← Chapters

အခန်း ၁၆၂၆

Vol. 109 Ch. 1626

အခန်း ၁၆၂၆

Vol. 109 Ch. 1626

အပိုင်း ( 1626 ) မြေပုံသုံးခု လိုနေသည်။

ရွှေကျီးကန်းဒသမမင်းသား၊ ယဲ့တုန်ဖန့်နှင့် အခြားသူများ အံ့ဩသွားကြသည်။ နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးဖြစ်သည့် လုမင်ထံတွင် မြေပုံတစ်ခုရှိနေရန် မ‌မျှော်လင့်ထားပေ။ ဟွမ်လင်၏ လက်ထဲမှသော့နှင့် အစုံလိုက်ဖြစ်ကြောင်း ထင်ရှားသည်။

သို့သော်လည်း ဟွမ်လင်၏ အင်အားအရ၊ လုမင်ထံမှ မြေပုံကို အဘယ်ကြောင့် မယူဆောင်ထားရသနည်း။ မြေပုံနှင့်သော့ကို ပေါင်းစပ်ထားလျှင် ပို၍ကောင်းမည် မဟုတ်လော။ သူတို့နှစ်ယောက်တွင် အဘယ်ကြောင့် မြေပုံနှင့်သော့ တစ်ခုစီ ရှိနေရသနည်း။

"သူက ဖီးနစ်နန်းတော်ကလား"

ရွှေကျီးကန်း ဒသမမင်းသားက စူးစိုက်ကြည့်ကာ မေးလိုက်သည်။

"မဟုတ်ဘူး"

ဟွမ်လင်က ခေါင်းယမ်းလိုက်၏။

"ဖီးနစ်နန်းတော်က မဟုတ်ဘူးလား"

လူအများ၏ မျက်လုံးများက တောက်ပလာသည်။

"နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးက ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံကို ပိုင်ဆိုင်ထားဖို့ အရည်အချင်း မပြည့်မီဘူး။ ငါ့ကို ပေးပါ"

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာ၏။ လူရိပ်တစ်​ခုထွက်​လာပြီး အစွမ်းထက်​ အရှိန်အဝါများကလည်း လုမင်အပေါ် ကျရောက်လာတော့သည်။

'သွေးမင်းသား'

လုမင်၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်လာသည်။

"ကောင်လေး၊ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံကို ပေးစမ်း။ ဒါက မင်းနဲ့ မထိုက်တန်ဘူး"

သွေးမင်းသား၏ မျက်လုံးများက လောဘတို့ ပြည့်နှက်နေပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။

သူ၏ခွန်အားနှင့်ပင် ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း သော့ သို့မဟုတ် မြေပုံ မရှိပေ။ ယင်းက သူ့ကို မနာလိုဖြစ်စေသည်။

အခြားသူများက သူ့ထက် အားမနည်းသော့ကြောင့် မထိပါးဝံ့ပေ။ သို့သော်လည်း လုမင်က နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးဖြစ်သောကြောင့်၊ သူ့ကို အလေးအနက် မထားခဲ့ပါ။

ရွှေကျီးကန်း ဒသမမင်းသား၊ ယဲ့တုန်ဖန့်နှင့် အခြားသူများကလည်း ဘာမျှမပြောဘဲ ကြည့်နေကြသည်။ သူတို့က ဘာမျှမပြောသလို တားမြစ်ခြင်းလည်း မပြုပေ။

မြေပုံ သို့မဟုတ် သော့ရှိခြင်းက၊ သူတို့နှင့်အတူ ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်းအတွင်းသို့ ဝင်ရန် အရည်အချင်းပြည့်မီသည်ဟု ဆိုလိုသည်။

သို့သော်လည်း မြေပုံ သို့မဟုတ် သော့ကိုင်ထားသူတိုင်းက အရည်အချင်းမြင့်မားပြီး အစွမ်းထက်သူများ ဖြစ်သည်။ လုမင်က နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်၏။ လုမင်က သူတို့နှင့်အတူ လိုက်ပါရန် အဘယ်သို့ အရည်အချင်းပြည့်မီနိုင်မည်နည်း။

"ငါက မထိုက်တန်ဘူးလား။ မင်းကရော..."

