← Chapters

အခန်း ၁၆၃၃

Vol. 109 Ch. 1633

အခန်း ၁၆၃၃

Vol. 109 Ch. 1633

အပိုင်း ( 1633 ) လေးယောက်အဖွဲ့ကို အနိုင်ယူခြင်း။

လုမင်က ထိုအခွင့်အရေးကို မညို့ လက်လွှတ်ခံမည်နည်း။ သူ့လက်ကို ဝှေ့ယမ်းပြီး ဧရာမ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ဖြင့် ဝတ်စုံနက်ဝတ် လူငယ်ကို ပစ်လွှတ်လိုက်သည်။

ဝတ်စုံနက်ဝတ် လူငယ် အံ့ဩသွားသည်။ သူက ဟိန်းဟောက်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှ တောက်ပသော အနက်ရောင်အလင်းများ ဖြာထွက်လာ၏။ သူက ဧရာမ ဒယ်စောက်အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားပုံရကာ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကြီးကို လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်တော့သည်။

"ဝုန်း"

ဝတ်စုံနက်ဝတ် လူငယ်၏ ခန္ဓာကိုယ်က ‌အမြောက်ဆံကဲ့သို့ လွင့်စဉ်သွားသည်။ သူ့အရိုးများ မည်မျှကျိုးသွားမှန်း မသိရသော်လည်း ပါးစပ်ထဲမှ သွေးများ အန်ထွက်လာ၏။

"အိုးကိုးလုံး၊ တစ်လုံးတည်းအဖြစ် ပေါင်းစည်းလော့"

ဝတ်စုံနက်ဝတ် လူငယ်က ဟိန်းဟောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အလင်းတန်းများမှာ ပို၍ သိပ်သည်းလာသည်။ တံဆိပ်တော်တံခါးဖြင့် ချုပ်နှောင်ထားသော အိုးကိုးလုံး၏ အငွေ့အသက်တို့မှာလည်း ပိုအားကောင်းလာ၏။ ၎င်းတို့က တံဆိပ်တော်တံခါးများမှ ရုန်းထွက်ကာ ဝတ်စုံနက်ဝတ် လူငယ်ဆီသို့ ပျံသန်းသွားကြသည်။ ထို့နောက်မှာတော့ အိုးကိုးလုံးက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတော့သည်။

"သန်မာလိုက်တဲ့ အင်အား"

လုမင် ရေရွတ်လိုက်သည်။

ဤလူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အံ့ဩစရာပင်။ သူ့ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးအပိုင်းမှာ အိုးကြီးတစ်လုံးကို ရှိနေပုံရသည်။ နိယာမစွမ်းအားကလည်း ကြောက်စရာကောင်း၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက သွေးမင်းသားထက်ပင် ပို၍ သန်မာသည်။

လုမင်က သွေးမင်းသားကို သတ်ဖြတ်ပြီး သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူအား ဒဏ်ရာရစေခြင်းအတွက် နာမည်ကျော်ကြားနေသူ ဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် လုမင်ကို တိုက်ခိုက်ခဲ့သူက လေးယောက်ထဲတွင် အစွမ်းထက်ဆုံးဖြစ်မည်မှာ သေချာလှပေသည်။

ဝတ်စုံနက်ဝတ် လူငယ်က အိုးကိုးလုံးကို အိုးတစ်လုံးအဖြစ် ပေါင်းစပ်လိုက်သည်။ သူက ထိုဒယ်စောက်အိုးထဲသို့ တိုက်ရိုက်ဝင်သွားသောအခါ အငွေ့အသက်များက ပိုအားကောင်းလာ၏။ ဒယ်စောက်အိုးကြီးက လုမင်ဆီသို့ ပျံသန်းသွားတော့သည်။

လုမင်လည်း နဂါးနက်လှံကို ဆုပ်ကိုင်ကာ ထိုးသွင်းလိုက်သည်။

"ဒေါင်"

နဂါးနက်လှံက ဒယ်စောက်အိုးကို ထိုးမိသောအခါ ကြီးမားသောအင်အားကြောင့် ကွေးညွတ်သွား၏။ လုမင်လည်း အနောက်သို့ လွင့်စဉ်သွားတော့သည်။

"ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ အင်အားလဲ"

လုမင်၏ အမူအရာ ပြောင်းလဲသွားသည်။ ဝတ်စုံနက်ဝတ်လူငယ်တွင် ဒယ်စောက်အိုးနှင့် ပေါင်းစပ်နိုင်သည့် အထူးခန္ဓာကိုယ်ရှိကြောင်း ထင်ရှားသည်။ သူ့ခန္ဓာကိုယ်က ဒယ်စောက်အိုးကြီးတစ်လုံးကဲ့သို့ ဖြစ်၏။ အိုးကိုးလုံးကလည်း သူတော်စင်လက်နက်ကိုးခုကို ပေါင်းစပ်ထားသကဲ့သို့ပင်။ ထိုစွမ်းအားက အံ့မခန်း ဖြစ်သည်။

