← Chapters

အခန်း ၁၆၃၇

Vol. 110 Ch. 1637

အခန်း ၁၆၃၇

Vol. 110 Ch. 1637

အပိုင်း ( 1637 ) ဧကရာဇ်သင်္ချိုင်း၏ အခြေအနေ။

"ဝှစ်... ဝှစ်"

အားလုံးက တောင်ဆီသို့ ပျံသန်းသွားကြသည်။

"ဝှစ်"

ရုတ်တရက်၊ ဓားအလင်းတစ်ခုက လေထဲမှ ပေါ်လာပြီး ပါရမီရှင်လူစုဆီသို့ ဖြတ်သန်းလာသည်။

"ဝုန်း"

ထိုပါရမီရှင်က လက်ဝါးဖြင့်ရိုက်ချပြီး ဓားအလင်းကို ဖျက်ဆီးပစ်လိုက်၏။

သို့သော်လည်း နောက်အခိုက်တွင် အန်ဒက်မြေရိုင်းဒေသ၏ မြေပြင်က ပေါက်ကွဲသွားသည်။ ပုံရိပ်အများအပြားက မြေပြင်မှ ပြေးထွက်လာပြီး သူတို့ရှေ့တွင် ရပ်လိုက်ကြတော့သည်။

ပုံစံအမျိုးမျိုး ရှိသည်။ အချို့က နတ်ဆိုးပုံစံဖြစ်ပြီး တချို့က လူသားပုံစံ ဖြစ်၏။

၎င်းတို့က ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ဓားနှင့် ဆေဘာများကို ကိုင်ဆွဲထားကြသည်။ သို့သော်လည်း သူတို့အားလုံးတွင် တူညီသောအရာတစ်ခု ရှိနေသည်။ ယင်းမှာ၊ သူတို့ထံမှ ပြင်းထန်သော သေခြင်းအငွေ့အသက်များ ထွက်ပေါ်နေခြင်းပင်။

"ဒါက အန်ဒက်မျိုးနွယ်ပဲ"

တစ်ယောက်ယောက်က အော်လိုက်သည်။

"သတ်... ဒီလူတွေကို သတ်ကြ"

ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားသော အန်ဒက်ျစ်ဦးက သူ့ဓားကိုဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။

"ဂါး... ဂူး"

အန်ဒက်မျိုးနွယ်ဝင် အများအပြားက လုမင်နှင့် အခြားလူများဆီသို့ ပြေးလာကြသည်။ အနည်းဆုံး လူအင်အား တစ်ထောင်ခန့်ရှိ၏။ ၎င်းတို့အားလုံးက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် အထက်တွင် ရှိကြသည်။

အမျိုးမျိုးသော တိုက်ခိုက်မှုများက လုမင်နှင့် အခြားသူများဆီသို့ အလျင်အမြန် ရောက်ရှိလာတော့သည်။

"သတ်"

ရွှေကျီးကန်း ဒသမမင်းသားက ခြေသုံးချောင်း ရွှေကျီးကန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ နေမီးတောက်က ပြင်းထန်စွာ တောက်လောင်နေ၏။ သူဖြတ်ကျော်သွားသည့်အခါတိုင်း အန်ဒက်မျိုးနွယ်ဝင် ဆယ်ယောက်ကျော်မှာ မီးတောက်ထဲတွင် ပြာကျသွားတော့သည်။

မိုးကြိုးရိုင်း ယဲ့တုန်ဖန့်က လက်သီးဆုပ်လိုက်သောအခါ ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများ တဖျတ်ဖျတ်လက်လာသည်။ မိုးကြိုးကျဆင်းလာတိုင် အန်ဒက်မျိုးနွယ်ဝင်တစ်ယောက် သေဆုံးရ၏။

တောင်းတီကလည်း သူ၏ မူလအသွင်ကို ပြောင်းလဲကာ ဟိန်းဟောက်လိုက်သည်။ သူ့ပါးစပ်မှ အလင်းတန်းတစ်ခု ထွက်လာပြီး အန်ဒက်မျိုးနွယ်စုဝင် အများအပြားကို သုတ်သင်သွားပေသည်။

ထိပ်သီး ပါရမီရှင်များ၏ တိုက်ခိုက်မှုများက ကြောက်စရာကောင်းလှသည်။ ခဏချင်းမှာပင် အန်ဒက်မျိုးနွယ်စုဝင် အများအပြား ဖျက်ဆီးခံလိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင် အခြားသူများကလည်း တိုက်ခိုက်လိုက်ကြသည်။ အစွမ်းထက် နည်းလမ်းများကို အသုံးပြုပြီး အန်ဒက်မျိုးနွယ်ဝင်များကို သတ်ဖြတ်ကြ၏။

