← Chapters

အခန်း ၁၆၄၆

Vol. 110 Ch. 1646

အခန်း ၁၆၄၆

Vol. 110 Ch. 1646

အပိုင်း ( 1646 ) သံသယ။

သူတော်စင်တစ်ပိုင်း ဒုတိယအဆင့် ပါရမီရှင်များက အနည်းငယ် အားနည်းနိုင်သော်လည်း၊ လူအများ ပူးပေါင်းလိုက်သောအခါ အံ့ဖွယ်ကောင်းသော အရှိန်အဟုန်မျိုး ရှိနေဆဲ ဖြစ်သည်။

အမျိုးမျိုးသော နိယာမစွမ်းအားများက ရောယှက်ပြီး ကောင်းကင်သို့ လွင့်စင်သွားသည်။ ပြိုင်ဘက်က သူတော်စင်နယ်ပယ် ပညာရှင်များဖြစ်သော်လည်း နောက်ဆုတ်သွားကြရဆဲပင်။

လုမင်က ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ကိုင်ဆောင်ပြီး အိမ်မြှောင်ကဲ့သို့ သားရဲကြီးကို ပစ်လွှတ်လိုက်သည်။

"ဝုန်း"

အိမ်မြှောင်ကဲ့သို့ သားရဲကြီးက ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ဖြင့် ထိမှန်ပြီး နောက်ဆုတ်သွားရ၏။ သားရဲကြီး၏ အရေပြားနှင့် အသားများ ကွဲထွက်သွားပြီး သွေးများ ဖြာကျလာတော့သည်။

သူတို့က အခွင့်အရေးယူပြီး ရှေ့သို့ တိုးသွားသည်။

"ဒီမှာပဲနေစမ်း"

သူတို့ရှေ့မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော နတ်ဆိုးလက်ဝါးကြီးတစ်ခုက သူတို့ကို ဖမ်းဆီးဆုပ်ကိုင်လာ၏။ အားကောင်းသော အရှိန်အဝါကို ခံစားမိသောအခါ၊ လုမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။

"တောက်ပသော သူတော်စင်နယ်ပယ်... ကြီးမားသော အောင်မြင်ခြင်း"

လုမင် အော်လိုက်သည်။

ရန်သူများက တောက်ပသော သူတော်စင်နယ်ပယ် ကြီးမားသော အောင်မြင်ခြင်းအဆင့်မှ ကျွမ်းကျင်သူကိုပင် စေလွှတ်လိုက်၏။ ၎င်းတို့က သူတို့အားလုံးကိုသတ်ရန် ကြိုးစားနေကြောင်း ထင်ရှားသည်။

သူတော်စင်နယ်ပယ်တွင် အဆင့်တစ်ခုစီကို သေးငယ်သော အောင်မြင်မှု၊ ကြီးမြတ်သော အောင်မြင်မှု၊ အထွတ်အထိပ်နှင့် ပြီးပြည့်စုံမှုဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။

အဆင့်တစ်ခုစီကြားတွင် ကွာဟမှုက ကြီးမား၏။ ၎င်းက သိုင်းအုပ်ချုပ်သူနယ်ပယ်မှ အဆင့်များကြား ကွာဟချက်ထက်ပင် ပို၍ ကြီးမားသည်။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်ရှိ မျိုးနွယ်စုအသီးသီးမှ သူတော်စင်နယ်ပယ် ပညာရှင်များက သူတို့ကိုသတ်ရန် အဘယ်ကြောင့် တွန်းအားပေးလာကြသနည်း။

ထိုအချိန်တွင် လုမင်နှင့် အခြားသော လူငယ်များ၏ စိတ်ထဲမှာ မေးခွန်းများ ပြည့်နှက်လာသည်။

သို့သော်လည်း ယခုအချိန်က ပဟေဠိဖြစ်ရမည့်အချိန် မဟုတ်ပါ။ အရေးကြီးဆုံးအချက်က ဦးစွာ ထွက်ပြေးနိုင်ရန် ဖြစ်သည်။

"ငါနဲ့ပူးပေါင်းကြ"

လုမင် အော်လိုက်သည်။ သူ့လက်က လျင်မြန်စွာလှုပ်ရှားသွားပြီး ကစဉ့်ကလျားတာအိုနယ်မြေကို ဖြန့်ကျက်လိုက်၏။ ဧရာမ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကြီး ထွက်ပေါ်လာပြီး ဧရာမနတ်ဆိုးလက်ဝါးကြီးထံသို့ တိုးဝင်သွားတော့သည်။

ဟွမ်လင်၊ ယဲ့တုန်ဖန့်၊ ဝတ်စုံဝါဝတ် လူငယ်နှင့် အခြား လူငယ်များအားလုံးကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက ရောင်စုံအလင်းတန်းတစ်ခုအဖြစ် ပေါင်းစပ်ကာ နတ်ဆိုးလက်ဝါးကြီးဆီသို့ တိုးဝင်သွား၏။

