← Chapters

အခန်း ၁၆၃၆

Vol. 110 Ch. 1636

အခန်း ၁၆၃၆

Vol. 110 Ch. 1636

အပိုင်း ( 1636 ) အန်ဒက်တောင်။

ရေနက်မြို့တော်တွင် ပါရမီရှင်များစွာက မဟာမိတ်များဖွဲ့ပြီး ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း မြေပုံနှင့်သော့ကို ထိန်းသိမ်းခဲ့ကြသည်။ ဤသို့ဖြင့် ဆယ်ရက်ကျော်ကြာပြီးနောက် အခြေအနေများက တဖြည်းဖြည်း ငြိမ်သက်သွား၏။

ထိုအချိန်တွင်၊ ရွှေကျီးကန်း ဒသမမင်းသားက လုမင်နှင့် ဟွမ်လင်တို့ထံ အသံလွှင့်ကာ ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း သော့နှင့်မြေပုံကို ထပ်မံစုဆောင်းထားကြောင်း ပြောလာသည်။ သူက ၎င်းတို့အား မြေပုံနှင့်သော့များကို ပေါင်းစည်းရန် ရွှေကျီးကန်းနန်းတော်သို့ ဖိတ်ခေါ်လာခြင်းပင်။

"နောက်ဆုံးတော့ စုပြီးသွားပြီပေါ့"

လုမင်လည်း လေ့ကျင့်မှုကို အဆုံးသတ်လိုက်သည်။ တောက်ပသော အလင်းတစ်ခုက သူ့မျက်လုံးထဲတွင် ဖြတ်သန်းသွား၏။ သူက ဟွမ်လင်နှင့်အတူ ရွှေကျီးကန်းနန်းတော်‌သို့ ပျံသန်းသွားတော့သည်။

"ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံနဲ့သော့ ထိန်းချုပ်ထားတဲ့သူတွေ ရွှေကျီးကန်းနန်းတော်ကို သွားနေကြပြီဟေ့။ မြေပုံအားလုံး စုဆောင်းပြီးသွားပြီထင်တယ်။ လိုက်ကြည့်ကြရအောင်"

ရေနက်မြို့တော်မှ လူအများလည်း ရွှေကျီးကန်းနန်းတော်သို့ ပျံသန်းသွားကြသည်။

မကြာမီ၊ လုမင်နှင့် ဟွမ်လင်တို့က ရွှေကျီးကန်းနန်းတော်သို့ ရောက်လာ၏။

ဤတစ်ကြိမ်မှာတော့ ရင်ပြင်မှာ မဟုတ်ပေ။ လုမင်နှင့် ဟွမ်လင်တို့ ရောက်လာသောအခါ ရွှေကျီးကန်းမျိုးနွယ်စုဝင်တစ်ဦးမှ ရွှေကျီးကန်းနန်းတော်အတွင်းရှိ ခြံဝင်းတစ်ခုသို့ ကြိုဆိုသွားကြသည်။

မြေပုံနှင့် သော့မရှိသော ပါရမီရှင်များကတော့ ရွှေကျီးကန်းနန်းတော်၏ အပြင်ဘက်တွင်သာ စောင့်ဆိုင်းနိုင်ကြလေသည်။

လုမင်နှင့် ဟွမ်လင်တို့ ရောက်ရှိလာသောအခါ လူများစွာ ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

မိုးကြိုးရိုင်း ယဲ့တုန်ဖန့်က လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး တစ်ယောက်တည်း ရပ်နေသည်။

ဝတ်စုံဝါဝတ် လူငယ်တစ်ဦးလည်း ရှိ၏။ ထိုလူငယ်သည် ယခင်က အခြားသူတစ်ဦးထံမှ မြေပုံနှင့် သော့ကို လုယူသွားခဲ့သူ ဖြစ်သည်။ သူကား ရွှေကျီးကန်း ဒသမမင်းသား၊ ယဲ့တုန်ဖန့်တို့နှင့် အဆင့်တူသော ပါရမီရှင်တစ်ဦးဆိုလျှင်လည်း မမှားပေ။

နားလည်ရခက်သော အငွေ့အသက်များဖြင့် လူတချို့လည်း ရှိသည်။ သူတို့က ရွှေကျီးကန်း ဒသမမင်းသားနှင့် အဆင့်တူ ပါရမီရှင်များ ဖြစ်၏။ သူတို့က အခြားမြို့မှ လာရောက်သူများဖြစ်ပုံရပြီး ယခင်က မတွေ့ဖူးပေ။