သို့သော်လည်း အန်ဒက်မျိုးနွယ်ဝင်များက အလွန်များသည်။ နောက်ထပ် အန်ဒက်မျိုးနွယ်ဝင်များစွာက မြေပြင်မှ ပြေးထွက်လာနေကြဆဲပင်။

ထို့ပြင် သူတို့၏အင်အားက ပိုပြီး အားကောင်းလာကြသည်။

"ဂါး"

ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ကျားပုံသဏ္ဍာန် အဖြူရောင်အရိုးစုကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ရွှေကျီးကန်း ဒသမမင်းသားထံသို့ ပြေးဝင်သွား၏။

အရိုးစုကျားကြီးထံမှ သူတော်စင်တစ်ပိုင်း တတိယအဆင့် အငွေ့အသက်များလည်း ထွက်ပေါ်နေသည်။ ၎င်းက အလွန်အစွမ်းထက်ပေသည်။

သို့သော်လည်း ရွှေကျီးကန်း ဒသမမင်းသားကို မယှဉ်နိုင်ဘဲ တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။

ယေဘူယျအားဖြင့်၊ အဆင့်တူ တိုက်ပွဲများတွင် ကောင်းကင်ဝိညာဉ်ခန္ဓာရှိသူများက ကောင်းကင်ဝိညာဉ်ခန္ဓာ မရှိသူများကို အလွယ်တကူ သတ်နိုင်သည်။

မြေအောက်မှ အန်ဒက်မျိုးနွယ်ဝင်များက အဆက်မပြတ် ပြေးထွက်လာနေသည်။ သူတို့ထဲမှ အတော်များများက သူတော်စင်တစ်ပိုင်းအဆင့်တွင် ရှိသော်လည်း ပါရမီရှင်လူစုကို တားဆီးရန်တော့ ခက်ခဲနေဆဲပင်။ သူတို့က ကြီးကျယ်ခမ်းနားသော တောင်ကြီးဆီသို့ ဆက်လက် ချီတက်သွားကြသည်။

လုမင်က လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်နေသည်။ သူ၏ လက်သီးအင်အားများက ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ အန်ဒက်မျိုးနွယ်ဝင်နှစ်ဦးကို သတ်ပစ်လိုက်၏။

"ဝုန်း"

ထိုအချိန်တွင် မြေပြင်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ရှေးဟောင်း ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး လှံတစ်လက်ကို ကိုင်ဆောင်ထားသည့် ပုံရိပ်တစ်ခုက လေထဲတွင် ပေါ်လာ၏။

"သူတော်စင်နယ်ပယ် အန်ဒက်မျိုးနွယ်ဝင်"

လူအများ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

ဤအန်ဒက်မျိုးနွယ်ဝင်က ရှေးဟောင်း ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လှံရှည်ကို ကိုင်ဆောင်ထားသည်။ သူက သူတော်စင်နယ်ပယ် အန်ဒက်မျိုးနွယ်ဝင် ဖြစ်၏။ သူ့ထံမှ သူတော်စင်တစ်ပါး၏ အရှိန်အဝါများလည်း ဖြာထွက်နေတော့သည်။

"မင်းက သူတော်စင်နယ်ပယ် ပါရမီရှင်ဖြစ်ရင်တောင် ဘာဖြစ်လဲ။ ငါ မင်းကို သတ်နိုင်သေးတယ်"

ရွှေကျီးကန်း ဒသမမင်းသားက အလွန်လွှမ်းမိုးကြီးစိုးသည့်ပုံစံဖြင့် ပြောလိုက်သည်။

သူတို့၏ တိုက်ခိုက်နိုင်စွမ်းဖြင့် သာမာန် သူတော်စင်နယ်ပယ် ပညာရှင်များကို မကြောက်ကြပေ။

သို့သော်လည်း သူတော်စင်နယ်ပယ် အန်ဒက်မျိုးနွယ်ဝင်က မတိုက်ခိုက်ပါ။ ယင်းအစား သူသည် လုမင်နှင့် အခြားသူများကို အေးစက်စက် စိုက်ကြည့်ကာ ခြောက်ကပ်ကပ်လေသံဖြင့် အမိန့်ပေးလိုက်သည်။

"ဆုတ်ခွာကြလော့"

ထို့နောက်မှာတော့ အန်ဒက်မျိုးနွယ်ဝင်များက ဒီရေကျဆင်းသကဲ့သို့ ဆုတ်ခွာသွားပြီး မြေကြီးထဲသို့ နစ်မြုပ်ကာ ပျောက်ကွယ်သွားတော့သည်။

