← Chapters

အခန်း ၁၆၃၈

Vol. 110 Ch. 1638

အခန်း ၁၆၃၈

Vol. 110 Ch. 1638

အပိုင်း ( 1638 ) မြောက်မြားစွာသော အုတ်တိုက်များ။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်။ တစ်နာရီပြီး တစ်နာရီ ကုန်ဆုံးသွား၏။

တစ်နေကုန် လမ်းလျှောက်ခဲ့ကြသော်လည်း ဥမင်လိုဏ်ခေါင်းထဲတွင် ရှိနေသေးသည်။ ဥမင်လိုဏ်ခေါင်းက အဆုံးမရှိသကဲ့သို့ပင် ဖြစ်သည်။

သို့သော်လည်း ဤအချိန်မျိုးတွင် မည်သူမျှ လက်မလျှော့ချင်တော့ပါ။ လူတိုင်းက ရှေ့ကို ဆက်လျှောက်သွားကြသည်။

မကြာမီ ဆယ်ရက်ကြာသွားပြီ။ သူတို့က ဥမင်လိုဏ်ခေါင်းထဲတွင် ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေကြဆဲ ဖြစ်သည်။

ထိုအချိန်တွင် လူတော်တော်များများက မျက်မှောင်ကြုတ်လာကြသည်။ သူတို့က မည်မျှပင် စိတ်ရှည်သည်းခံနေစေကာမူ၊ စိတ်မပူဘဲ မနေနိုင်တော့ပေ။

ဒီဥမင်လိုဏ်ခေါင်းက ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်းကို တကယ်ပဲ ဦးတည်နေတာလား။

သို့သော်လည်း သူတို့သည် ဤမျှအကွာအဝေးသို့ ရောက်လာကတည်းက နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ ရှေ့သို့သာ ဆက်သွားနိုင်ကြသည်။

မကြာမီ၊ နောက်ထပ်ငါးရက်ကြာသွားသည်။

"ငါတို့ လမ်းဆုံးကို မြင်နိုင်ပြီဟေ့"

ရုတ်တရက် တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ဥမင်လိုဏ်ခေါင်းက နောက်ဆုံးတွင် ဆုံးခန်းတိုင်သွားပြီ။ ဟိုးအဝေးတွင် မှောင်မိုက်ပုံရသော နေရာတစ်ခုကို မြင်လိုက်ရသည်။

လူတိုင်း အသက်ပြင်းပြင်းရှူလိုက်ကြ၏။ သူတို့ဟာ ဥမင်လှိုဏ်ခေါင်းထဲတွင် လဝက်ခန့် လမ်းလျှောက်ခဲ့ရသည်။ အရေးကြီးဆုံးကတော့ ဤလမ်းလျှောက်ခြင်းမှာ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မသိခဲ့ကြရပေ။ ယင်းက သူတို့၏ စိတ်ရှည်သည်းခံမှုကို စမ်းသပ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ကံကောင်းထောက်မစွာဖြင့်၊ သူတို့အားလုံးက ထိပ်သီး ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့က မျိုးနွယ်စုတစ်ရာစစ်မြေပြင်သို့ လာရောက်ပြီး လေ့ကျင့်ဝံ့သူများ ဖြစ်၏။ သူတို့က အဘက်ဘက်တွင် ထူးချွန်ကြကာ စိတ်ရှည်သည်းခံနိုင်စွမ်းမှာလည်း သဘာဝအတိုင်း မြင့်မားသည်။ ထို့ကြောင့် နောက်ဆုံးအချိန်ထိ ခံနိုင်ရည်ရှိခဲ့ကြပေသည်။

"သွားကြစို့"

ချက်ချင်းဆိုသလိုပင် လူတိုင်းက စိတ်ဓာတ်တက်ကြွလာပြီး အရှိန်မြှင့်လိုက်ကြသည်။ သူတို့က နောက်ကျနေပြီး အခွင့်အလမ်းကို အခြားသူများ လုယူခံရမည်ကို စိုးရိမ်သဖြင့် ရှေ့သို့ ပြေးလွှားသွား၏။

လုမင်နှင့် ဟွမ်လင်တို့လည်း အရှိန်မြှင့်လိုက်ကြသည်။ မကြာမီ၊ သူတို့က ဥမင်လိုဏ်ခေါင်းထဲမှ ပြေးထွက်လာပြီး မှောင်မိုက်နေသော နေရာတစ်ခုကို ရောက်လာကြတော့သည်။

ဥမင်လိုဏ်ခေါင်းထဲမှ ပြေးထွက်လိုက်သည်နှင့် တပြိုင်နက် သူတို့၏ ခန္ဓာကိုယ်များ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ဖိအားများလည်း ပျောက်ကွယ်သွားသဖြင့် ပျံသန်းနိုင်စွမ်းကို ပြန်လည်ရရှိလာပေသည်။

သို့သော်လည်း လူတိုင်းက ဥမင်လိုဏ်ခေါင်းမှ အမြန်ထွက်လာပြီးနောက် လေထဲတွင် ရပ်ကာ သူတို့ရှေ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

အုတ်တိုက်များ...