လူအရေအတွက်များသော လူအုပ်စုတချို့လည်း ရှိသည်။ အနည်းဆုံး လူ လေး၊ ငါးဦးရှိပြီး အများဆုံး လူခုနစ်ဦး၊ ရှစ်ဦး ရှိပေသည်။

လုမင်ဟာ ထိုအဖွဲ့များထဲတွင် ကျောက်ခွမ်းနှင့် စစ်မာလျန်ကို မြင်လိုက်ရသည်။

သူတို့က သွေးမင်းသားနှင့်သာ အဆင့်တူသော ပါရမီရှင်များ ဖြစ်၏။ ထို့ကြောင့် လူအများစုက မဟာမိတ်ဖွဲ့ထားခဲ့ကြသည်။ ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း မြေပုံနှင့်သော့ကို ထိန်းသိမ်းထားရန် လူ ငါးယောက်၊ ခြောက်ယောက်ခန့်က အတူတကွ ပူးပေါင်းခဲ့ကြသည်။

ထို့နောက်တွင် နောက်ထပ် လူတချို့ ရောက်လာသည်။ လူအုပ်စု တစ်ခုစီတွင် လူ လေးငါးယောက်ထက်မနည်း ရှိ၏။

လုမင်ဟာ လူခုနစ်ဦးအဖွဲ့ထဲမှ လူတချို့ကို မှတ်မိသည်။

ယခင်က လုမင်နှင့် ဟွမ်လင်တို့ထံမှ မြေပုံနှင့်သော့ကို လုယူရန် ကြိုးစားခဲ့သော ရှတင်းတို့လေးယောက် ဖြစ်၏။

လုမင်နှင့် ဟွမ်လင်ကိုကြည့်ရင်း သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှုတို့ပေါ်လာသည်။

အခြားအုပ်စုမှာတော့ လူခြောက်ဦးရှိ၏။ သူတို့ထဲတွင် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပါဝင်နေသော မျက်လုံးများဖြင့် လုမင်အား ကြည့်နေသည်။

"တောင်းတီ"

လုမင် ပြန်ကြည့်လိုက်၏။ ထိုလူငယ်၏ အငွေ့အသက်များမှ အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် လူငယ်မှာ တောင်းတီဖြစ်ကြောင်း သိလိုက်သည်။

တောင်းတီက ပူးပေါင်းလုပ်ဆောင်ရန် လူတစ်စုကို ရှာဖွေပြီး ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်းသို့ အတူတကွ ဝင်ရောက်ရန် စီစဉ်ခဲ့ပုံရသည်။

"ကိုင်း၊ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံနဲ့သော့ပိုင်ရှင်အားလုံး ဒီကို ရောက်နေပြီ။ ဒါပေမဲ့ မြေပုံတွေ မစုခင်မှာ တစ်ခုတော့‌ ပြောချင်တယ်။ မြေပုံနဲ့ သော့ပိုင်ရှင်တွေက သူတို့နဲ့အတူ လူတွေကို ခေါ်သွားနိုင်ပါတယ်။ ဒါပေမဲ့... ငါတို့ ထွက်သွားတဲ့အခါမှာတော့ နောက်ထပ် အကူတွေ ထပ်ပြီး ခေါ်ခွင့်မရှိတော့ဘူး။ ညီနောင်ယဲ့၊ ညီနောင်ရှီနဲ့ သူတော်စင်ငယ်ဟွမ်လင်တို့ ဘယ်လိုသဘောရလဲ"

ရွှေကျီးကန်း ဒသမမင်းသားက ပြောလိုက်သည်။ အထူးသဖြင့် သူသည် ယဲ့တုန်ဖန့်၊ ဟွမ်လင်၊ ဝတ်စုံဝါဝတ် လူငယ်၊ တောင်းတီနှင့် သူနှင့်အဆင့်တူသော ပါရမီရှင်များကို ကြည့်လိုက်၏။

"ကိစ္စမရှိဘူး"

"ငါ့မှာ ကန့်ကွက်စရာမရှိဘူး"

ယဲ့တုန်ဖန့်၊ ဝတ်စုံဝါဝတ် လူငယ်နှင့် အခြားသူများ အားလုံး ခေါင်းညိတ်ကြသည်။

တခြားသူများကလည်း ဘာမျှမပြောပါ။ သူတို့နှင့်အတူ လိုက်သွားမည့်သူ အကုန်လုံး ရောက်နေပြီ ဖြစ်သည်။