သူတော်စင်နယ်ပယ် အန်ဒက်မျိုးနွယ်ဝင်သည်လည်း မြေကြီးထဲသို့ နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားသည်။

"သူတို့ နောက်ဆုတ်သွားပြီလား"

တစ်ယောက်က တအံ့တဩ ပြောလိုက်သည်။

"အဲဒီ သူတော်စင်နယ်ပယ် ပညာရှင်က သူမဆုတ်ရင် သေရမယ်ဆိုတာ သိတယ်လေ။ သဘာဝအတိုင်း သူ ဆုတ်သွားရမှာပေါ့"

ရွှေကျီးကန်း ဒသမမင်းသားက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

လူတိုင်းက ရှေ့ကို ဆက်လျှောက်သွားကြသည်။ ထို့နောက်မှာတော့ သူတို့ကို တားဆီးမည့်သူ မရှိတော့ပေ။ မကြာမီ၊ တောင်ကြီးရှေ့သို့ ရောက်လာကြသည်။

တောင်ကြီးက မှောင်မိုက်နေပြီး သေခြင်းအငွေ့အသက်တို့ ဝိုင်းရံထားသည်။ ဤနေရာတွင် မြက်ပင်တစ်ပင်မျှ မပေါက်ရောက်ပေ။

"ဒါက ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းလား။ အရင်က ဒီနေရာကိုရောက်ဖူးပေမဲ့ ထူးထူးခြားခြား ဘာမှမတွေ့ခဲ့ဘူး"

ယဲ့တုန်ဖန့်က မျက်မှောင်ကြုတ်လိုက်သည်။

ဤတောင်က သာမန်တောင်တစ်လုံးနှင့် မခြားပေ။ ၎င်းနှင့်ပတ်သက်ပြီး အထူးအဆန်း တစ်စုံတစ်ရာမရှိသလို ဝင်ပေါက်လည်း မရှိပါ။

ထို့နောက်တွင် အားလုံးက တောင်ပေါ်သို့ ပြေးတက်သွားကြသည်။ သို့သော်လည်း ဝင်ပေါက်ကို မတွေ့ကြရပေ။

လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။ ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်းက အတုလား။

"ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း သော့ကို ထုတ်ကြည့်ကြရအောင်။ ဘယ်လိုသဘောရလဲ"

တစ်ယောက်က အကြံပေးလိုက်သည်။

"ကောင်းပြီ"

အခြားသူများလည်း ခေါင်းညိတ်ပြပြီး ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း သော့များကို ထုတ်ယူလိုက်ကြသည်။

"ဝမ်"

လူတိုင်းက သော့များကို ထုတ်ယူလိုက်သောအခါ၊ အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ သော့ဆယ်ခုက တုန်ခါပြီး တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လာ၏။‌ သော့များက လူတိုင်း၏လက်မှ ပျံသန်းကာ တောင်ပေါ်သို့ ဆက်လက် ပျံသန်းသွားတော့သည်။

ထို့နောက် တောင်ထိပ်သို့ မျောပါသွားပြီး အရွယ်အစားမှာလည်း လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ သော့တစ်ခုစီက ပေတစ်သောင်း မြင့်မားလာ၏။

ထို့နောက် သော့ဆယ်ခုက ပေါင်းစပ်ပြီး ကောင်းကင်ကို ထိုးဖောက်ထားသည့် လှံပုဆိန်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

"ဝုန်း"

ကောင်းကင်ကို ဖောက်ထွင်းထားသည့် လှံပုဆိန်က တောင်ကို ခုတ်ပိုင်းချလိုက်သည်။

"ဝုန်း"‌

လှံပုဆိန်က ကြီးကျယ်ခမ်းနားသော တောင်ကြီးကို ထက်ခြမ်းခွဲချသွားသည်။ အလယ်တွင် လမ်းကြောင်းတစ်ခုကဲ့သို့ တောင်ကြားတစ်ခု ပေါ်လာ၏။

လှံပုဆိန်က တောင်ကြားထဲသို့ ပျံသန်းပြီး ပျောက်ကွယ်သွားတော့သည်။

"ဒါက ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းဆီကို သွားရာလမ်းလား"

လူတချို့၏ မျက်လုံးများက တောက်ပလာသည်။

"ဖြစ်နိုင်တယ်ကွ၊ ဟားဟားဟား... နောက်ဆုံးတော့ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း ပေါ်လာပြီ"

