အခန်း ၁၆၄၀
Vol. 110 Ch. 1640
အပိုင်း ( 1640 ) မေ့ပျောက်ခြင်း ဆေးရည်ကို သောက်ကြရခြင်း။
"ဂလု"
အဘွားမုံ့ဟူသော နာမည်ကို တွေးမိသောအခါ လူအားလုံး တံတွေးတစ်လုပ်ကို မျိုချလိုက်မိသည်။
မျှော်လင့်ချက်မဲ့ တံတားပေါ်တွင် အဘွားမုံ့က အမှန်တကယ် ရှိသလော။
လူငယ်တချို့၏ ကျောပြင်းမှာ ချွေးစေးများဖြင့် စိုစွတ်နေပြီ ဖြစ်သည်။
ဟွမ်ချွမ်မြစ်၊ မျှော်လင့်ချက်မဲ့ တံတား၊ အဘွားမုံ့။
အရာအားလုံးက ဒဏ္ဍာရီထဲကအတိုင်း ဖြစ်နေသည် မဟုတ်ပါလား။
"အကြီးအကဲ၊ ခင်ဗျားက ဘယ်သူလဲ"
နေမင်း၏ အလင်းရောင်များ ဖြာထွက်နေသော ရွှေကျီးကန်း ဒသမမင်းသားက အဘွားအိုကို လက်ယှက်ပြကာ မေးလိုက်သည်။
အဘွားအိုက ယောင်ယောင်လေးပြုံးပြီး ရွှေကျီးကန်း ဒသမမင်းသားကို ကြည့်လိုက်၏။
"ဟွမ်ချွမ်မြစ်ပေါ်က မျှော်လင့်ချက်မဲ့တံတား... ငါက အဘွားမုံ့ပဲပေါ့"
"တကယ်... တကယ်ကြီး အဘွားမုံ့လား"
လူငယ်အများစုမှာ ခေါင်းမွှေးထောင်ထသွား၏။
ဤသည်က ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်း ဖြစ်သည်။ ဟွမ်ချွမ်မြစ်၊ မျှော်လင့်ချက်မဲ့တံတားနှင့် အဘွားမုံ့က မည်သို့ရှိနေသနည်း။
ဒါက တကယ်ပဲ ငရဲကို ဦးတည်နေတာလား။
"အကြီးအကဲ၊ အဲဒါက ပြန်လည်ဝင်စားခြင်းစက်ဝိုင်းလား"
လုမင်က ရုတ်တရက် မေးလိုက်သည်။
မျှော်လင့်ချက်မဲ့တံတား၏ လမ်းဆုံးတွင် သွားစရာမရှိတော့ပေ။ မှောင်မိုက်သော ရေဝဲကြီးတစ်ခုသာ ရှိသည်။
"ဟုတ်ပါတယ်၊ ဒါက ပြန်လည်ဝင်စားခြင်းစက်ဝိုင်းပဲ။ ဆေးရည်ကိုသောက်ပြီး မင်းရဲ့ အတိတ်ဘဝကို မေ့သွားတာနဲ့ ပြန်လည်ဝင်စားခြင်းစက်ဝိုင်းကို ဝင်နိုင်ပြီ"
အဘွားမုံ့က သူ့လက်ထဲမှ ပန်းကန်လုံးကို မြှောက်ပြလိုက်သည်။
"ပြန်လည်ဝင်စားခြင်း... ဆမ်ဆာရာ... ဒါက ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းပဲလား"
တစ်ယောက်က မေးလိုက်သည်။
အဘွားမုံ့က ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။
"မှန်တယ်"