သူတို့အားလုံးက ထိပ်တန်း ပါရမီရှင်များ ဖြစ်၏။ သူတို့တစ်ဦးစီက ကောင်းကင်ဝိညာဉ်ခန္ဓာများ ပိုင်ဆိုင်ထားကြသည်။ မြေကမ္ဘာဝိညာဉ်ခန္ဓာ ပိုင်ရှင်များကတော့ သူတို့အတွက် သိပ်ပြီး အသုံးမဝင်တော့ပေ။

မြေကမ္ဘာဝိညာဉ်ခန္ဓာပိုင်ရှင်များက သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်ရှိခဲ့လျှင်ပင်၊ ဤနေရာမှ ပါရမီရှင်များကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပါ။

"ကောင်းပြီလေ၊ မြေပုံတွေကို အခုပဲ ထုတ်လိုက်ကြပါ"

ရွှေကျီးကန်း ဒသမမင်းသားက ပြောလိုက်သည်။ ထို့နောက် သူ၏ ကျောက်စိမ်းပြားနှစ်ခုကို ထုတ်ယူပြီး စွမ်းအင်ပို့လွှတ်လိုက်၏။ ကျောက်စိမ်းပြားများက တောက်ပနေပြီး မြေပုံနှစ်ချပ် မျောလွင့်ကာ ထွက်ပေါ်လာတော့သည်။

ထို့နောက် အခြားသူများကလည်း ကျောက်စိမ်းပြားများကို ထုတ်ယူကာ ယွမ်ချီစွမ်းအင်များ ပို့လွှတ်လိုက်ကြသည်။ လုမင်မှာလည်း ထိုနည်းတူစွာပင်။

မြေပုံများက လေထဲတွင် မျောလွင့်ကာ ပေါင်းစပ်သွားကြသည်။

မြေပုံဆယ်ခုက ပြီးပြည့်စုံသော မြေပုံတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းသွား၏။

ဤအခိုက်အတန့်တွင် မြေပုံက တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်လာသည်။ ထို့နောက် မြေပုံပေါ်တွင် အတောက်ပဆုံး အလင်းတန်းတစ်ခု ပေါ်လာတော့သည်။

"အဲဒါက ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းပဲ"

လူအများ၏ မျက်လုံးများက တောက်ပလာပြီး စိတ်ထဲမှ မှတ်သားလိုက်ကြသည်။

"ဒါက မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရဲ့ မြောက်ပိုင်းက အန်ဒက်တောင်ပဲ"

ယဲ့တုန်ဖန့်က ပြောလိုက်သည်။

"အဲဒီနေရာမှာ ရှိနေမယ်လို့ မမျှော်လင့်ထားဘူး၊ သွားကြစို့"

ရွှေကျီးကန်း ဒသမမင်းသားက ပြောလိုက်၏။

ထို့နောက် သူတို့၏ ကျောက်စိမ်းပြားများကို သိမ်းဆည်းပြီး နန်းတော်မှထွက်ကာ မြောက်ဘက်သို့ ပျံတက်သွားကြတော့သည်။

"သူတို့ထွက်လာကြပြီဟေ့၊ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း တည်နေရာကို သိသွားကြလောက်ပြီ"

ရွှေကျီးကန်းနန်းတော် အပြင်ဘက်တွင် လူအများအပြား စောင့်ဆိုင်းနေကြသည်။ လုမင်နှင့် အခြားလူများ ထွက်လာသည်ကို မြင်သောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

"သွားကြစို့။ သူတို့နောက်ကို လိုက်ကြမယ်။ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းကို ဝင်ရောက်နိုင်ရင် အခွင့်အလမ်းတွေ ရနိုင်တယ်"

"ဟုတ်တယ်ဟေ့၊ သူတို့နောက်ကို လိုက်သွားကြစို့"

လူအုပ်စုကြီးက လေထဲသို့ ပျံတက်ကာ လုမင်နှင့် အခြားသူများနောက်သို့ လိုက်လာကြတော့သည်။

"ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မြေပုံနဲ့သော့ မရှိတဲ့သူတွေ ထွက်သွားကြစမ်း။ မဟုတ်ရင် သေရမယ်"

ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက် ပြောလိုက်သည်။ သူက စူးရှသော မျက်လုံးများဖြင့် လူအုပ်ကို ဝေ့ကြည့်လိုက်၏။

တစ်ချိန်တည်းမှာပင် ယဲ့တုန်ဖန့်၊ တောင်းတီနှင့် အခြားသူများက ခက်ထန်သော အကြည့်မျိုးဖြင့် ဝေ့ကြည့်လိုက်ကြသည်။

