← Chapters

အခန်း ၁၆၂၉

Vol. 109 Ch. 1629

အခန်း ၁၆၂၉

Vol. 109 Ch. 1629

အပိုင်း ( 1629 ) လုမင်၏ တိုက်ခိုက်ရေးစွမ်းအား။

ဖီးနစ်နန်းတော်တွင်၊ သွေးမင်းသားက သွေးအလံကို အရူးအမူး အသက်သွင်းနေသည်။ သူကား သွေးအလင်းရောင်အဖြစ်သို့ ပြောင်းလဲပြီး သွေးပင်လယ်နှင့်ပင် ပေါင်းစည်းတော့မည် ဖြစ်၏။ လုမင်အား သွေးအိုင်အဖြစ် သန့်စင်စေချင်သည်။

"ဒီအကွက်ပဲ"

လုမင်၏ နှုတ်ခမ်းများက အေးစက်စက်ပြုံးရင်း တွန့်ကွေးသွားသည်။ ထို့နောက် လက်နှစ်ဖက်ကို လေထဲသို့ မြှောက်လိုက်၏။

"ဝုန်း"

ကောင်းကင်တွင် ကြီးမားသော ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခု ပေါ်လာပြီး သွေးပင်လယ်ကို တောင်တစ်လုံးကဲ့သို့ ဖိချလိုက်တော့သည်။

"ဝုန်း"

သွေးပင်လယ်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သွေးစွမ်းအင်များစွာ လျော့ကျသွား၏။ သွေးပင်လယ်က အဆက်မပြတ် ဖိသိပ်ခံရကာ ကျုံ့သွားတော့သည်။

လုမင်သည် သွေးမင်းသားနှင့် ပထမအကြိမ် တိုက်ခိုက်သောအခါ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို အစွမ်းရှိသမျှ အသုံးပြုခဲ့သော်လည်း သွေးပင်လယ်ထဲတွင် သေးငယ်သော အပေါက်တစ်ခုကိုသာ ဖန်တီးနိုင်ခဲ့သည်။ ယခုမူကား၊ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ပဉ္စမအဆင့်အထိ ချိုးဖြတ်သွားသဖြင့် ၎င်း၏ စွမ်းအားသည်လည်း သိသိသာသာ တိုးတက်လာခဲ့ပြီ။ လုမင်က သူ၏ အင်အားအပြည့် မသုံးခဲ့လျှင်ပင် သွေးပင်လယ်ကို ဖြိုခွင်းပြီး အဆက်မပြတ် ဖျက်ဆီးနိုင်သေးသည်။

"ဝုန်း"

သွေးပင်လယ်က တုန်လှုပ်သွားသည်။ လုမင်က အလင်းတန်းတစ်ခုကဲ့သို့ သွေးပင်လယ်ထဲမှ ပြေးထွက်သွားပြီး ကောင်းကင်တွင် ရပ်လိုက်၏။

"အသူရာ... လုမင်... မင်းက အသူရာပဲ"

သွေးမင်းသားက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ သူ့အသံက အဝေးသို့ ပျံ့လွင့်သွား၏။

"ဘာ၊ အသူရာလား။ လုမင်က အသူရာလား"

"လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ အသူရာက လုမင်လား"

"ဖြစ်နိုင်တယ်၊ အသူရာရဲ့ ကျင့်ကြံခြင်းအခြေခံကလည်း လုမင်လိုပဲ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှာပဲ ရှိနေသေးတာ"

သွေးမင်းသား၏ အော်ဟစ်လိုက်သံက လူအများကို အံ့အားသင့်စေသည်။

လုမင်က ကျွမ်းကျင်သူများကို စိန်ခေါ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အသူရာ ဖြစ်၏။

"ဝှစ်"

သွေးမင်းသားက သွေးပင်လယ်ကို ရုတ်သိမ်းလိုက်သည်။ သွေးပင်လယ်က အလံတစ်ခုအဖြစ်သို့ ပြန်ပြောင်းသွားပြီး သူ့လက်ထဲကို ရောက်လာတော့သည်။

"လုမင်... မင်းက အသူရာဆိုမှတော့ ငါ လူမှားသွားတာပဲ ထားလိုက်ပါ"

ထိုသို့ပြောပြီးနောက် သွေးမင်းသားက နောက်ပြန်ဆုတ်ရန် ဟန်ပြင်လိုက်သည်။

လုမင်သာ အသူရာဖြစ်ပါက၊ လုမင်ကို အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သူသိသည်။