မျက်စိတစ်ဆုံး သူတို့မြင်သမျှက သင်္ချိုင်းဂူများ ဖြစ်ကြသည်။ ပြည့်ကျပ်နေပြီး မရေမတွက်နိုင်အောင် ရှိ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးကိုပင် မမြင်နိုင်ပေ။

ဤအုတ်တိုက်များက အရွယ်အစားအမျိုးမျိုး ရှိသည်။ အချို့မှာ တောင်ကုန်းအရွယ်သာဖြစ်ပြီး အချို့က တောင်များကဲ့သို့ ကြီးမားလွန်းလှသည်။

"ဒါက ဘယ်လိုဖြစ်တာလဲ။ ဘာဖြစ်လို့ သင်္ချိုင်းတွေ ဒီလောက်အများကြီး ရှိနေတာလဲ။ ဒါက ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်း မဟုတ်ဘူးလား"

တစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

အုတ်တိုက်များ အများကြီးရှိ၏။ ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်းကို တွေ့လိုပါက တစ်ခုပြီးတစ်ခု ရှာဖွေရတော့မှာလား။

"အဲဒီသင်္ချိုင်းတွေက အရေးကြီးတဲ့လူတွေကို မြှုပ်နှံထားတာ ဖြစ်နိုင်တယ်၊ ဒါဆိုရင် အထဲမှာ ရတနာတွေလည်း ရှိကောင်းရှိနိုင်တာပဲ"

လူတစ်ယောက်၏ တီးတိုးရေရွတ်သံက လူတိုင်း၏ မျက်လုံးများကို အရောင်လက်သွားစေခဲ့သည်။

မမှားပေ၊ ဤနေရာတွင် သင်္ဂြိုဟ်နိုင်သူများ အားလုံးက အားကောင်းသည့် နောက်ခံများရှိရမည်။ သူတို့တွင် ရတနာများပင်လျှင် ရှိနိုင်သေးသည်။ ဤမျှများပြားသော သင်္ချိုင်းများကို တူးဖော်နိုင်လျှင် သူတို့ချမ်းသာတော့မည် မဟုတ်လော။

"ဝှစ်... ဝှစ်"

လူများက ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် ထိုသင်္ချိုင်းများဆီသို့ ပြေးသွားကြ၏။

"သတိထားပါ"

လုမင်က ဟွမ်လင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။ အခြေအနေက ဤမျှ မရိုးရှင်းဘူးဟု သူ ခံစားနေရသည်။

သူတို့နှစ်ယောက်က သတိထားပြီး သင်္ချိုင်းများဆီသို့ ပြေးသွား၏။

သို့သော် သင်္ချိုင်းဂူများဆီသို့ ချဉ်းကပ်လာသောအခါ၊ သူတို့နှင့် အနီးဆုံး သင်္ချိုင်းဂူများက တောက်ပလာသည်။ ထို့နောက် သင်္ချိုင်းတွင်းမှ ရုပ်ပုံလွှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။

"သတ်"

"သတ်"

ယော်ကျား၊ မိန်းမ၊ လူကြီး၊ လူငယ် အရွယ်အမျိုးမျိုး ရှိကြသည်။ သို့သော်... သူတို့အများစုကတော့ လူသားများ မဟုတ်ပါ။ သို့ရာတွင် သူတို့အားလုံးက ဟိန်းဟောက်ပြီး လုမင်တို့ကို တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ အင်အားကလည်း ကြောက်စရာကောင်းလွန်းလှပေသည်။

"ရွှစ်"

ပါရမီရှင်တစ်ယောက်မှာ သတိလက်လွတ်ဖြစ်မိခြင်းကြောင့် လှံရှည်တစ်ချောင်းက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ သူသာ အမြန်ပြန်မဆုတ်နိုင်ခဲ့ပါက အသက်သေသွားလိမ့်မည်။

"ရွှစ်"

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခု လုမင်ဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။ လုမင်က ဓားအလင်းကို လက်သီးဖြင့် ထိုးနှက်လိုက်၏။ ဆူညံသံနှင့်အတူ ဓားအလင်းက လွင့်စဉ်သွားသည်။ လုမင်လည်း သူ့လက်သီးက ထုံကျဉ်သွားသလို ခံစားလိုက်ရလေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုလဲ"

လုမင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။

"သတ်၊ သတ်၊ သတ်"