လုမင်က လှောင်ပြောင်လိုက်သည်။

"ငါက ဘာဖြစ်လဲ၊ အခု ငါက ထိုက်တန်တယ်... မထိုက်တန်ဘူး မင်းသိရစေမယ်"

သွေးမင်းသား၏ မျက်လုံးများက အေးစက်နေသည်။ သွေးအလင်းများ ဖြာထွက်လာပြီး အားကောင်းသော အရှိန်အဝါတစ်ခုကလည်း လုမင်အား ဖိနှိပ်လာ၏။

ရုတ်တရက်၊ ဖီးနစ် အော်မြည်သံကို ကြားလိုက်ရသည်။ ဟွမ်လင်က အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ပြီး လုမင်ရှေ့တွင် ဝင်ရပ်လိုက်သည်။ သူက သွေးမင်းသားကို စိုက်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

"သွေးမင်းသား၊ လုမင်က ငါနဲ့အတူ ရှိနေတယ်။ နင် သူ့ကို တိုက်ခိုက်ချင်ရင် ငါ့ကို အနိုင်ယူနိုင်မလားဆိုတာ ကြည့်ရမယ်"

"ဟွမ်လင်၊ မင်း ဘာလုပ်နေတာလဲ။ နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးနဲ့ တကယ် အလုပ်လုပ်ချင်လို့လား။ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းကို ဝင်ရောက်တဲ့အခါ ဒီလူက မင်းကိုပါ ရေထဲဆွဲချမိမှာ မကြောက်ဘူးလား။ မြေပုံကိုပေးပြီး ငါနဲ့ပူးပေါင်းပါ။ ဒါက အကောင်းဆုံးလမ်းပဲ"

သွေးမင်းသားက ဟွမ်လင်ကို ဆွဲဆောင်ရန် ကြိုးစားသည်။

"ထွက်သွား...၊ မဟုတ်ရင် တိုက်ခိုက်ရမယ်"

ဟွမ်လင်က အေးစက်စက် ကြိမ်းမောင်းလိုက်၏။

"မင်း..."

သွေးမင်းသားမှာ ဒေါသထွက်လာသည်။ သို့သော်လည်း ဟွမ်လင်ကို သတိထားနေရသေးသည်။

ဟွမ်လင်သည် သူနှင့် အဆင့်တူ ပါရမီရှင်တစ်ဦးဖြစ်သော်လည်း၊ ဟွမ်လင်တွင် အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာကိုယ် ရှိသည်။ သူမ၏ အသက်စွမ်းအားက ပြင်းထန်လွန်းလှ၏။ တိုက်ခိုက်ရာတွင် သေရမည်ကို မကြောက်သကဲ့သို့ပင်။ သူမ၏ ပြင်းထန်သော အသက်စွမ်းအားဖြင့် မကြာခဏဆိုသလိုပင် ပြိုင်ဘက်များကို သတ်နိုင်ခဲ့သည်။

တူညီသောအဆင့်ရှိ ပါရမီရှင်များထဲတွင် ဟွမ်လင်က ကိုင်တွယ်ရန် အလွန်ခက်ခဲသူတစ်ဦးဖြစ်မည်မှာ အထူးမေးနေစရာ မလိုပေ။

'ချီးတဲ့မှပဲ'

သွေးမင်းသားက သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဤဟွမ်လင်၏ ဦးနှောက်က ဘာများဖြစ်နေသနည်း။ သူ့ကိုပင် ဂရုမစိုက်ဘဲ လုမင်နှင့်သာ ပူးပေါင်းချင်နေသည်။ လုမင်ကို ခေါ်ဆောင်သွားပါက ဝန်ထိုးဝန်ပိုးသာ ဖြစ်စေမည်ကို သူ မသိဘဲဖြစ်မည်လော။

'ဒီကောင်က ဟွမ်လင်ရဲ့ ချစ်သူများလား'

သွေးမင်းသား၏ စိတ်ထဲတွင် တွေးလိုက်မိသည်။

သူတင်မကဘဲ ရင်ပြင်တဝိုက်မှ လူတော်တော်များများလည်း အလားတူ အတွေးမျိုး ရှိခဲ့ကြလေသည်။

"ကောင်လေး၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းကို ဝင်နိုင်ရင်တောင် ရတနာတွေ ရယူနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့မြေပုံကို ဖြုန်းတီးတာပဲ ဖြစ်လိမ့်မယ်။ အခု မင်း ငါ့ကို မြေပုံကိုရောင်းပေးဖို့ အခွင့်အရေးပေးမယ်၊ ဘယ်လိုလဲ"

သွေးမင်းသားက လက်မလျှော့ချင်သေးပါ။

"ထွက်သွား"

လုမင်၏ အဖြေက အလွန်ရိုးရှင်းသည်။ စကားတစ်ခွန်းသာ ပြော၏။

"မင်း ဘာပြောလိုက်တယ်"

သွေးမင်းသား၏ သတ်ဖြတ်ချင်စိတ်က ပြင်းထန်လာသည်။ သူက လုမင်ကိုစိုက်ကြည့်ရင်း အေးစက်စက် ကြိမ်းမောင်းပြောဆိုလိုက်၏။

