← Chapters

အခန်း ၁၆၄၂

Vol. 110 Ch. 1642

အခန်း ၁၆၄၂

Vol. 110 Ch. 1642

အပိုင်း ( 1642 ) သူတော်စင်တစ်ပိုင်းသို့ ဖြတ်ကျော်ခြင်း။

ဆမ်ဆာရာဧကရာဇ်၏ ရှင်းပြချက်ကို နားထောင်ပြီးမှ "သနားစရာကောင်းသည်"ဟူသော အဓိပ္ပါယ်ကို နားလည်သွားသည်။ တစ်ချိန်တည်းမှာပင် သူ အံ့ဩသွား၏။

ဤကမ္ဘာကြီးတွင် ကစဉ့်ကလျားတာအိုနယ်မြေနှင့် တန်းတူညီမျှသော နိယာမ ကိုးမျိုး ရှိသည်။

လုမင်သည် ဤအကြောင်းကို ယခင်က မသိခဲ့ပေ။

သူ၏ ဗဟုသုတက နည်းလွန်းနေပုံရသည်။

"အကြီးအကဲ၊ နောင်မှာ ခင်ဗျားရဲ့အမွေကို အမွေဆက်ခံဖို့ သင့်တော်တဲ့သူ ရှိလာမှာပါ"

လုမင် ပြောလိုက်သည်။

စိတ်မကောင်းစရာကြီးဖြစ်သော်လည်း လက်လျှော့လိုက်ရုံပင်။ ကစဉ့်ကလျား တာအိုနယ်မြေကို စွန့်လွှတ်ပြီး ပြန်လည်ဝင်စားခြင်းနိယာမကို လေ့ကျင့်ရန်က သူ့အတွက် မဖြစ်နိုင်ပေ။

"အချိန်သိပ်မကျန်တော့ဘူး။ ငါ့ရဲ့ အကြွင်းအကျန်ဝိညာဉ်က အကြာကြီးမနေနိုင်တော့ဘူး"

ဆမ်ဆာရာဧကရာဇ်က သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် သလင်းကျောက်ကဲ့သို့ အရာဝတ္ထုတစ်ခု ပေါ်လာ၏။ ၎င်းက အလွန်ထူးကဲပြီး ကမ္ဘာကြီးတစ်ခုကို ကြည့်နေသကဲ့သို့ လုမင် ခံစားလိုက်ရသည်။

"လုမင်... ဒါက ငါ့ရဲ့ ကမ္ဘာနှလုံးသားပါ။ ဒီအထဲမှာ ငါ့ရြဲ အမွေအနှစ်တွေ ပါဝင်နေတယ်... ယူသွားလိုက်ပါ။ မင်း အနာဂတ်မှာ သင့်တော်တဲ့သူနဲ့တွေ့ရင် ငါ့ကို ကူညီပြီး ပေးပေးပါ။ ဒါက ငါ့ရဲ့နောက်ဆုံးဆန္ဒပဲ"

ဆမ်ဆာရာဧကရာဇ်က သက်ပြင်းချပြီး ပြောလိုက်သည်။

မျိုးဆက်တစ်ခု၏ ဧကရာဇ်တစ်ပါးဖြစ်ပြီး ထိုသို့သောအခြေအနေသို့ ကျရောက်သွားရသည်မှာ စိတ်မကောင်းစရာပင်။

"အကြီးအကဲ...၊ လုမင်က ခင်ဗျားအတွက် အသင့်တော်ဆုံး ဆက်ခံသူကို သေချာပေါက်ရှာပြီး အမွေအနှစ်ကို လက်ဆင့်ကမ်းပေးပါ့မယ်"

လုမင်က ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။ သူက ဆမ်ဆာရာဧကရာဇ်၏ ကမ္ဘာနှလုံးသားကို လေးလေးစားစားယူပြီး သိမ်းလိုက်၏။