"ဝုန်း"

နတ်ဆိုးလက်ဝါးကြီးက ပြိုကျသွားသည်။ ထိုအချိန်တွင်၊ လုမင်က ချက်ချင်း ဦးတည်ချက်ပြောင်းပြီး အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွား၏။ အခြားသူများကလည်း နောက်မှ လိုက်သွားကြတော့သည်။

သူတို့နောက်မှာတော့ သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများက လိုက်ဖမ်းနေကြသည်။

တစ်ဖက်တွင် ရွှေကျီးကန်း ဒသမမင်းသားနှင့် တောင်းတီက ရန်သူများ၏ တားဆီးမှုကို ဖြတ်ကျော်ပြီး အဝေးသို့ ပြေးသွားကြ၏။

"ဝုန်း"

တစ်ဖက်တွင်၊ နောက်ထပ် နတ်ဆိုးလက်ဝါးကြီးတစ်ဖက်ပေါ်လာပြီး သူတို့ဆီသို့ လှမ်းဆွဲလိုက်သည်။ သူတို့လူစုလည်း ဆက်လက်ပူးပေါင်းပြီး နတ်ဆိုးလက်ဝါးကြီးကို ထပ်မံ အနိုင်ယူခဲ့ပေသည်။

သူတို့က ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားနေသော်လည်း သူတို့နောက်မှ သူတော်စင်နယ်ပယ် ပညာရှင်များက မြန်လှသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအလင်းလုံးကြီးတစ်ခုလည်း သူတို့ဆီသို့ ပျံသန်းလာနေ၏။

နတ်ဆိုးအလင်းရောင်အတွင်းမှ တည်ရှိမှုသည်ကား တောက်ပသော သူတော်စင်နယ်ပယ် ကြီးမားသော အောင်မြင်မှုမှ အကျော်အမော် ဖြစ်တော့သည်။

"လူစုခွဲပြီး ပြေးကြစို့... မဟုတ်လို့ ငါတို့တွေ ဝိုင်းခံလိုက်ရရင် ဘယ်သူမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး"

လုမင် ပြောလိုက်သည်။

အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။

"လမ်းခွဲကြရအောင်၊ ငါတို့ လူစုခွဲသွားမှပဲ အခွင့်အရေးရလိမ့်မယ်"

ယဲ့တုန်ဖန့်က အော်ပြောပြီး လျှပ်စီးလက်သကဲ့သို့ အခြားတစ်ဖက်ကို ပျံသန်းသွား၏။

"သွားစို့"

ထို့နောက် ဝတ်စုံဝါဝတ် လူငယ်ကလည်း ပြေးထွက်သွားသည်။

အခြား ထိပ်သီးပါရမီရှင်နှစ်ဦးကလည်း ပြေးထွက်သွားကြပြန်သည်။

ထို့နောက်တော့ အားနည်းသူများက လေးငါးယောက် တစ်စုဖွဲ့ကာ အဝေးသို့ ပျံသန်းထွက်သွားကြတော့သည်။

လုမင်နှင့် ဟွမ်လင်က အရှိန်ကုန်မြှင့်ပြီး ရှေ့တည့်တည့်သို့ ပျံသန်းသွားကြသည်။

"မင်းတို့ ဒီလူတွေနောက်ကို လိုက်သွားကြ။ အဲဒီနှစ်ယောက်ကို ငါ့ဆီ ထားခဲ့"

နတ်ဆိုးအလင်းလုံးကြီးထဲမှ တည်ရှိမှုက လုမင်ကို မျက်စိကျကာ လုမင်တို့၏နောက်သို့ လိုက်လာသည်။ အခြားသူတော်စင်များကမူ လူစုခွဲပြီး အခြားသူများနောက်သို့ လိုက်သွားကြ၏။

"ဝှစ်... ဝှစ်..."

မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်၊ ဟွမ်လင်နှင့် နတ်ဆိုးအလင်းလုံးကြီးထဲမှ တည်ရှိမှုက မိုင်ပေါင်းသောင်းနှင့်ချီပြီး ပျံသန်းသွားကြသည်။

နတ်ဆိုးအလင်းလုံးကြီးက အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းနေသည်။ မကြာမီ၊ လုမင်နှင့် ဟွမ်လင်တို့အပေါ်သို့ ရောက်လာ၏။

"ပူဖောင်းလေး"