"ဟားဟားဟား၊ ဒါက တကယ်ကို ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းပဲ။ မျှော်လင့်ချက်မဲ့တံတားလား... ဟွမ်ချွမ်မြစ်လား... အားလုံးက အတုအယောင်တွေပဲ။ ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းထဲကို ငါဝင်တော့မယ်"
ရွှေကျီးကန်း ဒသမမင်းသားက ရယ်မောပြီး ရှေ့ကို လျှောက်သွားလိုက်သည်။
သို့သော်လည်း အဘွားမုံ့က သူ့ကို တားလိုက်၏။
"လူလေး၊ ပြန်လည်ဝင်စားချင်ရင် ဆေးရည်ပြီး မင်းရဲ့အတိတ်ဘဝကို မေ့ပစ်ရမယ်။ အဲဒါမှ မင်း ပြန်လည်ဝင်စားခြင်း စက်ဝိုင်းကို ဝင်နိုင်မယ်"
"ထွက်သွား၊ ကျုပ်ရဲ့ အတိတ်နဲ့ပစ္စုပ္ပန်ဘဝကို ဘယ်သူကမှ မေ့ဖျောက်ခိုင်းလို့မရဘူး"
ရွှေကျီးကန်း ဒသမမင်းသားက အလွန်ကြီးစိုးသည်။ သူက နေတစ်စင်းကဲ့သို့ တောက်လောင်နေသော မီးတောက်များဖြင့် အဘွားမုံ့ကို ရိုက်ချလိုက်၏။
သို့သော်လည်း အဘွားမုံ့က သူမ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ရွှေကျီးကန်း ဒသမမင်းသား၏ နတ်မီးတောက်က ချက်ချင်း ငြိမ်းသွားတော့သည်။
ရွှေကျီးကန်း ဒသမမင်းသား မျက်မှောင်ကြုတ်သွားသည်။ သူက ခြေသုံးချောင်း ရွှေကျီးကန်းပုံစံသို့ ပြောင်းလဲလိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နေတစ်စင်းကဲ့သို့ ကြောက်စရာကောင်းသော မီးတောက်များက ဖုံးလွှမ်းလာသည်။ သူက အတောင်ကိုခတ်ပြီး အဘွားမုံ့ကိုဖြတ်ကာ ရေဝဲအတွင်းသို့ ပြေးဝင်ရန် ကြိုးစားလေသည်။
"လူငယ်လေး... မင်းက တကယ်ကို စိတ်မြန်လွန်းတာကိုး"
အဘွားမုံ့က ရေရွတ်လိုက်သည်။ သူမ၏ အိုးမင်းသော လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ရွှေကျီးကန်း ဒသမမင်းသားကို ဖမ်းဆုပ်လိုက်၏။
အိုမင်းသော လက်ကြီးတစ်ဖက်က တောင်လုံးတမျှ ကြီးမားလာပြီး ရွှေကျီးကန်း ဒသမမင်းသားကို ဖမ်းဆုပ်လိုက်တော့သည်။
ရွှေကျီးကန်း ဒသမမင်းသားမှာ နေရာတွင် အေးခဲသွားပုံရသည်။ အရိုးပေါ်အရေတင် လက်ကြီး၏ ဖမ်းဆုပ်ခံရပြီး အနည်းငယ်မျှ မရုန်းနိုင်ရှာပေ။
"အား၊ တိုက်ခိုက်... အတူတူ တိုက်ခိုက်ကြစို့"
ရွှေကျီးကန်း ဒသမမင်းသားက အော်ဟစ်လိုက်သည်။
"ဝှစ်..."