ဤအခိုက်တွင်၊ ဝတ်စုံနက်ဝတ်လူငယ်က ဒယ်စောက်အိုးနှင့် ပေါင်းစပ်သွားပုံရပြီး ချိုးဖောက်မရနိုင်လောက်အောင်ပင်။

လုမင်က နဂါးနက်လှံကို လွှတ်ချလိုက်သည်။ သူတော်စင်လက်နက် ဆယ့်နှစ်ခုကို ကာကွယ်ရေးပုံစံအဖြစ် သူ့ပတ်ဝန်းကျင်တွင် ပျံဝဲနေစေလိုက်၏။ လုမင်က ယွမ်ချီစွမ်းအင်များကို လျိုယွမ်လက်အိတ်အတွင်းသို့ ပို့လွှတ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက် ပေါ်လာပြီး ကြီးမားသော စွမ်းအင်များက လုမင်၏ ခန္ဓာကိုယ်တွင်းသို့ တဟုန်ထိုး စီးဆင်းလာကြသည်။

တိမ်နဂါးတောင်သခင်က လုမင်ကို တတိယသွေးမျိုးဆက်အား တတ်နိုင်သမျှ လျှော့သုံးရန် သတိပေးထားသည်။ သို့သော်လည်း တစ်ခါတရံ အသုံးပြုပြီး စွမ်းအင်အနည်းငယ်သာ ငှားရမ်းအသုံးပြုခြင်းကတော့ ပြဿနာမဖြစ်သင့်ပေ။

တတိယသွေးမျိုးဆက်၏ စွမ်းအင်က လုမင်၏ ခန္ဓာကိုယ်တွင်းသို့ စီးဆင်းလာသောအခါ သူ့ကို ပို၍ အားကောင်းလာစေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် နဂါးဟိန်းဟောက်သံများ ကြားလာရ၏။ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုကာ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

"ဒေါင်"

လက်သီးက ဒယ်စောက်အိုးကို ထိုးမိသောအခါ ကြောက်စရာကောင်းသော လှိုင်းလုံးကြီးတစ်ခု ထွက်လာသည်။ အသံလှိုင်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပျံ့နှံ့သွား၏။

"ဝုန်း"

လုမင်၏ တိုက်ခိုက်မှုကြောင့် ဒယ်စောက်အိုးကြီး တုန်ခါသွားသည်။ သို့ရာတွင် လုမင်ကိုယ်တိုင်လည်း နောက်သို့ဆုတ်သွားရပေသည်။

"ထပ်လာမယ်"

လုမင်က ရှေ့ကို ချက်ချင်းတိုးလာပြီး နောက်ထပ် လက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။

ဒယ်စောက်အိုးကလည်း တုန်ခါပြီး လုမင်ဆီသို့ တိုးဝင်လာ၏။

"ဒေါင်... ဒေါင်..."

ထို့နောက်တွင် သူတို့ နှစ်ယောက်က ထိပ်တိုက်ရင်ဆိုင်ပြီး အပြန်အလှန် ထိုးနှက်လိုက်တော့သည်။

ထိုအချိန်တွင် ဒုတိယခန္ဓာလုမင်နှင့် ပူဖောင်းလေးက ပူးပေါင်းပြီး ပြိုင်ဘက်ကို တိုက်ခိုက်နေသည်။

ဒုတိယခန္ဓာလုမင်က ထိုက်ကျိအစီရင်ဓာတ်ပြားကို အဓိက အသုံးပြုပြီး ယင်ယန်ငါး ဓားများဖြင့် ထိုးခုတ်တိုက်ခိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ဖီးနစ်ငှက်မွှေးဓားပျံများက

အမျိုးမျိုးသော ဝင်္ကပါများနှင့် လှုပ်ရှားနေပြီး အလွန်လျှို့ဝှက်ဆန်းကြယ်၏။ ပူဖောင်းလေး၏ အချိန်နှင့်ဟင်းလင်းပြင် အကူအညီကြောင့်လည်း ပြိုင်ဘက်မှာ ဒုတိယခန္ဓာလုမင်၏ အပြတ်အသတ် ဖိနှိပ်ခြင်းကို ခံနေရတော့သည်။

"ရွှစ်"