သင်္ချိုင်းဂူများမှ ထွက်ပေါ်လာသော ပုံရိပ်များက ဟိန်းဟောက်ပြီး သူတို့ကို ဆက်လက် တိုက်ခိုက်လိုက်ကြသည်။

ဤရုပ်သွင်များတွင် ရုပ်ခန္ဓာမရှိပါ။ သူတို့က ဝိညာဉ်များကဲ့သို့ မှုန်ဝါးဝါး ဖြစ်သည်။

ရွှေကျီးကန်း ဒသမမင်းသားကို ဧရာမနွားကြီးတစ်ကောင်က တိုက်ခိုက်နေသည်။ ရွှေကျီးကန်း ဒသမမင်းသားလည်း သူ၏ မူလပုံစံသို့ ပြန်ပြောင်းပြီး ဧရာမ နွားကြီးနှင့် တိုက်ခိုက်လိုက်၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းပြီး ဧရာမနွားကြီးကို အပိုင်းပိုင်း ဆုပ်ဖြဲပစ်လိုက်သည်။ သို့သော်လည်း အံ့ဩစရာမှာ ဧရာမနွားကြီးက မသေသွားပေ။ ပြန်ကောင်းမွန်လာပြီး ရွှေကျီးကန်း ဒသမမင်းသားကို ဆက်လက်တိုက်ခိုက်လိုက်သည်။

ထိုအချိန်တွင် တခြားသူများလည်း အလားတူ အခြေအနေမျိုး ရင်ဆိုင်နေကြရသည်။ သူတို့က ပုံရိပ်များကို အနိုင်ယူနိုင်ခဲ့လျှင်ပင် ပြန်ပေါ်လာပြီး တိုက်ခိုက်နေသေးသည်။

"ဝှစ်... ဝှစ်"

လုမင်ကို တိုက်ခိုက်နေသူမှာ လူသားတစ်ဦး ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ အဘိုးကြီးတစ်ယောက်နှင့် တူ၏။ သူက ဓားအလင်းများကို အဆက်မပြတ် ထုတ်ဖော်နေပြီး လုမင်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတော့သည်။

လုမင်က လက်နက်တစ်သောင်းတာအိုကျမ်းကို အသက်သွင်းလိုက်သည်။ နဂါးနက်လှံကို သူ့လက်ထဲတွင်ကိုင်ထားပြီး ဓားအလင်းများကို ရင်ဆိုင်လိုက်၏။

အကြိမ်ရေ ဒါဇင်ချီကာ ရင်ဆိုင်ပြီးနောက် လုမင်၏လှံက ပြိုင်ဘက်ကို ဖျက်ဆီးပစ်နိုင်လိုက်သည်။ သို့သော်၊ ပုံရိပ်က ချက်ချင်း ပြန်ကောင်းမွန်လာ၏။

"သူတို့က ကျဆုံးသွားတဲ့ အကျော်အမော်တွေရဲ့ ထာဝရ တိုက်ခိုက်ရေးဝိညာဉ်နဲ့ ဖွဲ့စည်းထားတာပဲ။ ဒီသင်္ချိုင်းတွေအောက်မှာ အကျော်အမော်တွေကို မြှုပ်နှံထားရမယ်"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ပျက်စီးစမ်း"

ကျောက်ခွမ်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့ကိုတိုက်ခိုက်နေသော ပုံရိပ်ကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူ့နံဘေးရှိ သင်္ချိုင်းတစ်ခုကို တိုက်ခိုက်လိုက်၏။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုက ဂူသင်္ချိုင်းပေါ်သို့ ကျရောက်လာသည်။ သို့သော်... သင်္ချိုင်းက အနည်းငယ်မျှ မတုန်လှုပ်သွားဘဲ ပျက်စီးခြင်းလည်း မရှိပေ။

သို့သော်လည်း ထိုအချိန်တွင် အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ သင်္ချိုင်းအထက်တွင် အလင်းတန်းများ ပေါ်လာပြီး ကျောက်ခွမ်းကို တိုက်ရိုက် လွှမ်းခြုံသွား၏။

ကျောက်ခွမ်းက အသည်းအသန် ရုန်းကန်လိုက်သော်လည်း အသုံးမဝင်ပေ။ ထို့နောက် ပေါက်ကွဲသံနှင့်အတူ သူ့လက်တစ်ဖက်က ပေါက်ကွဲသွားသည်။

"အား... ကူညီပါ... ငါ့ကို ကူညီပါဦး"

ကျောက်ခွမ်းက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

သို့သော်... စကားသံမဆုံးခင်မှာပင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားတော့သည်။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပျက်စီးသွားပြီး သင်္ချိုင်းဂူပေါ်သို့ သွေးများ ဖျန်းကျသွားသည်။

"ဟင်..."