လူတစ်ယောက်က ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး အရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွား၏။
၎င်းက ရွှေကျီးကန်း ဒသမမင်းသားထက် အားမနည်းသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
သို့သော်... အဘွားမုံ့၏ အင်္ကျီလက်မှ ဖဲကြိုးတစ်စင်း ထွက်သွားပြီး လူငယ်ကို ရစ်ပတ်ထားလိုက်သည်။
အခြားသူများ လန့်ဖျပ်သွား၏။ အခွင့်အရေးယူပြီး ပြေးဝင်ရန် စိတ်ကူနေသူအားလုံး ရပ်တန့်သွားကြသည်။
တစ်ဖက်လူက ကြောက်စရာကောင်းလွန်းလှပေသည်။ ရွှေကျီးကန်း ဒသမမင်းသားကဲ့သို့ သန်မာသူတစ်ဦးပင်လျှင် တိုက်ရိုက် ဖမ်းချုပ်ခံလိုက်ရသည်။ အခြားလူငယ်မှာလည်း ထို့အတူပင်။
နှစ်ယောက်သား အစွမ်းကုန် ရုန်းကန်ခဲ့ကြသော်လည်း မအောင်မြင်ပေ။
"အကြီးအကဲ... ကျုပ်အသက်ကို ချမ်းသာပေးပါ... ကျုပ်အသက်ကို ချမ်းသာပေးပါ"
ရွှေကျီးကန်း ဒသမမင်းသားက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
"ဘာကိုကြောက်နေတာလဲ၊ ငါမင်းကို မသတ်ပါဘူး"
အဘွားမုံ့က ပြောလိုက်သည်။ သူက ရွှေကျီးကန်း ဒသမမင်းသားကို ဆွဲခေါ်ပြီး မေ့ပျောက်ခြင်းဆေးရည်ကို အတင်းတိုက်လိုက်၏။
"မဟုတ်ဘူး..."
ရွှေကျီးကန်း ဒသမမင်းသားက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ အဘွားမုံ့၏ ဆေးရည်ကိုသောက်ပြီး အရာအားလုံးကို မေ့သွားခဲ့သည်ရှိသော်... သူက သူပဲ ဆက်ဖြစ်ဦးမှာလား။ ယင်းက သေဆုံးခြင်းနှင့် အတူတူပင် မဟုတ်လော။ သူ လက်မခံနိုင်ပေ။
သို့သော်လည်း သူ၏ ရုန်းကန်မှုက အသုံးမဝင်ခဲ့ပါ။
သူ့ပါးစပ်က အလိုအလျောက်ပွင့်လာပြီး အဘွားမုံ့၏ ဆေးရည်များ လောင်းထည့်ခံလိုက်ရသည်။ ထို့နောက် ရွှေကျီးကန်း ဒသမမင်းသား၏ မျက်လုံးများက စိတ်ရှုပ်ထွေးမှုတို့ ပြည့်နှက်လာ၏။
"သွား... ပြန်လည်ဝင်စားခြင်း သံသရာထဲကို ဝင်ပါ"
အဘွားမုံ့က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ရွှေကျီးကန်း ဒသမမင်းသားလည်း အနက်ရောင် ရေဝဲကြီးဆီသို့ ပျံသန်းသွားပြီး ပျောက်ကွယ်သွားတော့သည်။
ထို့နောက်တွင်၊ အဘွားမုံ့၏ လက်ထဲမှ ဆေးရည်ပန်းကန်လုံးက အလွတ်ဖြစ်သွားသော်လည်း သူ့အလိုလို ပြန်ပြည့်လာကြောင်း မြင်လိုက်ကြရသည်။
ထိုနည်းအတိုင်းပင် အဘွားမုံ့က အခြားလူငယ်တစ်ဦးကိုလည်း မေ့ပျောက်ခြင်း ဆေးရည်များတိုက်ပြီး အနက်ရောင် ရေဝဲထဲသို့ ပစ်ချလိုက်သည်။
"ကဲ၊ အခု မင်းတို့အလှည့်ပဲ။ လာ...လာ၊ မေ့ပျောက်ခြင်း ဆေးရည်ကိုသောက်ပြီး ပြန်လည်ဝင်စားခြင်း သံသရာထဲကို ဝင်လိုက်ကြပေတော့"