အတွေးတစ်ခုဖြင့်၊ လုမင်က ပူဖောင်းလေး ပုန်းအောင်းနေသော မျှော်စင်ကိုထုတ်ယူကာ အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ဖွင့်လိုက်သည်။ လုမင်နှင့် ဟွမ်လင်တို့လည်း ပြေးဝင်သွားပြီး မိုင်သောင်းချီ ဝေးကွာသော အရပ်တွင် ပေါ်လာသည်။ ထို့နောက် ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် လျှောက်လမ်းကို ထပ်မံဖွင့်လိုက်၏။ အကြိမ်အနည်းငယ် ကြာပြီးနောက်၊ နတ်ဆိုးအလင်းလုံးကြီးထဲမှ တည်ရှိမှုမှာ ကျန်ရစ်ခဲ့တော့သည်။

'ပူဖောင်းလေးလည်း တိုးတက်လာပုံရတယ်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ယွမ်လုတိုက်ကြီးကို ရောက်လာပြီးနောက် ပူဖောင်းလေးသည် အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို မိုင်ထောင်ဂဏန်းမျှသာ ဖွင့်နိုင်သည်။ ယခုအခါ မိုင်ပေါင်း သောင်းနှင့်ချီ၍ သွားလာနိုင်နေပြီ။

လုမင်က ဘဝကိုးခုနှင့် ပြန်လည်ဝင်စားခြင်းကိုးကြိမ် ဖြတ်သန်းနေခဲ့ချိန်တွင် ပူဖောင်းလေးလည်း တိုးတက်လာပုံရသည်။ သူတော်စင်တစ်ပိုင်း ပထမအဆင့်သို့ ရောက်ရှိပြီး သူမ၏ အင်အားကလည်း အလွန် တိုးတက်လာပုံပင်။

သူတို့က နောက်ထပ် မိုင်သိန်းချီကာ ပျံသန်းလာပြီးမှ ရပ်လိုက်ကြသည်။

"ဒီသူတော်စင်တွေက ငါတို့ကို ဘာဖြစ်လို့ အတင်းသတ်ချင်နေတာလဲ။ ဆမ်ဆာရာဧကရာဇ်ရဲ့သင်္ချိုင်းထဲကို ငါတို့ ဝင်သွားမိလို့ပဲလား"

ဟွမ်လင်က နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်သည်။

လုမင်လည်း နားမလည်နိုင်ဘဲ ခေါင်းကိုခါယမ်းလိုက်လေသည်။

ဆမ်ဆာရာဧကရာဇ်၏သင်္ချိုင်းကြောင့်ဟု ဆိုလျှင်လည်း အန်ဒက်မျိုးနွယ်ကသာ သူတို့ကို တိုက်ခိုက်သင့်သည်။ ယင်းက အန်ဒက်မျိုးနွယ်၏ နယ်မြေပင် မဟုတ်လော။ မည်ကဲ့သို့ မျိုးနွယ်စုများစွာ ရှိနေပါသနည်း။

ထို့ပြင်၊ နတ်ဆိုးအလင်းလုံးထဲတွင် ရှိနေသူက လူသားဖြစ်သင့်သည်ဟု လုမင် ခံစားမိသည်။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်တွင် နေထိုင်ခဲ့သော လူသားမျိုးနွယ်ဝင်များကလည်း သူတော်စင်နယ်ပယ်သို့ ရောက်ရှိနိုင်ကြပေသည်။

"အရင်ဆုံး ရေနက်မြို့တော်ကို ပြန်ကြရအောင်"

လုမင်‌ ပြောလိုက်သည်။

ဟွမ်လင် ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်လည်း ရေနက်မြို့တော်သို့ အတူတူ ပျံသန်းသွားကြတော့သည်။

ခဏအကြာတွင်၊ ဆမ်ဆာရာဧကရာဇ်သင်္ချိုင်းရှိ တောင်ရှေ့တွင် လူရိပ်များစွာ စုရုံးလာကြသည်။

အန်ဒက်မျိုးနွယ်မှ သူတော်စင်နှစ်ယောက်၊ အစွမ်းထက် နတ်ဆိုးသားရဲအနည်းငယ်နှင့် အခြား မျိုးနွယ်စုများမှ သူတော်စင်များ ရှိ၏။ ယခင်က သူတော်စင်ဆယ့်နှစ်ပါးစလုံး ဤနေရာတွင် စုဝေးနေကြပြီ။

"ချီးပဲ၊ အဲဒီလူတွေ လွတ်မြောက်သွားပြီ။ ငါ သူတို့ထဲက လူတစ်ဒါဇင်လောက်ပဲ သတ်နိုင်ခဲ့တယ်"

လုမင်ကြောင့် အရေခွံဆုတ်သွားသော အိမ်မြှောင်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် နတ်ဆိုး အလင်းတစ်ခု ပျံသန်းလာသည်။ အခြား သူတော်စင်များအားလုံးက နတ်ဆိုးအလင်းကို ကြည့်လိုက်ကြ၏။

