← Chapters

အခန်း ၁၆၄၄

Vol. 110 Ch. 1644

အခန်း ၁၆၄၄

Vol. 110 Ch. 1644

အပိုင်း ( 1644 ) တောင်းတီနှင့် ရွှေကျီးကန်း ဒသမမင်းသားကို ဖိနှိပ်ခြင်း။

လုမင်၏ လက်သည်းများက စစ်မာလျန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖမ်းဆုပ်မိသွားသည်။ ကြောက်စရာကောင်းသော အင်အားတစ်ခုက စစ်မာလျန်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွား၏။ စစ်မာလျန်၏ စွမ်းအင်များက ပြန့်ကျဲသွားပြီး သူ့အရိုးများ မည်မျှကျိုးသွားပြီမှန်းပင် မသိနိုင်တော့ပေ။

"ငါ့ကိုလွှတ်... လွှတ်စမ်း"

စစ်မာလျန်၏ မျက်လုံးများက ကြောက်ရွံ့မှုတို့ ပြည့်သွားသည်။

"မင်းကို လွှတ်ရမယ်... ငါမင်းကို အခွင့်အရေး ပေးထားခဲ့ပြီးပြီ။ မင်းကိုယ်တိုင် သေချင်နေမှတော့ ငါလည်း မတတ်နိုင်တော့ဘူး"

စစ်မာလျန်က အေးစက်စက် ပြောလိုက်သည်။

"လုမင်၊ မင်း သူ့ကို လွှတ်လိုက်တာ ပိုကောင်းမယ်"

ရွှေကျီးကန်း ဒသမမင်းသားက လှမ်းပြောလိုက်၏။ သူ့မျက်လုံးများမှာလည်း အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ရွှေရောင်တောက်နေပြီ။

လုမင်က သူ့လက်မှ လွတ်မြောက်သွားခဲ့သည်။ ယခုဆိုလျှင်၊ စစ်မာလျန်ကိုပင် ဖမ်းဆီးထားလိုက်သောကြောင့် သူ့အတွက် အရှက်ရစရာ ဖြစ်နေတော့သည်။

"သူ့ကို လွှတ်စေချင်တာလား၊ မင်းက ဘာကောင်မို့လို့လဲ"

လုမင်က ရွှေကျီးကန်း ဒသမမင်းသားကို ကြည့်လိုက်သည်။ သူက လုံးဝ မျက်နှာမသာမပေးပေ။ သူ့လက်ဝါးမှ အားကောင်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

"ဝုန်း"

စစ်မာလျန်၏ ခန္ဓာကိုယ်က လုမင်၏လက်ထဲတွင် ပေါက်ကွဲသွား၏။ ထို့နောက်မှာတော့ ကြောက်စရာကောင်းသော အင်အားများကြောင့် ပြာကျသွားတော့သည်။

အခြားသူများ တုန်လှုပ်သွားကြသည်။

လုမင်၏ အင်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းနေပါသနည်း။ စစ်မာလျန်၏ အင်အားက အားမနည်းဘဲ ဤနေရာမှ လူအများစုနှင့် နှိုင်းယှဉ်နိုင်သည်။ သို့သော်လည်း လုမင်၏ လက်ထဲတွင် ကလေးငယ်တစ်ယောက်ကဲ့သို့ အားနည်းလွန်းပြီး အနည်းငယ်မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

အထူးသဖြင့် သခင်လေး ထျန်းရင် ဖြစ်သည်။ သူသည်လည်း လုမင်ကို အနိုင်ကျင့်ရန် လှုံ့ဆော်ဖူးပေရာ ကျောရိုးထဲထိ အေးစက်သွားသလို ခံစားလိုက်ရတော့သည်။

"မင်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုပဲ အားကိုးနေရတာပါကွာ။ မင်းက သေချင်နေတာ၊ သတ်"

ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ခု လင်းလက်လာပြီး လုမင်ဆီသို့ ခုန်ဝင်သွား၏။

လုမင်က သူ့အား 'မင်းက ဘာကောင်လဲ'ဟု ပြောလိုက်သည်။ သူ့စိတ်ထဲတွင် လုမင်ကို သေမိန့်ချပြီးပြီ။

ရွှေကျီးကန်း ဒသမမင်းသား၏ လက်က ရွှေကျီးကန်းခြေသည်းအဖြစ်သို့ ပြောင်းလဲသွားသည်။ နေမီးလျှံများကလည်း တောက်လောင်နေ၏။ သူက လုမင်အား လက်သီးတစ်ချက်ဖြင့် သတ်လိုသည်။ သူ့အရှိန်အဝါကလည်း ကြောက်စရာပင်။