အဘွားမုံ့က လုမင်နှင့် အခြားသူများကို ကြည့်လိုက်သည်။
လူများစွာ၏ နဖူးက ချွေးသီးချွေးပေါက် စီးကျလာတော့သည်။
"အကြီးအကဲ၊ ကျုပ် ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းကို မသွားချင်တော့ဘူး။ ကျုပ် ထွက်သွားမယ်"
တစ်ယောက်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။
အဘွားမုံ့၏ ဆေးရည်ကိုသောက်ပြီးနောက် အမှတ်တရအားလုံးကို ဆုံးရှုံးသွားခဲ့သည်ရှိသော်... ဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့လျှင်ပင် ဘာများအရေးပါဦးမည်နည်း။
"မင်းတို့ ဒီကိုရောက်လာကတည်းက နောက်ဆုတ်စရာအကြောင်းမရှိတော့ဘူး။ မင်းတို့အားလုံး ဆေးရည်သောက်ပြီး ပြန်လည်ဝင်စားခြင်း သံသရာထဲကို ဝင်ကြရမယ်"
အဘွားမုံ့က ခြောက်ကပ်ကပ် လေသံဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး... ကျုပ်မလာဘူး။ ကျုပ် ထွက်သွားတော့မယ်"
လူတချို့က အော်ဟစ်ပြီး အရှိန်ကုန်မြှင့်၍ ပြေးထွက်သွားကြသည်။
"ငါပြောပြီးပြီ၊ မင်းတို့ ဒီကိုရောက်လာကတည်းက ထွက်သွားလို့ မရတော့ဘူး"
အဘွားမုံ့က လျစ်လျူရှုစွာပြောပြီး လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ထိုအခါ ပြေးထွက်သွားသူအားလုံးက လေထဲတွင် အေးခဲသွားပုံရ၏။ ကြီးမားသော အင်အားကြီး၏ လွှမ်းမိုးမှုအောက်တွင် အဘွားမုံ့ဆီသို့ ပျံသန်းသွားတော့သည်။
ယခင်ကကဲ့သို့ပင်၊ အဘွားမုံ့က မေ့ပျောက်ခြင်းဆေးရည်များကို တစ်ယောက်ပြီးတစ်ယောက် တိုက်ကျွေးပြီး အနက်ရောင် ရေဝဲကြီးထဲသို့ ပစ်ထည့်လိုက်သည်။
"လုမင်... ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ဟွမ်လင်က လုမင်အား အသံပို့လွှတ်ကာ ပြောလိုက်သည်။ ဤအခိုက်တွင် သူမ၏ မျက်နှာလေးက ကြောက်ရွံ့မှုကြောင့် အနည်းငယ် ဖြူဖျော့နေလေသည်။
"အဘွားမုံ့က သန်မာလွန်းတယ်...၊ ငါတို့ လုံးဝ မခုခံနိုင်ဘူး"
လုမင်က ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
ရွှေကျီးကန်း ဒသမမင်းသားနှင့် အခြားသူများက အဘွားမုံ့၏ လက်ထဲတွင် ကလေးများကဲ့သို့ လုံးဝ မခုခံနိုင်ခဲ့ကြပါ။ အဘွားမုံ့၏ အင်အားက သူတို့ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေကြောင်း ထင်ရှားသည်။ သူတို့တွင် အခွင့်အရေး အနည်းငယ်မျှ မရှိပေ။
လုမင်က အစွမ်းကုန်သုံးပြီး ပူဖောင်းလေး၏ အကူအညီကို ယူထားလျှင်ပင် သူတို့ထွက်ပြေးရန် အခွင့်အလမ်း အနည်းငယ်မျှ ရှိမည် မဟုတ်ပါ။ ကွာခြားချက်က ကြီးမားလွန်းသည်။
"အဘွားမုံ့ရဲ့ ဆေးရည်ကို သောက်လိုက်ရင် ငါတို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ဘဝကို တကယ် မေ့သွားတော့မှာလား"