နတ်ဆိုးအလင်း ပျောက်ကွယ်သွားပြီးနောက် ရုပ်သွင်တစ်ခု ပေါ်လာတော့သည်။

လူသားတစ်ဦး ဖြစ်သည်။ သူက မည်းမှောင်နေသော မျက်နှာနှင့် ဝတ်စုံနက်ဝတ် လူကြီးတစ်ဦးပင်။

"အရင်တုန်းက ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းအကြောင်း သတင်းကို ဒီပြင်ပက ပါရမီရှင်တွေသိအောင် တမင်တကာ ထုတ်ဖော်ပြသခဲ့တယ်။ ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းအတွက် သူတို့အချင်းချင်း တိုက်ခိုက်စေဖို့... ဆမ်ဆာရာဧကရာဇ်ရဲ့ သင်္ချိုင်းကို ဝင်တဲ့အခါမှာလည်း ဆုံးရှုံးမှုတွေ အများကြီး ကြုံရစေဖို့ပေါ့။ အခြေအနေက ဒီလိုတွေ ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး"

ဝတ်စုံနက်ဝတ် လူကြီးက ခပ်တိုးတိုး ပြောလိုက်သည်။

"ငါတို့ အခု ဘာလုပ်ကြမလဲ"

သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးက မေးသည်။

"သတ်၊ ငါတို့သတ်ရမယ်"

ဝတ်စုံနက်ဝတ် လူကြီးက အေးစက်စက်ဖြင့်‌ ပြောလိုက်၏။

"မျိုးနွယ်စုတစ်ရာစစ်မြေပြင်က ငါတို့ပိုင်တယ်။ ဒီလောကရဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ရတနာတွေက ငါတို့အပိုင်ပဲ။ ဒါပေမဲ့ အပြင်က အင်အားစုကြီးတွေက ရတနာတွေကို လုယူဖို့နဲ့ ငါတို့ရဲ့ သက်ရှိတွေကို အမဲလိုက်ဖို့ ပါရမီရှင်တွေကို နှစ်ပေါင်းများစွာ အဆက်မပြတ် စေလွှတ်နေကြတယ်။ ငါတို့မျိုးနွယ်စုတွေထဲက အပြင်မှာ လေ့ကျင့်နေကြသူတွေတောင် အသတ်ခံခဲ့ကြရတယ် မဟုတ်လား"

"ဒါကြောင့် ဒီတစ်ခါတော့ ငါတို့ သူတို့ကို သတ်ရမယ်။ အပြင်က အင်အားစုကြီးတွေ ကြောက်ရွံ့လာပြီး လူတစ်ယောက်မှ မလွှတ်ဝံ့တော့တဲ့အထိ သတ်ရမယ်။ ဒီလိုနည်းနဲ့ဆိုရင် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ဟာ အနာဂတ်မှာ ငါတို့အပိုင်ပဲ ဖြစ်လာတော့မှာ အမှန်ပဲ"

ဝတ်စုံနက်ဝတ် လူကြီး၏ စကားက အခြားသူတော်စင်များ၏ မျက်လုံးများတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပေါ်လာစေသည်။

"အပြင်လူတွေကို နေရာအနှံ့မှာ လိုက်ရှာဖွေဖို့ မျိုးနွယ်စုအသီးသီးကို အကြောင်းကြားပါ။ သူတို့ထဲမှာ အများစုက မဟာမိတ်တောင်ကို သွားကြနိုင်တယ်။ အဲဒီအချိန်မှာ သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ရမယ်။ အရည်အချင်းရှိတဲ့သူတွေကို အဓိက ပစ်မှတ်ထားပါ၊ တစ်ယောက်ရဲ့ အရည်အချင်းက မြင့်မားလေ... ဂိုဏ်းကြီးတွေက ပိုပြီး အသည်းကွဲနိုင်လေပဲ။ ဒီလိုဆိုရင် သူတို့က နောင်မှာ ဒီကို လူတွေ စေလွှတ်ဝံ့တော့မှာ မဟုတ်ဘူး"

ဝတ်စုံနက်ဝတ် လူကြီးက ပြောလိုက်၏။

"ကောင်းပြီ၊ ဒီလိုပဲလုပ်ကြရအောင်"

"ငါ တခြားမျိုးနွယ်စုတွေကို အကြောင်းကြားလိုက်မယ်။ သူတို့ကို နေရာအနှံ့မှာ လုပ်ကြံတိုက်ခိုက်ပြီး အပြင်လူတွေကို ဖမ်းဆီးစေမယ်"

အခြား သူတော်စင်များကလည်း ခေါင်းညိတ်ပြီး သက်တန့်အလင်းများကဲ့သို့ ပျံသန်းကာ ဤနေရာမှ ထွက်သွားကြတော့သည်။

All Chapters