ယင်ယန်ငါး ဓားက ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ထက်ပိုင်းဖြတ်လုနီး လှီးဖြတ်လိုက်ရာ နက်ရှိုင်း‌သော ဒဏ်ရာတစ်ခုနှင့် သွေးများ ဖြာကျလာရသည်။

"လုမင်က ဒီလောက်တောင် သန်မာနေတာလား...၊ ချီးပဲ"

အဝေးတွင် တိုက်ပွဲကို စောင့်ကြည့်နေသော ကျောက်ခွမ်းက အော်ဟစ်လိုက်သည်။

"ရှတင်းတောင်မှ သူ့ကို ဘာမှမလုပ်နိုင်ဘူး"

စစ်မာလျန်လည်း မယုံကြည်နိုင်စွာ ပြောလိုက်၏။

ရှတင်းက အိုးကိုးအိုးကို ထိန်းချုပ်ထားသော ဝတ်စုံနက်ဝတ် လူငယ် ဖြစ်သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူ့စိတ်ကူးထက် ကျော်လွန်သွားပြီ။

ရှတင်းက အဆင့်တူတွင် အလွန်ကြောက်စရာကောင်းသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူတို့ထဲတွင် တစ်ယောက်မှ ရှတင်း၏ ပြိုင်ဘက်မဟုတ်ပေ။ သို့သော်လည်း လုမင်က တစ်ယောက်တည်းဖြင့် ရှတင်းကို ရင်ဆိုင်နိုင်သည်။ အခြား လုမင်ကလည်း သူ့ပြိုင်ဘက်ကို ဖိနှိပ်နိုင်သေးသည်။

"ကံကောင်းချင်တော့ ဟွမ်လင် ရှုံးတော့မယ်။ ဟွမ်လင်ရှုံးတာနဲ့ ကျန်တဲ့နှစ်ယောက်ကလည်း လုမင်ကို တိုက်ခိုက်လာမှာပဲ။ သူ ဘယ်လောက်ပဲ သန်မာပါစေ... အဆုံးမှာတော့ ရှုံးနိမ့်ရလိမ့်မယ်"

စစ်မာလျန်က ပြောလိုက်သည်။

ယခုအချိန်တွင် ဟွမ်လင်က အမှန်တကယ်ပင် အန္တရာယ်ရှိနေပြီ ဖြစ်သည်။

သူမက မီးတောက်နေသော နတ်ဖီးနစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ သူက အင်အားအပြည့် ထုတ်ဖော်လိုက်သောအခါ မီးတောက်များက ကောင်းကင်ကိုပင် လွှမ်းခြုံသွားတော့သည်။

သို့ရာတွင်၊ သူက တစ်ဖက်လူနှစ်ဦး၏ ပြိုင်ဘက်မဟုတ်သေးပါ။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများ အများကြီးရှိနေပြီ ဖြစ်သည်။ အကယ်၍ သူ့တွင် အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာ မရှိပါက ပြင်းထန်စွာ ဒဏ်ရာရရှိနေလောက်ပြီ။ သို့ဖြစ်လျှင်ပင်၊ ဤအတိုင်း ဆက်သွားပါက ရှုံးနိမ့်ရတော့မည် ဖြစ်သည်။

"ငါ့မှာ ထိပ်တန်းစစ်သားရဲ ဆယ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာ ရှိတယ်။ ငါက ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ"

ဟွမ်လင်က ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက ရူးသွပ်မှုများနှင့် ပြည့်နှက်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကလည်း ပို၍ ကြောက်စရာကောင်းလာတော့သည်။

"ဝုန်း"

တိုက်ခိုက်မှုတစ်ခုက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ကာ အပေါက်ကြီးတစ်ခု ပေါ်လာစေသည်။ သို့ရာတွင်၊ သူမ ဂရုမစိုက်ပေ။ နတ်မီးတောက်များ ပျံ့နှံ့သွားပြီးနောက် ဒဏ်ရာအပေါက်ကြီးက အလိုအလျောက် ပျောက်ကွယ်သွားသည်။

သူက ဒဏ်ရာများနှင့် အကာအကွယ်ကို လျစ်လျူရှုထား၏။ သူမက ရူးသွပ်နေသူတစ်ယောက်ပမာ ပြင်းထန်စွာ တိုက်ခိုက်နေတော့သည်။

ထိုအချိန်တွင် ဒုတိယခန္ဓာ လုမင်က ထပ်မံ တိုက်ခိုက်လိုက်သည်။ သူက ပူဖောင်းလေးနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတို့ကို ထုတ်ဖော်လိုက်၏။

"ဝှစ်"