"ကျေးဇူးတင်တယ်"

ဆမ်ဆာရာဧကရာဇ်က ပြုံးပြီး ဆက်ပြောလိုက်သည်။

"ကလေး... မင်းက ပထမဆုံး နိုးလာတဲ့သူဖြစ်တာကြောင့် မင်းကို လက်ဗလာနဲ့တော့ ပြန်ခွင့်မပြုပါဘူး။ ဒီဆမ်ဆာရာလှံပုဆိန်က မင်းအတွက်ပဲ"

ဆမ်ဆာရာဧကရာဇ်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ လှံပုဆိန်တစ်လက် ပေါ်လာသည်။

"ဒီဆမ်ဆာရာလှံပုဆိန်က အရင်တုန်းက ငါ့ရဲ့လက်နက်ပါ၊ ဒါပေမဲ့ ဆိုးဆိုးရွားရွား ထိခိုက်သွားပြီး စွမ်းအား သိပ်မကျန်တော့ဘူး။ ဒါပေမဲ့လည်း အင်အားနှစ်ခုကို ငါ ချိတ်ပိတ်ထားပြီးပြီ။ ဒီအင်အားနှစ်ခုမှာ အင်အားအပြည့် ထုတ်လွှတ်မယ်ဆိုရင် တစ်ခုချင်းစီက ဧကရာဇ်နယ်ပယ်အောက်က ပညာရှင်မှန်သမျှကို သတ်ပစ်နိုင်တယ်"

ဆမ်ဆာရာဧကရာဇ်က ပြောလိုက်သည်။

"ဧကရာဇ်နယ်ပယ်အောက်က ပညာရှင်မှန်သမျှကို သတ်ပစ်နိုင်တာလား"

လုမင် အံ့သြသွား၏။ ထို့နောက်တော့ သူ အလွန် ဝမ်းသာသွားတော့သည်။

ထိုကဲ့သို့သော ရတနာမျိုးက ကောင်းကင်ကို ဆန့်ကျင်နိုင်လွန်းသည်။

အရေးကြီးသောအခိုက်အတန့်တွင်၊ ၎င်းက အခြေ‌အနေကို ပြောင်းပြန်လှန်ပြီး အသက်ကို ကယ်တင်နိုင်လိမ့်မည်။

"ဒါပေါ့၊ အင်အားက နှစ်ခုပဲရှိတာ... အကုန်သုံးလိုက်ပြီဆိုရင် နောက်ထပ်ရှိတော့မှာ မဟုတ်ဘူး။ ယူသွားတော့"

ဆမ်ဆာရာဧကရာဇ်က ဆမ်ဆာရာလှံပုဆိန်ကို လုမင်ထံသို့ လွှဲပြောင်းပေးလိုက်သည်။ လုမင်လည်း ဝမ်းသာအားရဖြင့် လက်ခံယူလိုက်လေသည်။

"ကောင်းပြီလေ၊ ငါမင်းကို အခုလိုက်ပို့ပေးမယ်"

ဆမ်ဆာရာဧကရာဇ်က ပြောလိုက်သည်။

"အကြီးအကဲ၊ ကျွန်တော် ဒီမှာဆက်နေလို့ ရဦးမလား။ ဒီမှာ လေ့ကျင့်လိုက်ချင်လို့"

လုမင် ပြောလိုက်၏။

ဤမတိုင်ခင်က လုမင်ဟာ ဘဝကိုးခုကို ဖြတ်သန်းခဲ့ရသည်။ ထိုမြင်ကွင်းများက စစ်မှန်သော ဘဝများကဲ့သို့ဖြစ်ပြီး လုမင်လည်း ဉာဏ်အလင်းများစွာ ရရှိခဲ့၏။ ကစဉ့်ကလျားတာအိုနယ်မြေက အဆင့်တက်တော့မည်ဟု သူ ခံစားနေရသည်။