ဟွမ်လင်က တွန့်ဆုတ်နေဟန်ဖြင့် ပြောလေသည်။
"ဟွမ်လင်၊ ဒါက အဘွားမုံ့ အစစ်အမှန်ဖြစ်တယ်လို့ မင်းယုံလား"
လုမင်က မဖြေသေးဘဲ ဟွမ်လင်ကို ပြန်မေးလိုက်သည်။
ဟွမ်လင် အံ့အားသင့်သွားပြီး ခဏစဉ်းစားနေလေသည်။
"အဘွားမုံ့နဲ့ ငရဲပြည်က ဒဏ္ဍာရီတစ်ခုပါပဲ။ ဒဏ္ဍာရီအရတော့ ငရဲကိုးထပ်ရှိတယ်၊ ငရဲကြီးကိုးထပ်က ကောင်းကင်ကမ္ဘာမှာတဲ့"
'ကောင်းကင်ကမ္ဘာလား'
လုမင်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ထို့နောက် သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"အမှန်ပဲ၊ ဒါကြောင့် ဒီနေရာဟာ တစ်ယောက်ယောက်က ဖန်တီးထားတာလို့ ငါထင်တယ်။ ဒီနေရာက စမ်းသပ်မှုတစ်ခုသာဖြစ်မယ်ဆိုရင် ငါတို့ရဲ့ မှတ်ဉာဏ်တွေ မေ့ပျောက်သွားမှာ မဟုတ်ဘူး။ ဒါကြောင့် အလောင်းအစားလုပ်ဖို့ပဲ ရှိတော့တယ်"
"အလောင်းအစား လုပ်ရမှာလား"
"ဟုတ်တယ်၊ ငါတို့ မလွတ်နိုင်မှတော့ အလောင်းအစား လုပ်ရအောင်။ ငါအရင်သွားလိုက်မယ်"
ထိုသို့ပြောပြီး လုမင်က အဘွားမုံ့ဆီသို့ လျှောက်သွားသည်။
အခြားသူများ အံ့ဩသွားကြ၏။ လုမင်က အမှန်တကယ်ပင် အစပြု၍ လျှောက်လှမ်းသွားသလော။
"လူလေး၊ ကျေးဇူးပြုပြီး..."
အဘွားမုံ့က သူ့လက်ထဲမှ မေ့ပျောက်ခြင်းဆေးရည် ပန်းကန်လုံးကို မြှောက်လိုက်သည်။
"ကောင်းပါပြီ"
လုမင် မငြင်းဆန်တော့ပေ။ ဆေးရည်ပန်းကန်လုံးကို ယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် ပန်းကန်လုံးအား အဘွားမုံ့ထံ ပြန်ပေးကာ ရေဝဲကြီးထဲသို့ ခုန်ဝင်သွားတော့သည်။
"ငါ သွားလိုက်ပါရစေ"
ထို့နောက် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက် ထွက်လာသည်။ ယဲ့တုန်ဖန့် ဖြစ်၏။
လုမင်တစ်ဦးတည်း ရဲတင်းသူမဟုတ်ကြောင်း ထင်ရှားသည်။
လုမင်ကဲ့သို့ပင် ယဲ့တုန်ဖန့်ကလည်း အဘွားမုံ့၏ ဆေးရည်ကိုသောက်ပြီး ရေဝဲကြီးထဲသို့ ခုန်ဆင်းသွားသည်။
ထို့နောက် ဟွမ်လင် ထွက်လာပြီး ဆေးရည်ကိုသောက်၍ ရေဝဲထဲသို့ ခုန်ဆင်းသွား၏။
အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားသော်လည်း လွတ်လမ်းမရှိကြောင်း နားလည်သွားကြသည်။ အဘွားမုံ့၏ ဆေးရည်ကို သောက်ပြီး ရှေ့ကို ဆက်သွားရန်သာ ရှိတော့သည်။
မကြာမီ၊ ပါရမီရှင်အားလုံး မှောင်မိုက်သော ရေဝဲထဲသို့ ခုန်ဆင်းသွားကြသည်။
လူငယ်အားလုံး ရေဝဲကြီးအတွင်းသို့ ခုန်ဆင်းသွားပြီးနောက် မျှော်လင့်ချက်မဲ့တံတားပေါ်မှ အဘွားမုံ့မှာလည်း ဘယ်တုန်းကမျှ မရှိတည်ခဲ့သကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။