"ကောင်လေး၊ ဟွမ်လင်ရဲ့ ပံ့ပိုးမှုရှိလို့ မောက်မာနိုင်မယ်လို့ မထင်ပါနဲ့။ မင်းက မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေဖို့ပဲ သိတဲ့ အမှိုက်တစ်စပဲ။ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံကို မင်း ဆက်ပြီးတော့ သိမ်းထားနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့"

ထိုသို့ပြောပြီးနောက် သွေးမင်းသားက အေးစက်စက် နှာခေါင်းရှုံ့ကာ လေထဲသို့ ပျံတက်ပြီး ရင်ပြင်မှ ထွက်ခွာသွားတော့သည်။

လူအုပ်ကြားထဲမှာတော့ လူနှစ်ယောက်က လုမင်ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေသည်။ ၎င်းတို့မှာ ကျောက်ခွမ်းနှင့် စစ်မာလျန်တို့ ဖြစ်၏။ သူတို့နှစ်ဦးသည်လည်း ရေနက်မြို့တော်သို့ ရောက်ခဲ့ကြသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းကိုလည်း သူတို့ သိပေသည်။ ထိုအချိန်က၊ ဝမ်ထျန်းချန်သည်ပင် လုမင်၏ အသတ်ခံခဲ့ရသည်။

ဟုတ်ပေသည်၊ လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို သိထားလျှင်ပင် သွေးမင်းသားကို သတိပေးမည်တော့ မဟုတ်ပါ။ လုမင်တွင် ရန်သူများလာလေလေ၊ သူတို့က ပျော်ရွှင်လေ ဖြစ်သည်။ ဤသို့ဖြင့် လုမင်ကို ကိုင်တွယ်ရန် အခြားသူများကို အသုံးချနိုင်မည် မဟုတ်ပါလား။

"ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းအတွက် မြေပုံနဲ့ သော့တွေ ဘယ်သူ့ဆီမှာ ရှိသေးလဲ"

ရွှေကျီးကန်း ဒသမမင်းသား၏ အသံက ထပ်မံထွက်ပေါ်လာသည်။

ရင်ပြင်တဝိုက်တွင် လူအပေါင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ ယခုတစ်ကြိမ်တော့ မည်သူမျှ မပေါ်လာကြတော့ပေ။

ထို့နောက် ရွှေကျီးကန်း ဒသမမင်းသားက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း မည်သူမျှ ရှေ့မတိုးခဲ့တော့ပါ။

နောက်ထပ် လူမရှိကြတော့ကြောင်း ထင်ရှားသည်။

"လူတိုင်းပဲ၊ ငါတို့မှာ မြေပုံခုနစ်ခု ရှိနေပြီ။ ဒါက အပြည့်အစုံ ဟုတ်၊မဟုတ် ကြည့်လိုက်ကြရအောင်။ ဘယ်လိုသဘောရလဲ"

ရွှေကျီးကန်း ဒသမမင်းသားက အကြံပြုလိုက်သည်။

"ကောင်းတယ်၊ ကြည့်ကြတာပေါ့"

ယဲ့တုန်ဖန့်က ပထမဆုံး ပြောလိုက်၏။ ထို့နောက် အခြားသူများလည်း ခေါင်းညိတ်လိုက်ကြတော့သည်။

"မြေပုံတွေကို အသက်သွင်းပြီး ပေါင်းလိုက်ကြရအောင်"

ရွှေကျီးကန်း ဒသမမင်းသားက ပြောလိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုက ၎င်းတို့အား ရင်ပြင်တစ်ဝိုက်ရှိ အခြားသူများ မမြင်နိုင်အောင် ဖုံးအုပ်သွား၏။

လူများစွာတို့ သက်ပြင်းချလိုက်မိသည်။ သူတို့က မြေပုံများကို ချောင်းကြည့်ချင်သော်လည်း ယခုတော့ မဖြစ်နိုင်တော့ပုံပင်။

ရွှေရောင်အလင်းမျက်နှာပြင် အတွင်းတွင် ရွှေကျီးကန်း ဒသမမင်းသားက ကျောက်စိမ်းပြားနှစ်ခုကို ထုတ်ယူလိုက်သည်။ သူက ယွမ်ချီစွမ်းအင် ပို့လွှတ်လိုက်သောအခါ ကျောက်စိမ်းပြားနှစ်ခုက တောက်ပသွား၏။ လေထဲတွင် ‌မြေပုံနှစ်ခု ပေါ်လာသည်။

ထို့နောက် ယဲ့တုန်ဖန့်ကလည်း သူ၏ ကျောက်စိမ်းပြားအတွင်းသို့ ယွမ်ချီစွမ်းအင် ပို့လွှတ်လိုက်ရာ နောက်ထပ် မြေပုံတစ်ခု ပေါ်လာတော့သည်။