နောက်ထပ် ခြေတစ်လှမ်းဖြင့် သူတော်စင်တစ်ပိုင်း ဖြစ်သွားလိမ့်မည်။

သူတော်စင်တစ်ပိုင်းအဆင့်သို့ ဖြတ်သွားသရွေ့၊ သူ့အင်အားက တဟုန်ထိုး တိုးတက်လာမည် ဖြစ်သည်။ သို့မှသာ သူ အပြင်ထွက်သည့်အခါ ယုံကြည်မှု ပိုရှိလာပေမည်။

"ရပါတယ်၊ စိတ်အေးအေးထားပြီး လေ့ကျင့်ပါ"

ဆမ်ဆာရာဧကရာဇ်က ပြောလိုက်သည်။

လုမင် ခေါင်းညိတ်ပြပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်၏။ သူက ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်ကို ထုတ်ယူကာ တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်တော့သည်။

'ရှေးဟောင်းဉာဏ်အလင်းသစ်ပင်လား၊ ဒီကောင်လေးမှာ ငါထင်ထားတာထက် ပိုပြီး လျှို့ဝှက်ချက်တွေ ရှိပုံရတယ်'

တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ဆမ်ဆာရာဧကရာဇ်၏ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

လုမင်၏ ခန္ဓာကိုယ်တွင် ကစဉ့်ကလျားတာအိုနယ်မြေက တုန်ခါလာ၏။

မျက်စိတစ်မှိတ်အတွင်းမှာ ခုနစ်ရက်ကြာသွားပြီ။

"ဝုန်း"

လုမင်၏ ခန္ဓာကိုယ်ရှိ ကစဉ့်ကလျားတာအိုနယ်မြေက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် အရှိန်အဝါများက တဟုန်ထိုး မြင့်တက်လာ၏။

အန္တိမတာအိုနယ်မြေ...

ပြန်လည်ဝင်စားခြင်း ကိုးကြိမ်နှင့် ဘဝကိုးခုကို တွေ့ကြုံပြီးနောက်၊ နောက်ဆုံးတွင် လုမင် ဉာဏ်အလင်းရပြီး ကစဉ့်ကလျားတာအိုနယ်မြေ၏ အထွတ်အထိပ်သို့ ဖြတ်ကျော်သွားတော့သည်။

အန္တိမ ကစဉ့်ကလျားတာအိုနယ်မြေက အဆင့်ကိုး ကစဉ့်ကလျားတာအိုနယ်မြေထက် များစွာ ပို၍ အားကောင်းသည်။

ကစဉ့်ကလျားတာအိုနယ်မြေ အဆင့်တက်ပြီးနောက်၊ လုမင်၏ ယွမ်ချီစွမ်းအင်များကလည်း မြင့်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်း များစွာ မြင့်မားလာ၏။

သူ၏ ကျင့်ကြံခြင်းအခြေခံက နောက်တစ်ဆင့်သို့ ဖောက်ထွက်တော့မည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အလယ်အလတ်တန်းစား ကျောက်ကြမ်းများ မြေပြင်ပေါ်တွင် ပေါ်လာသည်။ လုမင်က ဝါးမျိုခြင်းစွမ်းရည်ကို အသက်သွင်းလိုက်ပြီး ကျောက်ကြမ်းများကို စတင် ဝါးမျိုလိုက်၏။

သုံးရက်အကြာတွင်၊ လုမင်သည် ကျောက်ကြမ်းမည်မျှကို သန့်စင်ပြီးပြီမှန်း မသိတော့ပါ။ အားကောင်းသော ယွမ်ချီစွမ်းအင်များက လျှို့ဝှက်ခန်းအပေါ်သို့ ထိုးတက်သွားပြီး သူ့အရှိန်အဝါများလည်း မြင့်တက်လာသည်။