"ဟားဟားဟား၊ ဒီနေ့ မင်းလာပြီးမှတော့ ယောက်ျားဆန်ဆန် ဒီမှာပဲ ထာဝရနေလိုက်ပါလား။ မင်းရဲ့ လက်အောက်ငယ်သားတွေလိုပေါ့"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း အေးစက်စက် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်တွင် အလင်းတန်းများ ပေါ်လာ၏။ သူ့ပတ်ဝန်းကျင်တွင် သူတော်စင်လက်နက် ဆယ့်နှစ်ခုက မျောလွင့်‌နေတော့သည်။

"ဝှစ်"

လုမင်က နဂါးနက်လှံကို ဆုပ်ကိုင်ပြီး သွေးမင်းသားကို ထိုးသွင်းလိုက်သည်။

"မင်းက ငါ့ကို သတ်ချင်နေတာလား။ မင်းပဲလားကွ"

သွေးမင်းသားက ဒေါသတကြီး ဟိန်းဟောက်ပြီး သွေးအလံကို ဝှေ့ယမ်းလိုက်၏။ သူ့တကိုယ်လုံးမှ သွေးအလင်းများ ဖြာထွက်လာတော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

သူတို့ နှစ်ယောက်က ကြမ်းတမ်းစွာဖြင့် တိုက်ကွက်အနည်းငယ် ဆက်တိုက် ဖလှယ်လိုက်ကြသည်။

"လုမင်... မင်း အစွမ်းကုန် ထုတ်သုံးရင်တောင် ငါနဲ့ တန်းတူရည်တူပဲ ရှိဦးမှာကွ။ မင်းက ငါ့ကို သတ်ချင်နေတာလား။ အိပ်မက်မက်နေတာပဲ"

သွေးမင်းသားက အော်ဟစ်လိုက်သည်။

"သတ်"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။ မမြင်နိုင်သော ဓားနှစ်လက်က ရုတ်တရက် ပေါ်လာပြီး သွေးမင်းသား၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွား၏။

"စိတ်ဝိဉာဉ်တိုက်ခိုက်မှုတွေက ငါ့အတွက် အသုံးမဝင်ဘူးကွ။ ငါ့မှာ နတ်ဘုရားဝိညာဉ် အ... အား...."

သွေးမင်းသားမှာ စကားဆုံးအောင် မပြောနိုင်ဘဲ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

သူ့စိတ်ဝိညာဉ်မှ ထွက်ပေါ်လာသော နာကျင်ခြင်းလှိုင်းလုံးများကို ခံစားလိုက်ရ၏။

"မင်းရဲ့ စိတ်ဝိညာဉ်က ဘယ်လိုလုပ်ပြီး ဒီလောက် စွမ်းအားကြီးနိုင်မှာလဲ"

သွေးမင်းသား အော်ဟစ်လိုက်သည်။

လုမင်က နှာခေါင်းရှုံ့ပြီး လေထဲသို့ လှမ်းတက်လိုက်သည်။ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခု သူ့လက်ထဲတွင်ပေါ်လာပြီး သွေးမင်းသားဆီသို့ ပစ်ချလိုက်၏။

"ဝုန်း"

ဤကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ၎င်း၏ စွမ်းအားအပြည့် ခြောက်ဆယ်ရာခိုင်နှုန်းခန့်ရှိပြီး စွမ်းအားမှာ အံ့မခန်း ဖြစ်သည်။

သွေးမင်းသားက သွေးအလံကို ဝှေ့ယမ်းကာ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို တိုက်ခိုက်လိုက်၏။

သို့သော်လည်း သွေးမင်းသားသည် လုမင်၏ နတ်ဘုရားဓားကျင့်စဉ်ကြောင့် နာကျင်နေပြီး သူ၏အင်အားမှာလည်း အနည်းငယ် လျော့ပါးသွားသည်။ ပြင်းထန်စွာ တိုက်မိပြီးနောက် သွေးမင်းသားမှာ ဆက်တိုက် ဆုတ်ခွာသွား‌ရတော့သည်။

"ဝုန်း"

နောက်ထပ် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က လုမင်၏လက်ထဲတွင် ပေါ်လာပြီး သွေးမင်းသားကို ဖိချလိုက်ပြန်သည်။

ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခုကို ပစ်လွှတ်လိုက်ပြီးသည်နှင့် လုမင်၏ လက်ဝါးတွင် ကြောက်မက်ဖွယ်ရာ အတက်အကျကို ထုတ်လွှတ်လာသည်။

လုမင်၏ လက်ဝါးတစ်ဖက်စီတွင် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခုစီက ချက်ချင်း ပေါ်လာ၏။ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်နှစ်ခု တပြိုင်နက်တည်း ပေါ်လာပြီး သွေးမင်းသားဆီသို့ ကျဆင်းသွားတော့သည်။

တစ်ချိန်တည်းမှာပင်၊ လုမင်က သွေးမင်းသား တိုက်ခိုက်ရန် နတ်ဘုရားဓား လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုထားသည်။

"ဝုန်း... ဝုန်း... ဝုန်း"

သွေးမင်းသားက အင်အားအပြည့် အသုံးပြုထားသော်လည်း၊ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော် ငါးခု၊ ခြောက်ခုကို ဟန့်တားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးအလင်းရောင်မှာ တုန်ယင်လာခဲ့သည်။ သူ့မျက်နှာကလည်း စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်နှင့် နတ်ဘုရားဓားကျင့်စဉ်တို့၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် သွေးမင်းသားမှာ ဒဏ်ရာ အပြင်းအထန်ရရှိသွားပြီ ဖြစ်သည်။

လုမင်၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော် မကျော်ဖြတ်မီတွင်၊ မူလခန္ဓာ လုမင်တစ်ဦးတည်းဖြင့် သွေးမင်းသား အစွမ်းကုန်အသုံးချသော်လည်း သရေသာ ရရှိခဲ့သည်။ ယခုမူကား၊ သူက သွေးမင်းသားကို အပြတ်အသတ် ဖိနှိပ်နေပြီ။

"သွားစမ်း"

သွေးမင်းသား ကြောက်ရွံ့လာသည်။ သူက ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ဖျက်ဆီးပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော်လည်း ပို၍ကြီးမားသော ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က သူ့ကို ဖိနှိပ်လာသည်။

တစ်ချိန်တည်းမှာပင် လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တစ်ချက် လက်သွားသည်။ ဒုတိယခန္ဓာ လုမင်က ထွက်လာပြီး ထိုက်ကျိအစီရင်ဓာတ်ပြားကို ထုတ်ယူလိုက်၏။ ထိုက်ကျိအင်းကွက်တစ်ခုက သွေးမင်းသားကို ဖိနှိပ်လာတော့သည်။

"မင်း... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

သွေးမင်းသား၏ မျက်လုံးများ ပြူးကျယ်သွားပြီး အပြင်းအထန် ရုန်းကန်လိုက်သည်။

သို့သော်လည်း ဒုတိယခန္ဓာနှင့် မူလခန္ဓာ၏ ပူးတွဲတိုက်ခိုက်မှုအောက်တွင် သူ ခုခံနိုင်စွမ်းမရှိတော့ပေ။

"ဝုန်း"

ထိုက်ကျိအင်းကွက်နှင့် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သွေးအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သွေးအလင်းက သွေးမင်းသားအသွင် ပြန်လည် ဖွဲ့စည်းလာပေသည်။

သို့သော်လည်း သူ၏ လက်ရှိ အရှိန်အဝါက အားနည်းသွားသည်။ လွန်စွာ အားနည်းလာ၏။

ဒုတိယခန္ဓာ လုမင်၏ ဦးခေါင်းထက်မှ ထိုက်ကျိအင်းကွက်က တောက်ပပြီး ဓားနှစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သွေးမင်းသားဆီသို့ ဖြတ်သန်းသွား၏။

သွေးမင်းသားလည်း ကြောက်လန့်တကြားဖြင့် ခုခံရန် သွေးအလံကို သွေးရူးသွေးတန်းဖြင့် ဝှေ့ယမ်းလိုက်သည်။

ယင်ယန်ငါး ဓားနှစ်လက်က အဖြူ၊အနက် ဓားအလင်းနှစ်ခုအဖြစ် ပြောင်းလဲသွား၏။ လေထုကို ဖြတ်သန်းပြီး သွေးအလံကို ခုတ်ပိုင်းလိုက်တော့သည်။

သွေးအလံ၏ သွေးအလင်းက တိုက်ရိုက် ခွဲထုတ်ခံလိုက်ရသည်။ ယင်ယန်ငါး ဓားနှစ်လက်က သွေးအလံကိုဖြတ်၍ ခုတ်ထစ်လိုက်ရာ သွေးအလံ ပျက်စီးလုနီး ဖြစ်သွား၏။

"သတ်"

လုမင် အော်ဟစ်လိုက်၏။ ဤတစ်ကြိမ်တွင် လုမင်က ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို စွမ်းအားအပြည့် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ဧရာမ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က သွေးမင်းသားကို ချေမှုန်းရန် ကျဆင်းလာတော့သည်။

"မဟုတ်ဘူး... မဟုတ်ဘူး....."