အနီးတွင်၊ ဟွမ်လင်က ကူညီချင်သော်လည်း တောင်းတီမှ တားဆီးထားလိုက်သည်။

တခြားသူများကလည်း အေးစက်စက်ဖြင့် ကြည့်နေကြသည်။

လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။ သူက ဓားဖြင့်ခုတ်ချသကဲ့သို့ လက်ဝါးစောင်းဖြင့် ရွှေကျီးကန်း ဒသမမင်းသားကို ခုတ်ချလိုက်တော့သည်။

"လုမင်က ရွှေကျီးကန်း ဒသမမင်းသားကို အနီးကပ် တိုက်ခိုက်ချင်နေတာလား။ သူက တကယ်ကို သေချင်နေတာပဲ"

"ရွှေကျီးကန်းတွေရဲ့ ခန္ဓာကိုယ်က အရမ်း အစွမ်းထက်ကြတယ်။ ရွှေကျီးကန်းဒသမမင်းသားဆိုရင် ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာနဲ့တောင် ညီမျှတယ်လေ။ သူ့ရဲ့ နိယာမလက်သည်းကို ထပ်ပေါင်းလိုက်ရင် ပိုလို့တောင် ကြောက်စရာကောင်းသေးတယ်။ အနီးကပ် တိုက်ခိုက်မှုမှာ လုမင်အတွက် အခွင့်အရေး လုံးဝ မရှိဘူး"

လုမင်က ရွှေကျီးကန်း ဒသမမင်းသား၏ လက်သည်းကို ထိပ်တိုက် ရင်ဆိုင်နေကြောင်း မြင်ရသောအခါ၊ လူတချို့က မနေနိုင်ဘဲ လှောင်ပြောင်လိုက်ကြသည်။

"ဒုန်း"

လုမင်၏ လက်ဝါးစောင်းက ရွှေကျီးကန်း ဒသမမင်းသားနှင့် တိုက်မိသောအခါ သံသံချင်း ထိခတ်သကဲ့သို့ ဆူညံသံ ထွက်ပေါ်လာ၏။

ရွှေကျီးကန်း ဒသမမင်းသား၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ထို့နောက်တွင်၊ သူက ဒေါသတကြီး အော်ဟစ်ပြီး လက်သည်းကုပ်ချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်၏။

လုမင်ကလည်း လက်ဝါးရိုက်ချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်တော့သည်။

တခဏချင်းမှာပင်၊ သူတို့ နှစ်ယောက်က တိုက်ကွက်ဒါဇင်နှင့်ချီပြီး ထိပ်တိုက် ရင်ဆိုင်လိုက်ကြသည်။

သို့သော် အားလုံးကို အံ့အားသင့်စေသည်မှာ၊ တိုက်ခိုက်မှု ဒါဇင်အနည်းငယ် ရင်ဆိုင်ပြီးနောက် ရွှေကျီးကန်း ဒသမမင်းသားက သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်မီ ခြေလှမ်းတစ်ဒါဇင်ခန့် နောက်ပြန်ဆုတ်သွားခြင်းပင်ဖြစ်သည်။ သူ့လက်က အနည်းငယ် တုန်ခါနေပြီး သွေးများပင် စီးကျလာတော့သည်။

ထိပ်တိုက်တွေ့ဆုံမှုတွင်၊ သူက လုမင်ကို လုံးဝ မယှဉ်ခဲ့ပါ။ သူ့ခြေသည်းများတောင် အက်ကွဲသွားရသည်။

လူတိုင်း တိတ်ဆိတ်သွားကြသည်။

ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ထိပ်တိုက်တွေ့ဆုံမှုတွင် လုမင်က ရွှေကျီးကန်း ဒသမမင်းသားကို ဒဏ်ရာရရှိစေခဲ့သည်။

"ငါ့အလှည့်"

လုမင်က မာန်သွင်းပြီး ရွှေကျီးကန်း ဒသမမင်းသားကို တိုက်ခိုက်လိုက်သည်။ အန္တိမ ကစဉ့်ကလျားတာအိုနယ်မြေက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွား၏။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ရွှေကျီးကန်း ဒသမမင်းသားကို ဖိနှိပ်တိုက်ခိုက်လိုက်တော့သည်။

"အား"