လူတိုင်းက တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။

အစွမ်းထက် ပါရမီရှင်တစ်ဦးမှာ သင်္ချိုင်းဂူကြီးကို တိုက်ခိုက်သောကြောင့် ထိုကဲ့သို့ပင် သေဆုံးသွားရသည်။

"ဒီသင်္ချိုင်းတွေမှာ ကြောက်စရာကောင်းတဲ့ နိယာမတွေရှိတယ်။ သင်္ချိုင်းတွေကို တိုက်ခိုက်မယ်ဆိုရင် နိယာမတွေက အသက်ဝင်လာပြီး တိုက်ခိုက်လိမ့်မယ်"

ယဲ့တုန်ဖန့်က လေးနက်သော အမူအရာဖြင့် ပြောသည်။

"အမှန်ပါပဲ၊ သင်္ချိုင်းဂူတွေရဲ့ နိယာမ အံ့ဖွယ်ကောင်းလွန်းတယ်။ နိယာမတွေ လွှမ်းခြုံခံရပြီဆိုရင် စောင့်ကြိုနေမှာက သေခြင်းတရားကပဲ"

တခြားတစ်ယောက်ကလည်း ပြောလိုက်၏။

လူတော်တော်များများ၏ မျက်နှာများက ကြောက်ရွံ့မှုတို့ ပေါ်လာသည်။

ကံကောင်းထောက်မစွာဖြင့် ကျောက်ခွမ်းက သင်္ချိုင်းကို ဦးစွာတိုက်ခိုက်ခဲ့သည်။ မဟုတ်ပါက၊ သေဆုံးရသူမှာ သူတို့ ဖြစ်နေလိမ့်မည်။

အထူးသဖြင့် စစ်မာလျန်... သူက ကျောက်ခွမ်းနှင့် အတူရှိခဲ့ပြီး ယခုလေးတင် တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော်လည်း ကျောက်ခွမ်းက ခြေတစ်လှမ်း ပိုမြန်ခဲ့ပေသည်။ သူက သင်္ချိုင်းဂူ၏ မူမမှန်မှုကို မြင်ပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်သောကြောင့် အန္တရာယ်မှ လက်မတင်လေး လွတ်မြောက်ခဲ့ရသည်။

ယခုတော့ ဤနေရာမှ သင်္ချိုင်းဂူကို လုံးဝ မတိုက်ခိုက်နိုင်ပုံပင်။ တိုက်ခိုက်ဝံ့ပါက မရဏလမ်းသို့သာ မြန်းရမည် ဖြစ်သည်။

ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်း တစ်ခုကိုသာ ဖွင့်နိုင်မည့်ပုံ ရလေသည်။

ထိုသို့တွေးမိသောအခါ၊ သူတို့က လူတိုင်းက ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်းကို စတင်ရှာဖွေလိုက်ကြသည်။

သို့သော်လည်း အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင် ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်းကို ရှာမတွေ့သေးပေ။

ဤအတိုင်း ဆက်သွားနေပါက သူတို့အတွက် မဟန်တော့ပါ။ သူတို့၏ ယွမ်ချီစွမ်းအင်များ ကုန်ဆုံးသွားရတော့မည် ဖြစ်သည်။

"ရှေ့ဆက်ရမဲ့လမ်းရှိသေးတာပဲ... ရှေ့ကိုဆက်သွားကြရအောင်။ အဲဒီလမ်းရဲ့ရှေ့မှာ သင်္ချိုင်းဂူ ရှိတယ်"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ ထိုလမ်းကို သူတို့လည်း မြင်ရသည်။

သို့သော်လည်း ထိုလမ်း၏ တစ်ဖက်တစ်ချက်စီတွင် အခြားသင်္ချိုင်းများထက် သာလွန်သော သင်္ချိုင်းကြီးနှစ်ခု ရှိနေသည်။ ထို့ကြောင့် လူအများက သတိထားနေကာ ရှေ့မဆက်ခဲ့ကြ‌ခြင်း ဖြစ်ချေသည်။

"မင်းတို့ မသွားဝံ့ရင် ငါသွားလိုက်မယ်"

တောင်းတီက ပြောပြီး ထိုလမ်းကြောင်းဆီသို့ ပြေးသွားသည်။

"ဝှစ်... ဝှစ်"

ထူးထူးခြားခြား ကြီးမားသော သင်္ချိုင်းကြီးနှစ်ခုမှ ရုပ်ပုံနှစ်ခု ပေါ်လာ၏။

အစစ်အမှန်နဂါးနှင့် ဖီးနစ်တစ်ကောင် ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထို့ပြင်၊ ဤရုပ်ပုံနှစ်ခုက ယခင်က အခြားသော ဝိညာဉ်ရုပ်ပုံများထက် များစွာ ပိုအားကောင်းပေသည်။

All Chapters