သို့သော်လည်း လျှို့ဝှက်ခန်းက အလွန်ခိုင်မာ၏။ လုမင်၏ ယွမ်ချီစွမ်းအင်က တဟုန်ထိုးတက်သွားပြီး ဝင်ဆောင့်လိုက်သော်လည်း တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။

ထိုအချိန်တွင် လုမင်က မျက်လုံးများကို ဖွင့်လိုက်သည်။

ယခုတော့၊ နောက်ဆုံးတွင် သူတော်စင်တစ်ပိုင်း ပထမအဆင့်သို့ ဖြတ်သွားပြီ။

သူတော်စင်တစ်ပိုင်းအဆင့်သို့ ဖြတ်ကျော်ပြီးနောက်၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားက တဟုန်ထိုး တက်လာသည်။ ယခုအချိန်တွင် တောင်းတီကို တစ်ဦးတည်း ရင်ဆိုင်ရသော်လည်း အနိုင်ယူနိုင်မည်ဟုပင် သူ ယုံကြည်သည်။

"ကလေး၊ ငါ မေ့တော့မလို့ပဲ။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကစဉ့်ကလျားစွမ်းအင်ရဲ့ သဲလွန်စတစ်ခုကို ငါတွေ့ခဲ့ရတယ်။ ဒါကြောင့် မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးပါရစေ"

ဆမ်ဆာရာဧကရာဇ်က သူ့အနားသို့ လျှောက်လာသည်။ သူ့လက်ထဲတွင် ချီစွမ်းအင် စီးကြောင်းတစ်ခု ပေါ်လာပြီး သူ့လက်မောင်းတစ်ဝိုက်မှာ လှည့်ပတ်နေ၏။

"ကစဉ့်ကလျားချီ၊ ဒါက တကယ်ကို ကစဉ့်ကလျားချီပဲ"

လုမင်၏ မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။

ဆမ်ဆာရာဧကရာဇ်၏ လက်ထဲမှ ချီစွမ်းအင်စီးကြောင်းက စစ်မှန်သည့် ကစဉ့်ကလျားချီဖြစ်ကြောင်း သူ ချက်ချင်း ခံစားလိုက်ရ၏။

သူသည် ကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်ထားသော်လည်း ကစဉ့်ကလျားချီကိုတော့ တစ်ခါမျှ မမြင်ဖူးသေးပေ။

"ဟုတ်ပါတယ်၊ ဒါက စစ်မှန်တဲ့ ကစဉ့်ကလျားချီကြိုးမျှင် တစ်ခုပဲ။ စစ်မဖြစ်ခင်က ငါရရှိခဲ့တာလေ၊ အရင်ကတော့ ဆမ်ဆာရာလှံပုဆိန်ကို ပြန်လည် ပြုပြင်ချင်ပေမဲ့ စစ်ပြီးသွားတာကြောင့် ငါ သိမ်းထားခဲ့တာ...၊ အခု အခု ငါမင်းကို ပေးလိုက်မယ်။ မင်းရဲ့ ဝိညာဥ်ကိုယ်ခန္ဓာကို သန့်စင်လိုက်ပါ"

"လုမင်... မင်းမျက်လုံးတွေကို မှိတ်ထားလိုက်၊ ငါမင်းကိုကူညီပေးမယ်"

ဆမ်ဆာရာဧကရာဇ်က ပြောလိုက်သည်။

လုမင်လည်း ချက်ချင်း မျက်လုံးမှိတ်လိုက်၏။

ဆမ်ဆာရာဧကရာဇ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကစဉ့်ကလျား ချီစွမ်းအင်စီးကြောင်းက ထွက်လာပြီး လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားတော့သည်။

"ဖူး"

လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။

ကစဉ့်ကလျားချီသည် ကောင်းကင်နှင့်မြေပြင်ကြားရှိ မူလစွမ်းအင် ဖြစ်၏။ ချီစွမ်းအင်စီးကြောင်း တစ်ခုတောင်မှ တောင်တစ်လုံးကို ဖြိုချနိုင်အောင် လေးလံလွန်းပေသည်။