အော်မြည်သံနှင့်အတူ၊ ရွှေကျီးကန်း ဒသမမင်းသားက သူ၏ပုံစံအမှန်သို့ ပြန်ပြောင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က နေအသေးစားကဲ့သို့ ရွှေရောင်တောက်ပနေ၏။ သူက အတောင်ပံများကိုခတ်ကာ လုမင်ဆီသို့ တဟုန်ထိုး ပျံသန်းလာတော့သည်။

သို့သော်... လုမင်နှင့် ထိပ်တိုက်တွေ့မိသည်နှင့် တပြိုင်နက်၊ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏ မီးလျှံနိိယာမနှင့် နေမီးလျှံကို အန္တိမ ကစဉ့်ကလျားတာအိုနယ်မြေက အပြတ်အသတ် ဖိနှိပ်လိုက်၏။

"ဝုန်း"

‌ပေါက်ကွဲသံနှင့်အတူ ရွှေရောင် ငှက်မွှေးများက ကောင်းကင်တွင် လွင့်နေတော့သည်။

ရွှေကျီးကန်း ဒသမမင်းသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက လုမင်၏ဝမ်းဗိုက်သို့ ခြေသည်းဖြင့် ကုပ်ဆွဲလိုက်၏။ သို့သော်လည်း လုမင်၏ လက်သီးချက်ကြောင့် နောက်ကိုပြန်ဆုတ်သွားရတော့သည်။

"သန်မာလှချေလား"

လူတိုင်း တုန်လှုပ်သွားကြသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းပြီး ရွှေကျီးကန်း ဒသမမင်းသားကိုပင် ဖိနှိပ်နိုင်နေပြီ။

"သူ အဆင့်တက်သွားပြီဟ။ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှာ ရှိစဉ်ကတောင် အရမ်းကြောက်စရာကောင်းခဲ့တာ။ အခု သူတော်စင်တစ်ပိုင်းနယ်ပယ်ကို ရောက်သွားတော့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုအားကောင်းလာတော့မှာ အသေအချာပဲ"

လူတစ်ယောက်က ပြောလိုက်သည်။

"တောင်းတီ၊ ငါ့ကို လာကူညီပါဦး"

ရွှေကျီးကန်း ဒသမမင်းသားက အော်ဟစ်လိုက်သည်။

"ဂါး"

တောင်းတီက သူ၏ မူလပုံစံကို ပြန်ပြောင်းပြီး အကူအညီပေးရန် အမြန် လှုပ်ရှားလိုက်၏။ သို့သော်လည်း ဟွမ်လင်က သူ့ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ဟွမ်လင်၊ သူတို့ အတူတူ တိုက်ခိုက်ကြပါစေ။ ဒီနေ့ ငါ သူတို့ကို အတူတူ ရိုက်ပေးမယ်"

လုမင်က လှမ်းပြောလိုက်၏။

ဟွမ်လင်၏ မျက်လုံးများက အရောင်လက်သွားပြီး ဘေးဖယ်ပေးလိုက်သည်။ တောင်းတီကလည်း ဟိန်းဟောက်ပြီး လုမင်ကို ချက်ချင်း တိုက်ခိုက်တော့သည်။

"သတ်"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်ပြီး ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခုကို ဖန်တီးလိုက်၏။

ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ကျဆင်းလာသောအခါ တောင်းတီမှာ ကြေမွလုနီး ခံစားလိုက်ရတော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

လုမင်က စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ရွှေကျီးကန်း ဒသမမင်းသားကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ရွှေကျီးကန်း ဒသမမင်းသားမှာလည်း ဆက်တိုက် ဆုတ်ပေးနေရတော့သည်။

အဆုံးတွင်၊ လုမင်က ရွှေကျီးကန်း ဒသမမင်းသား၏ အတောင်ပံတစ်ဖက်ကို ဖမ်းကိုင်လိုက်ပြီး တောင်းတီဆီသို့ ကိုင်ရိုက်ချလိုက်သည်။

ပေါက်ကွဲသံနှင့်အတူ၊ ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီတို့ တိုက်မိပြီး အရိုးကြိုးသံများ ကြားလိုက်ရ၏။

"ဝမ်"

ကြီးမားသော ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ကောင်းကင်တွင် ပေါ်လာပြီး ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီကို ဖိနှိပ်လာပြန်တော့သည်။

ကြောက်စရာကောင်းသော အင်အားများကြောင့် အခြားသူများလည်း မျှော်လင့်ချက်မဲ့တံတား၏ အစွန်းနှစ်ဖက်သို့ ဆုတ်သွားကြရသည်။

ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီ၏ ခန္ဓာကိုယ်များက တောက်ပနေပြီး အစွမ်းကုန် ခုခံရန် ကြိုးစားကြသည်။

သို့သော်၊ အသုံးမဝင်ပေ။ လုမင်က အင်အားအပြည့်ဖြင့် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ထုတ်ဖော်သောကြောင့် ကြောက်စရာကောင်းလှသည်။

ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီ၏ ခန္ဓာကိုယ်များက ပြင်းထန်စွာ တုန်ခါသွားပြီး မြေပြင်ပေါ်သို့ ဖိချခံရကာ သွေးများအန်နေကြတော့သည်။

ဤမြင်ကွင်းကို အားလုံးက တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများမှာလည်း မယုံနိုင်ခြင်းများ ပြည့်နှက်နေလေသည်။

လုမင်က သူတစ်ဦးတည်းဖြင့် ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီကို ဖိနှိပ်ကာ သွေးအန်ထွက်အောင် ရိုက်နေသည်။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းမှန်း သူတို့အားလုံး သိကြသည်။ ယခုကဲ့သို့ အဆင့်တက်သွားသောအခါ၊ လုမင်သည် ထိပ်သီး ပါရမီရှင် တစ်ဦးဦးနှင့် တိုက်ခိုက်နိုင်မည်ဟု မှန်းဆခဲ့ကြ၏။ သူတို့ထဲမှ တစ်ယောက်ကို အနိုင်ယူရန်ပင် ဖြစ်နိုင်သည်။ သို့ရာတွင်၊ သူက နှစ်ယောက် တစ်ယောက် တိုက်ခိုက်ခဲ့ပြီး အပြတ်အသတ်လည်း ဖိနှိပ်နိုင်သေးသည်။ ယင်းကတော့ ကြောက်စရာကောင်းလွန်းပြီ ဖြစ်သည်။

လုမင် သူ၏ ဝိညာဉ်ခန္ဓာထဲတွင် စစ်မှန်သော ကစဉ့်ကလျားချီကို သန့်စင်ပေးထားကြောင်းကိုတော့ သူတို့ မသိခဲ့ကြပေ။ သူက ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာသာ ဖြစ်သေးသော်လည်း အလယ်အလတ် ကောင်းကင် ဝိညာဉ်ခန္ဓာနှင့် ညီမျှနေပြီ ဖြစ်သည်။

သဘာဝအတိုင်း၊ သူက ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီကို အပြတ်သတ် ဖိနှိပ်နိုင်ခဲ့ပေသည်။

"သတ်"

နဂါးနက်လှံက လုမင်၏လက်ထဲတွင် ပေါ်လာပြီး ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီကို တိုက်ခိုက်လိုက်သည်။

"သွားကြစို့"

ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီက မျှော်လင့်ချက်မဲ့တံတား၏ တစ်ဖက်သို့ ပြေးထွက်သွားကြသည်။ သူတို့က လာရာလမ်းအတိုင်း ပြန်ပြေးသွားခြင်း ဖြစ်၏။ ဖုန်ထနေအောင် ပြေးသွားကြသော သူတို့၏အရှိန်က မင်သက်လောက်စရာပင်။

လုမင်၏ မျက်လုံးများက အရောင်လက်သွားသော်လည်း သူတို့နောက်ကို မလိုက်တော့ဘဲ နေခဲ့လိုက်သည်။

ထိုအချိန်တွင် အခြားလူများက လုမင်အား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သတိထားပြီး ကြည့်နေကြသည်။

ရွှေကျီးကန်း ဒသမမင်းသားတို့နှင့် အဆင့်တူသော ပါရမီရှင်များပင်လျှင် ထိုသို့ ခံစားခဲ့ကြရလေသည်။

"လုမင်၊ နင့်ရဲ့ တိုက်ခိုက်နိုင်စွမ်းက တိုးတက်လာပြန်ပြီ။ ငါက နင့်ရဲ့ပြိုင်ဘက်မဟုတ်တော့ဘူး"

ဟွမ်လင်က ပြုံးပြပြီး အနားသို့ လျှောက်လာသည်။

"အပြင်ကို ပြန်ထွက်ကြရအောင်"

လုမင်က ပြုံးရုံသာပြုံးပြီး အများကြီးမပြောပေ။ သူက လာရာလမ်းအတိုင်း အပြင်ကို လျှောက်လှမ်းသွားလိုက်သည်။

All Chapters