က စတုတ္ထအဆင့်တွင် ရှိနေဆဲဖြစ်သောကြောင့် ၎င်း၏စွမ်းအားမှာလည်း သဘာဝအတိုင်း အကန့်အသတ်ရှိခဲ့သည်။

"သွေးပင်လယ်ထဲက ပြေးထွက်လာရင်တောင် မင်း သေရမှာပဲ"

သွေးရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စက် အော်လိုက်သည်။ သွေးပင်လယ်က သွေးအလံတစ်ခုအဖြစ် ဖွဲစည်းပြီး သူ့လက်ထဲတွင် ကိုင်လျက်သား ပြန်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးအလင်းတန်းများက သွေးအလံဆီသို့ အဆက်မပြတ် စီးဝင်သွားခဲ့သည်။ ထိုအခါ သွေးအလံက မီတာတစ်သိန်း အရွယ်အစားအထိ ကျယ်လာပြီး လုမင်ဆီသို့ လွှဲယမ်းလာတော့သည်။

"ဝမ်"

လုမင်ကလည်း မီတာတစ်သိန်း ရှည်လျားသော လှံအလင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ တိုက်ခိုက်မှုနှစ်ခုက ထိပ်တိုက်တွေ့သွားသောအခါ၊ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လုမင်က လေထဲမှ လျင်မြန်စွာ ဆုတ်သွားရ၏။

ထိပ်တိုက်ရင်ဆိုင်မှုတွင် သူက သွေးရောင်ဝတ်စုံဝတ် လူငယ်ကို မယှဉ်နိုင်သေးပါ။

"သတ်... သတ်... သတ်"

မီတာတစ်သိန်းရှိသော သွေးအလံက လုမင်ဆီသို့ လျင်မြန်စွာ တိုးဝင်သွားသည်။

လုမင်က နဂါးနက်လှံကို ရုတ်သိမ်းလိုက်၏။ သူက ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ဖြင့် ပစ်ချလိုက်၏။

ဤကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တွင် ၎င်း၏စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းခန့် ရှိသည်။

"ဝုန်း"

ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က သွေးအလံကြောင့် ပျက်စီးသွားခဲ့သည်။

သို့သော်လည်း နောက်ထပ် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော် အနည်းငယ်က၊ လုမင်၏လက်ထဲတွင် ပေါ်လာပြီး အဆက်မပြတ် ပစ်ပေါက်လိုက်၏။

နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီး ဆယ်ကြိမ်ထက်မနည်း အဆက်မပြတ် ရင်ဆိုင်ခဲ့ကြသည်။

လုမင်က အားနည်းချက်ရှိနေသော်လည်း သွေးရောင်ဝတ်စုံဝတ် လူငယ်သည် လုမင်ကို အချိန်တိုအတွင်း သတ်ပစ်ရန် မဖြစ်နိုင်ပေ။

"ဝုန်း"

နောက်ထပ် ပြင်းထန်သော‌ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လုမင် အမြန်ပြန်ဆုတ်သွားခဲ့သည်။

"ဟားဟားဟား... ဒီနေ့ တကယ်ကို ပျော်စရာကောင်းတယ်ကွ။ နောက်မှ ထပ်ပြီး တိုက်ခိုက်ကြမယ်"

လုမင် ရယ်မောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က တောက်ပလာပြီး ရေနက်မြို့တော်ဆီသို့ ပြေးထွက်သွား၏။

"မင်းက ထွက်သွားချင်တာလား... ဒီမှာ နေစမ်းပါ"

သွေးရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ယနေ့တွင် သူ့ကို နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးက အစပြုပြီး တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း အဆုံးမှာတော့ တစ်ဖက်လူကို အနိုင်မယူနိုင်ခဲ့ပေ။ ယနေ့တွင် သူ့မျက်နှာ ရစရာမရှိအောင် ပျက်ယွင်းခဲ့ရသည်။

လုမင်ကို မသတ်ရပါက၊ သူ ကျေနပ်နိုင်တော့မည် မဟုတ်ပေ။

သူက သွေးအလံကို ဝှေ့ယမ်းကာ လုမင်နောက်သို့ အမြန်လိုက်သွားခဲ့သည်။

သို့သော်လည်း လုမင်က လေမိုးကြိုးခြေလှမ်းကို အသုံးပြုလိုက်ရာ၊ သူ့အမြန်နှုန်းက ရုတ်တရက် ထိုးတက်သွား၏။ ခဏချင်းမှာပင်၊ လုမင်က ရေနက်မြို့တော်ထဲကို ပြေးဝင်သွားတော့သည်။

"ချီးပဲ"

သွေးရောင်ဝတ်စုံဝတ် လူငယ်က ဒေါသထွက်နေသော်လည်း ရပ်တန့်လိုက်ရသည်။

ရေနက်မြို့တော်ထဲသို့ ဝင်လာပြီးနောက် လုမင်က လျှို့ဝှက်နေရာတစ်ခုကိုရှာကာ မျက်နှာဖုံးကို ချွတ်လိုက်သည်။ ထို့နောက် အဝတ်အစားလဲပြီး အသက်ပြင်းပြင်းရှူလိုက်လေသည်။

All Chapters