ကစဉ့်ကလျားချီက လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ သူ့ခန္ဓာကိုယ် ပြိုကျလုနီးပါးဖြစ်နေပြီဟု ခံစားလိုက်ရသည်။

"စိတ်ကိုငြိမ်ငြိမ်ထား... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကစဉ့်ကလျားချီရဲ့ သဲလွန်စတစ်ခု ရှိတယ်။ မင်း အဲဒါကို သန့်စင်နိုင်မှာပါ"

ဆမ်ဆာရာဧကရာဇ်၏ အသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် ဆမ်ဆာရာဧကရာဇ်၏လက်မှ အလင်းတန်းတစ်ခု တောက်ပလာပြီး လုမင်ကို ဖုံးအုပ်လိုက်၏။

ရုတ်တရက်၊ လုမင်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ သူက အာရုံစူးစိုက်ပြီး ကစဉ့်ကလျားချီကို စတင် သန့်စင်လိုက်တော့သည်။

တဖြည်းဖြည်း၊ စစ်မှန်သော ကစဉ့်ကလျားချီက မူလစွမ်းအင်များနှင့် ရောယှက်ပြီး လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ စိမ့်ဝင်သွားသည်။ လုမင်၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း သန်မာလာတော့သည်။

ထိုအချိန်တွင် လူငယ်အများအပြားက မျှော်လင့်ချက်မဲ့ တံတားပေါ်တွင် ထိုင်နေကြသည်။ ၎င်းတို့မှာ ဟွမ်လင်၊ ရွှေကျီးကန်း ဒသမမင်းသား၊ တောင်းတီနှင့် အခြားသူများ ဖြစ်၏။

ရေဝဲထဲသို့ ခုန်ဆင်းသွားသော ပါရမီရှင် လေးဆယ်ကျော်စလုံး ပြန်ရောက်နေကြပြီ။

ထိုအချိန်တွင် ပါရမီရှင်များက သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ မျက်လုံးများက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသေးသည်။

"ဟင်၊ ဘာတွေဖြစ်နေတာလဲ။ အဘွားမုံ့ရဲ့ ဆေးရည်ကိုသောက်ပြီး ရေဝဲထဲ ခုန်ဆင်းခဲ့တာကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။ အခု ငါက ဘာဖြစ်လို့ ဒီကိုပြန်ရောက်နေတာလဲ"

တစ်စုံတစ်ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"ငါလည်းမသိဘူး၊ အမှောင်ထဲထိုးကျပြီး သတိလစ်သွားတာပဲ သိလိုက်တယ်... ပြီးတော့ ငါပြန်နိုးလာတော့ ဒီကိုရောက်နေတာပဲ"

"ငါလည်း အတူတူပဲ"

တခြားသူများကလည်း ခေါင်းညိတ်လိုက်ကြ၏။

သူတို့က လုမင်နှင့် မတူပေ။ လုမင်က ပြန်လည်ဝင်စားခြင်း ဘဝကိုးခု၏ မြင်ကွင်းများကို မှတ်မိနိုင်သော်လည်း ထိုလူများတော့ မေ့သွားပုံရသည်။

ရွှေကျီးကန်း ဒသမမင်းသား၏ ခန္ဓာကိုယ်က နေမီးတောက်များ တောက်လောင်နေသည်။ သူက သတိထားပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ အဘွားမုံ့ကို မတွေ့သောအခါမှ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"ငါတို့တွေ ပြန်လည်ဝင်စားခြင်းထဲကနေ ပြန်ထွက်လာပုံရတယ်။ ဒါဆိုရင် ဆမ်ဆာရာဧကရာဇ်ရဲ့ အမွေဆက်ခံသူက ဘယ်သူလဲ"

ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက် ပြောလိုက်သည်။

All Chapters