သွေးမင်းသားက သွေးပျက်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။

သူသည် ဒဏ်ရာ ပြင်းထန်နေပြီဖြစ်၍ အရှိန်အဝါများပင် အားနည်းနေပြီ ဖြစ်သည်။ ‌ယခုဆိုလျှင် သွေးအလံလည်း ပျက်စီးသွားသဖြင့် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို အပြည့်အဝ ရင်ဆိုင်ရတော့မည် ဖြစ်၏။ ဤတိုက်ခိုက်မှုကြောင့် သူ သေဆုံးရတော့မည်ဟုပင် ခံစားလာရသည်။

"လုမင်၊ မင်း ငါ့ကိုသတ်လို့ မရဘူးနော်။ ဒါက ရေနက်မြို့တော်ပဲ၊ မင်းဒီမှာ တိုက်ခိုက်လို့မရဘူး။ အကြီးအကဲ... အကြီးအကဲတို့... ကျုပ်ကို ကယ်ပါဦး"

သွေးမင်းသားက ရေနက်မြို့တော်၏ ဒေသခံ သူတော်စင်နယ်ပယ် အကျော်အမော်များကို ဝင်ရောက်စွက်ဖက်စေရန် ရည်ရွယ်ရင်း အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။

မတိုက်ခိုက်မီက သူသည် ဒေသခံ သူတော်စင်နယ်ပယ် အကျော်အမော်များက ဝင်ရောက်စွက်ဖက်မည်ကို ကြောက်ရွံ့ခဲ့သည်။ ယခုတော့လည်း ဒေသခံ သူတော်စင်နယ်ပယ် အကျော်အမော်များကို ဝင်ရောက်စွက်ဖက်မည်ဟု အသည်းအသန် မျှော်လင့်နေပြန်ပြီ။

ကံမကောင်းစွာပဲ သူ စိတ်ပျက်သွားရသည်။ လှုပ်ရှားမှု လုံးဝ မရှိပေ။

ဒေသခံ သူတော်စင်နယ်ပယ် အကျော်အမော်များက ကြားဝင်စွက်ဖက်ရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပါ။

ယင်းက ပတ်ဝန်းကျင်မှ လူတော်တော်များများကို အံ့အားသင့်စေသည်။

ယခင်က ဤကဲ့သို့ ကြီးမားသော ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လျှင် ဒေသခံ သူတော်စင်နယ်ပယ်မှ အကျော်အမော်များက ကြားဝင် ဆောင်ရွက်ပေးမည် ဖြစ်သည်။ သို့သော်လည်း ယနေ့မှာတော့ လှုပ်ရှားမှု လုံးဝ မရှိပေ။

"သေ"

လုမင်က အေးစက်စက် ပြောလိုက်သည်။ သူ့လက်ကိုမြှောက်ပြီး ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ဖြင့် သွေးမင်းသားကို ဖိချလိုက်၏။

"ဝှစ်"

ဤအခိုက်အတန့်တွင် လုမင်၏နောက်ကွယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခု ထိုးဖောက်ဝင်ရောက်လာသည်။ ဓားအလင်းက ဝေးကွာသော အရပ်ကို ခဏချင်း ဖြတ်သန်းပြီး လုမင်၏နောက်ကျောမှ ထိုးလာခြင်း ဖြစ်၏။

ဤဓားအလင်းက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ မြန်ဆန်သည်၊ တိကျသည်၊ ရက်စက်၏။ အရေးကြီးဆုံးအချက်က အချိန်ကောင်းကိုစောင့်ပြီး အလစ်အငိုက် တိုက်ခိုက်ခြင်း ဖြစ်သည်။ လုမင်က သွေးမင်းသားကို ချေမှုန်းလိုက်စဉ်မှာပင် ရုတ်ချည်းဆိုသလို ထိုးနှက်လာခြင်း ဖြစ်တော့သည်။

All Chapters