မြေပုံ အပိုင်းသုံးပိုင်းကို မြေပုံကြီးတစ်ခုအဖြစ် ဖန်တီးရန် လေထဲတွင် နေရာချလိုက်သော်လည်း မပြည့်စုံသေးကြောင်း ထင်ရှားသည်။

ထို့နောက် အခြားသူများက သူတို့၏ ယွမ်ချီစွမ်းအင်ကို ကျောက်စိမ်းပြားများအတွင်းသို့ ပို့လွှတ်လိုက်သည်။ မပြည့်စုံသော မြေပုံများ ပေါ်လာ၏။ လုမင်၏ ကျောက်စိမ်းပြားမှလည်း မပြည့်စုံသော မြေပုံတစ်ခု ပေါ်လာတော့သည်။

စုစုပေါင်း မြေပုံခုနစ်ခုကို ပေါင်းစပ်လိုက်ကြသည်။

"မပြည့်စုံသေးဘူး"

ရွှေကျီးကန်း ဒသမမင်းသား မျက်မှောင်ကြုတ်လိုက်သည်။

မြေပုံခုနစ်ခုကို ပေါင်းစပ်ထားပြီးဖြစ်သော်လည်း တစ်စုံတစ်ခု လိုနေသေးကြောင်း သိသာထင်ရှားလှပေသည်။

အလယ်တွင် အပိုင်းတစ်ခုနှင့် ထောင့်နှစ်ဖက်စလုံးတွင် တစ်ခုစီ ပျောက်နေသည်။ အရွယ်အစားအရ ပျောက်ဆုံးနေသော အပိုင်းသုံးပိုင် ရှိဦးမည်။

စုစုပေါင်း မြေပုံဆယ်ခုနှင့် သော့ဆယ်ခု ရှိရမည်။

"တကယ်ကို မပြည့်စုံသေးဘူးပဲ၊ မြေပုံက သတ်မှတ်ထားတဲ့ တည်နေရာကို လုံးဝမညွှန်ပြနိုင်ဘူး။ မြေပုံဆယ်ခုလုံး စုံတဲ့အခါမှသာ တိကျတဲ့တည်နေရာကို ပြသနိုင်မယ်လို့ ထင်ရတယ်"

ယဲ့တုန်ဖန့်က ပြောလိုက်သည်။

"လက်ကျန်မြေပုံနဲ့ သော့တွေကို ရရှိထားတဲ့သူက‌ ရေနက်မြို့တော်မှာမရှိတော့ဘဲ တခြားမြို့ကြီး သုံးမြို့မှာ ရှိနေတာ ဖြစ်နိုင်တယ်"

တစ်ယောက်ကလည်း ပြော၏။

မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ အလယ်ဗဟိုတွင် စုစုပေါင်း မြို့လေးမြို့ ရှိပြီး ပါရမီရှင်များစွာက ထိုမြို့ကြီးများတွင် နေထိုင်တတ်ကြသည်။ သို့ဆိုလျှင်၊ ကျန်မြေပုံများက အခြားမြို့များတွင် ဖြစ်လိမ့်မည်။

"ဖြစ်နိုင်တယ်၊ သတင်းဖြန့်ဖို့အတွက် တခြားမြို့သုံးမြို့ကို လူတွေ လွှတ်လိုက်မယ်။ ဒီကာလအတွင်းမှာတော့ ရေနက်မြို့မှာပဲ ဆက်နေကြပေါ့။ မြေပုံတွေနဲ့ သော့တွေကို စုဆောင်းပြီးတာနဲ့ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းကို သွားကြမယ်"

ရွှေကျီးကန်း ဒသမမင်းသားက ပြောလိုက်သည်။

တခြားသူများလည်း ခေါင်းညိတ်ပြပြီး မြေပုံများကို ဖယ်ရှားလိုက်၏။

တစ်ချို့က လုမင်အား အေးစက်စက် ကြည့်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင်လည်း ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သို့သော်လည်း ဟွမ်လင်ကို ကြည့်လိုက်ပြီးနောက် အားလုံး သတိထားကာ ငြိမ်သက်သွား၏။

ထို့နောက် ရွှေကျီးကန်း ဒသမမင်းသားက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အလင်းမျက်နှာပြင် ပျောက်သွားသည်။

ပတ်ဝန်းကျင်ရှိ လူများကတော့ သူတို့ကို စိုက်ကြည့်ရင်း ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း တည်နေရာကို သိသွားကြခြင်းရှိမရှိ မှန်းဆနေကြတော့သည်။

All Chapters