ယင်ယန်ငါး ဓားက ပြိုင်ဘက်၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားက တစ်ဖက်လူ၏ ဝိညာဉ်ခန္ဓာကို အဆက်မပြတ် ဖျက်ဆီးနေ၏။ ချောင်းဆိုးရင်း သူ့ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာတော့သည်။

"ငါ့ကို ကူညီကြပါဦး"

လူငယ်က အော်ဟစ်လိုက်သည်။

"ခဏတောင့်ခံထားဦး"

ဟွမ်လင်ကို တိုက်ခိုက်နေသော ပါရမီရှင်တစ်ဦးက အော်ပြောလိုက်၏။ သူတို့က ဟွမ်လင်ကို တစ်ရှိန်ထိုးအနိုင်ယူပြီးမှ လုမင်အား တိုက်ခိုက်လိုကြသည်။

သို့သော်လည်း ဟွမ်လင်၏ အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာက ဟန်ပြမဟုတ်ပါ။ တစ်ဖက်လူများက သန်မာသော်လည်း သူမကို အချိန်တိုအတွင်း အနိုင်ယူနိုင်မည် မဟုတ်ပေ။

"ချီးပဲ"

ဒုတိယခန္ဓာလုမင်ကြောင့် ဒဏ်ရာရရှိသွားသော ပါရမီရှင်က ဆက်လက်တိုက်ခိုက်ရန် မဝံ့မရဲဖြစ်ကာ အသည်းအသန် နောက်ပြန်ဆုတ်သွားသည်။

သူတို့လေးဦးက မတူကွဲပြားသော အင်အားစုများမှ ပါရမီရှင်များ ဖြစ်၏။ ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း မြေပုံနှင့် သော့အတွက်သာ တိုက်ခိုက်ရန် ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း မိမိ၏ အသက်အန္တရာယ် ကျရောက်လာလျှင်... မည်သူက အသေခံပြီး တိုက်ခိုက်ပါမည်နည်း။

"ဝှစ်..."

ထိုလူငယ်က ချက်ချင်း ပြန်ဆုတ်သွားသည်။

"ချီးပဲ"

တခြား ပါရမီရှင်များက မကျေမနပ်ဖြင့် အော်ဟစ်ကြသည်။

"သတ်"

ဒုတိယခန္ဓာလုမင်က ဟွမ်လင်၏ တိုက်ပွဲဆီသို့ ပြေးဝင်သွား၏။ ယင်ယန်ငါး ဓားများက တစ်ဦးတည်းသော မိန်းကလေးကို ထိုးခုတ်လိုက်တော့သည်။

လုမင် ရောက်လာပြီးနောက် ဟွမ်လင်၏ ဖိအားများက အလွန် လျော့ကျသွားသည်။ သူက ပါရမီရှင်တစ်ဦးကို ပြင်းပြင်းထန်ထန် ဖိပြီး တိုက်ခိုက်လိုက်၏။ ပြိုင်ဘက်က သူနှင့် လက်ရည်ညီနေကာ မလှုပ်သာတော့ပေ။

ထိုအချိန်တွင် မူလခန္ဓာလုမင်က ရှတင်းနှင့် ထိုးနှက်ချက်များစွာ ရင်ဆိုင်ခဲ့ပြီး ဖြစ်သည်။

"ဝုန်း"

နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ဒယ်စောက်အိုးကြီးက ပြင်းထန်စွာ တုန်ခါပြီး အသည်းအသန် ဆုတ်သွား၏။ ထို့နောက် ရှတင်း၏ပုံရိပ်က ပြန်ပေါ်လာတော့သည်။

ဤနည်းလမ်းကို အသုံးပြုရန် ကြီးစွာသော တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရကြောင်း ထင်ရှားသည်။ ယခုတော့ သူ ဆက်မထိန်းနိုင်တော့ပေ။

"မေ့လိုက်ပါ၊ သွားကြရအောင်"

ရှတင်းက အော်ပြောလိုက်သည်။ သူက အိုးကြီးတစ်လုံးနှင့် ဆုတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

ယင်းကိုမြင်တော့ ကျန်သော ပါရမီရှင်နှစ်ယောက်လည်း အရေးမသာတော့ကြောင့် သိလိုက်ကြသည်။ သူတို့နှစ်ဦးလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပြီးနောက် ပျံသန်း ထွက်ခွာသွားတော့သည်။

ပါရမီရှင်လေးယောက်ကို လုမင်နှင့် ဟွမ်လင်တို့က အနိုင်ယူခဲ့သည်။

တိုက်ပွဲကို ဝိုင်းကြည့်နေကြသော လူများလည်း တုန်လှုပ်ကုန်တော့သည်။

All Chapters