တစ်ယောက်က အားပါးတရ ရယ်မောလိုက်၏။

သို့သော်လည်း နောက်အခိုက်အတန့်တွင် မြင်ကွင်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ လူတိုင်းက လှုပ်ရှားလာပြီး အခြားသူများနှင့် လူစုခွဲရပ်လိုက်၏။ သတိထားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ယခု ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း ပေါ်လာသောအခါ၊ သူတို့ ပြိုင်ဖက်များ ပြန်ဖြစ်လာတော့မည်။ သဘာဝအတိုင်း တစ်ယောက်နှင့်တစ်ယောက် သတိထားရမည် ဖြစ်သည်။

"ဟမ့်"

ရွှေကျီးကန်း ဒသမမင်းသားက နှာခေါင်းရှုံ့လိုက်သည်။ သူက တောင်ကြားဆီသို့ ဦးစွာ ပျံသန်းသွား၏။

"သွားကြရအောင်"

အခြားသူများလည်း တောင်ကြားဆီသို့ အလျင်အမြန် ပျံသန်းသွားတော့သည်။

သို့သော်လည်း တောင်ကြားထဲသို့ ရောက်သောအခါ လူအားလုံး မျက်မှောင်ကြုတ်သွားကြပြန်သည်။

တောင်ကို ထက်ခြမ်းခွဲလိုက်သောကြောင့် ကျိုးကြောင်းဆီလျော်မှုအရ တောင်ကြားတစ်ဖက်မှာ တောင်ကြီး၏ အခြားတစ်ဖက် ဖြစ်ရမည်။ သို့ရာတွင်၊ လက်တွေ့မှာတော့ ထိုသို့မဖြစ်ပေ။

တောင်ကြားထဲတွင်၊ ဟင်းလင်းပြင်ကို တိုက်ရိုက်ဖြတ်သန်းပြီး အမည်မသိနေရာသို့ ဦးတည်သွားသော လမ်းကြောင်းတစ်ခု ရှိနေသည်။

လူအားလုံး တောင်ကြားလမ်းဝသို့ ရောက်လာသောအခါ၊ ရွှေကျီးကန်း ဒသမမင်းသားက လမ်းကြောင်းထဲသို့ ပထမဆုံး လှမ်းဝင်သွားသည်။ လမ်းထဲကို လှမ်းဝင်လိုက်ပြီးနောက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သို့သော်လည်း ရှေ့ကို ဆက်လျှောက်သွားတော့သည်။

အခြားလူများကလည်း လမ်းအတိုင်း လျှောက်ဝင်သွားကြသည်။

"ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ ဖိအားလဲ။ ဒီနေရာမှာ ပျံသန်းလို့မရဘူး"

လမ်းထဲသို့ ဝင်လိုက်ပြီးနောက် လူတစ်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။

လုမင်နှင့် ဟွမ်လင်တို့လည်း တောင်ကြားလမ်းထဲသို့ ဝင်ရောက်လာ၏။ ချက်ချင်းဆိုသလိုပင်၊ သူတို့ခန္ဓာကိုယ်အပေါ် ကျရောက်လာသည့် ပြင်းထန်သောဖိအားကို ခံစားလိုက်ရတော့သည်။

ဖိအားက တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလွန်းလှသည်။ ဤနေရာတွင် ပျံသန်းရန် မဖြစ်နိုင်ပေ။ သူတို့က တစ်လှမ်းချင်း လျှောက်လှမ်းသွားရန်သာ တတ်နိုင်သည်။

အားလုံးက တစ်ယောက်နှင့်တစ်ယောက် သတိထားပြီး ရှေ့ကို တစ်လှမ်းချင်း လျှောက်သွားကြလေသည်။

ဤသို့ဖြင့် သူတို့သည် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုထဲသို့ ဝင်ရောက်လာပုံရသည်။ သူတို့ပတ်ဝန်းကျင်က အကန့်အသတ်မဲ့ အဖြူထည်ကြီး ဖြစ်ပြီး မည်သည့်နေရာကို ရောက်လာကြမှန်း မသိနိုင်တော့ပေ။

သူတို့က ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားကြသည်။

သို့သော်... နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီ ကျော်သွားပြီ။ သူတို့က လမ်းကြားထဲတွင် ရှိနေဆဲ ဖြစ်သည်။ ဤလမ်းကြောင်းက အဆုံးမရှိသလိုပင်။

"ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲကွာ။ ဒီလမ်းက ဘယ်တော့မှ အဆုံးကိုရောက်တော့မှာလဲ"

"ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းက တကယ်ရော ရှေ့မှာရှိရဲ့လား"

"ဘာပဲဖြစ်​ဖြစ် အဆုံးထိရောက်အောင်သွားရမယ်"

ဤသို့ဖြင့် လူအုပ်က ဆက်လျှောက်သွားကြသည်။

All Chapters