"မင်းတို့က အနိုင်ကျင့်လွန်းတယ်။ ငါတို့ဘာသာ သွားချင်တဲ့နေရာကိုသွားမယ်... ဒါက ငါတို့ရဲ့ လွတ်လပ်ခွင့်ပဲ။ မင်းနဲ့ ဘာဆိုင်လဲ"

"ဟုတ်တယ်၊ မင်းဘာသာမင်း သွားချင်တဲ့နေရာသွား... ငါတို့လည်း သွားချင်ရာကိုသွားမယ်"

လူတချို့က ပြန်အော်လိုက်ကြသည်။

"ခေါင်းမာနေတယ်၊ သေလိုက်တော့"

ရွှေကျီးကန်း ဒသမမင်းသားက ရုတ်တရက် အော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ နေတစ်စင်းကဲ့သို့ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။

"ရွှစ်... ရွှစ်... ရွှစ်"

ရွှေကျီးကန်း ဒသမမင်းသားက လက်သည်းကုပ်ချက်များ ထုတ်ဖော်လိုက်သည်။ ရွှေကျီးကန်း၏ ခြေသုံးချောင်း လက်သည်းအရိပ်များက ကောင်းကင်တွင် ပြည့်သွား၏။ ခြေသည်းကုပ်ချက်များ ထိမှန်ခံရသူတိုင်း‌ ရွှေရောင်မီးတောက်များ လောင်ကျွမ်းခံရကာ မျက်စိတစ်မှိတ်အတွင်း ပြာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူငယ် တစ်ဒါဇင်ကျော် အသတ်ခံခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ်ကော ဝိညာဉ်များပါ ပျက်စီးသွားပေသည်။

ကျန်လူများလည်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့က ကြောက်ရွံ့သော မျက်လုံးများဖြင့် ရွှေကျီးကန်းဒသမမင်းသားကို ကြည့်လိုက်ကြ၏။

"မင်းတို့ ဆက်လိုက်နေဦးမယ်ဆိုရင် မင်းတို့အားလုံးကို သတ်မယ်"

ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက် ပြောလိုက်သည်။

ဤတစ်ခါတော့ သူတို့နောက်ကို မည်သူမျှ မလိုက်ရဲတော့ပေ။ သူတို့က လူအင်အားများသော်လည်း၊ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ ရွှေကျီးကန်း ဒသမမင်းသားနှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းသည်။ တိုက်ပွဲစတင်သည်နှင့် အားလုံး အသတ်ခံရလိမ့်မည်။

ထို့ပြင် မတိုက်ခိုက်ရသေးသော ကျွမ်းကျင်သူများလည်း ရှိနေဆဲ ဖြစ်သည်။ တိုက်ပွဲဖြစ်ပါက မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သူတို့က မလိုလားသော်လည်း လုမင်နှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်သည်။

သိုင်းပညာကမ္ဘာတွင် အားနည်းသူများသည် သန်မာသူများ၏ သားကောင်များ ဖြစ်သည်။ ခွန်အားမရှိပါက သူတို့မျက်စိရှေ့မှ အခွင့်အလမ်းကိုပင် ဆုပ်ကိုင်နိုင်မည် မဟုတ်ပေ။

လုမင်နှင့် အခြားသူများက မြောက်ဘက်သို့ ဦးတည်သွားကြသည်။ မြေပုံပေါ်ရှိ လမ်းညွှန်ချက်များအရ နှစ်ရက်ကြာ ပျံသန်းပြီးနောက် အန်ဒက်မြေသို့ ရောက်လာကြ၏။

မြေရိုင်းဒေသ ဖြစ်သည်။ မျက်စိတစ်ဆုံး မြင်နိုင်သမျှ လွင်တီးခေါင်တွင် အရိုးဖြူများသာ ပြည့်နှက်နေသည်။

သို့သော်လည်း ဤအရိုးစုများက အချိန်ကြာမြင့်ခဲ့ဟန်ဖြင့် ဝိညာဉ်အနှစ်သာရ မရှိတော့ပေ။

လွင်တီးခေါင်တစ်ခုလုံးက သေခြင်းတရား၏ အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဤနေရာမှာ ရှေးယခင်က စစ်မြေပြင်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

မြေရိုင်းဒေသရှေ့မှာတော့ ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်လုံး ရှိသည်။ အထူးသဖြင့် မြေပြန့်လွင်ပြင်တွင် ထီးထီးကြီးရှိနေသော တောင်က ထင်ရှားလွန်းလှသည်။

မြေပုံ၏ လမ်းညွှန်ချက်အရ ပစ်မှတ်မှာ ထိုတောင်ကြီးပင်။

All Chapters